အလ်-ကဟ်ဖ် · 28/110
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကဟ်ဖ်
وَاصْبِرْ نَفْسَكَ مَعَ الَّذِينَ يَدْعُونَ رَبَّهُم بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ الْحَيَاةِ الدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُ عَن ذِكْرِنَا وَاتَّبَعَ هَوَاهُ وَكَانَ أَمْرُهُ فُرُطًا ۝٢٨
Wasbir nafsaka ma`al lazeena yad`oona Rabbahum bilghadaati wal`ashiyyi yureedoona Wajhahoo wa laa ta`du `aynaaka `anhum tureedu zeenatal hayaatid dunyaa wa laa tuti` man aghfalnaa qalbahoo `an zikrinaa wattaba`a hawaahu wa kaana amruhoo furutaa
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍ နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ဟစ်ခေါ်(တသ သတိရ)ကြကုန်၏။ထိုမှတစ်ပါး အသင်သည် ဤလောကီဘဝ၏ တင့်တယ် မှုကိုရည်စူးလျက် မိမိ၏မျက်စိနှစ်လုံးကို ၎င်းတို့ ဘက်မှ(ပြန်)မလှည့်ပါလေနှင့်(လျစ်လျူမပြုပါနှင့်။) ငါအရှင်မြတ်သည်ထိုသူ၏စိတ်နှလုံးကို ငါအရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မေ့လျော့စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူသည် မိမိအလိုဆန္ဒကိုသာလိုက်နာလျက် ရှိနေလေ၏။ စင်စစ်သော်ကား၎င်း၏အရေးကိစ္စမှာ အလွန်အကျွံပင် ဖြစ်နေချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါများ ရှင်းလင်းချက်

  • وَاصْبِرْ نَفْسَكَ — မိမိကိုယ်ကို ထိန်းချုပ်ထားပါ၊ သည်းခံပါ။
  • بِالْغَدَاةِ وَالْعَشِيِّ — နံနက်အချိန်နှင့် ညနေအချိန် (တစ်နေ့တာ၏ အစနှင့်အဆုံး)။
  • وَجْهَهُ — အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုတော်။
  • وَلَا تَعْدُ عَيْنَاكَ عَنْهُمْ — သင့်မျက်စိတို့သည် သူတို့ထံမှ မကျော်လွန်စေနှင့် (သူတို့ကို လျစ်လျူမရှုနှင့်)။
  • زِينَةَ الْحَيَاةِ الدُّنْيَا — လောကီဘဝ၏ တင့်တယ်မှု၊ စည်းစိမ်ဥစ္စာ။
  • أَغْفَلْنَا قَلْبَهُ — ငါအရှင်မြတ်သည် သူ၏စိတ်နှလုံးကို မေ့လျော့စေတော်မူခဲ့သည်။
  • فُرُطًا — ဖြုန်းတီးမှု၊ ပျက်စီးဆုံးရှုံးမှု၊ အတိုင်းအဆမဲ့ လွန်ကျူးမှု။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို—နဗီတမန်တော်၊ အသင်သည် မိမိကိုယ်ကို ထိန်းချုပ်သည်းခံလျက် ဆင်းရဲသော မုအ်မင်န်ယုံကြည်သူအပေါင်းတို့နှင့်အတူ ရှိနေပါ။ ထိုသူတို့သည် မိမိတို့၏ အရှင်သခင်ကို နံနက်အချိန်နှင့် ညနေအချိန်၌ ဆုတောင်းပတ္ထနာပြုကာ ခဝပ်ကိုးကွယ်ကြသည်။ သူတို့သည် ထိုသို့ပြုလုပ်ရာတွင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်မှုတော်ကိုသာ ရည်ရွယ်ကြသည်။ မည်သည့် လောကီအကျိုးအမြတ်ကိုမျှ မရည်စူးကြပါ။ သို့ဖြစ်၍ အသင်သည် သူတို့ထံမှ မျက်စိကို လွှဲမထားပါနှင့်။ သူတို့ကို လျစ်လျူရှုကာ လောကီဘဝ၏ တင့်တယ်စည်းစိမ်ကို ရှာဖွေလိုသော ဆန္ဒဖြင့် အခြားသူများထံ လှည့်မကြည့်ပါနှင့်။ ထို့အပြင် ငါအရှင်မြတ်သည် သူ၏စိတ်နှလုံးကို ငါ့ကို သတိရတည်စားခြင်းမှ မေ့လျော့စေတော်မူခဲ့သော၊ မိမိ၏ စိတ်အလိုဆန္ဒကို လိုက်နာပြီး မိမိ၏ အရှင်သခင်ကို နာခံခြင်းထက် စိတ်အလိုကို ဦးစားပေးခဲ့သော၊ သူ၏ အမှုကိစ္စအားလုံးသည် ဖြုန်းတီးပျက်စီးမှု၊ အတိုင်းအဆမဲ့ လွန်ကျူးမှုဖြစ်ခဲ့သော သူ၏ စကားကို နားမထောင်ပါနှင့်။

ဤအာယသ်တော်သည် အစ္စလာမ်သမိုင်း၏ အဖြစ်အပျက်တစ်ခုနှင့် ဆက်စပ်လျက်ရှိသည်။ ကုရိုင်ရှ်မျိုးနွယ်ခေါင်းဆောင် အုယိုင်နဟ်ဗင်န် ဟိဆွန်နှင့် သူ၏အပေါင်းအဖော်များသည် တမန်တော်မြတ်(ဆွ)ထံလာပြီး ဆင်းရဲသော အဗူဇရ်နှင့် အခြားဆင်းရဲသော မုအ်မင်န်များကို သူတို့၏ စ



📜 အာယာသ် 26-30 — စူရာ အလ်-ကဟ်ဖ်

26قُلِ اللَّهُ أَعْلَمُ بِمَا لَبِثُوا ۖ لَهُ غَيْبُ السَّمَاوَاتِ وَالْأَرْضِ ۖ أَبْصِرْ بِهِ وَأَسْمِعْ ۚ مَا لَهُم مِّن دُونِهِ مِن وَلِيٍّ وَلَا يُشْرِكُ فِي حُكْمِهِ أَحَدًا
(အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားအချင်းတို့) ယင်း(လုလင်)တို့နေခဲ့ကြသောအချိန်ကာလ နှစ်ပရိစ္ဆေဒကို အလ္လာဟ်အရှင်မြတ်သည်သာလျှင် အသိဆုံးဖြစ်တော်မူကြောင်း။ (စင်စစ်)မိုးကောင်းကင်များရှိ ဖုံးကွယ်လျက်ရှိကုန်သောအရာများကိုလည်းကောင်း၊ ပထဝီမြေရှိ ဖုံးကွယ်လျှက်ရှိကုန်သောအရာများကိုလည်းကောင်း၊ သိစွမ်းနိုင်မှုသည် အလ္လာဟ်အရှင်မြတ်၌သာရှိနေပေရာ၊ ထိုအရှင်မြတ်သည် အဘယ်မျှ မြင်တော်မူသောအရှင်၊ အဘယ်မျှ ကြားတော်မူသောအရှင်ဖြစ်တော်မူကြောင်း၊ ထိုသူတို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ကိစ္စအဝဝကိုပြီးစီးအောင်ပြုလုပ်၍ ပေးမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှမရှိကြောင်း၊ စင်စစ် ထိုအရှင်မြတ်သည် မိမိအမိန့်ပြဋ္ဌာန်းမှုတွင်မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ဖက်စပ်ပါဝင်စေတော်မူသည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။
27وَاتْلُ مَا أُوحِيَ إِلَيْكَ مِن كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَاتِهِ وَلَن تَجِدَ مِن دُونِهِ مُلْتَحَدًا
ထို့ပြင် (အို-နဗီတမန်တော်)အသင်သည် မိမိအား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ ကျမ်းဂန်မှမိမိထံသို့ ထုတ်ပြန်တော်မူခြင်းခံရသော အမိန့်တော်များကို(၎င်းတို့ရှေ့ဝယ်)ဖတ်ကြားပါလေ။ ထိုအရှင်မြတ်၏ အာယတ်တော်များကို ပြောင်းလဲမည့်သူဟူ၍ တစ်ဦးတစ်ယောက်မျှပင်မရှိချေ။ စင်စစ် အသင်သည် ထိုအရှင်မြတ်(အထံတော်)မှတစ်ပါး ခိုကိုးရာဟူ၍ အလျှင်း တွေ့ရှိလိမ့်မည်မဟုတ်ပေ။
28وَاصْبِرْ نَفْسَكَ مَعَ الَّذِينَ يَدْعُونَ رَبَّهُم بِالْغَدَاةِ وَالْعَشِيِّ يُرِيدُونَ وَجْهَهُ ۖ وَلَا تَعْدُ عَيْنَاكَ عَنْهُمْ تُرِيدُ زِينَةَ الْحَيَاةِ الدُّنْيَا ۖ وَلَا تُطِعْ مَنْ أَغْفَلْنَا قَلْبَهُ عَن ذِكْرِنَا وَاتَّبَعَ هَوَاهُ وَكَانَ أَمْرُهُ فُرُطًا
၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍ နံနက်ယံ၌ လည်းကောင်း၊ ညနေချမ်း၌လည်းကောင်း၊ ဟစ်ခေါ်(တသ သတိရ)ကြကုန်၏။ထိုမှတစ်ပါး အသင်သည် ဤလောကီဘဝ၏ တင့်တယ် မှုကိုရည်စူးလျက် မိမိ၏မျက်စိနှစ်လုံးကို ၎င်းတို့ ဘက်မှ(ပြန်)မလှည့်ပါလေနှင့်(လျစ်လျူမပြုပါနှင့်။) ငါအရှင်မြတ်သည်ထိုသူ၏စိတ်နှလုံးကို ငါအရှင်မြတ်အား အောက်မေ့တသ သတိရခြင်းမှ မေ့လျော့စေတော်မူခဲ့၏။ ၎င်းပြင် ထိုသူသည် မိမိအလိုဆန္ဒကိုသာလိုက်နာလျက် ရှိနေလေ၏။ စင်စစ်သော်ကား၎င်း၏အရေးကိစ္စမှာ အလွန်အကျွံပင် ဖြစ်နေချေသတည်း။
29وَقُلِ الْحَقُّ مِن رَّبِّكُمْ ۖ فَمَن شَاءَ فَلْيُؤْمِن وَمَن شَاءَ فَلْيَكْفُرْ ۚ إِنَّا أَعْتَدْنَا لِلظَّالِمِينَ نَارًا أَحَاطَ بِهِمْ سُرَادِقُهَا ۚ وَإِن يَسْتَغِيثُوا يُغَاثُوا بِمَاءٍ كَالْمُهْلِ يَشْوِي الْوُجُوهَ ۚ بِئْسَ الشَّرَابُ وَسَاءَتْ مُرْتَفَقًا
ထိုမှတစ်ပါး (အို-နဗီတမန်တော်) အသင်သည်(၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့) အမှန်တရားသည် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ ရောက်ရှိလာခဲ့ချေပြီ။ သို့ဖြစ်ပေရာ မည်သူမဆိုယုံကြည်လိုလျှင်ယုံကြည်နိုင်၏။ ထိုနည်းတူစွာ မည်သူမဆို ငြင်းပယ်လိုလျှင် ငြင်းပယ်နိုင်၏။ ဧကန်မလွဲ ငါအရှင်မြတ်သည်မတရားကျူးလွန်သူတို့အဖို့(ငရဲ)မီးကိုအသင့်ပြုလုပ်၍ထားတော်မူလေသည်။ ထိုမီး၏ တံတိုင်းများသည် ၎င်းတို့အား ဝန်းဝိုင်းလျက်ရှိချေမည်။ ထို့ပြင် အကယ်၍ ၎င်းတို့သည် ရေတောင်းကြလျှင် အရည်ကျိုထားသော ခဲရည်ကဲ့သို့သောရေပေးခြင်းကိုခံကြရပေမည်။ ထိုရေသည် (သောက်သုံးသူတို့ ၏)မျက်နှာများကိုလောင်ကျွမ်းစေမည် ဖြစ်ပေသည်။ ထိုရေသည် အဘယ်မျှလောက် ဆိုးရွားလှသောရေဖြစ်၍ ထိုငရဲဘုံမှာလည်း အဘယ်မျှလောက် ဆိုးရွားလှသော နားရာနေရာပင် ဖြစ်ချေသနည်း။
30إِنَّ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ إِنَّا لَا نُضِيعُ أَجْرَ مَنْ أَحْسَنَ عَمَلًا
ဧကန်စင်စစ် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သောအကျင့်သီလများကိုလည်း ကျင့်မူဆောက်တည်ခဲ့ကြကုန်၏။ဧကန်စင်စစ် ငါအရှင်မြတ်သည် အကျင့်သီလကောင်းမြတ်သောသူ၏ကုသိုလ်အကျိုးကို ဆုံးရှုံးစေတော်မူသည် မဟုတ်ပေ။
အလ်-ကဟ်ဖ်ကုရ်အာန် ညွှန်းကိန်း
110အာယာသ်
MeccanRevelation
28အာယာသ်

ဘာသာပြန် — အလ်-ကဟ်ဖ် 28

စူရာ အလ်-ကဟ်ဖ် အာယာသ် 28 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်)အသင်သည် မိမိကိုယ်ကို အကြင်သူတို့နှင့်အတူ ချုပ်တည်း၍ထားပါလေ။ ထိုသူတို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူ တော်မူသောအရှင်မြတ်ကိုထိုအရှင်မြတ်၏ အလိုတော်ကိုသာရည်စူး၍…

စူရာ အာယာသ် 28/110 — စူရာ အလ်-ကဟ်ဖ် الكهف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကဟ်ဖ် နားထောင်, စူရာ အလ်-ကဟ်ဖ် ဘာသာပြန်, စူရာ အလ်-ကဟ်ဖ် mp3, စူရာ အလ်-ကဟ်ဖ် pdf. အာယာသ် 26–30. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers