အလ်-ဟဂ်ျ · 11/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
وَمِنَ النَّاسِ مَن يَعْبُدُ اللَّهَ عَلَىٰ حَرْفٍ ۖ فَإِنْ أَصَابَهُ خَيْرٌ اطْمَأَنَّ بِهِ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ انقَلَبَ عَلَىٰ وَجْهِهِ خَسِرَ الدُّنْيَا وَالْآخِرَةَ ۚ ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ ۝١١
Wa minan naasi mai ya`budul laaha `alaa harfin fa in asaabahoo khairunit maanna bihee wa in asaabat hu fitnatunin qalaba `alaa wajhihee khasirad dunyaa wal aakhirah; zaalika huwal khusraanul mubeen
📖 မြန်မာဘာသာ
၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • عَلَىٰ حَرْفٍ (အလာ ဟရ်ဖ်) — ဟရ်ဖ် ဆိုသည်မှာ အစွန်း၊ အနား၊ ဘေးတစ်ဖက်ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ဒီန် (သာသနာ) ၏ အစွန်းတစ်ဖက်တွင် ရပ်တည်နေသူ၊ စိတ်နှလုံးမတည်ငြိမ်ဘဲ သံသယနှင့် ယိမ်းယိုင်နေသူကို ဆိုလိုသည်။
  • اطْمَأَنَّ بِهِ (အိသ်မအန္န ဗိဟိ) — ထိုကောင်းချီးဖြင့် စိတ်အေးချမ်းသွားသည်၊ ကျေနပ်အားရသွားသည်ဟု အဓိပ္ပာယ်ရသည်။
  • فِتْنَةٌ (ဖိတ်နသွန်) — စမ်းသပ်မှု၊ ဒုက္ခအခက်အခဲ၊ ဘေးအန္တရာယ်ဟု အဓိပ္ပာယ်ရသည်။
  • انقَلَبَ عَلَىٰ وَجْهِهِ (အင်ကာလဗာ အလာ ဝဂျ်ဟိဟိ) — မျက်နှာမူလမ်းကြောင်းသို့ ပြန်လှည့်သွားသည်၊ ဆိုလိုသည်မှာ ယုံကြည်မှုမှ လုံးလုံးလျားလျား လှည့်ထွက်သွားခြင်းကို ဆိုလိုသည်။
  • الْخُسْرَانُ الْمُبِينُ (အလ်ခုစ်ရာနုလ် မုဗီးန်) — ထင်ရှားလှသော ဆုံးရှုံးမှုကြီးဟု အဓိပ္ပာယ်ရသည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

လူသားများထဲတွင် အချို့သောသူများသည် အလ္လာဟ်အရှင်မြတ်ကို သံသယစိတ်နှင့် ယိမ်းယိုင်သော အနေအထားဖြင့် ကိုးကွယ်ကြသည်။ သူသည် တောင်ကမ်းပါးစွန်း သို့မဟုတ် နံရံအစွန်းတွင် မတည်မငြိမ် ရပ်တည်နေသူနှင့် တူသည်။ သူ၏ ယုံကြည်မှုသည် လောကီအကျိုးနှင့် ချိတ်ဆက်ထားသည်။ အကယ်၍ ကျန်းမာရေး၊ ချမ်းသာကြွယ်ဝမှု စသည့် ကောင်းချီးများ ရရှိပါက သူသည် ကျေနပ်အားရစွာဖြင့် ဆက်လက် ကိုးကွယ်နေမည်။ သို့သော် ရောဂါ၊ ဆင်းရဲမွဲတေမှု စသည့် စမ်းသပ်မှုတစ်စုံတစ်ရာ ကြုံတွေ့ရပါက သူသည် ဒီန် (သာသနာ) ကို အပြစ်တင်ကာ ယုံကြည်မှုမှ လုံးလုံးလျားလျား လှည့်ထွက်သွားသည်။ ထိုသို့ဖြင့် သူသည် လောကီဘဝကိုလည်း ဆုံးရှုံးသည်။ အကြောင်းမှာ သူ၏ ကုဖ်ရ် (မယုံကြည်မှု) သည် သူ့အတွက် သတ်မှတ်ပြီးဖြစ်သော လောကီအကျိုးကို တိုးပွားစေမည် မဟုတ်သောကြောင့်ဖြစ်သည်။ အာခိရသ် (နောင်ဘဝ) ကိုလည်း ဆုံးရှုံးသည်။ အကြောင်းမှာ သူသည် အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သောကြောင့်ဖြစ်သည်။ ဤသည်ကား ထင်ရှားလှသော ဆုံးရှုံးမှုကြီးဖြစ်သည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အီမာန် (ယုံကြည်မှ


📜 အာယာသ် 9-13 — စူရာ အလ်-ဟဂ်ျ

9ثَانِيَ عِطْفِهِ لِيُضِلَّ عَن سَبِيلِ اللَّهِ ۖ لَهُ فِي الدُّنْيَا خِزْيٌ ۖ وَنُذِيقُهُ يَوْمَ الْقِيَامَةِ عَذَابَ الْحَرِيقِ
(မာန်မာနထောင်လွှားကာ)မိမိလည်ပင်းကိုလိမ်လျက်(သူတစ်ပါးတို့အားလည်း) အလ္လာဟ်အရှင် မြတ်၏လမ်းတော်မှလွဲမှားစေခြင်းငှာ ထိုသူ၌ (ဤ) ပစ္စုပ္ပန်လောကတွင်လည်း ကျိုးယုတ်ရှက်ရဖြစ်ခြင်းသည်ရှိ၏။ ကိယာမတ် ရှင်ပြန်ထမည့်နေ့တွင်လည်း ငါအရှင်မြတ်သည် ထိုသူအား (ကျွမ်းလောင်စေသောငရဲ)မီး၏ ပြစ်ဒဏ်ကို မြည်းစမ်းစေတော်မူမည်ဖြစ်ပေသည်။
10ذَٰلِكَ بِمَا قَدَّمَتْ يَدَاكَ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
ဤသို့ဖြစ်ရခြင်းမှာ အသင်၏လက်နှစ်ဖက်သည် တင်ကူး၍ပို့ခဲ့သော(ပြစ်မှုဒုစရိုက်များ)ကြောင့်ပင်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် (မိမိ)ကျွန်များအားနှိပ်စက်ကလူ ပြုတော်မူသောအရှင် မဟုတ်ပြီ။
11وَمِنَ النَّاسِ مَن يَعْبُدُ اللَّهَ عَلَىٰ حَرْفٍ ۖ فَإِنْ أَصَابَهُ خَيْرٌ اطْمَأَنَّ بِهِ ۖ وَإِنْ أَصَابَتْهُ فِتْنَةٌ انقَلَبَ عَلَىٰ وَجْهِهِ خَسِرَ الدُّنْيَا وَالْآخِرَةَ ۚ ذَٰلِكَ هُوَ الْخُسْرَانُ الْمُبِينُ
၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည် ထိုအခြေအနေကို နှစ်သိမ့်ကျေနပ်ခဲ့လေသည်။ သို့ရာတွင် အကယ်၍ ထိုသူ၌စမ်းသပ်မှု တစ်စုံတစ်ရာသက်ရောက်ခဲ့မှု ထိုသူသည် မိမိမျက်နှာလှည့်၍ ပြန်သွားခဲ့လေသည်။ ထိုသူသည် (ဤ)ပစ္စက္ခ လောကီဘဝကိုလည်းကောင်း၊ နောင်တမလွန်ဘဝကို လည်းကောင်း၊(နှစ်ခုစလုံးကိုပင်)လက်လွတ်ဆုံးရှုံးခဲ့လေသည်။ ဤသည်ထင်ရှားသော ပျက်စီးဆုံးရှုံးမှုပင်တည်း။
12يَدْعُو مِن دُونِ اللَّهِ مَا لَا يَضُرُّهُ وَمَا لَا يَنفَعُهُ ۚ ذَٰلِكَ هُوَ الضَّلَالُ الْبَعِيدُ
(စင်စစ်သော်ကား) ထိုသူသည် အလ္လာဟ်အရှင်မြတ်အားစွန့်၍ မိမိအားအကျိုးယုတ်စေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ မိမိအားအကျိုး ဖြစ်ထွန်းစေနိုင်ခြင်း မရှိသောအရာကိုလည်းကောင်း၊ ဟစ်ခေါ်လျက်ရှိပေသည်။ ဤကား (အမှန်တရားနှင့်) အလွန်ဝေးလံသော လမ်းမှားခြင်းပင်။
13يَدْعُو لَمَن ضَرُّهُ أَقْرَبُ مِن نَّفْعِهِ ۚ لَبِئْسَ الْمَوْلَىٰ وَلَبِئْسَ الْعَشِيرُ
(အမှန်စင်စစ်) ထိုသူသည် အကြင်အရာကို ဟစ်ခေါ်လျက်ရှိပေသည်။ ထိုအရာ၏ အကျိုးယုတ်စေမှုသည် ၎င်း၏ အကျိုးဖြစ်စေခြင်းထက် ပိုမို၍ပင်နီးကပ်လျက်ရှိပေသည်။စင်စစ်(ထိုသူဟစ်ခေါ်လျက်ရှိသောအရာမှာမူကား)အလွန်ယုတ်ညံ့သော ကြည့်ရှုထောက်မသူ၊ ၎င်းပြင် အလွန်ယုတ်ညံ့သောအဆွေခင်ပွန်းပင် ဖြစ်ပေသတည်း။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
11အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 11

စူရာ အလ်-ဟဂ်ျ အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် လူတို့တွင် ဘေးအစွန်းဖျား၌(ရပ်တည်၍)အလ္လာဟ်အရှင်မြတ်အား ခဝပ်ကိုးကွယ်သူ လည်းရှိပေသည်။ တစ်ဖန် အကယ်၍ ထိုသူ၌အကျိုးကျေးဇူး တစ်စုံတစ်ရာသက်ရောက်ခဲ့သည်ရှိသော် ထိုသူသည်…

စူရာ အာယာသ် 11/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers