အန်-နဂ်ျမ် · 32/62
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နဂ်ျမ်
الَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ إِلَّا اللَّمَمَ ۚ إِنَّ رَبَّكَ وَاسِعُ الْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ الْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِي بُطُونِ أُمَّهَاتِكُمْ ۖ فَلَا تُزَكُّوا أَنفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ اتَّقَىٰ ۝٣٢
Allazeena yajtaniboona kabaaa`iral ismi walfawaa hisha illal lamam; inna rabbaka waasi`ul maghfirah; huwa a`lamu bikum iz ansha akum minal ardi wa iz antum ajinnatun fee butooni umma haatikum falaa tuzakkooo anfusakum huwa a`lamu bimanit taqaa
📖 မြန်မာဘာသာ
(ထိုကောင်းမှုပြုသူတို့မှာ) အသေးအဖွဲပြစ်မှုများကို (မတော်တဆ) ပြုမိကြသော်လည်း ကြီးလေးသော ပြစ်မှုတို့မှလည်းကောင်း၊ ညစ်ညမ်းမှုတို့မှလည်းကောင်း၊ (အထူး)ကြဉ်ရှောင်ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျယ်ဝန်းလှစွာသော လွတ်ငြိမ်း ချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား မြေဖြင့် ဖန်ဆင်းတော်မူခဲ့စဉ်အခါ၌ အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။အသင်တို့သည် မိမိတို့၏ မိခင်များ၏ ဝမ်းဗိုက်များတွင် သန္ဓေတည်စ ကလေးဘဝ၌ရှိခဲ့စဉ် အခါ၌လည်း အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ မြင့်မြတ်သည် စင်ကြယ် သန့်ရှင်းသည်ဟု မထင်ကြကုန်လင့်။ ထိုအရှင်မြတ်သည်သာလျှင် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကဗါအိရ် (كبائر) - ကြီးလေးသောအပြစ်များ။ ဖဝါဟိရှ် (الفواحش) - ရွံရှာဖွယ်ရာ ပြင်းထန်သောအပြစ်များ။ လမမ် (اللمم) - အသေးအဖွဲ့ အပြစ်ငယ်များ။ အဂျိန္နဟ် (أجنّة) - မိခင်ဝမ်းထဲရှိ သန္ဓေသားများ (جنين ၏ အများကိန်း)။ တုဇက္ကု (تزكّوا) - မိမိကိုယ်ကို ချီးမွမ်းခြင်း၊ ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်း။
  2. ဤအာယသ်တော်သည် ယခင်အာယသ်တွင် ဖော်ပြထားသော ကောင်းမှုပြုသူများ၏ လက္ခဏာကို ဆက်လက်ရှင်းလင်းဖော်ပြထားခြင်းဖြစ်သည်။ ထိုသူတို့သည် ကြီးလေးသောအပြစ်များဖြစ်သည့် ရှိရ်က် (အလ္လာဟ်နှင့်တွဲဖက်ကိုးကွယ်ခြင်း) နှင့် ရွံရှာဖွယ်ရာ ပြင်းထန်သောအပြစ်များကို ရှောင်ကြဉ်ကြသည်။ သို့သော် လူသားတစ်ဦးအနေဖြင့် ရံဖန်ရံခါ မလွှဲမရှောင်သာ ကျူးလွန်မိသော အသေးအဖွဲ့ အပြစ်ငယ်များ (လမမ်) မှလွဲ၍ ဖြစ်သည်။ ထိုအပြစ်ငယ်များကို ဆက်လက်ကျူးလွန်နေခြင်းမရှိဘဲ၊ ဝါဂျိဗ်များကို ဆောင်ရွက်ပြီး ဟရာမ်များကို ရှောင်ကြဉ်ခြင်းနှင့်အတူ ဖြစ်ပါက အလ္လာဟ်အရှင်မြတ်သည် ခွင့်လွှတ်တော်မူပြီး ဖုံးအုပ်ပေးတော်မူသည်။ အမှန်စင်စစ် သင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ခွင့်လွှတ်မှုကျယ်ဝန်းတော်မူသောအရှင်ဖြစ်သည်။ အရှင်မြတ်သည် သင်တို့၏အခြေအနေများကို အသိဆုံးဖြစ်တော်မူသည်။ သင်တို့၏ဖခင်ကြီး အာဒမ်ကို မြေမှ ဖန်ဆင်းတော်မူသောအခါကလည်းကောင်း၊ သင်တို့သည် မိခင်များ၏ဝမ်းထဲတွင် သန္ဓေသားအဖြစ် ရှိနေစဉ်ကလည်းကောင်း အရှင်မြတ်သည် အသိဆုံးဖြစ်တော်မူသည်။ ထို့ကြောင့် မိမိတို့ကိုယ်ကို ဖြောင့်မတ်သည်ဟု ချီးမွမ်းခြင်း၊ မိမိတို့၏ကောင်းမှုများကို ပြောဆိုဂုဏ်ယူခြင်းမပြုကြပါနှင့်။ အလ္လာဟ်အရှင်မြတ်သည် တက္ကဝါ (အရှင်မြတ်ကို ကြောက်ရွံ့ခြင်း) ရှိသူများကို အသိဆုံးဖြစ်တော်မူသည်။
  3. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
  • အစ္စလာမ်သည် လူသားတို့၏ သဘာဝကို နားလည်ပေးသော သာသနာဖြစ်သည်။ လူသားသည် အမှားများကျူးလွန်နိုင်သူဖြစ်သော်လည်း ကြီးလေးသောအပြစ်များကို ရှောင်ကြဉ်ပြီး အသေးအဖွဲ့အမှားများကို နောင်တရပြုပြင်ပါက အလ္လာဟ်အရှင်မြတ်၏ ခွင့်လွှတ်မှုသည် အလွန်ကျယ်ဝန်းလှသည်။
  • အလ္လာဟ်အရှင်မြတ


📜 အာယာသ် 30-34 — စူရာ အန်-နဂ်ျမ်

30ذَٰلِكَ مَبْلَغُهُم مِّنَ الْعِلْمِ ۚ إِنَّ رَبَّكَ هُوَ أَعْلَمُ بِمَن ضَلَّ عَن سَبِيلِهِ وَهُوَ أَعْلَمُ بِمَنِ اهْتَدَىٰ
ဤသည် ၎င်းတို့၏ အမြင့်ဆုံးသော အသိပညာပင်။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည်ပင်လျှင် ထိုအရှင်မြတ်၏လမ်းမှ လွဲချော်သူအား အသိတော်မူဆုံး ဖြစ်တော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည်�ာလျှင် တရား လမ်းရရှိသောသူအား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
31وَلِلَّهِ مَا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ لِيَجْزِيَ الَّذِينَ أَسَاءُوا بِمَا عَمِلُوا وَيَجْزِيَ الَّذِينَ أَحْسَنُوا بِالْحُسْنَى
ထိုမှတစ်ပါး မိုးကောင်းကင်များ၌ ရှိသမျှတို့သည်လည်းကောင်း၊ ပထဝီမြေ၌ ရှိသမျှတို့သည်လည်းကောင်း၊အလ္လာဟ်အရှင်မြတ် ပိုင်ဆိုင်တော်မူသော အရာများသာလျှင် ဖြစ်ကြကုန်၏။ နောက်ဆုံးတွင် ထိုအရှင်မြတ်သည် ဒုစရိုက်မှုကို ကျူးလွန်ခဲ့ကြသောသူတို့အား ၎င်းတို့ ကျူးလွန်ခဲ့ကြသည်၏ အကျိုးကို ပေးတော်မူအံ့၊ ထိုနည်းတူစွာ ထိုအရှင်မြတ်သည် ကောင်းမှု ပြုခဲ့ကြသောသူတို့အား ကောင်းမြတ်သော အကျိုးကို ပေးတော်မူအံ့။
32الَّذِينَ يَجْتَنِبُونَ كَبَائِرَ الْإِثْمِ وَالْفَوَاحِشَ إِلَّا اللَّمَمَ ۚ إِنَّ رَبَّكَ وَاسِعُ الْمَغْفِرَةِ ۚ هُوَ أَعْلَمُ بِكُمْ إِذْ أَنشَأَكُم مِّنَ الْأَرْضِ وَإِذْ أَنتُمْ أَجِنَّةٌ فِي بُطُونِ أُمَّهَاتِكُمْ ۖ فَلَا تُزَكُّوا أَنفُسَكُمْ ۖ هُوَ أَعْلَمُ بِمَنِ اتَّقَىٰ
(ထိုကောင်းမှုပြုသူတို့မှာ) အသေးအဖွဲပြစ်မှုများကို (မတော်တဆ) ပြုမိကြသော်လည်း ကြီးလေးသော ပြစ်မှုတို့မှလည်းကောင်း၊ ညစ်ညမ်းမှုတို့မှလည်းကောင်း၊ (အထူး)ကြဉ်ရှောင်ကြကုန်၏။ ဧကန်မလွဲ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ကျယ်ဝန်းလှစွာသော လွတ်ငြိမ်း ချမ်းသာခွင့်ကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည် အသင်တို့အား မြေဖြင့် ဖန်ဆင်းတော်မူခဲ့စဉ်အခါ၌ အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။အသင်တို့သည် မိမိတို့၏ မိခင်များ၏ ဝမ်းဗိုက်များတွင် သန္ဓေတည်စ ကလေးဘဝ၌ရှိခဲ့စဉ် အခါ၌လည်း အသင်တို့အား ကောင်းစွာ သိရှိတော်မူ၏။ သို့ဖြစ်ပေရာ အသင်တို့သည် မိမိတို့ကိုယ်ကို မိမိတို့ မြင့်မြတ်သည် စင်ကြယ် သန့်ရှင်းသည်ဟု မထင်ကြကုန်လင့်။ ထိုအရှင်မြတ်သည်သာလျှင် ပြစ်မှု ဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူတို့အား အသိတော်မူဆုံး ဖြစ်တော်မူပေသတည်း။
33أَفَرَأَيْتَ الَّذِي تَوَلَّىٰ
(အို-နဗီတမန်တော်)၊ အသင်သည် အကြင်သူအား မမြင်ခဲ့လေသလော။ ထိုသူသည် မျက်နှာလွှဲ သွားခဲ့၏။
34وَأَعْطَىٰ قَلِيلًا وَأَكْدَىٰ
၎င်းပြင် ထိုသူသည် အနည်းငယ်မျှ (ပစ္စည်း) ကိုပေး၍(ယခု) ပိတ်ပင်ခဲ့၏။
အန်-နဂ်ျမ်ကုရ်အာန် ညွှန်းကိန်း
62အာယာသ်
MeccanRevelation
32အာယာသ်

ဘာသာပြန် — အန်-နဂ်ျမ် 32

စူရာ အန်-နဂ်ျမ် အာယာသ် 32 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ထိုကောင်းမှုပြုသူတို့မှာ) အသေးအဖွဲပြစ်မှုများကို (မတော်တဆ) ပြုမိကြသော်လည်း ကြီးလေးသော ပြစ်မှုတို့မှလည်းကောင်း၊ ညစ်ညမ်းမှုတို့မှလည်းကောင်း၊ (အထူး)ကြဉ်ရှောင်ကြကုန်၏။ ဧကန်မလွဲ အသင့်အား…

စူရာ အာယာသ် 32/62 — စူရာ အန်-နဂ်ျမ် النجم (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နဂ်ျမ် နားထောင်, စူရာ အန်-နဂ်ျမ် ဘာသာပြန်, စူရာ အန်-နဂ်ျမ် mp3, စူရာ အန်-နဂ်ျမ် pdf. အာယာသ် 30–34. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers