အလ်-အာ့ကာဖ် · 15/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ ۝١٥
Wa wassainal insaana biwaalidaihi ihsaanan hamalathu ummuhoo kurhanw-wa wada`athu kurhanw wa hamluhoo wa fisaaluhoo salaasoona shahraa; hattaaa izaa balagha ashuddahoo wa balagho arba`eena sanatan qaala Rabbi aqzi`neee an ashkura ni`matakal lateee an`amta `alaiya wa `alaa waalidaiya wa an a`mala saalihan tardaahu wa aslih lee fee zurriyyatee innee tubtu ilaika wa innee minal muslimeen
📖 မြန်မာဘာသာ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာ�ြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်

  • وَوَصَّيْنَا (ဝဟ်ဝဆိုင်နာ) — ကျွန်ုပ်တို့သည် အမိန့်ပေးတော်မူခဲ့သည်။
  • إِحْسَانًا (အိဟ်ဆာနန်) — ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ခြင်း၊ ကျေးဇူးဆပ်ခြင်း။
  • كُرْهًا (ကုရ်ဟန်) — ခက်ခဲပင်ပန်းမှု၊ မလွယ်ကူမှု၊ မနှစ်မြို့ဖွယ် အခြေအနေ။
  • فِصَالُهُ (ဖိဆွာလုဟု) — နို့ဖြတ်ခြင်း၊ နို့မှ ခွဲထုတ်ခြင်း။
  • أَشُدَّهُ (အာရှုဒ္ဒဟု) — ခွန်အားနှင့် ဉာဏ်ရည် ပြည့်ဝသော အရွယ်။
  • أَوْزِعْنِي (အောင်ဇိအ်နီ) — ကျွန်ုပ်အား စေ့ဆော်ပေးတော်မူပါ၊ လှုံ့ဆော်ပေးတော်မူပါ။
  • ذُرِّيَّتِي (ဇုရ်ရိယျတီ) — ကျွန်ုပ်၏ သားစဉ်မြေးဆက်။

၂။ အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်

အလ္လာဟ်အရှင်မြတ်သည် လူသားအား မိဘနှစ်ပါးအပေါ် ကောင်းမွန်စွာ ဆက်ဆံပြုစုရန် ပြတ်သားစွာ အမိန့်ပေးတော်မူခဲ့သည်။ မိဘနှစ်ပါး အသက်ရှင်စဉ်ဖြစ်စေ၊ ကွယ်လွန်ပြီးနောက်ဖြစ်စေ ရှရီအသ်တရားတော်နှင့် မဆန့်ကျင်သော နည်းလမ်းများဖြင့် ကျေးဇူးဆပ်ရမည်။ အထူးသဖြင့် မိခင်သည် သန္ဓေဆောင်စဉ်ကတည်းက ခက်ခဲပင်ပန်းမှုများကို ခံစားခဲ့ရသည်။ ကိုယ်ဝန်ဆောင်ချိန်တွင် ပင်ပန်းခက်ခဲမှုဖြင့် ထမ်းရွက်ခဲ့ရပြီး၊ မွေးဖွားချိန်တွင်လည်း ပြင်းထန်သော နာကျင်မှုဝေဒနာကို ခံစားခဲ့ရသည်။ ကိုယ်ဝန်ဆောင်ကာလနှင့် နို့ဖြတ်ကာလကို ပေါင်းလျှင် သုံးဆယ်လ ရှိသည်။ ဤသို့ မိခင်ခံစားရသော ပင်ပန်းခက်ခဲမှုများကို ဖော်ပြခြင်းဖြင့် မိခင်၏ အခွင့်အရေးသည် ဖခင်၏ အခွင့်အရေးထက် ကြီးမားကြောင်း သိသာစေသည်။

ထို့နောက် လူသားသည် ကိုယ်ခန္ဓာခွန်အားနှင့် ဉာဏ်ရည်ဉာဏ်သွေး အပြည့်အဝ ကြီးထွားလာပြီး အသက်လေးဆယ်သို့ ရောက်သောအခါ ဤသို့ ဆုတောင်းလေသည် — “အို ကျွန်ုပ်၏ အရှင်မြတ်၊ ကိုယ်တော်သည် ကျွန်ုပ်အပေါ်လည်းကောင်း၊ ကျွန်ုပ်၏ မိဘနှစ်ပါးအပေါ်လည်းကောင်း ချီးမြှင့်ပေးသနားတော်မူသော ကျေးဇူးတော်များကို ကျေးဇူးတင်နိုင်ရန် ကျွန်ုပ်အား စေ့ဆော်ပေးတော်မူပါ။ ကိုယ်တော် နှစ်သက်မြတ်နိုးတော်မူသော ကောင်းမှုကုသိုလ်များကို ကျွန်ုပ် ပြုလုပ်နိုင်ရန် ကူညီပေးတော်မူပါ။ ကျွန်ုပ်၏ သားစဉ်မြေးဆက်များထဲတွင်လည်း ကောင်းမှုသီလများ



📜 အာယာသ် 13-17 — စူရာ အလ်-အာ့ကာဖ်

13إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။
14أُولَٰئِكَ أَصْحَابُ الْجَنَّةِ خَالِدِينَ فِيهَا جَزَاءً بِمَا كَانُوا يَعْمَلُونَ
ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။
15وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာ�ြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။
16أُولَٰئِكَ الَّذِينَ نَتَقَبَّلُ عَنْهُمْ أَحْسَنَ مَا عَمِلُوا وَنَتَجَاوَزُ عَن سَيِّئَاتِهِمْ فِي أَصْحَابِ الْجَنَّةِ ۖ وَعْدَ الصِّدْقِ الَّذِي كَانُوا يُوعَدُونَ
ထိုသူတို့သည်ပင် အကြင်သူများ ဖြစ်ကြကုန်၏။ငါအရှင်မြတ်သည် ၎င်းတို့ထံမှ ၎င်းတို့၏ ကောင်းမြတ်လှသော ကျင့်မူချက်များကို သဘောတူ လက်ခံတော်မူပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို(အရေးမယူ)လျစ်လျူရှုတော်မူပေမည်။ (၎င်းတို့မှာ) ‘ဂျန္နတ်’ သုခဘုံသားတို့တွင် အပါအဝင် ဖြစ်ကြပေမည်။ (ဤသည်)၎င်းတို့ ကတိပေးခြင်းခံခဲ့ကြရသော မှန်ကန်သော ကတိပြုချက်ပင် ဖြစ်ချေသတည်း။
17وَالَّذِي قَالَ لِوَالِدَيْهِ أُفٍّ لَّكُمَا أَتَعِدَانِنِي أَنْ أُخْرَجَ وَقَدْ خَلَتِ الْقُرُونُ مِن قَبْلِي وَهُمَا يَسْتَغِيثَانِ اللَّهَ وَيْلَكَ آمِنْ إِنَّ وَعْدَ اللَّهِ حَقٌّ فَيَقُولُ مَا هَٰذَا إِلَّا أَسَاطِيرُ الْأَوَّلِينَ
၎င်းပြင် အကြင်သူသည် မိမိ၏ မိဘနှစ်ပါးအား(ဤသို့)ပြောဆိုခဲ့၏။ "အသင်တို့နှစ်ဦးအဖို့ ရှက်ဖွယ်ပင် ကောင်းလှ၏။ အသင်တို့နှစ်ဦးသည် ကျွန်ုပ်အား (သင်္ချိုင်းထဲမှ) ကျွန်ုပ် ပြန်ထွက်စေခြင်းကိုခံရမည်ဟု ခြိမ်းခြောက်ကြလေသလော။ အမှန်စင်စစ်မှာမူကား၊ ကျွန်ုပ်၏အလျင်(မြောက်မြားစွာသော)လူမျိုးဆက်တို့သည် လွန်လေခဲ့လေပြီ။ သို့တစေလည်း ထိုမိဘနှစ်ပါးတို့မှာ အလ္လာဟ်အရှင်မြတ်အထံတော်၌ ဟစ်အော်ငိုကြွေး အကူအညီတောင်းခံလျက်ရှိကြကုန်၏။ (တစ်ဖန် ထိုသို့သောသားသမီးအား ဤသို့ပြောဆိုကြလေ၏။) အသင်သည် ပျက်စီးရလေခြင်း၊ အသင်သည် သက်ဝင်ယုံကြည်ပါလေ။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်၏ ချိန်းချက်မှုကား မှန်ကန်သောချိန်းချက်မှုပင် ဖြစ်ပေ၏။ ထိုအခါ ၎င်းက "ဤသည် ရှေးသူဟောင်းတို့၏ ယုံတမ်းစကားများသာလျှင် ဖြစ်သည်"ဟု ဆိုပြန်လေ၏။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
15အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 15

စူရာ အလ်-အာ့ကာဖ် အာယာသ် 15 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာ�ြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား…

စူရာ အာယာသ် 15/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 13–17. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers