အလ်-အန်အာမ် · 144/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَاءَ إِذْ وَصَّاكُمُ اللَّهُ بِهَٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا لِّيُضِلَّ النَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ ۝١٤٤
Wa minal ibilis naini wa minal baqaris nain; qul `aaazzakaraini harrama amil unsayaini ammash tamalat `alaihi arhaamul unsayaini am kuntum shuhadaaa`a iz wassaakumul laahu bihaazaa; faman azlamu mimmanif taraa `alal laahi kazibal liyuddillan naasa bighari `ilm; innal laaha laa yahdil qawmaz zaalimeen
📖 မြန်မာဘာသာ
ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်�ျားအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို ဟရာမ် ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကလိမ္မတ်များ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

  • الْإِبِلِ (အလ်အိဗိလ်) — ကုလားအုတ်များ။
  • الْبَقَرِ (အလ်ဗကရ်) — နွားများ။
  • آلذَّكَرَيْنِ (အာလဇ္ဇကရိုင်နိ) — အထီးနှစ်မျိုး (သိုးထီးနှင့် ဆိတ်ထီး သို့မဟုတ် ကုလားအုတ်ထီးနှင့် နွားထီး)။
  • الْأُنثَيَيْنِ (အလ်အွန်သယိုင်နိ) — အမနှစ်မျိုး။
  • اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ (အိရှ်သမလတ် အလိုင်ဟိ အာရ်ဟာမုလ် အွန်သယိုင်နိ) — အမနှစ်ကောင်တို့၏ သားအိမ်များက လွှမ်းခြုံထားသည့်အရာ (သန္ဓေသားကို ဆိုလိုသည်)။
  • شُهَدَاءَ (ရှုဟဒါအာ) — သက်သေများ၊ မျက်မြင်တွေ့ရှိသူများ။
  • وَصَّاكُمُ (ဝဆ္စာကုမု) — အမိန့်ပေးခဲ့သည်၊ မှာကြားခဲ့သည်။
  • افْتَرَىٰ (အိဖ်သရာ) — လုပ်ကြံဖန်တီးခဲ့သည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ရှေးခေတ် မုရှ်ရိကီန်များ (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်သူများ) က တိရစ္ဆာန်များထဲမှ အချို့ကို ဟရာမ် (တားမြစ်) ဟု သတ်မှတ်ပြီး အချို့ကို ဟလာလ် (ခွင့်ပြု) ဟု သတ်မှတ်ခဲ့ကြသည့် မိစ္ဆာအယူကို ရှုတ်ချဖျက်ဆီးလျက် ရှိပါသည်။

အလ္လာဟ်အရှင်မြတ်သည် ရှေးအာယသ်များတွင် သိုးနှင့်ဆိတ်တို့၏ အထီးနှစ်မျိုးနှင့် အမနှစ်မျိုးကို ဖော်ပြခဲ့ပြီးနောက် ဤနေရာတွင် ကုလားအုတ်နှစ်မျိုးနှင့် နွားနှစ်မျိုးကို ဖော်ပြထားပါသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) အား ထိုမုရှ်ရိကီန်များကို စိန်ခေါ်မေးခွန်းထုတ်ရန် အမိန့်ပေးတော်မူပါသည်။

အဓိပ္ပာယ်မှာ ဤသို့ဖြစ်ပါသည် — အလ္လာဟ်အရှင်မြတ်သည် အထီးနှစ်မျိုးကို ဟရာမ်ပြုခဲ့သလော၊ သို့မဟုတ် အမနှစ်မျိုးကို ဟရာမ်ပြုခဲ့သလော၊ သို့မဟုတ် အမနှစ်ကောင်တို့၏ သားအိမ်များက လွှမ်းခြုံထားသည့် သန္ဓေသားများကို ဟရာမ်ပြုခဲ့သလော။ ဤသုံးမျိုးထဲမှ တစ်မျိုးမျိုးကို ဟရာမ်ပြုခဲ့သည်ဟု သင်တို့ဆိုလျှင် ထိုအထောက်အထားကို တင်ပြကြလော့။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အား နောက်ထပ်မေးခွန်းတစ်ခု ထပ်မံမေးမြန်းတော်မူပါသည် — အလ္လာဟ်အရှင်မြတ်သည် ဤဟရာမ်သတ်မှတ်ချက်ကို သင်တို့အား မှာကြားခဲ့စ



📜 အာယာသ် 142-146 — စူရာ အလ်-အန်အာမ်

142وَمِنَ الْأَنْعَامِ حَمُولَةً وَفَرْشًا ۚ كُلُوا مِمَّا رَزَقَكُمُ اللَّهُ وَلَا تَتَّبِعُوا خُطُوَاتِ الشَّيْطَانِ ۚ إِنَّهُ لَكُمْ عَدُوٌّ مُّبِينٌ
၎င်းအပြင် (ထိုအရှင်မြတ်သည်) အခြေ လေးချောင်း တိရစ္ဆာန်တို့အနက် (အရပ်အမောင်းကြီးမား၍ ဝန်စည်စလယ်များတင်သော တိရစ္ဆာန်များကိုလည်းကောင်း၊ အလုံးအရပ်နိမ့်၍ ဝန်စည်စလယ် မတင်နိုင်ပဲ နို့ရည်နှင့် အသားစားရန်ဖြစ်)သော တိရစ္ဆာန်များကိုလည်းကောင်း၊ (ဖန်ဆင်းတော်မူခဲ့လေသည်။) အသင်တို့သည် မိမိတို့အား အလ္လာဟ်အရှင်မြတ်ကချီးမြှင့်ပေးသနားတော်မူသော အရာများကို စားသုံးကြလေကုန်။ ထို့ပြင် အသင်တို့သည် ရှိုင်တွာန်၏ ခြေရာများကိုမလိုက်ကြကုန်လင့်။ အကြောင်းမူကား ယင်း’ရှိုင်တွာန်’သည်အသင်တို့၏ ထင်ရှားသောရန်သူပင် ဖြစ်ပေသတည်း။
143ثَمَانِيَةَ أَزْوَاجٍ ۖ مِّنَ الضَّأْنِ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ نَبِّئُونِي بِعِلْمٍ إِن كُنتُمْ صَادِقِينَ
(အသင်တို့သည် မိမိတို့၏ စိတ်ထင်ရာ အတိုင်းစားသုံးပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ထင်မြင်ယူဆပြောဆိုလျက်ရှိကြသော အခြေလေးချောင်းတိရစ္ဆာန်တို့အနက် ထိုအရှင်မြတ်သည် အထီးအမ)ရှစ်ကောင်ကို (ဖန်ဆင်းတော်မူခဲ့လေသည်။) သိုးများအနက်အထီးအမ နှစ်ကောင၊် ထိုနည်းတူ ဆိတ်များအနက် အထီးအမနှစ်ကောင်၊(ဖန်ဆင်းတော်မူလေ၏။အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည် အထီးနှစ်ကောင်ကို ဟရာမ်ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမနှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ အကယ်၍အသင်တို့သည် မှန်ကန်စွာပြောဆို သူများဖြစ်ကြပါလျှင်၊ ငါ့အား သက်သေသာဓက၊ အထောက်အထားနှင့်တကွ တင်ပြကြလေကုန်။
144وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَاءَ إِذْ وَصَّاكُمُ اللَّهُ بِهَٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا لِّيُضِلَّ النَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်�ျားအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို ဟရာမ် ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ)
145قُل لَّا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُ إِلَّا أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۚ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။
146وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
144အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 144

စူရာ အလ်-အန်အာမ် အာယာသ် 144 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်�ျားအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့)…

စူရာ အာယာသ် 144/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 142–146. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers