အလ်-ဗကရ · 212/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَن يَشَاءُ بِغَيْرِ حِسَابٍ ۝٢١٢
Zuyyina lillazeena kafarul hayaatud dunyaa wa yaskharoona minal lazeena aamanoo; wallazeenat taqaw fawqahum yawmal Qiyaamah; wallaahu yarzuqu mai yashaaa`u bighairi hisaab
📖 မြန်မာဘာသာ
(အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု ထင်မြင်ယူဆပေရာ ယင်းသူတို့သည် ယုံကြည်သဒ္ဓါတရား ထားရှိကြကုန် သော မုအ်မင်န်တို့ကို ပြက်ရယ်ပြောင်လှောင်ကြ လေသည်။ စင်စစ်သော်ကား (အလ္လာဟ်အရှင်မြတ် အား) ကြောက်ရွံ့ရိုသေ၍ ပြစ်မှုဒုစရိုက်တို့မှကြဉ် ရှောင်သော သူများ သည် ရှင်ပြန်ထမည့်နေ့တွင် ထိုကာဖိရ်တို့ထက် သာလွန်မြင့် မြတ်ကြကုန်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုတော်ရှိသောသူတို့ကို အတိုင်းမရှိ စားနပ်ရိက္ခာ များကို ပေးသနားတော်မူလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 210-214 — စူရာ အလ်-ဗကရ

210هَلْ يَنظُرُونَ إِلَّا أَن يَأْتِيَهُمُ اللَّهُ فِي ظُلَلٍ مِّنَ الْغَمَامِ وَالْمَلَائِكَةُ وَقُضِيَ الْأَمْرُ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
(ထိုသူများသည် သက်သေလက္ခဏာတော်များ ကို အထင်အရှား တွေ့မြင်ကြပါလျက်နှင့်ပင် တရားဒေ သနာတော်များကိုသွေဖည်လျက် ရှိကြကုန်၏) ယင်းသူတို့ သည် မိမိတို့ထံသို့ အလ္လာဟ်အရှင်မြတ်သည် အပါးတော် စေတမန်များနှင့်တကွ (ယင်းသူတို့အား) (ကွပ်မျက်တော်မူရန်) တိမ်တိုက်များ မိုးလျက်<ကရောက်လာပြီး၊ ကိစ္စပြီးဆုံးသွားခြင်း ကိုသာ စောင့်မျှော်နေကြကုန်၏။ အမှန်သော်ကား အရေးကိစ္စ ဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးသို့ ပြန်လည် ရောက်ကြ ရမည်သာ ဖြစ်ကုန်သတည်း။>
211سَلْ بَنِي إِسْرَائِيلَ كَمْ آتَيْنَاهُم مِّنْ آيَةٍ بَيِّنَةٍ ۗ وَمَن يُبَدِّلْ نِعْمَةَ اللَّهِ مِن بَعْدِ مَا جَاءَتْهُ فَإِنَّ اللَّهَ شَدِيدُ الْعِقَابِ
(အို-နဗီတမန်တော်) ငါအရှင်သည် ထို (အစ္စရာအီလီ) မျိုးနွယ်ဝင်တို့အား ထင်ရှားသော သက်သေလက္ခဏာများကို အဘယ်မျှ ပေးသနားတော် မူခဲ့သည်ကို အသင်သည် ယင်းအစ္စရာအီလီမျိုးနွယ် ဝင်တို့အား မေးမြန်းပါလေ။ အကြင် သူသည် ၎င်းထံသို့ အလ္လာဟ်အရှင်မြတ်၏ကျေးဇူးတော်များ ရောက်ပြီး သည့်နောက် တနည်းတဖုံ ပြောင်းလွှဲခဲ့ပါမူ အလ္လာဟ် အရှင်မြတ်သည် အပြစ်ဒဏ်ကို ပြင်းထန်စွာစီရင် တော်မူသော အရှင် ဖြစ်တော်မူလေသတည်း။
212زُيِّنَ لِلَّذِينَ كَفَرُوا الْحَيَاةُ الدُّنْيَا وَيَسْخَرُونَ مِنَ الَّذِينَ آمَنُوا ۘ وَالَّذِينَ اتَّقَوْا فَوْقَهُمْ يَوْمَ الْقِيَامَةِ ۗ وَاللَّهُ يَرْزُقُ مَن يَشَاءُ بِغَيْرِ حِسَابٍ
(အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု ထင်မြင်ယူဆပေရာ ယင်းသူတို့သည် ယုံကြည်သဒ္ဓါတရား ထားရှိကြကုန် သော မုအ်မင်န်တို့ကို ပြက်ရယ်ပြောင်လှောင်ကြ လေသည်။ စင်စစ်သော်ကား (အလ္လာဟ်အရှင်မြတ် အား) ကြောက်ရွံ့ရိုသေ၍ ပြစ်မှုဒုစရိုက်တို့မှကြဉ် ရှောင်သော သူများ သည် ရှင်ပြန်ထမည့်နေ့တွင် ထိုကာဖိရ်တို့ထက် သာလွန်မြင့် မြတ်ကြကုန်အံ့။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် မိမိ အလိုတော်ရှိသောသူတို့ကို အတိုင်းမရှိ စားနပ်ရိက္ခာ များကို ပေးသနားတော်မူလေသတည်း။
213كَانَ النَّاسُ أُمَّةً وَاحِدَةً فَبَعَثَ اللَّهُ النَّبِيِّينَ مُبَشِّرِينَ وَمُنذِرِينَ وَأَنزَلَ مَعَهُمُ الْكِتَابَ بِالْحَقِّ لِيَحْكُمَ بَيْنَ النَّاسِ فِيمَا اخْتَلَفُوا فِيهِ ۚ وَمَا اخْتَلَفَ فِيهِ إِلَّا الَّذِينَ أُوتُوهُ مِن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ بَغْيًا بَيْنَهُمْ ۖ فَهَدَى اللَّهُ الَّذِينَ آمَنُوا لِمَا اخْتَلَفُوا فِيهِ مِنَ الْحَقِّ بِإِذْنِهِ ۗ وَاللَّهُ يَهْدِي مَن يَشَاءُ إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
လူသားအားလုံးတို့သည် (မူလက)တစ်သင်းတစ် ဖွဲ့တည်းဖြစ်ခဲ့ကြ၏။ အဓွန့်ကာလရှည်ကြာ လတ်သော် (စိတ်ဓာတ်များကွဲပြားပြီး အယူဝါဒကွဲပြားလာလေရာ) အလ္လာဟ်အရှင်မြတ်သည် (လူသားတို့ထံ) နဗီတမန်တော် များ ကို (အမိန့်တော်နာခံသူများအဖို့) ပီတိသောမနဿ ဝမ်း မြောက်ဖွယ်ရာမင်္ဂလာသတင်း ပေးပို့သူများအဖြစ်ဖြင့်လည်း ကောင်း၊ (မနာခံသူများအား) သတိပေးနှိုးဆော်သော သူများ အဖြစ်ဖြင့်လည်းကောင်း၊ စေလွှတ်တော်မူလေသည်။ ထို့ပြင် တဝ လူသားတို့အချင်းချင်း ကွဲပြားလျက်ရှိသော ပြဿနာရပ် များကို စီရင်ဆုံးဖြတ်ပေးတော်မူအံ့သောငှာ အလ္လာဟ်အရှင် မြတ်သည် ထိုနဗီတမန်တော်များနှင့်အတူ မှန်ကန်သော ကျမ်း ဂန် အသီးသီးတို့ကိုလည်း ထုတ်ပြန်ချမှတ် ပေးအပ်တော်မူ လေသည်။ ထိုကျမ်းဂန်နှင့် စပ်လျဉ်း ၍ကား (မည်သူတစ်ဦး တစ်ယောက်မျှ) ကွဲပြားသည် မရှိ�ျေ။ ထိုကျမ်းဂန်ကို ရရှိ သောသူများသာလျှင် မိမိတို့ထံ ထင်ရှားသော အမှတ်အသား လက္ခဏာ တော်များရောက်ရှိလာပြီးသည့်နောက်တွင် မိမိတို့ အချင်းချင်း မလိုမုန်းထား ထောင်လွှားခြင်းကြောင့် ထိုကျမ်း ဂန်နှင့်စပ်လျဉ်း၍ ကွဲပြားလာကြလေ၏။ ထိုအခါ (နောက်ဆုံး ၌) အလ္လာဟ်အရှင်မြတ်သည် မိမိအလိုတော်ဖြင့် လူသားတို့ ကွဲပြားလျက်ရှိသော ပြဿနာများနှင့် စပ်လျဉ်း၍ ယုံကြည်ခြင်း သဒ္ဓါတရားထားရှိကုန်သော မုအ်မင်တို့အား တရားမှန်ကို ညွှန် ကြားပြသတော်မူလေသည်။ ဧကန်အမှန် အလ္လာဟ်အရှင်မြတ် သည် မိမိနှစ်မြို့တော်မူသောသူတို့ကို ဖြောင့်မတ်မှန်ကန် သော တရားလမ်းသို့ ညွှန်ကြားပြသ ပို့ဆောင်တော်မူလေသတည်း။
214أَمْ حَسِبْتُمْ أَن تَدْخُلُوا الْجَنَّةَ وَلَمَّا يَأْتِكُم مَّثَلُ الَّذِينَ خَلَوْا مِن قَبْلِكُم ۖ مَّسَّتْهُمُ الْبَأْسَاءُ وَالضَّرَّاءُ وَزُلْزِلُوا حَتَّىٰ يَقُولَ الرَّسُولُ وَالَّذِينَ آمَنُوا مَعَهُ مَتَىٰ نَصْرُ اللَّهِ ۗ أَلَا إِنَّ نَصْرَ اللَّهِ قَرِيبٌ
(အို-မုအ်မင်န်အပေါင်းတို့) အသင်တို့သည် ဂျန္နတ် အမတသုခဘုံသို့ (လွယ်လင့်တကူ) ဝင်ကြရလိမ့်မည် ဟုမှတ်ထင်ကြလေသလော။ (ယခုမူ) အသင်တို့အလျင်လွန် လေပြီးသော သူမွန်သူမြတ်တို့ထံသို့ သက်ရောက်ခဲ့ဘူး သော အံ့ဩဘွယ်ရာ အဖြစ်အပျက်သည် အသင်တို့ထံသို့ သက် ရောက်သည် မရှိသေးချေ။ ထိုသူမွန်သူမြတ်တို့ အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ထိုသူမွန်သူမြတ်တို့အပေါ်ဝယ် ဒုက္ခအမျိုးမျိုး၊ ဘေးဥပဒ်အဖုံဖုံတို့သည် ဆိုက်ရောက်ခဲ့ ပေသည်။ (ဆင်းရဲဒုက္ခ အမျိုးမျိုးတို့ကြောင့်) ထိုသူမွန်သူမြတ်တို့သည် တုန်လှုပ် ချောက် ချားခဲ့ကြရပေသည်။ (နောက်ဆုံးတွင်) နဗီတမန်တော်နှင့် နောက်ပါတပည့်သားများဖြစ်ကြကုန်သော မုအ်မင်န် တို့ သည်ပင် (ထိတ်ထိတ်လန့်လန့် ဖြစ်ကာ) အလ္လာဟ် အရှင်မြတ် ၏ ကူညီစောင်မတော်မူခြင်းသည် မည်သည့်အခါ၌ ရောက်ရှိ ပါအံ့နည်းဟု ပြောဆိုကြလေသည်။ (သို့ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင်ကြရ သောအခါ၌ အလ္လာဟ် အရှင်မြတ်က) သတိပြုကြ ကုန်။ ဧကန်အမှန် အလ္လာဟ် အရှင်မြတ်၏ စောင်မတော်မူခြင်း သည် နီးကပ်လျက် ရှိချေပြီ (ဟု မိန့်ကြားတော်မူလေသတည်း)
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
212အာယာသ်

ဘာသာပြန် — အလ်-ဗကရ 212

စူရာ အလ်-ဗကရ အာယာသ် 212 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အမှန်စင်စစ်) မယုံမကြည်သွေဖည်ငြင်းဆန် ကြကုန်သော ကာဖိရ်တို့သည် ဤပစ္စုပ္ပန်ဘဝ၌ အသက်ထင် ရှားနေထိုင်ခြင်း(နှင့်လောကီစည်းစိမ် တို့)ကို ကောင်းမွန်သည် ဟု…

စူရာ အာယာသ် 212/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 210–214. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers