အလ်-အန်အာမ် · 145/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
قُل لَّا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُ إِلَّا أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۚ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ ۝١٤٥
Qul laaa ajidu fee maaa oohiya ilaiya muharraman `alaa taa`iminy yat`amuhooo illaaa ai yakoona maitatan aw damam masfoohan aw lahma khinzeerin fa innahoo rijsun aw fisqan uhilla lighairil laahi bih; famanid turra ghaira baa ghinw wa laa `aadin fa inna Rabbaka Ghafoorur Raheem
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ ဤအာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • مَيْتَةً (မိုင်သသန်) — သတ်ဖြတ်ခြင်းမပြုဘဲ အလိုအလျောက် သေဆုံးသွားသော တိရစ္ဆာန်။
  • دَمًا مَّسْفُوحًا (ဒမန် မက်စ်ဖူဟန်) — စီးထွက်သော သွေး။
  • رِجْسٌ (ရိဂျ်စွန်) — မသန့်ရှင်းသော၊ ညစ်ညမ်းသော။
  • فِسْقًا (ဖိစ်ကွန်) — အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်ခြင်း။
  • أُهِلَّ لِغَيْرِ اللَّهِ بِهِ (ဥဟိလ်လ လိဂိုင်ရိလ္လာဟိ ဗိဟိ) — အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာတစ်ခုခု၏ နာမတော်ကို တင်စား၍ သတ်ဖြတ်ခြင်း။
  • اضْطُرَّ (ဒွ်သွရ်ရ) — အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် မဖြစ်မနေ စားသုံးရန် ဖိအားပေးခံရခြင်း။
  • بَاغٍ (ဗာဂျင်) — တပ်မက်မှုဖြင့် တမင်တကာ ရှာဖွေစားသုံးသူ။
  • عَادٍ (အာဒင်) — လိုအပ်ချက်၏ အဆင့်ကို ကျော်လွန်သူ။
  1. ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား မိန့်ကြားတော်မူသည်မှာ အိုတမန်တော်၊ အသင်သည် ဤသို့ပြောကြားပါလေ။ ကျွန်ုပ်ထံ ဝဟီအဖြစ် ချပေးအပ်ထားသော ကုရ်အာန်ကျမ်းတော်မြတ်တွင် စားသုံးသူတစ်ဦးအတွက် ဟရာမ်ဖြစ်သော အစားအစာများကို ရှာဖွေကြည့်သောအခါ အောက်ပါအရာများမှလွဲ၍ အခြားမည်သည့်အရာကိုမျှ ဟရာမ်အဖြစ် ကျွန်ုပ်မတွေ့ရှိပါ။ ယင်းတို့မှာ သတ်ဖြတ်ခြင်းမပြုဘဲ သေဆုံးသွားသော တိရစ္ဆာန်၊ စီးထွက်သော သွေး၊ ဝက်သား — အကြောင်းမှာ ယင်းသည် ညစ်ညမ်းသောအရာ ဖြစ်သောကြောင့်ဖြစ်သည်။ ထို့အပြင် အလ္လာဟ်အရှင်မြတ်မှလွဲ၍ အခြားအရာတစ်ခုခု၏ နာမတော်ကို တင်စား၍ သတ်ဖြတ်ထားသော တိရစ္ဆာန်သည်လည်း ဟရာမ်ဖြစ်သည်။ ဤအရာများသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ချိုးဖောက်ခြင်းပင်ဖြစ်သည်။ သို့သော် မည်သူမဆို အလွန်အမင်း ငတ်မွတ်ခေါင်းပါးမှုကြောင့် မဖြစ်မနေ စားသုံးရန် ဖိအားပေးခံရပြီး တပ်မက်မှုဖြင့် တမင်တကာ ရှာဖွေစားသုံးခြင်းမရှိဘဲ လိုအပ်ချက်၏ အဆင့်ကိုလည်း ကျော်လွန်ခြင်းမရှိဘဲ စားသုံးမိပါက ထိုသူအပေါ် အပြစ်မရှိပါ။ အကြောင်းမှာ အိုတမန်တော်၊ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသော၊ အလွန်ကရုဏာထားတော


📜 အာယာသ် 143-147 — စူရာ အလ်-အန်အာမ်

143ثَمَانِيَةَ أَزْوَاجٍ ۖ مِّنَ الضَّأْنِ اثْنَيْنِ وَمِنَ الْمَعْزِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ نَبِّئُونِي بِعِلْمٍ إِن كُنتُمْ صَادِقِينَ
(အသင်တို့သည် မိမိတို့၏ စိတ်ထင်ရာ အတိုင်းစားသုံးပိုင်ခွင့် ရှိသည်ဟူ၍လည်းကောင်း၊ စားသုံးပိုင်ခွင့်မရှိဟူ၍လည်းကောင်း၊ ထင်မြင်ယူဆပြောဆိုလျက်ရှိကြသော အခြေလေးချောင်းတိရစ္ဆာန်တို့အနက် ထိုအရှင်မြတ်သည် အထီးအမ)ရှစ်ကောင်ကို (ဖန်ဆင်းတော်မူခဲ့လေသည်။) သိုးများအနက်အထီးအမ နှစ်ကောင၊် ထိုနည်းတူ ဆိတ်များအနက် အထီးအမနှစ်ကောင်၊(ဖန်ဆင်းတော်မူလေ၏။အို-နဗီတမန်တော်)အသင်သည်(၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့)ထိုအရှင်မြတ်သည် အထီးနှစ်ကောင်ကို ဟရာမ်ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမနှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ အကယ်၍အသင်တို့သည် မှန်ကန်စွာပြောဆို သူများဖြစ်ကြပါလျှင်၊ ငါ့အား သက်သေသာဓက၊ အထောက်အထားနှင့်တကွ တင်ပြကြလေကုန်။
144وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَاءَ إِذْ وَصَّاكُمُ اللَّهُ بِهَٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا لِّيُضِلَّ النَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ထိုနည်းတူစွာ (ထိုအရှင်မြတ်သည်) ကုလားအုတ်�ျားအနက် အထီးနှင့်အမနှစ်ကောင်၊ ထို့အတူနွားများအနက် အထီးနှင့်အမနှစ်ကောင်ကို (ဖန်ဆင်းတော်မူလေသည်။ အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အားဤသို့) ပြောဆိုမေးမြန်းပါလေ။ (အချင်းတို့) ထိုအရှင်မြတ်သည်အထီးနှစ်ကောင်ကို ဟရာမ် ဟူ၍ တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ်အမနှစ်ကောင်ကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အမ နှစ်ကောင် သားအိမ်များတွင် လွယ်ထားသော ကလေးများကို တားမြစ်တော်မူပါသလော။ သို့တည်းမဟုတ် အသင်တို့သည် အလ္လာဟ်အရှင်မြတ်က အသင်တို့အား ဤအမိန့်တော်ကို ချမှတ်ပေးတော်မူစဉ်အခါ၌(သက်သေများအဖြစ်)ရှေ့တော်မှောက်တွင် ရှိနေကြပါသလော။ သို့ဖြစ်ပေရာ အသိပညာ (သက်သေ သာဓက)မရှိပဲလျက် လူခပ်သိမ်းတို့အား လမ်းမှားစေခြင်းငှာ၊ အလ္လာဟ်အရှင်မြတ်အပေါ်၌ မုသားကိုလီဆယ်ပြောဆိုသူထက် မတရားသောသူသည် မည်သူဖြစ်နိုင်ပါသနည်း။ စင်စစ်ဧကန်အလ္လာဟ်အရှင်မြတ်သည်(ယင်းကဲ့သို့)မတရားသောသူတို့အားလမ်းမှန်သို့ပို့ဆောင်တော်မူသည် မဟုတ်ချေ။(ရကူ)
145قُل لَّا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُ إِلَّا أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۚ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ
(အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ် အမိန့်တော်တွင် (ယခုအငြင်းပွားလျက်ရှိသောတိရစ္ဆာန်များအနက်)တစ်စုံတစ်ခုကို မည်သည့်စားသုံးသူအပေါ်၌မျှ ၎င်းကို စားသုံးခြင်းသည် ဟရာမ် ဟူ၍ တားမြစ်ထားသည်ကို မတွေ့ရှိရချေ။ သို့ရာတွင် အသေသား၊ သို့မဟုတ်စီးထွက်သောသွေး၊ သို့မဟုတ် ဝက်တိရစ္ဆာန်၏ အသားဖြစ်ခဲ့လျှင် ထိုအရာများသည် အလွန်ညစ်ထေး၍ မသန့်စင်သောကြောင့်၊ သို့မဟုတ် ဥပဒေကို ကျူးလွန်ခြင်းအားဖြင့် အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားကိုရည်စူး၍ သတ်မှတ်ခဲ့လျှင်(ဟရာမ် ဟူ၍ တားမြစ်ထားတော်မူလေသည်။) သို့ပါလျက်အကြင်သူသည် (ထိုထိုသောအရာများကိုပင်) အရသာခံစားလိုခြင်း၊ စည်းကမ်းကျူးလွန် ဖောက်ဖျက်ခြင်းမရှိဘဲ မလွှဲမရှောင်သာဖြစ်၍ (အသက်မသေရုံမျှသာ စားသုံး)ခဲ့ပါမူ၊ အသင့်အားဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ဧကန်အမှန်အလွန်တရာ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ အလွန်တရာ သနားညှာတာတော်မူသောအရှင်မြတ်ပင်ဖြစ်တော် မူပေသတည်း။
146وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
စင်စစ်တမူကား ငါအရှင်မြတ်သည် ယဟူဒီဖြစ်ကုန်သောသူတို့အပေါ်၌ ခြေသည်းလက်သည်း ရှိသောတိရစ္ဆာန် အသီးသီးကိုလည်းကောင်း၊ နွား၊ ဆိတ်တို့အထဲမှထိုနွားနှင့်ဆိတ်တို့၏ ကျောက်ကုန်းနှင့် ကပ်နေသောအဆီ၊ သို့မဟုတ် အူများနှင့်ကပ်နေသောအဆီ၊ သို့မဟုတ် အရိုးနှင့်ကပ်နေသောအဆီများမှတပါး ထိုနွားနှင့်ဆိတ်တို့၏ အထဲမှအခြားအဆီများကိုလည်းကောင်း၊ ဟရာမ် ဟူ၍ တားမြစ်တော်မူခဲ့လေသည်။ ဤ(သို့တားမြစ်ခြင်း)ကား၊ ၎င်းတို့အားအရှင်မြတ်သည်၊ ၎င်းတို့၏ပုန်ကန်မှုကြောင့် ပြစ်ဒဏ်ပေးတော်မူခြင်းပင် ဖြစ်ချေသည်။ အမှန် စင်စစ်သော်ကားငါအရှင်မြတ်သည် မုချဧကန် မှန်ကန်စွာ မိန့်ကြားတော်မူသောအရှင်သာလျှင် ဖြစ်တော်မူသည်။
147فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ
ထို့နောက်သော်မှပင် (အို-နဗီတမန်တော်)အကယ်၍ ၎င်းတို့သည် အသင့်အား မုသားပြောဆိုသည်ဟူ၍စွပ်စွဲကြပါလျှင်၊ အသင်သည်(၎င်းတို့ကိုဤသို့) ဖြေကြားပါလေ။အသင်တို့အား ဖန်ဆင်း မွေးမြူတော်မူသော အရှင်မြတ်သည်အလွန်ကြီးကျယ်သော မဟာကရုဏာတော်ရှင် ဖြစ်တော်မူသည်။ သို့ရာတွင် ထိုအရှင်မြတ်၏ပြစ်ဒဏ်သည်လည်း အပြစ်ရှိသောသူတို့အပေါ်မှ ဆုတ်ခွာ၍ (ရွေ့လျော) သွားလိမ့်မည်မဟုတ်ပေ။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
145အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 145

စူရာ အလ်-အန်အာမ် အာယာသ် 145 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (ယင်းသူတို့အား ဤသို့) ပြောကြားပါလေ။ (အချင်းတို့) ငါသည် မိမိထံသို့ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ကျရောက်လာသောဝဟ်ယ်…

စူရာ အာယာသ် 145/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 143–147. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers