အလ်-အစ်ရာ · 9/111
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အစ်ရာ
إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا ۝٩
Inna haazal Quraana yahdee lillatee hiya aqwamu wa yubashshirul mu`mineenal lazeena ya`maloonas saalihaati anna lahum ajran kabeeraa
📖 မြန်မာဘာသာ
ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 7-11 — စူရာ အလ်-အစ်ရာ

7إِنْ أَحْسَنتُمْ أَحْسَنتُمْ لِأَنفُسِكُمْ ۖ وَإِنْ أَسَأْتُمْ فَلَهَا ۚ فَإِذَا جَاءَ وَعْدُ الْآخِرَةِ لِيَسُوءُوا وُجُوهَكُمْ وَلِيَدْخُلُوا الْمَسْجِدَ كَمَا دَخَلُوهُ أَوَّلَ مَرَّةٍ وَلِيُتَبِّرُوا مَا عَلَوْا تَتْبِيرًا
အကယ်၍ အသင်တို့သည် အကောင်းပြုခဲ့ကြသည်ရှိသော် မိမိတို့ကိုယ်များအဖို့ အကောင်းပြုကြမည်သာ။သို့ရာတွင် အကယ်၍ အသင်တို့သည် အဆိုးပြုခဲ့ကြပါလျှင်လည်း မိမိတို့ကိုယ်များနှင့် ဆန့်ကျင်(၍ ပြုကြ)မည်သာတည်း။တစ်ဖန် ဒုတိယအကြိမ် (ပျက်စီးရာပျက်စီးကြောင်းကို အသင်တို့ပြုလုပ်ခဲ့ကြသည့်) အတွက် ချိန်းချက်ထားသော ဒဏ်(ကျရောက်ရန်အချိန်)သည် ဆိုက်ရောက်လာသောအခါ (ငါအရှင်မြတ်သည် မိမိအခြားကျွန်များအား) ယင်းတို့သည် အသင်တို့၏မျက်နှာများကို ပျက်စီးညှိုးနွမ်းစေကြအံ့သောငှာ လည်းကောင်း၊ထိုသူတို့သည် ဗလီဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ရောက်ခဲ့ကြသကဲ့သို့ ဝင်ရောက် ကြအံ့သောငှာလည်းကောင်း၊ယင်းတို့(လက်လှမ်းမီ) နိုင်နင်းသမျှသော အရာဝတ္ထုများကိုဖြိုခွင်းဖျက်ဆီး ကြအံ့သောငှာလည်းကောင်း၊ (အသင်တို့အပေါ်၌ လွှမ်းမိုးစေတော်မူမည်) ဖြစ်ပေသည်။
8عَسَىٰ رَبُّكُمْ أَن يَرْحَمَكُمْ ۚ وَإِنْ عُدتُّمْ عُدْنَا ۘ وَجَعَلْنَا جَهَنَّمَ لِلْكَافِرِينَ حَصِيرًا
(အို-အစ္စရာအီလီမျိုးနွယ်တို့) အသင်တို့ကို ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်သည် အသင် တို့အပေါ်၌ကရုဏာပြုကောင်းပြုတော်မူပေမည်။ သို့ရာတွင် အကယ်၍သာ အသင်တို့သည်(ရှေးနည်းတူ)မောက်မာပလွှားခြင်းတို့ကိုထပ်မံ၍ပြုခဲ့ကြသည်ရှိသော် ငါအရှင်မြတ်သည်လည်း (အသင်တို့အား ရှေးနည်းအတိုင်းပင်) ထပ်မံ၍ (ပြစ်ဒဏ်ပေးတော်မူခြင်းကို) ပြုလုပ်ထားတော်မူမည်သာတည်း။ စင်စစ်တွင် မူကားငါအရှင်မြတ်သည် ဂျဟန္နမ်ငရဲဘုံကို ကာဖိရ်သွေဖည် ငြင်းပယ်ကုန်သောသူတို့အဖို့ အကျဉ်းထောင်ပြုလုပ်ထားတော်မူချေတည်း။
9إِنَّ هَٰذَا الْقُرْآنَ يَهْدِي لِلَّتِي هِيَ أَقْوَمُ وَيُبَشِّرُ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا كَبِيرًا
ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင် ယုံကြည်သူတို့အား၊ ၎င်းတို့အဖို့ ကြီးကျယ်လှစွာသောအကျိုးဆုလာဘ်သည်ရှိသည်ဟူ၍ သတင်းကောင်း ပေးလေသည်။
10وَأَنَّ الَّذِينَ لَا يُؤْمِنُونَ بِالْآخِرَةِ أَعْتَدْنَا لَهُمْ عَذَابًا أَلِيمًا
၎င်းပြင် ဧကန်စင်စစ် နောင်တမလွန်ဘဝကိုမယုံကြည်သော သူတို့အဖို့ ငါအရှင်မြတ်သည် ပြင်း ပြနာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို အဆင့်သင့် ပြုလုပ်ထားတော်မူသည်(ကိုလည်းဤကုရ်အာန်ကျမ်းတော်မြတ်သည် သတင်းပေး လေသည်။)
11وَيَدْعُ الْإِنسَانُ بِالشَّرِّ دُعَاءَهُ بِالْخَيْرِ ۖ وَكَانَ الْإِنسَانُ عَجُولًا
စင်စစ် လူသားများသည် အကောင်းနှင့် စပ်လျဉ်း၍ မိမိတို့လျှောက်ထားပန်ကြားဘိသကဲ့သို့ပင် အဆိုးနှင့်စပ်လျဉ်း၍လည်း လျှောက်ထားပန်ကြားကြကုန်၏။ စင်စစ်သော်ကား လူသားတို့သည်(သဘာဝအလျောက်ပင်)အလွန် အလျင်လိုသူများ ဖြစ်ကြကုန် သတည်း။
အလ်-အစ်ရာကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
9အာယာသ်

ဘာသာပြန် — အလ်-အစ်ရာ 9

စူရာ အလ်-အစ်ရာ အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်မလွဲ ဤကုရ်အာန်ကျမ်းတော်မြတ်သည်အဖြောင့်မတ်ဆုံးသော တရားလမ်းစဉ်ကို ညွှန်ကြား ပြသလေသည်။ ထို့ပြင် ယင်းကုရ်အာန်ကျမ်းတော်မြတ်သည် ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ကြကုန်သော မုအ်မင်န်သက်ဝင်…

စူရာ အာယာသ် 9/111 — စူရာ အလ်-အစ်ရာ الإسراء (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အစ်ရာ နားထောင်, စူရာ အလ်-အစ်ရာ ဘာသာပြန်, စူရာ အလ်-အစ်ရာ mp3, စူရာ အလ်-အစ်ရာ pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers