အလ်-အာအ်ရာဖ် · 172/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
وَإِذْ أَخَذَ رَبُّكَ مِن بَنِي آدَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَن تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ ۝١٧٢
Wa iz akhaza Rabbuka mim Baneee Aadama min zuhoorihim zurriyyatahum wa ash hadahum `alaa anfusihim alastu bi Rabbikum qaaloo balaa shahidnaaa; an taqooloo Yawmal Qiyaamati innaa kunnaa `an haazaa ghaafileen
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 170-174 — စူရာ အလ်-အာအ်ရာဖ်

170وَالَّذِينَ يُمَسِّكُونَ بِالْكِتَابِ وَأَقَامُوا الصَّلَاةَ إِنَّا لَا نُضِيعُ أَجْرَ الْمُصْلِحِينَ
အကြင်သူတို့သည် ကျမ်းဂန် ဒေသနာတော်ကိုတည်ကြည်စွဲမြဲစွာ စောင့်ထိန်းကြ၏။ ၎င်းပြင် ဆွလာတ်ဝတ်ပြုခြင်းကိုလည်း အမြဲမပြတ် ဆောက်တည်ကြ၏။ ဧကန်စင်စစ် ငါအရှင်မြတ်သည် (မိမိတို့ကိုယ်ကို) ပြုပြင်ကြကုန်သောသူတို့၏ အကျိုးကျေးဇူးကို ပျက်စီးစေတော်မူမည် မဟုတ်ပေ။
171۞ وَإِذْ نَتَقْنَا الْجَبَلَ فَوْقَهُمْ كَأَنَّهُ ظُلَّةٌ وَظَنُّوا أَنَّهُ وَاقِعٌ بِهِمْ خُذُوا مَا آتَيْنَاكُم بِقُوَّةٍ وَاذْكُرُوا مَا فِيهِ لَعَلَّكُمْ تَتَّقُونَ
၎င်းပြင် (အို-နဗီတမန်တော်၊ အသင်သည် ပြန်လည်၍ သတိရပါလေ။ တစ်ရံရောအခါ ငါအရှင်မြတ်သည်(တူရ်မည်သော)တောင်ကို ၎င်းတို့ထက်ဝယ် ပင့်မြှောက်တော်မူခဲ့ရာ ထိုတောင်သည် အမိုးကဲ့သို့ဖြစ်လျက် ရှိခဲ့ချေသည်။ ထို့ပြင်ယင်း သူတို့မှာ ထိုတောင်သည် ၎င်းတို့အပေါ်ဝယ် မုချကျတော့မည်ဟူ၍ ယုံကြည်ခဲ့ကြလေသည်။ (ထိုအခါ ငါအရှင်မြတ်သည်၎င်းတို့အား ဤသို့ မိန့်တော်မူခဲ့ လေသည်။) အသင်တို့သည်မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူသောကျမ်းမြတ်ကို စွဲမြဲစွာလက်ကိုင်ထားကြလေကုန်။ ၎င်းနောက်အသင်တို့သည် (ပြစ်မှုဒုစရိုက်များမှ) ကြဉ်ရှောင်နိုင်ခြင်းငှာယင်းကျမ်းတော်လာ ဒေသနာတော်များကိုလည်း လေ့ကျင့်မှတ်သား(ကျင့်မူ)ကြလေကုန်။(ရကူ)
172وَإِذْ أَخَذَ رَبُّكَ مِن بَنِي آدَمَ مِن ظُهُورِهِمْ ذُرِّيَّتَهُمْ وَأَشْهَدَهُمْ عَلَىٰ أَنفُسِهِمْ أَلَسْتُ بِرَبِّكُمْ ۖ قَالُوا بَلَىٰ ۛ شَهِدْنَا ۛ أَن تَقُولُوا يَوْمَ الْقِيَامَةِ إِنَّا كُنَّا عَنْ هَٰذَا غَافِلِينَ
ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို ထုတ်ဆောင်တော်မူခဲ့လေသည်။ ထို့နောက် ထိုအရှင်မြတ်သည်၎င်းတို့ကိုပင် ၎င်းတို့အပေါ်၌သက်သေထားတော်မူ၍ ငါအရှင်မြတ်သည် အသင်တို့အား ဖန်ဆင်းတော်မူသော အရှင်မြတ်ပင် မဟုတ်ပါလော ဟု မိန့်ကြားတော်မူခဲ့လေသည်။ထိုအခါ ၎င်းတို့က အမှန်ပင်ဟုတ်ပါသည်၊ ကျွန်တော်မျိုးတို့ကိုယ်တိုင်သက်သေခံကြပါသည် ဟု လျှောက်ထား (ဝန်ခံ)ခဲ့ကြကုန်၏။ (ယင်းသို့ သက်သေထားတော်မူခဲ့ခြင်းမှာ) အသင်တို့သည် ကိယာမတ်ခေါ် ရှင်ပြန်ထမည့်နေ့တွင် ကျွန်တော်မျိုးတို့သည် ဤသည်ကို မသိခဲ့ကြပါ ဟု မပြောကြရန်ပင်ဖြစ်သည်။
173أَوْ تَقُولُوا إِنَّمَا أَشْرَكَ آبَاؤُنَا مِن قَبْلُ وَكُنَّا ذُرِّيَّةً مِّن بَعْدِهِمْ ۖ أَفَتُهْلِكُنَا بِمَا فَعَلَ الْمُبْطِلُونَ
သို့တည်းမဟုတ် အသင်တို့သည် ကျွန်တော်မျိုးတို့၏အဖ၊ ဘိုးဘေးဘီဘင်တို့မှာ ရှေးဦးမဆွကပင်အခြားအရာများကို အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက် ကိုးကွယ်ခဲ့ကြပါသည်သာတည်း။ ကျွန်တော်မျိုးတို့ မှာမူကား ၎င်းတို့၏နောက်တွင် (၎င်းတို့၏)သားမြေးများသာ ဖြစ်ကြပါသည်။သို့ဖြစ်ရာ အရှင်မြတ်သည် (ရှေးဦးမဆွက) မဟုတ်မမှန် ပြုလုပ်ခဲ့ကြသောသူတို့ကြောင့် ကျွန်တော်မျိုးတို့အား ပျက်စီး စေတော်မူပါမည်လော ဟု ပြောဆိုကြလတ္တံ။
174وَكَذَٰلِكَ نُفَصِّلُ الْآيَاتِ وَلَعَلَّهُمْ يَرْجِعُونَ
အမှန်သော်ကား ငါအရှင်မြတ်သည် ၎င်းတို့(မှန်ကန်သောဒီန်သာသနာဘက်သို့) ပြန်လှည့်ကြရန် အလို့ငှာ သက်သေလက္ခဏာများကို ဤနည်းအတိုင်းပင် ရှင်းလင်းစွာထုတ်ဖော်မိန့်ကြားတော်မူလေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
172အာယာသ်

ဘာသာပြန် — အလ်-အာအ်ရာဖ် 172

စူရာ အလ်-အာအ်ရာဖ် အာယာသ် 172 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (အို-နဗီတမန်တော် အသင်သည်ပြန်လည်အောက်မေ့သတိရပါလေ။) အခါတစ်ပါးတွင် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အာဒမ်၏သားမြေးတို့၏ ကျောက်ကုန်းမှ ၎င်းတို့၏ သားမြေးတို့ကို…

စူရာ အာယာသ် 172/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 170–174. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers