အာလ်-အိမရာန် · 110/200
ဘာသာပြန် အသံနိုင်ငံ — စူရာ အာလ်-အိမရာန်
كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَّهُم ۚ مِّنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ ۝١١٠
Kuntum khaira ummatin ukhrijat linnaasi taamuroona bilma`roofi wa tanhawna `anil munkari wa tu`minoona billaah; wa law aamana Ahlul Kitaabi lakaana khairal lahum minhumul mu`minoona wa aksaruhumul faasiqoon
📖 မြန်မာဘာသာ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။အကယ်၍သာ (အထက်)ကျမ်းဂန်ရရှိသူတို့သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူ တို့အနက်မှ(အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင်ထိုသူများအနက် အများဆုံးသော သူများမှာမူကားအမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ)သာ ဖြစ်ကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းဖွင့်ဆိုရန် လိုအပ်သော ဝေါဟာရများ

  • خَيْرَ أُمَّةٍ (ခူန်တွမ်း ခါိုင်ရု အွမ္မသ်) — အကောင်းဆုံးသော လူ့အဖွဲ့အစည်း၊ အကောင်းမြတ်ဆုံးသော အွမ္မသ်။
  • أُخْرِجَتْ لِلنَّاسِ (အွခ�်ရိဂျသ် လိန္နာစ်) — လူသားတို့အတွက် ထုတ်ဖော်ပေါ်ထွက်စေခဲ့သည်၊ လူသားတို့အကြား ပေါ်ထွန်းစေခဲ့သည်။
  • الْمَعْرُوفِ (အလ်-မာအ်ရူးဖ်) — ရှရီအသ်တော်နှင့် ဆင်ခြင်တုံတရားက ကောင်းမြတ်သည်ဟု အသိအမှတ်ပြုထားသော ကိစ္စ။
  • الْمُنكَرِ (အလ်-မွန်ကရ်) — ရှရီအသ်တော်နှင့် ဆင်ခြင်တုံတရားက ဆိုးရွားသည်ဟု သတ်မှတ်ထားသော ကိစ္စ။
  • أَهْلَ الْكِتَابِ (အဟ်လုလ် ကီသာဗ်) — ကျမ်းရပုဂ္ဂိုလ်များ၊ ယဟူဒီနှင့် ခရစ်ယာန်များ။
  • الْفَاسِقُونَ (အလ်-ဖာစိကူန်) — အလ္လာဟ်အရှင်မြတ်၏ ဒီန်(သာသနာ)နှင့် အမိန့်တော်များမှ ထွက်ခွာသွားသူများ၊ အ disobedient ဖြစ်သူများ။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို မုဟမ္မဒ်(ဆွ)၏ အွမ္မသ်တော်ဝင်များ၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်က လူသားတို့အတွက် ပေါ်ထွန်းစေတော်မူခဲ့သော အွမ္မသ်များအနက် အကောင်းမြတ်ဆုံး၊ လူသားတို့အတွက် အကျိုးအမြတ်အရှိဆုံး အွမ္မသ်ဖြစ်ကြသည်။ အကြောင်းမှာ သင်တို့သည် ကောင်းမြတ်သော အရာများကို အားပေးတိုက်တွန်း၍ ဆိုးရွားသော အရာများကို တားမြစ်ပိတ်ပင်ကြပြီး အလ္လာဟ်အရှင်မြတ်ကို အခိုင်အမာ ယုံကြည်ကြသောကြောင့် ဖြစ်သည်။ ထိုယုံကြည်မှုသည် လုပ်ရပ်များဖြင့် အတည်ပြုထားသော ယုံကြည်မှုဖြစ်သည်။

အကယ်၍ ကျမ်းရပုဂ္ဂိုလ်များဖြစ်ကြသော ယဟူဒီနှင့် ခရစ်ယာန်တို့သည် မုဟမ္မဒ်(ဆွ)ထံ ကျရောက်ခဲ့သော ဝဟီ(ဗျာဒိတ်တော်)ကို ယုံကြည်ခဲ့ကြပါလျှင် ထိုယုံကြည်မှုသည် သူတို့အတွက် ဤလောကနှင့် နောင်လောကတွင် ပို၍ကောင်းမြတ်လိမ့်မည် ဖြစ်သည်။ သို့သော် သူတို့အနက် အနည်းငယ်သော သူများသာ ယုံကြည်ကြပြီး အများစုမှာ အလ္လာဟ်အရှင်မြတ်၏ ဒီန်နှင့် ရှရီအသ်တော်မှ ထွက်ခွာသွားသူများ ဖြစ်ကြသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ

  • အစ္စလာမ်သာသနာသည် လူသားအားလုံးအတွက် အကျိုးရှိသော သာသနာဖြစ်ကြောင်း သိရှိရသည်။


📜 အာယာသ် 108-112 — စူရာ အာလ်-အိမရာန်

108تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۗ وَمَا اللَّهُ يُرِيدُ ظُلْمًا لِّلْعَالَمِينَ
(အို-နဗီတမန်တော်) ဤသည်တို့ကား အလ္လာဟ်အရှင်မြတ်၏ မုခပါဌ်တော်များတည်း။ ငါအရှင်မြတ်သည်ထိုမုခပါဌ်တော်များကို မှန်ကန်စွာဖြင့် အသင်အားကြားနာစေတော်မူ၏။ အမှန် သော်ကား အလ္လာဟ်အရှင်မြတ်သည်စကြာဝဠာ ခပ်သိမ်းတို့ကို အနည်းငယ်မျှပင် မတရားပြုရန်ကြံရွယ်တော်မူသည် မရှိချေ။
109وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ ۚ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထို့ပြင်တဝ ကောင်းကင်ဘုံများနှင့် ပထဝီမြေဝယ် ရှိရှိသမျှတို့သည် အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသောအရာများသာ ဖြစ်ကြကုန်၏။ တဖန် အရေးကိစ္စဟူသမျှတို့သည် အလ္လာဟ်အရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်ရောက်ရှိကြလတ္တံ့။
110كُنتُمْ خَيْرَ أُمَّةٍ أُخْرِجَتْ لِلنَّاسِ تَأْمُرُونَ بِالْمَعْرُوفِ وَتَنْهَوْنَ عَنِ الْمُنكَرِ وَتُؤْمِنُونَ بِاللَّهِ ۗ وَلَوْ آمَنَ أَهْلُ الْكِتَابِ لَكَانَ خَيْرًا لَّهُم ۚ مِّنْهُمُ الْمُؤْمِنُونَ وَأَكْثَرُهُمُ الْفَاسِقُونَ
(အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည် ကောင်းမြတ်သော ကိစ္စများကို (ပြုလုပ်ကြရန်) ညွှန်ကြားကြသည့်ပြင် စက်ဆုပ် ရွံ့ရှာဖွယ် ရာများမှလည်း မြစ်တားကြကုန်၏။ ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ်အရှင်မြတ် ကိုလည်း ယုံကြည်ကြကုန်၏။အကယ်၍သာ (အထက်)ကျမ်းဂန်ရရှိသူတို့သည်လည်း (အသင်တို့ကဲ့သို့ပင်) ယုံကြည်ကြပါမူ၊ မုချ ယင်းသူတို့အဖို့ (ထိုယုံကြည်ခင်းသည်) သာ၍ပင် ကောင်းချေသည်။ ယင်းသူ တို့အနက်မှ(အချို့) ယုံကြည်သော သူများလည်း ရှိကြပေသည်။ သို့ရာတွင်ထိုသူများအနက် အများဆုံးသော သူများမှာမူကားအမိန့်တော်ကို မနာခံသူများ (ဝါ) (ကာဖိရ်များ)သာ ဖြစ်ကြပေသတည်း။
111لَن يَضُرُّوكُمْ إِلَّا أَذًى ۖ وَإِن يُقَاتِلُوكُمْ يُوَلُّوكُمُ الْأَدْبَارَ ثُمَّ لَا يُنصَرُونَ
ယင်း(ကျမ်းဂန်ရရှိသော) သူတို့သည်(မည်မျှပင်ရန်ရှာကြသော်လည်း) အသင်တို့အား အနည်းငယ်မျှသောအန္တရာယ်ဖြစ်စေနိုင်ရုံမျှမှအပ ဆုံးရှုံးနစ်နာ ပျက်စီးလေအောင်အလျင်းပြုနိုင်ကြမည် မဟုတ်ချေ။ တဖန် အကယ်၍သာယင်းသူတို့ သည် (တဆင့်တိုး၍) အသင်တို့နှင့် စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ကြပါမူ၊ ယင်းသူတို့သည် အသင်တို့ဘက်သို့ ကျောခိုင်း၍ ထွက်ပြေးကြလတံ္တ။ ထို့နောက် ယင်းသူတို့သည် (မည်သူတစုံတယောက်သောသူ၏) ကူညီစောင်မခြင်းကိုမျှ ခံကြရမည်မဟုတ်ပေ။
112ضُرِبَتْ عَلَيْهِمُ الذِّلَّةُ أَيْنَ مَا ثُقِفُوا إِلَّا بِحَبْلٍ مِّنَ اللَّهِ وَحَبْلٍ مِّنَ النَّاسِ وَبَاءُوا بِغَضَبٍ مِّنَ اللَّهِ وَضُرِبَتْ عَلَيْهِمُ الْمَسْكَنَةُ ۚ ذَٰلِكَ بِأَنَّهُمْ كَانُوا يَكْفُرُونَ بِآيَاتِ اللَّهِ وَيَقْتُلُونَ الْأَنبِيَاءَ بِغَيْرِ حَقٍّ ۚ ذَٰلِكَ بِمَا عَصَوا وَّكَانُوا يَعْتَدُونَ
ထိုသူတို့သည် မည့်သည့်နေရာ၌မဆို၊ အလ္လာဟ်အရှင်မြတ်နှင့်သော်လည်းကောင်း၊ လူတို့နှင့်သော်လည်းကောင်း၊ ပဋိညာဉ်ထားရှိသည်မှအပ နလေရာအရပ်တိုင်းတွင် ယင်းသူတို့အပေါ်၌ ဂုဏ်အသရေ သေးသိမ်ခြင်းသည်အတည်ပြုပြီးဖြစ်သည့်ပြင်၊ ယင်းသူတို့အား အလ္လာဟ်အရှင်မြတ်၏ အမျက်တော်သည် သင့်ခဲ့ ချေပြီ။ ထိုမျှမက ယင်းသူတို့အပေါ်ဝယ် ဒုက္ခဆင်းရဲခြင်းသည်လည်း အတည်ပြုပြီး ဖြစ်ချေပြီ။ ဤ(ကဲ့သို့ ဂုဏ်အသရေ သေးသိမ်ခြင်း၊ အမျက်တော်သင့်ခြင်းနှင့် ဆင်းရဲခြင်းဒုက္ခခံစားရခြင်းတို့) အကြောင်းကားထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်ဗျာဒိတ်တော်များကို မယုံမကြည်သွေဖည် ငြင်းပယ်လေ့ရှိခြင်းကြောင့် လည်းကောင်း၊ နဗီတမန်တော်များအား (မည်သည့် နည်းနှင့်မျှ) သတ်ဖြတ်ပိုင်ခွင့် မရှိဘဲလျက် မတရားသဖြင့်သတ်ဖြတ်လေ့ရှိခြင်းကြောင့်လည်းကောင်း ဖြစ်ချေသည်။ (တဖန်) ဤ(ကဲ့သို့ ပြစ်မှုဒုစရိုက်များကျူးလွန်ခြင်း) အကြောင်းကား ယင်းသူတို့သည်အမိန့်တော်ကို မနာခံခဲ့ခြင်းကြောင့်လည်းကောင်း၊ စည်းကမ်းဖေါက်ဖျက် ခဲ့ကြခြင်းကြောင့်လည်းကောင်း၊ ဖြစ်ပေသတည်း။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
110အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 110

စူရာ အာလ်-အိမရာန် အာယာသ် 110 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-မုစ်လင်မ်အပေါင်းတို့) အသင်တို့သည် လူခပင်းတို့အဖို့ (တရားဓမ္မ ညွှန်ကြားရန်အလို့ငှာ) ထွက်ပေါ်လာကြကုန်သော အကောင်းဆုံးသော သာသနာဝင် လူစုပင်တည်း။(အကြောင်းမူကား) အသင်တို့သည်…

စူရာ အာယာသ် 110/200 — စူရာ အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အာလ်-အိမရာန် နားထောင်, စူရာ အာလ်-အိမရာန် ဘာသာပြန်, စူရာ အာလ်-အိမရာန် mp3, စူရာ အာလ်-အိမရာန် pdf. အာယာသ် 108–112. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers