အလ်-အာ့ကာဖ် · 14/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
أُولَٰئِكَ أَصْحَابُ الْجَنَّةِ خَالِدِينَ فِيهَا جَزَاءً بِمَا كَانُوا يَعْمَلُونَ ۝١٤
Ulaaa`ika Ashabul Jannati khaalideena feehaa jazaaa`am bimaa kaano ya`maloon
📖 မြန်မာဘာသာ
ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်။

  • أُولَٰئِكَ (အုလာအိကသ်) — ထိုသူများ၊ ဖော်ပြခဲ့သော ဂုဏ်လက္ခဏာများနှင့် ပြည့်စုံသူများ။
  • أَصْحَابُ الْجَنَّةِ (အဆ်ဟာဗုလ် ဂျန္နသ်) — ဂျန္နသ် (သုခဘုံ) ၏ အပေါင်းအဖော်များ၊ ဂျန္နသ်ကို အပိုင်စားရသူများ။
  • خَالِدِينَ (ခါလိဒီန) — အမြဲထာဝရ တည်နေသူများ၊ ဘယ်သောအခါမျှ မကုန်ဆုံးသော နေထိုင်မှုဖြင့် နေထိုင်သူများ။
  • جَزَاءً (ဂျဇာအန်) — အကျိုးအမြတ်၊ ပြန်လည်ပေးဆပ်ခြင်း၊ လုပ်ရပ်အတွက် ချီးမြှင့်ခြင်း။
  • يَعْمَلُونَ (ယအ်မလူန) — သူတို့ ပြုလုပ်လျက်ရှိကြသော၊ လုပ်ဆောင်လျက်ရှိကြသော။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်။

ဤအာယသ်တော်သည် ရှေးအာယသ်များတွင် ဖော်ပြခဲ့သော သူတို့၏ ဂုဏ်လက္ခဏာများ — အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ခြင်း၊ တမန်တော်မြတ်ကို လိုက်နာခြင်း၊ ဖြောင့်မတ်စွာ ရပ်တည်ခြင်း၊ မိဘများကို ကောင်းမွန်စွာ ဆက်ဆံခြင်း — နှင့် ပြည့်စုံသူများအကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။ ထိုသူများသည် ဂျန္နသ် (သုခဘုံ) ၏ အပေါင်းအဖော်များ ဖြစ်ကြသည်။ သူတို့သည် ထိုသုခဘုံတွင် အမြဲထာဝရ နေထိုင်ကြရမည်။ ထိုသုခဘုံမှ ဘယ်သောအခါမျှ မထွက်ခွာရ၊ ထိုသုခဘုံ၏ သုခများလည်း ဘယ်သောအခါမျှ မကုန်ဆုံးရ။ ဤအကျိုးအမြတ်ကြီးသည် သူတို့ လောကီဘဝတွင် ပြုလုပ်ခဲ့ကြသော ကောင်းမှုကုသိုလ်များ၏ အကျိုးရလဒ်အဖြစ် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်နှင့်အတူ ချီးမြှင့်ပေးအပ်ခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ ထိုသုခဘုံသို့ ဝင်ရောက်ခြင်းသည် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်ကြောင့် ဖြစ်သကဲ့သို့ သူတို့၏ ကောင်းမှုကုသိုလ်များသည်လည်း အကြောင်းရင်း တစ်ခုအဖြစ် ပါဝင်သည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်က မိမိ၏ ကျေးကျွန်များအား ကတိပြုထားသော မဟာအောင်မြင်မှုကြီး ဖြစ်ပေသည်။

၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ။

  • အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ပြီး ဖြောင့်မတ်သော ကောင်းမှုကုသိုလ်များကို ပြုလုပ်သူတိုင်းအတွက် ဂျန္နသ် (သုခဘုံ) ဟူသော မဟာဆုလာဘ်ကြီး စောင့်ကြိုနေသည်။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏ ကတိတော်ဖြစ်၍ မည


📜 အာယာသ် 12-16 — စူရာ အလ်-အာ့ကာဖ်

12وَمِن قَبْلِهِ كِتَابُ مُوسَىٰ إِمَامًا وَرَحْمَةً ۚ وَهَٰذَا كِتَابٌ مُّصَدِّقٌ لِّسَانًا عَرَبِيًّا لِّيُنذِرَ الَّذِينَ ظَلَمُوا وَبُشْرَىٰ لِلْمُحْسِنِينَ
အမှန်စင်စစ်မှာမူကား ဤကုရ်အာန်ကျမ်းတော်မြတ်အလျင် မူစာ၏ကျမ်းဂန် (တောင်ရာတ်)သည် ရှေ့ဆောင်လမ်းပြအဖြစ်လည်းကောင်း၊ ကရုဏာအဖြစ် လည်းကောင်း၊ရှိခဲ့၏။ ထို့ပြင် ဤကျမ်းဂန်မှာ(ယင်းတောင်ရာတ်ကျမ်းကို)ထောက်ခံသော ကျမ်းဂန်ဖြစ်၏။ မတရားကျူးလွန်သော (မက္ကာမြို့သား)တို့အား သတိပေးနှိုးဆော်ရန် အရဗီဘာသာစကားဖြင့် ထုတ်ပြန်ထား၏။ ၎င်းပြင် ကောင်းမှုပြုသူတို့အဖို့ သတင်းကောင်းလည်းဖြစ်၏။
13إِنَّ الَّذِينَ قَالُوا رَبُّنَا اللَّهُ ثُمَّ اسْتَقَامُوا فَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ဧကန်မလွဲ ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်မှာ အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူသည်ဟု ပြောကြပြီးနောက် (ယင်းယုံကြည်ချက်ပေါ်ဝယ်)ကြံ့ခိုင်စွာ တည်ရှိကြကုန်သောသူတို့၌ မည်သည့်စိုးရိမ်မှုလည်း ရှိလိမ့်မည်မဟုတ်ပေ။ ထိုမှတစ်ပါး ၎င်းတို့သည် ပူပင်သောက ဖြစ်ကြရမည်လည်း မဟုတ်ပေ။
14أُولَٰئِكَ أَصْحَابُ الْجَنَّةِ خَالِدِينَ فِيهَا جَزَاءً بِمَا كَانُوا يَعْمَلُونَ
ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင် ဖြစ်ပေသတည်း။
15وَوَصَّيْنَا الْإِنسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ
စင်စစ်သော်ကား ငါအရှင်မြတ်သည် ‘မနူဿ’လူသားအား ၎င်း၏ မိဘနှစ်ပါးနှင့်ပတ်သက်၍ ကောင်းစွာ�ြုစုရန် လေးနက်စွာ အမိန့်ပေးတော်မူခဲ့၏။ ၎င်း၏မိခင်မှာ ၎င်းအား ဆင်းရဲဒုက္ခပင်ပန်းကြီးစွာနှင့်(မိမိဝမ်းတွင်းဝယ်) သယ်ပိုးလွယ်ပိုက်ခဲ့၏။ ထို့ပြင် ဆင်းရဲဒုက္ခ ပင်ပန်းကြီးစွာနှင့်ပင် ၎င်းအားမွေးဖွားခဲ့၏။ ထို့ပြင် ၎င်းအား သယ်ပိုးလွယ်ပိုက်ခြင်းနှင့် ၎င်းအား နို့ဖြတ်ခြင်း(၏အချိန်ကာလမှာ) လပေါင်းသုံးဆယ်ဖြစ်၏။ နောက်ဆုံးတွင် ထိုလူသားသည် မိမိအရွယ်ရောက် လူလားမြောက်ခြင်းသို့ရောက်ရှိ၍ အနှစ်လေးဆယ်(အရွယ်)၏သို့ရောက်လေသောအခါ(ဤသို့) ပန်ကြားလျှောက်ထားလေ၏။အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော်မျိုး၏မိဘနှစ်ပါး အပေါ်၌လည်းကောင်း၊ မိမိပြုတော်၏မူခဲ့သော ကျေးဇူးတော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲတစေ ကျေးဇူးသိတတ်စေတော်မူပါ။ ၎င်းပြင် မိမိနှစ်သက်တော်မူသော ကောင်းမှုများကို ကျွန်တော်မျိုးအား အမြဲကျင့်မူနိုင်စွမ်း ပေးသနားတော်မူပါ။ ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးအဖို့ ကျွန်တော်မျိုး၏ သားမြေးတို့၌လည်း အကျိုးဖြစ်စေတော်မူပါ။(အရည်အချင်း ဖန်တီးပေးတော်မူပါ)ဧကန်အမှန် ကျွန်တော်မျိုးသည် အရှင်မြတ်အထံတော်၌ ဝန်ချတောင်းပန်ပါ၏။ ၎င်းပြင် ဧကန်မလွဲ ကျွန်တော်မျိုးသည် အလ္လာဟ့်အမိန့်တော်ကို လိုက်နာသူတို့တွင် တစ်ဦးအပါအဝင်ဖြစ်ပါ၏။
16أُولَٰئِكَ الَّذِينَ نَتَقَبَّلُ عَنْهُمْ أَحْسَنَ مَا عَمِلُوا وَنَتَجَاوَزُ عَن سَيِّئَاتِهِمْ فِي أَصْحَابِ الْجَنَّةِ ۖ وَعْدَ الصِّدْقِ الَّذِي كَانُوا يُوعَدُونَ
ထိုသူတို့သည်ပင် အကြင်သူများ ဖြစ်ကြကုန်၏။ငါအရှင်မြတ်သည် ၎င်းတို့ထံမှ ၎င်းတို့၏ ကောင်းမြတ်လှသော ကျင့်မူချက်များကို သဘောတူ လက်ခံတော်မူပေမည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ၎င်းတို့၏ပြစ်မှုများကို(အရေးမယူ)လျစ်လျူရှုတော်မူပေမည်။ (၎င်းတို့မှာ) ‘ဂျန္နတ်’ သုခဘုံသားတို့တွင် အပါအဝင် ဖြစ်ကြပေမည်။ (ဤသည်)၎င်းတို့ ကတိပေးခြင်းခံခဲ့ကြရသော မှန်ကန်သော ကတိပြုချက်ပင် ဖြစ်ချေသတည်း။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
14အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 14

စူရာ အလ်-အာ့ကာဖ် အာယာသ် 14 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုသူတို့မှာ ‘ဂျန္နတ်’သုခဘုံသားများပင် ဖြစ်ကြကုန်၏။ ယင်းသုခဘုံ၌ အမြဲထာဝစဉ် နေထိုင်ကြရပေမည်။(ဤသည်) ၎င်းတို့ ကျင့်မူခဲ့ကြသော အကျင့်အမူတို့၏ အစားပေးခြင်းပင်…

စူရာ အာယာသ် 14/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 12–16. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers