အလ်-ကဟ်ဖ် · 29/110
ဘာသာပြန် အသံနိုင်ငံ — အလ်-ကဟ်ဖ်
وَقُلِ الْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَاءَ فَلْيُؤْمِن وَمَن شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا ۝٢٩
Wa qulil haqqu mir Rabbikum faman shaaa`a falyu minw wa man shaaa`a falyakfur; innaaa a`tadnaa lizzaalimeena Naaran ahaata bihim suraadiquhaa; wa iny yastagheesoo yaghaasoo bimaaa`in kalmuhli yashwil wujooh` bi`sash-sharaab; wa saaa`at murtafaqaa
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။
🎧 နားထောင်

📜 အာယာသ် 27-31 — အလ်-ကဟ်ဖ်

27وَاتْلُ مَا أُوحِيَ إِلَيْكَ مِن كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَاتِهِ وَلَن تَجِدَ مِن دُونِهِ مُلْتَحَدًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။
28وَاصْبِرْ نَفْسَكَ مَعَ الَّذِينَ يَدْعُونَ رَبَّهُم بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ الْحَيَاةِ الدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُ عَن ذِكْرِنَا وَاتَّبَعَ هَوَاهُ وَكَانَ أَمْرُهُ فُرُطًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍ နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ဟစ်ခေါ်(တသ သတိရ)ကြကုန်၏။ထိုမှတစ်ပါး အသင်သည် ဤလောကီဘဝ၏ တင့်တယ် မှုကိုရည်စူးလျက် မိမိ၏မျက်စိနှစ်လုံးကို ၎င်းတို့ ဘက်မှ(ပြန်)မလှည့်ပါလေနှင့်(လျစ်လျူမပြုပါနှင့်။) ငါအရှင်မြတ်သည်ထိုသူ၏စိတ်နှလုံးကို ငါအရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မေ့လျော့စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူသည် မိမိအလိုဆန္ဒကိုသာလိုက်နာလျက် ရှိနေလေ၏။ စင်စစ်သော်ကား၎င်း၏အရေးကိစ္စမှာ အလွန်အကျွံပင် ဖြစ်နေချေသတည်း။
29وَقُلِ الْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَاءَ فَلْيُؤْمِن وَمَن شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။
30إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ဧကန်စင်စစ် ငါအရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ကုသိုလ်အကျိုးကို ဆုံးရှုံးစေတော်မူသည် မဟုတ်ပေ။
31أُولَٰئِكَ لَهُمْ جَنَّاتُ عَدْنٍ تَجْرِي مِن تَحْتِهِمُ الْأَنْهَارُ يُحَلَّوْنَ فِيهَا مِنْ أَسَاوِرَ مِن ذَهَبٍ وَيَلْبَسُونَ ثِيَابًا خُضْرًا مِّن سُندُسٍ وَإِسْتَبْرَقٍ مُّتَّكِئِينَ فِيهَا عَلَى الْأَرَائِكِ ۚ نِعْمَ الثَّوَابُ وَحَسُنَتْ مُرْتَفَقًا
ဤသူများပင်၊ ၎င်းတို့အဖို့ ထာဝစဉ်တည် သောဥယျာဉ်များသည် ရှိကြပေမည်။ ၎င်းတို့အောက်မှ စမ်းရေချောင်းများသည် စီးတွေလျက်ရှိကြပေမည်။ ၎င်းတို့သည် ထိုဥယျာဉ်များ၌ ရွှေလက်ကောက်များဖြင့် တန်ဆာဆင်ယင်ပေးခြင်းကို ခံကြရပေမည်။ ထိုမှတစ်ပါး ထိုသူတို့သည် ပါးလွှာေသော ပိုးထည်များနှင့်ထူသောပိုးထည်များမှ အစိမ်းရောင်အဝတ်(အစား)များကို ဝတ်ဆင်ကြပေမည်။ (ထိုသူတို့သည်)ယင်းဥယျာဉ်များတွင် သလွန်များပေါ်၌မှီလျက်ရှိကြပေမည်။ ထို(ကုသိုလ်)အကျိုးသည် အဘယ်မျှလောက် ကောင်းမြတ်သောကုသိုလ်အကျိုးဖြစ်၍ ထို(ဥယျာဉ်)သည်လည်း အဘယ်မျှ လောက်ကောင်း မြတ်လှစွာသော နားရာနေရာပင် ဖြစ်ချေသနည်း။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
29အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 29

စူရာ အလ်-ကဟ်ဖ် အာယာသ် 29 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ…

စူရာ အာယာသ် 29/110 — အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အလ်-ကဟ်ဖ် နားထောင်, အလ်-ကဟ်ဖ် ဘာသာပြန်, အလ်-ကဟ်ဖ် mp3, အလ်-ကဟ်ဖ် pdf. အာယာသ် 27–31. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers