အလ်-ဗကရ · 236/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
لَّا جُنَاحَ عَلَيْكُمْ إِن طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ ۝٢٣٦
Laa junaaha `alaikum in tallaqtumun nisaaa`a maa lam tamassoohunna aw tafridoo lahunna fareedah; wa matti`oona `alal moosi`i qadaruhoo wa `alal muqtiri qadaruhoo matta`am bilma`roofi haqqan `alalmuhsineen
📖 မြန်မာဘာသာ
အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 234-238 — စူရာ အလ်-ဗကရ

234وَالَّذِينَ يُتَوَفَّوْنَ مِنكُمْ وَيَذَرُونَ أَزْوَاجًا يَتَرَبَّصْنَ بِأَنفُسِهِنَّ أَرْبَعَةَ أَشْهُرٍ وَعَشْرًا ۖ فَإِذَا بَلَغْنَ أَجَلَهُنَّ فَلَا جُنَاحَ عَلَيْكُمْ فِيمَا فَعَلْنَ فِي أَنفُسِهِنَّ بِالْمَعْرُوفِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ထို့ပြင် အသင်တို့အနက် အကြင်သူတို့သည် ကွယ်လွန်သေဆုံးကြကုန်၏။ ထို့ပြင် ဇနီးမိန်းမများကို ချန်ရစ် ခဲ့ကြ၏။ ထိုဇနီးမိန်းမသည် 4-လနှင့် 10-ရက်တိုင်တိုင် (အိမ် ထောင်သစ်ပြုခြင်းမှ) မိမိတို့ ကိုယ်ကို ဆိုင်းငံ့၍ထားကြရမည်။ ထို့ပြင် ထိုဇနီးမိန်းမများသည် မိမိတို့၏ (အစ်ဒ်ဒတ်) သတ်မှတ် ထားသော ရက်ပိုင်းကာလ ပရိစ္ဆေဒအဆုံးသို့ ရောက်ရှိသော အခါ မိမိတို့ ကိုယ်ရေးနှင့်ပတ်သက်၍ တရားစည်းကမ်းနှင့် အညီ ပြုလုပ်တတ်ကြသောကိစ္စ (အိမ်ထောင်သစ်ပြုခြင်း၊ ဖြီးလိမ်းခြင်း စသည်တို့) တွင် အသင်တို့၌ တစ်စုံတစ်ရာမျှ အပြစ် မရှိချေ။ အမှန်သော် ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြုလုပ် သမျှသောကိစ္စအရပ်ရပ်ကို အကြွင်းမဲ့ကြား သိတော် မူသောအရှင် ဖြစ်တော်မူသတည်း။
235وَلَا جُنَاحَ عَلَيْكُمْ فِيمَا عَرَّضْتُم بِهِ مِنْ خِطْبَةِ النِّسَاءِ أَوْ أَكْنَنتُمْ فِي أَنفُسِكُمْ ۚ عَلِمَ اللَّهُ أَنَّكُمْ سَتَذْكُرُونَهُنَّ وَلَٰكِن لَّا تُوَاعِدُوهُنَّ سِرًّا إِلَّا أَن تَقُولُوا قَوْلًا مَّعْرُوفًا ۚ وَلَا تَعْزِمُوا عُقْدَةَ النِّكَاحِ حَتَّىٰ يَبْلُغَ الْكِتَابُ أَجَلَهُ ۚ وَاعْلَمُوا أَنَّ اللَّهَ يَعْلَمُ مَا فِي أَنفُسِكُمْ فَاحْذَرُوهُ ۚ وَاعْلَمُوا أَنَّ اللَّهَ غَفُورٌ حَلِيمٌ
ထို့ပြင်တဝ (အစ်ဒ်ဒတ် အတွင်းရှိနေသော) မုဆိုးမများအား (ထိမ်းမြားရန်) စေ့စပ်ကြောင်းလမ်း ခြင်းနှင့် စပ်လျဉ်း၍ စကားရိပ်စကား>မက် ပြောဆိုခြင်း၌လည်းကောင်း၊ သို့တည်း မဟုတ် (ထိမ်းမြားလိုသော ဆန္ဒကို) မိမိတို့စိတ်နှလုံး များတွင် လျှို့ဝှက်မျိုသိပ် ထားခြင်း၌လည်းကောင်း၊ အသင် တို့အပေါ်ဝယ် တစ်စုံတစ်ရာမျှ အပြစ်မရှိချေ။ အသင်တို့သည် မကြာမြင့်မီ ယင်းမိန်းမများ၏အကြောင်းကို ထုတ်ဖော်ပြော ဆိုကြမည်ကို အလ္လာဟ်အရှင်မြတ်သည် သိပြီးဖြစ်တော်မူ သည်။ သို့ရာတွင် အသင်တို့သည် (စကားရိပ်အားဖြင့်) ယဉ် ကျေးသိမ်မွေ့စွာ စကားပြောဆိုခြင်းမှအပ (ထိမ်းမြားရန် အကြောင်းနှင့်စပ်လျဉ်း၍) ထိုမိန်းမများ နှင့် တီးတိုးလျှို့ဝှက်စွာ မျှပင် ကတိမပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် (ထို မိန်းမများအဘို့) ပြဋ္ဌာန်းပြီးဖြစ်သော (အစ်ဒ်ဒတ်) ရက်ပိုင်း ကာလ ပရိစ္ဆေဒ မကုန်ဆုံးမီ ထိမ်းမြားခြင်းတည်းဟူသော မင်္ဂလာအထုံးအဖွဲ့ကို အတည်မဖွဲ့ကြကုန်လင့်။ ထိုမှတပါး အသင်တို့၏စိတ်တွင် (မျိုသိပ်ထားရှိ သော) အကြောင်းအရာ ခပ်သိမ်းတို့ကို အလ္လာဟ်အရှင်မြတ်သည် ဧကန်အမှန် သိရှိ တော်မူသည်ကို ယုံကြည်မှတ်ယူကြ၍ ထိုအရှင်မြတ်အား ကြောက်ရွံ့ကြကုန်လော့။ ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် (အပြစ်များမှ) အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော် မူသောအရှင်၊ ဆိုင်းငံ့ထောက်ထား တော်မူ သောအရှင်၊ ဖြစ်တော်မူသည်ကိုလည်း ယုံကြည်မှတ်ယူကြကုန် လော့။
236لَّا جُنَاحَ عَلَيْكُمْ إِن طَلَّقْتُمُ النِّسَاءَ مَا لَمْ تَمَسُّوهُنَّ أَوْ تَفْرِضُوا لَهُنَّ فَرِيضَةً ۚ وَمَتِّعُوهُنَّ عَلَى الْمُوسِعِ قَدَرُهُ وَعَلَى الْمُقْتِرِ قَدَرُهُ مَتَاعًا بِالْمَعْرُوفِ ۖ حَقًّا عَلَى الْمُحْسِنِينَ
အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ ပေးမည်ဟူ၍) သတ်မှတ် ပြဋ္ဌာန်းခြင်း မပြုကြမီ သော်လည်းကောင်း၊ ကွာရှင်းခဲ့ကြပါလျှင် အသင်တို့၌မည်သို့မျှ အပြစ်မရှိချေ။ သို့ရာ တွင်(ဤသို့ပြုခြင်းအားဖြင့် ယင်းမိန်းမတို့၌ နစ်နာဖွယ်ရာ အကြောင်းရှိသဖြင့်) အသင်တို့သည် ထိုမိန်းမတို့အား တရား စည်းကမ်းနှင့်အညီ အကျိုးကျေးဇူး ဖြစ်ထွန်းစေကြရမည်။ ဥစ္စာပစ္စည်းကုံလုံ ကြွယ်ဝသူအပေါ်၌ မိမိတတ်စွမ်း နိုင်သည့်အလျောက် သူဆင်းရဲ အပေါ်၌လည်း မိမိတတ်စွမ်း နိုင်သည့်အလျောက် အကျိုးဖြစ် ထွန်းစေရန် တာဝန်ရှိသည်၊ ဤကား ကောင်းကျိုး မင်္ဂလာပွားများသောသူများ အပေါ်၌ တာဝန်တစ်ရပ်ပင် ဖြစ်ပေသည်။
237وَإِن طَلَّقْتُمُوهُنَّ مِن قَبْلِ أَن تَمَسُّوهُنَّ وَقَدْ فَرَضْتُمْ لَهُنَّ فَرِيضَةً فَنِصْفُ مَا فَرَضْتُمْ إِلَّا أَن يَعْفُونَ أَوْ يَعْفُوَ الَّذِي بِيَدِهِ عُقْدَةُ النِّكَاحِ ۚ وَأَن تَعْفُوا أَقْرَبُ لِلتَّقْوَىٰ ۚ وَلَا تَنسَوُا الْفَضْلَ بَيْنَكُمْ ۚ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
တဖန် အကယ်၍ အသင်တို့သည် ထိုဇနီးမိန်းမ တို့အဘို့ တစ်စုံတစ်ခုသော မဟ်ရ်ပစ္စည်းကို သတ်မှတ်အတည် ပြုခဲ့ပြီးလျှင် ထိုဇနီးမိန်းမတို့အား အသင်တို့မထိတွေ့မီကပင် ကွာရှင်းခဲ့ကြသည်ရှိသော် မိမိတို့သတ်မှတ်ခဲ့သော မဟ်ရ် ပစ္စည်း၏ ထက်ဝက် (ကိုသာပေးဆပ်ကြရမည်) ဖြစ်သည်။ သို့ရာတွင် ထိုဇနီးမိန်းမများသည် (မိမိတို့ရသင့်သော မဟ်ရ် ပစ္စည်းထက် ဝက်ကို) ခွင့်လွှတ်ကြပါမူ (ထိုမဟ်ရ် ပစ္စည်းထက်ဝက်ကိုပင် ပေးဆပ်ရန် လင်ယောက်ျား တို့၌တာဝန်မရှိပေ)၊ သို့တည်း မဟုတ် ထိမ်းမြားခြင်း၏ အနှောင်အဖွဲ့ကို ပိုင်ဆိုင်သော �င် ယောက်ျားက (မိမိ၌ ပေးဆပ်ရန် တာဝန်ရှိသော မဟ်ရ်ပစ္စည်း ထက်ဝက်အပြင် မိမိပြန်လည်သိမ်းပိုက်ထား နိုင်ခွင့်ရှိသော ကျန်ထက်ဝက်ကို ပါ)ခွင့်လွှတ် (၍ မဟ်ရ်ပစ္စည်း အားလုံးကို အကျေအ>ပန်ပေး ဆပ်)ပါမူ(ပေးဆပ်နိုင်ပေသည်)။ အမှန်စင်စစ် အသင်တို့၏ ခွင့်လွှတ်ခြင်းသည် အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ခြင်းတည်း ဟူသော တက္ကဝါ တရားနှင့် ပိုမို၍ပင် နီးစပ်လှပေသည်။ ထို့ပြင် အသင်တို့သည် မိမိတို့အချင်းချင်း ကျေးဇူးပြုခြင်းကို မမေ့ မလျော့ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် အသင်တို့ပြု လုပ်သမျှသော ကိစ္စအရပ်ရပ်တို့ကို အကြွင်းမဲ့ သိတော် မူသော အရှင် ဖြစ်တော်မူသတည်း။
238حَافِظُوا عَلَى الصَّلَوَاتِ وَالصَّلَاةِ الْوُسْطَىٰ وَقُومُوا لِلَّهِ قَانِتِينَ
အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံး သော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာတ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်း ကြလေကုန်။ ထို့ပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ ရှေ့တော်ဝယ် ဂါရဝတရားရှေ့ထား၍ ခဝပ်ရိုကျိုးသောသူများ အဖြစ်နှင့်ရပ်ကြကုန်လော့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
236အာယာသ်

ဘာသာပြန် — အလ်-ဗကရ 236

စူရာ အလ်-ဗကရ အာယာသ် 236 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍ အသင်တို့သည် ဇနီးမိန်းမများ အား မထိတွေ့ကြမီသော်လည်းကောင်း၊ ထိုမိန်းမများအတွက် သတ် မှတ်ထားသော မဟ်ရ်ပစ္စည်း (မည်ရွေ့မည်မျှ…

စူရာ အာယာသ် 236/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 234–238. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers