အလ်-ကစာစ် · 15/88
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ကစာစ်
وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِن شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِن شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُّضِلٌّ مُّبِينٌ ۝١٥
Wa dakhalal madeenata `alaa heene ghaflatim min ahlihaa fawajada feeha raju laini yaqtatilaani haazaa min shee`atihee wa haaza min `aduwwihee fastaghaasahul lazee min shee`atihee `alal lazee min `aduwwihee fawakazahoo Moosaa faqadaa `alaihi qaala haaza min `amalish Shaitaani innahoo `aduwwum mmudillum mubeen
📖 မြန်မာဘာသာ
၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ်

  • الْمَدِينَةَ — မြို့။ ဤနေရာတွင် အီဂျစ်ပြည်၏ မြို့တော် မိဿ်ရ် (Memphis) ကို ဆိုလိုသည်။
  • حِينِ غَفْلَةٍ — မြို့သူမြို့သားများ သတိမမူမိသော အချိန်၊ တစ်နည်းအားဖြင့် လူများ အိမ်များတွင် အနားယူနေကြသော နေ့လယ်ချိန် သို့မဟုတ် ပွဲလမ်းသဘင်ဖြင့် အလုပ်များနေသော အချိန်။
  • يَقْتَتِلَانِ — နှစ်ဦး ရန်ဖြစ်တိုက်ခိုက်နေကြသည်။
  • شِيعَتِهِ — သူ၏ အသင်းအဖွဲ့၊ ဤနေရာတွင် မူဆာ (အ.စ) ၏ လူမျိုး အစ္စရေးလ်များကို ဆိုလိုသည်။
  • عَدُوِّهِ — သူ၏ ရန်သူ၊ ဤနေရာတွင် ဖိရ်အောင်န်၏ လူမျိုး ကိဗ္ဗ်သ်များကို ဆိုလိုသည်။
  • فَاسْتَغَاثَهُ — သူ့ထံ အကူအညီ တောင်းခံသည်။
  • فَوَكَزَهُ — လက်သီးဖြင့် ထိုးလိုက်သည်၊ လက်သီးဆုပ်ဖြင့် ရိုက်လိုက်သည်။
  • فَقَضَىٰ عَلَيْهِ — ထိုသူ သေဆုံးသွားသည်။
  • مِنْ عَمَلِ الشَّيْطَانِ — ရှိုင်သွာန်၏ လှုံ့ဆော်မှုနှင့် ဖန်တီးမှုကြောင့် ဖြစ်ပေါ်လာသော အပြုအမူ။
  • مُضِلٌّ مُّبِينٌ — လမ်းမှားသို့ ပို့ဆောင်သူ၊ ထင်ရှားသော ရန်သူ။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

မူဆာ (အ.စ) သည် မြို့ထဲသို့ မြို့သူမြို့သားများ သတိမမူမိသော အချိန်၌ ဝင်ရောက်လာခဲ့သည်။ ထိုအခါ သူသည် လူနှစ်ဦး ရန်ဖြစ်တိုက်ခိုက်နေကြသည်ကို တွေ့ရှိရသည်။ တစ်ဦးမှာ သူ၏ လူမျိုး အစ္စရေးလ်မှ ဖြစ်ပြီး၊ အခြားတစ်ဦးမှာ သူ၏ ရန်သူ ကိဗ္ဗ်သ်လူမျိုးမှ ဖြစ်သည်။ သူ၏ လူမျိုးဖြစ်သူက ရန်သူဖြစ်သူကို ဆန့်ကျင်ရန် မူဆာ (အ.စ) ထံ အကူအညီ တောင်းခံလေသည်။ ထိုအခါ မူဆာ (အ.စ) သည် ထိုကိဗ္ဗ်သ်လူမျိုးကို လက်သီးဖြင့် ထိုးလိုက်ရာ ထိုသူ သေဆုံးသွားလေသည်။ မူဆာ (အ.စ) သည် ထိုအဖြစ်အပျက်ကို ရှိုင်သွာန်၏ လှုံ့ဆော်မှုကြောင့် ဖြစ်ပေါ်လာသည်ဟု ဆိုခဲ့သည်။ အမှန်စင်စစ် ရှိုင်သွာန်သည် လူသားတို့အတွက် ထင်ရှားသော ရန်သူဖြစ်ပြီး၊ လမ်းမှားသို့ ပို့ဆောင်သူ ဖြစ်သည်။ ဤအဖြစ်အပျက်သည် မူဆာ (အ.စ) နဗီဖြစ်မလာမီ အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သူသည် ထိုသူကို သတ်ရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ဘဲ၊ မတရားမှုကို တွန်းလှန်ရန်နှင့် ဖိနှိပ်ခံရသူကို ကူညီရန် ရည်ရွယ



📜 အာယာသ် 13-17 — စူရာ အလ်-ကစာစ်

13فَرَدَدْنَاهُ إِلَىٰ أُمِّهِ كَيْ تَقَرَّ عَيْنُهَا وَلَا تَحْزَنَ وَلِتَعْلَمَ أَنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ထို့နောက် ထိုမိခင်၏မျက်စိ အေးမြကြည်လင်စေရန်လည်းကောင်း၊ ထိုမိခင် ပူဆွေးမနေရန်လည်းကောင်း၊ အမှန်မုချ အလ္လာဟ်အရှင်မြတ်၏ ကတိတော်သည် မှန်ကန်သည်ကို ထိုမိခင်(လက်တွေ့)သိရှိရန်လည်းကောင်း၊ ငါအရှင်မြတ်သည် (မိမိထားရှိတော်မူသော ကတိတော်အတိုင်း) ထိုသားငယ်အား ၎င်း၏ မိခင်ထံ ပြန်ပို့ပေးတော်မူခဲ့လေသည်။ သို့ရာတွင် ၎င်းတို့အနက် များစွာသောသူများသည် မသိကြပေ။
14وَلَمَّا بَلَغَ أَشُدَّهُ وَاسْتَوَىٰ آتَيْنَاهُ حُكْمًا وَعِلْمًا ۚ وَكَذَٰلِكَ نَجْزِي الْمُحْسِنِينَ
တစ်ဖန် ထိုမူစာသည် မိမိလူလားမြောက်သော အရွယ်သို့ရောက်ရှိပြီး (အသိဉာဏ်) ရင့်သန်လာသောအခါ၊ ငါအရှင်မြတ်သည် ထိုမူစာအား ဉာဏ် အမြော်အမြင်ကိုလည်းကောင်း၊ အသိပညာကိုလည်းကောင်း၊ ချီးမြှင့်ပေးသနားတော်မူခဲ့၏။ စင်စစ်သော်ကား၊ ငါအရှင်မြတ်သည် သူတော်ကောင်းတို့အား ဤနည်းအတိုင်းပင် အစားပေးတော်မူသည်။
15وَدَخَلَ الْمَدِينَةَ عَلَىٰ حِينِ غَفْلَةٍ مِّنْ أَهْلِهَا فَوَجَدَ فِيهَا رَجُلَيْنِ يَقْتَتِلَانِ هَٰذَا مِن شِيعَتِهِ وَهَٰذَا مِنْ عَدُوِّهِ ۖ فَاسْتَغَاثَهُ الَّذِي مِن شِيعَتِهِ عَلَى الَّذِي مِنْ عَدُوِّهِ فَوَكَزَهُ مُوسَىٰ فَقَضَىٰ عَلَيْهِ ۖ قَالَ هَٰذَا مِنْ عَمَلِ الشَّيْطَانِ ۖ إِنَّهُ عَدُوٌّ مُّضِلٌّ مُّبِينٌ
၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော လူနှစ်ယောက်အား တွေ့ရှိခဲ့ပေသည်။ (ထိုနှစ်ယောက်အနက်) ဤသူတစ်ယောက်မှာ ထိုမူစာ၏အုပ်စုထဲမှဖြစ်ပြီး၊ အခြားတစ်ယောက်မှာကား ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်ခဲ့ပေသည်။ သို့ဖြစ်ပေရာ ထိုမူစာ၏အုပ်စုမှဖြစ်သောသူက ထိုမူစာ၏ရန်သူတို့အနက်မှ ဖြစ်သောသူနှင့်ဆန့်ကျင်၍ အပူတပြင်း အကူအညီတောင်းခံခဲ့လေသည်။ ထိုအခါ မူစာသည် ၎င်းရန်သူအုပ်စုမှ ဖြစ်သောသူအား လက်သီးဖြင့်ထိုးပြီး ၎င်းအား အဆုံးစီရင်လိုက်လေသည်။ ထိုမူစာက ဤသည် ရှိုင်တွာန်မိစ္ဆာ အပြုအမူပင်ဖြစ်သည်။ ဧကန်မလွဲ ထိုရှိုင်တွာန်မိစ္ဆာကောင်မှာ ထင်ရှားစွာ လမ်းလွဲစေသော ရန်သူပင်ဖြစ်သည်ဟု ပြောဆိုခဲ့လေသည်။
16قَالَ رَبِّ إِنِّي ظَلَمْتُ نَفْسِي فَاغْفِرْ لِي فَغَفَرَ لَهُ ۚ إِنَّهُ هُوَ الْغَفُورُ الرَّحِيمُ
ထိုမူစာသည် (အလ္လာဟ်အရှင်မြတ်အထံတော်တွင်) အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော်မျိုးသည် မိမိကိုယ်ကို မိမိနှိပ်စက်မိပါပြီ၊ အရှင်မြတ်သည် ကျွန်တော်မျိုးအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူပါဟု လျှောက်ထားပန်ကြားခဲ့ရာ ထိုအရှင်မြတ်သည် ၎င်းအား ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူခဲ့ပေသည်။ စင်စစ်ဧကန် ထိုအရှင်မြတ်သည်ပင်လျှင် အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသော အလွန်တရာ ကြင်နာသနား ကရုဏာပြုတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသည်။
17قَالَ رَبِّ بِمَا أَنْعَمْتَ عَلَيَّ فَلَنْ أَكُونَ ظَهِيرًا لِّلْمُجْرِمِينَ
(ထိုအခါ) ထိုမူစာသည် အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး၏အပေါ်၌ ကျေးဇူးပြုတော်မူခဲ့သည်ဖြစ်ရကား၊ ကျွန်တော်မျိုးသည်လည်း (နောင်တွင်) အပြစ်ရှိသူတို့အား မည်သည့်အခါမျှ အကူအညီပေးသူဖြစ်တော့မည် မဟုတ်ပါဟူ၍ လျှောက်ထားခဲ့ပေသတည်း။
အလ်-ကစာစ်ကုရ်အာန် ညွှန်းကိန်း
88အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အလ်-ကစာစ် 15

စူရာ အလ်-ကစာစ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုမူစာသည် (အရွယ်ရောက်ပြီး နောက်တစ်နေ့သ၌) မြို့တွင်းသို့ ထိုမြို့သူမြို့သားတို့ အမှုမဲ့အမှတ်မဲ့ဖြစ်နေချိန် ဝင်ရောက်ခဲ့ရာ ယင်းမြို့တွင်း၌ စကားများရန်ဖြစ်နေကြသော…

စူရာ အာယာသ် 15/88 — စူရာ အလ်-ကစာစ် القصص (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ကစာစ် နားထောင်, စူရာ အလ်-ကစာစ် ဘာသာပြန်, စူရာ အလ်-ကစာစ် mp3, စူရာ အလ်-ကစာစ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers