အလ်-အာအ်ရာဖ် · 171/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ ۝١٧١
Wa iz nataqnal jabala fawqahum ka annahoo zullatunw wa zannooo annahoo waaqi`um bihim khuzoo maaa aatainaakum biquwwatinw wazkuroo maa feehi la`allakum tattaqoon
📖 မြန်မာဘာသာ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ

  • نَتَقْنَا (နတက္နာ) — ကျွန်ုပ်တို့သည် မြှောက်ချီခဲ့ကြသည်၊ ဆွဲထုတ်ခဲ့ကြသည်။
  • ظُلَّةٌ (ဇုလ္လဟ်) — အရိပ်အာဝါသကဲ့သို့ ဖုံးအုပ်ထားသောအရာ၊ တိမ်တိုက်ကဲ့သို့သော အရိပ်။
  • وَاقِعٌ بِهِمْ (ဝါကိအုန္ ဗိဟိမ်) — သူတို့အပေါ်သို့ ကျရောက်မည့်အရာ။
  • بِقُوَّةٍ (ဗိကုဝွတ်သ်) — ခိုင်မာသော စိတ်ပိုင်းဖြတ်မှု၊ အားမာန်အပြည့်ဖြင့်။
  • تَتَّقُونَ (တတ္တကူန) — သင်တို့သည် အလ္လာဟ်ကို ကြောက်ရွံ့ထိန်းသိမ်းသူများ ဖြစ်လာကြမည်။

၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

(အို—တမန်တော်မုဟမ္မဒ်) အစ္စရာအီလ်သားတို့သည် တောင်ရာသီနာ (တောင်ဝ်ရာသ်) ကျမ်းတော်ပါ ပညတ်ချက်များကို လက်ခံရန် ငြင်းဆန်ခဲ့ကြသောအခါ၊ ငါအရှင်မြတ်သည် တောင်ကို သူတို့အပေါ်သို့ မြှောက်ချီတော်မူခဲ့သည့်အချိန်ကို သတိရပါ။ ထိုတောင်သည် သူတို့ခေါင်းပေါ်တွင် တိမ်တိုက်တစ်ခုကဲ့သို့ အရိပ်အာဝါသဖြစ်နေပြီး၊ သူတို့အပေါ်သို့ ကျရောက်တော့မည်ဟု သူတို့ ယုံကြည်သေချာခဲ့ကြသည်။ ထိုအခါ ငါအရှင်မြတ်က သူတို့အား “ငါပေးအပ်ထားသော ကျမ်းတော်ကို ခိုင်မာသော စိတ်ပိုင်းဖြတ်မှုဖြင့် လက်ခံယူကြလော့။ ထိုကျမ်းတော်တွင် ပါရှိသော ပညတ်ချက်များကို သတိရတည်ရှိပြီး လိုက်နာကျင့်သုံးကြလော့။ သင်တို့သည် အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းသူများ ဖြစ်လာကြလိမ့်မည်” ဟု မိန့်တော်မူခဲ့သည်။

ဤအာယသ်တော်သည် အစ္စရာအီလ်သားတို့၏ သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို ပြန်လည်အမှတ်ရစေခြင်းဖြစ်သည်။ သူတို့သည် ကျမ်းတော်ကို လက်ခံရန် ပျက်ကွက်ခဲ့ကြသောအခါ၊ အလ္လာဟ်အရှင်မြတ်သည် တောင်ကြီးကို သူတို့အပေါ်သို့ မြှောက်ချီ၍ သတိပေးတော်မူခဲ့သည်။ ထိုအခါ သူတို့သည် သေဘေးနှင့် ရင်ဆိုင်ရမည်ကို သေချာစွာ သိမြင်လာကြပြီး ကျမ်းတော်ကို လက်ခံခဲ့ကြသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်က သူတို့အား ကျမ်းတော်ပါ ပညတ်ချက်များကို အားမာန်အပြည့်ဖြင့် လိုက်နာရန်၊ မေ့လျော့ခြင်းမရှိဘဲ သတိရတည်ရှိရန် မိန့်တော်မူခဲ့သည်။ ဤသို့ လိုက်နာခြင်းဖြင့်သာ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ထိန်းသိမ်းသူများ ဖြစ်လာနိုင်မည်ဖြစ



📜 အာယာသ် 169-173 — စူရာ အလ်-အာအ်ရာဖ်

169فَخَلَفَ مِن بَعْدِهِمْ خَلْفٌ وَرِثُوا الْكِتَابَ يَأْخُذُونَ عَرَضَ هَٰذَا الْأَدْنَىٰ وَيَقُولُونَ سَيُغْفَرُ لَنَا وَإِن يَأْتِهِمْ عَرَضٌ مِّثْلُهُ يَأْخُذُوهُ ۚ أَلَمْ يُؤْخَذْ عَلَيْهِم مِّيثَاقُ الْكِتَابِ أَن لَّا يَقُولُوا عَلَى اللَّهِ إِلَّا الْحَقَّ وَدَرَسُوا مَا فِيهِ ۗ وَالدَّارُ الْآخِرَةُ خَيْرٌ لِّلَّذِينَ يَتَّقُونَ ۗ أَفَلَا تَعْقِلُونَ
တစ်ဖန် ၎င်းတို့မရှိသည့်နောက်တွင် အကြင်ယုတ်မာသ�ာ သားမြေးတို့က (၎င်းတို့၏)ရိုက်ရာ ဆက်ခံခဲ့ကြကုန်၏။ ထိုသူတို့သည် ကျမ်းဂန်ကို အမွေရယူခဲ့ကြကုန်၏။(သို့ရာတွင်) ၎င်းတို့သည် (ထိုကျမ်းဂန်လာ ဒေသနာတော်များ၏အစား) ဤလောကီပစ္စည်းများကို ယူကြလေသည်။ ထို့ပြင်၎င်းတို့က ကျွန်ုပ်တို့သည် (ဤကျမ်းဂန်လာ ဒေသနာတော်များကို ရောင်းစားခဲ့ကြသည့်အပြစ်မှ) မုချချမ်းသာခွင့် ပေးသနားတော်မူခြင်းခံကြရပေမည် ဟူ၍လည်း ပြောဆိုကြသေး၏။စင်စစ်သော်ကား ၎င်းတို့သည် အကယ်၍ (ယခုတဖန်) ထိုကဲ့သို့သော ဥစ္စာပစ္စည်းများသည် ၎င်းတို့ထံရောက်လာပါလျှင်ထိုပစ္စည်းများကို ယူကြဦးမည်သာတည်း။ (တောင်ရာတ်)ကျမ်းတော်တွင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ မှန်ရာကိုသာပြောဆိုကြရန် ၎င်းတို့ထံမှ ပဋိညာဉ်ယူထားပြီးဖြစ်သည်သာမက ၎င်းတို့သည် ယင်းကျမ်းဂန်လာ အမိန့်တော်များကိုဖတ်ခဲ့ပြီးလည်းဖြစ်ကြသည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝ၏ သုခချမ်းသာသည်(အလ္လာဟ်အရှင်မြတ်အား) ကြောက်ရွံ့ရိုသေသော(အားဖြင့် ပြစ်မှုဒုစရိုက်များမှကြဉ်ရှောင်ကြကုန်သော)သူတို့အဖို့ အကောင်းဆုံးပင် ဖြစ်ပေသည်။ သို့ပါလျက်အသင် တို့သည် (ဤမျှပင်) မသိနားမလည်ကြလေသလော။
170وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ
အကြင်သူတို့သည် ကျမ်းဂန် ဒေသနာတော်ကိုတည်ကြည်စွဲမြဲစွာ စောင့်ထိန်းကြ၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုခြင်းကိုလည်း အမြဲမပြတ် ဆောက်တည်ကြ၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) ပြုပြင်ကြကုန်သောသူတို့၏ အကျိုးကျေးဇူးကို ပျက်စီးစေတော်မူမည် မဟုတ်ပေ။
171۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)
172وَإِذْ أَخَذَ رَبُّكَ مِن بَنِي آدَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَن تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။
173أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
171အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 171

စူရာ အလ်-အာအ်ရာဖ် အာယာသ် 171 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည်…

စူရာ အာယာသ် 171/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 169–173. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers