အက်ရှ်-ရှူရာ · 15/53
ဘာသာပြန် အသံနိုင်ငံ — စူရာ အက်ရှ်-ရှူရာ
فَلِذَٰلِكَ فَادْعُ ۖ وَاسْتَقِمْ كَمَا أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ ۖ وَقُلْ آمَنتُ بِمَا أَنزَلَ اللَّهُ مِن كِتَابٍ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ اللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ اللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ الْمَصِيرُ ۝١٥
Falizaalika fad`u wastaqim kamaaa umirta wa laa tattabi` ahwaaa`ahum wa qul aamantu bimaaa anzalal laahu min Kitaab, wa umirtu li a`dila bainakum Allaahu Rabbunaa wa Rabbukum lanaaa a`maa lunaa wa lakum a`maalukim laa hujjata bainanaa wa baina kumul laahu yajma`u bainanaa wa ilaihil maseer
📖 မြန်မာဘာသာ
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်စွာ ရှိနေပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့၏အလိုဆန္ဒများကို မလိုက်နာလေနှင့်၊ ထိုမှတစ်ပါး အသင်သည် ဤသို့ပြောကြားပါလေ။ငါသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူခဲ့သော မည်သည့်ကျမ်းဂန်ကိုမဆို သက်ဝင်ယုံကြည်ပြီးဖြစ်၏။ ၎င်းပြင် ငါသည်အသင်တို့အကြား၌ တရားမျှတရန် အမိန့်ပေးခြင်းကိုခံရ၏။အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်လည်းဖြစ်တော်မူ၏။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူ၏။ ငါတို့၏အကျင့်အမူတို့မှာ ငါတို့အဖို့ဖြစ်၍ အသင်တို့၏အကျင့် အမူတို့ကား အသင်တို့အဖို့ ဖြစ်၏။ ငါတို့နှင့်အသင်တို့၏အကြား၌မည်သို့မျှ အငြင်းအခုံပြုရန်မရှိပြီ။ အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့အားလုံးကို စုရုံးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရပေမည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဖလိဇာလိကာ (فَلِذَٰلِكَ): ထိုအရာအတွက်ကြောင့်၊ ထို့ကြောင့်။
  • ဖဒ်အု (فَادْعُ): သင်သည် ဖိတ်ခေါ်လော့၊ ဒါဝဟ်ပြုလော့။
  • ဝဆ်သကင် (وَاسْتَقِمْ): သင်သည် တည်ကြည်လော့၊ ဖြောင့်မတ်စွာ ရပ်တည်လော့။
  • အဟ်ဝါအာဟုမ် (أَهْوَاءَهُمْ): သူတို့၏ စိတ်အလိုဆန္ဒများ၊ လိုအင်ဆန္ဒများ။
  • လာအဟ်ဒိလ (لِأَعْدِلَ): ငါသည် တရားမျှတစွာ ဆောင်ရွက်ရန်။
  • လာ ဟုဂျ်ဂျတ (لَا حُجَّةَ): ငါတို့အကြား အငြင်းအခုံ မရှိပါ။
  • အလ်မာဆီရ် (الْمَصِيرُ): ပြန်လည်ရောက်ရှိရာနေရာ၊ အဆုံးသတ်ခရီး။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား အလ္လာဟ်အရှင်မြတ်၏ တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်များအားလုံးကို ညွှန်ကြားခဲ့သော တောဟီဒ် (အလ္လာဟ်တစ်ဆူတည်းကို ကိုးကွယ်ခြင်း) ဟူသော ဖြောင့်မတ်သော လမ်းစဉ်သို့ လူသားများကို ဖိတ်ခေါ်ရန်၊ ထိုလမ်းစဉ်ပေါ်တွင် တည်ကြည်စွာ ရပ်တည်ရန် အမိန့်ပေးတော်မူသည်။

တမန်တော် (ဆွ) သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အတိုင်း ဖြောင့်မတ်သော လမ်းစဉ်ပေါ်တွင် တည်ကြည်စွာ ရပ်တည်ရမည်။ မယုံကြည်သူများ၏ အာသီတဏှာ (စိတ်အလိုဆန္ဒ) များနောက်သို့ မလိုက်ရ။ သူတို့သည် တမန်တော် (ဆွ) အား သူတို့၏ ရုပ်တုများကို လေးစားခန့်ညားရန် သို့မဟုတ် အခြားသော မှားယွင်းသည့် အလိုဆန္ဒများကို လိုက်နာရန် တိုက်တွန်းကြသော်လည်း တမန်တော် (ဆွ) သည် ထိုအရာများကို လုံးဝ ငြင်းပယ်ရမည်။

ထို့နောက် တမန်တော် (ဆွ) သည် ဤသို့ ကြေညာရမည်: "ငါသည် အလ္လာဟ်အရှင်မြတ်က ကောင်းကင်မှ ချပေးတော်မူသော ကျမ်းဂန်အားလုံးကို ယုံကြည်သည်။" ဆိုလိုသည်မှာ ကုရ်အာန်ကျမ်းတော်မြတ်သာမက ယခင်က ချပေးခဲ့သော တောင်ရာသ်၊ ဇဗူရ်၊ အင်ဂျီလ် စသည့် ကျမ်းဂန်များကိုလည်း ယုံကြည်ကြောင်း ဖြစ်သည်။ ဤအမိန့်သည် တမန်တော် (ဆွ) နှင့် သူ၏ အွမ်မသ်အားလုံးအတွက် ဖြစ်သည်။

ထို့ပြင် အလ္လာဟ်အရှင်မြတ်သည် တမန်တော် (ဆွ) အား လူများအကြား တရားမျှတစွာ စီရင်ဆုံးဖြတ်ရန် အမိန့်ပေးတော်မူသည်။ သူတို့အား အလ္လာဟ်အရှင်မြတ် သတ်မှတ်ထ



📜 အာယာသ် 13-17 — စူရာ အက်ရှ်-ရှူရာ

13۞ شَرَعَ لَكُم مِّنَ الدِّينِ مَا وَصَّىٰ بِهِ نُوحًا وَالَّذِي أَوْحَيْنَا إِلَيْكَ وَمَا وَصَّيْنَا بِهِ إِبْرَاهِيمَ وَمُوسَىٰ وَعِيسَىٰ ۖ أَنْ أَقِيمُوا الدِّينَ وَلَا تَتَفَرَّقُوا فِيهِ ۚ كَبُرَ عَلَى الْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ اللَّهُ يَجْتَبِي إِلَيْهِ مَن يَشَاءُ وَيَهْدِي إِلَيْهِ مَن يُنِيبُ
ထိုအရှင်မြတ်သည် အသင်တို့အဖို့ အကြင်သာသနာတော်ကိုပင် သတ်မှတ်ပြဋ္ဌာန်း၍ ပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် (နဗီတမန်တော်) နူဟ်အား ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် အမိန့်ပေးတော်မူခဲ့၏။ ၎င်းပြင်ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် အသင့်ထံသို့ထုတ်ပြန်တော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသာသနာတော်ကိုပင် နာယူကျင့်မူရန် (နဗီတမန်တော်) အစ်ဗ်ရာဟီမ် အားလည်းကောင်း၊ (နဗီတမန်တော်) မူစာ အားလည်းကောင်း၊ (နဗီတမန်တော်) အီစာ အားလည်းကောင်း၊အမိန့်ပေးတော်မူခဲ့၏။ အသင်တို့သည် ဒီန်သာသနာတော်ကို ခိုင်မြဲတည်ရှိစေကြလေကုန်။ ထိုမှတစ်ပါး အသင်တို့သည်ယင်းသာသနာ တော်နှင့်စပ်လျဉ်း၍ ကွဲပြားခြင်း၊ အုပ်စုကွဲခြင်း၊မရှိကြကုန်လင့်ဟူ၍ အမိန့်ပေးတော်မူခဲ့၏။ (အို-နဗီတမန်တော်) မုရှ်ရစ်က် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ကြကုန်သော သူတို့၌ အသင် ၎င်းတို့အား ဖိတ်ခေါ်လျက်ရှိသော (တောင်ဟီဒ်)တရားတော်မှာ လွန်စွာခက်ခဲကြီးလေးလှ၏။ (စင်စစ်မှာကား)အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောသူအား မိမိအထံတော်သို့ ရွေးချယ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိမိဘက်တော်သို့ ပြန်လှည့်သောသူအား လမ်းညွှန်တော်မူ၏။
14وَمَا تَفَرَّقُوا إِلَّا مِن بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ إِلَىٰ أَجَلٍ مُّسَمًّى لَّقُضِيَ بَيْنَهُمْ ۚ وَإِنَّ الَّذِينَ أُورِثُوا الْكِتَابَ مِن بَعْدِهِمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ
အမှန်စင်စစ်သော်ကား ၎င်းတို့မှာ မိမိတို့ထံသို့(တိကျမှန်ကန်သော)အသိပညာ ရောက်ရှိ၍လာပြီးနောက်သော်မှပင် မိမိတို့အချင်းချင်း မနာလိုမှုကြောင့် အုပ်စုကွဲခဲ့ကြကုန်၏။ စင်စစ်မှာကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ သတ်မှတ်ထားသည့်အချိန်ထိ(လျစ်လျူပြုထားရန် ရှေးဦးမဆွကပင် အမိန့်တော်တစ်ရပ်အတည်မဖြစ်ခဲ့ပါလျှင် ၎င်းတို့အကြားဝယ် အမှန်ပင် စီရင်ဆုံးဖြတ်ခဲ့ပြီး ဖြစ်မည်သာ။ ထိုမှတစ်ပါး ဧကန်စင်စစ် ၎င်းတို့နောက်တွင် ကျမ်းဂန်ကို ပိုင်ဆိုင်စေခြင်းခံခဲ့ကြရသော သူတို့မှာမူကား ယင်းသာသနာတော်နှင့်စပ်လျဉ်း၍ ဝိစိကိစ္ဆာဖြစ်စေသော ဒွိဟသံသယ၌ ရှိနေကြကုန်သတည်း။)
15فَلِذَٰلِكَ فَادْعُ ۖ وَاسْتَقِمْ كَمَا أُمِرْتَ ۖ وَلَا تَتَّبِعْ أَهْوَاءَهُمْ ۖ وَقُلْ آمَنتُ بِمَا أَنزَلَ اللَّهُ مِن كِتَابٍ ۖ وَأُمِرْتُ لِأَعْدِلَ بَيْنَكُمُ ۖ اللَّهُ رَبُّنَا وَرَبُّكُمْ ۖ لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ ۖ لَا حُجَّةَ بَيْنَنَا وَبَيْنَكُمُ ۖ اللَّهُ يَجْمَعُ بَيْنَنَا ۖ وَإِلَيْهِ الْمَصِيرُ
သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း ဖြောင့်မတ်စွာ ရှိနေပါလေ။ ထို့ပြင် အသင်သည် ၎င်းတို့၏အလိုဆန္ဒများကို မလိုက်နာလေနှင့်၊ ထိုမှတစ်ပါး အသင်သည် ဤသို့ပြောကြားပါလေ။ငါသည် အလ္လာဟ်အရှင်မြတ် ချပေးတော်မူခဲ့သော မည်သည့်ကျမ်းဂန်ကိုမဆို သက်ဝင်ယုံကြည်ပြီးဖြစ်၏။ ၎င်းပြင် ငါသည်အသင်တို့အကြား၌ တရားမျှတရန် အမိန့်ပေးခြင်းကိုခံရ၏။အလ္လာဟ်အရှင်မြတ်သည် ငါတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်လည်းဖြစ်တော်မူ၏။ အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်လည်း ဖြစ်တော်မူ၏။ ငါတို့၏အကျင့်အမူတို့မှာ ငါတို့အဖို့ဖြစ်၍ အသင်တို့၏အကျင့် အမူတို့ကား အသင်တို့အဖို့ ဖြစ်၏။ ငါတို့နှင့်အသင်တို့၏အကြား၌မည်သို့မျှ အငြင်းအခုံပြုရန်မရှိပြီ။ အလ္လာဟ်အရှင်မြတ်သည်ပင် ငါတို့အားလုံးကို စုရုံးတော်မူပေမည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်အထံတော်သို့ပင် ပြန်ကြရပေမည်။
16وَالَّذِينَ يُحَاجُّونَ فِي اللَّهِ مِن بَعْدِ مَا اسْتُجِيبَ لَهُ حُجَّتُهُمْ دَاحِضَةٌ عِندَ رَبِّهِمْ وَعَلَيْهِمْ غَضَبٌ وَلَهُمْ عَذَابٌ شَدِيدٌ
စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ပတ်သက်၍ ထိုအရှင်မြတ်အား ဟုတ်မှန်ကြောင်း ဝန်ခံပြီးဖြစ်သည့်နောက်သော်မှပင် အငြင်းအခုံပြုကြကုန် သောသူတို့၏ အငြင်းအခုံပြုခြင်းမှာ ၎င်းတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ အလွဲအချော်ပင် ဖြစ်ပေသည်။ ထို့ပြင်၎င်းတို့အပေါ်၌ အမျက်တော်ကျရောက်မည့်အပြင် ၎င်းတို့၌ပြင်းထန်လှ စွာသော အပြစ်ဒဏ်သည်လည်း ရှိချိမ့်မည်။
17اللَّهُ الَّذِي أَنزَلَ الْكِتَابَ بِالْحَقِّ وَالْمِيزَانَ ۗ وَمَا يُدْرِيكَ لَعَلَّ السَّاعَةَ قَرِيبٌ
အလ္လာဟ်အရှင်မြတ်သည်ပင် ကျမ်းဂန်ဒေသနာတော်ကိုလည်းကောင်း၊ တရားမျှတမှုကိုလည်းကောင်း၊ တိကျမှန်ကန်စွာ ချပေးတော်မူသောအရှင် ဖြစ်တော်မူ၏။ စင်စစ်သော်ကား (အို-နဗီတမန်တော်)အသင်မသိ။ ကိယာမတ်ရှင်ပြန်ထမည့် အချိန်ကာလသည် နီးကပ်စွာရှိတန်ရာသည်။
အက်ရှ်-ရှူရာကုရ်အာန် ညွှန်းကိန်း
53အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အက်ရှ်-ရှူရာ 15

စူရာ အက်ရှ်-ရှူရာ အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်ပေရာ(အို-နဗီတမန်တော်)ထိုသည့် အတွက်ကြောင့်ပင် အသင်သည် (၎င်းတို့အား မှန်ကန်သော ဒီန်သာသနာတော်သို့) ဖိတ်ခေါ်လျက်ရှိပါလေ။ ၎င်းပြင် အသင်သည်မိမိအမိန့်ပေးခြင်း ခံခဲ့ရသည့်အတိုင်း…

စူရာ အာယာသ် 15/53 — စူရာ အက်ရှ်-ရှူရာ الشورى (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အက်ရှ်-ရှူရာ နားထောင်, စူရာ အက်ရှ်-ရှူရာ ဘာသာပြန်, စူရာ အက်ရှ်-ရှူရာ mp3, စူရာ အက်ရှ်-ရှူရာ pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 4, 2026

Don't forget us in your sincere prayers