အလ်-အန်ဖာလ် · 7/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَإِذْ يَعِدُكُمُ اللَّهُ إِحْدَى الطَّائِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ الشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ اللَّهُ أَن يُحِقَّ الْحَقَّ بِكَلِمَاتِهِ وَيَقْطَعَ دَابِرَ الْكَافِرِينَ ۝٧
Wa iz ya`idukumul laahu ihdat taaa`ifataini annahaa lakum wa tawaddoona anna ghaira zaatish shawkati takoonu lakum wa yureedul laahu ai yuhiqqal haqqa bikalimaatihee wa taqta`a daabiral kaafireen
📖 မြန်မာဘာသာ
၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 5-9 — စူရာ အလ်-အန်ဖာလ်

5كَمَا أَخْرَجَكَ رَبُّكَ مِن بَيْتِكَ بِالْحَقِّ وَإِنَّ فَرِيقًا مِّنَ الْمُؤْمِنِينَ لَكَارِهُونَ
အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် မှန်ကန်စွာဆုံးဖြတ်၍ အသင့်ကို အသင်၏အိမ်မှထွက်စေတော်မူသကဲ့သို့ပင်။ စင်စစ် သော်ကား(ထိုအချိန်ကလည်း) မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အနက်မှ လူတစ်စုသည်(ယင်းသို့ထွက်ကြရသည်ကို)မနှစ်သက်မလိုလား ခဲ့ကြချေ။
6يُجَادِلُونَكَ فِي الْحَقِّ بَعْدَمَا تَبَيَّنَ كَأَنَّمَا يُسَاقُونَ إِلَى الْمَوْتِ وَهُمْ يَنظُرُونَ
၎င်းတို့သည် မှန်ကန်သော အကြောင်းတရားနှင့်စပ်လျဉ်း၍ ထိုမှန်ကန်သောအကြောင်းတရားသည် ထင်ရှားခဲ့ပြီးနောက် မိမိတို့သည် သေရာသို့မောင်းနှင်ခြင်းခံရ၍(မရဏသေခြင်းတရားကို မျက်ဝါးထင်ထင်) မြင်နေကြရဘိသကဲ့သို့ပင် အသင်နှင့် စကားငြင်းခုံ ပြောဆိုခဲ့ကြကုန်သတည်း။
7وَإِذْ يَعِدُكُمُ اللَّهُ إِحْدَى الطَّائِفَتَيْنِ أَنَّهَا لَكُمْ وَتَوَدُّونَ أَنَّ غَيْرَ ذَاتِ الشَّوْكَةِ تَكُونُ لَكُمْ وَيُرِيدُ اللَّهُ أَن يُحِقَّ الْحَقَّ بِكَلِمَاتِهِ وَيَقْطَعَ دَابِرَ الْكَافِرِينَ
၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့ အမှန်ပင်ကျရောက်လိမ့်မည်ဟုကတိပြုလျက် ရှိတော်မူခဲ့လေသည်။ သို့ရာတွင် အသင်တို့မူကားဆူးငြောင့် (ဝါ) လက်နက်မပါသော အုပ်စုသည်သာလျှင် မိမိတို့လက်တွင်းသို့ ကျရောက်ရန် မျှော်ခေါ်တောင့်တလျက်ရှိကြကုန်၏။ စင်စစ်မူကား အလ္လာဟ်အရှင်မြတ်သည် အမှန်ကို မိမိအမိန့်တော်များဖြင့် ထင်ရှားတော်မူရန်လည်းကောင်း၊ ကာဖိရ်သွေဖည်ငြင်းပယ်သော သူတို့၏အခြေအမြစ်ကို (လုံးဝ) ဖြတ်တောက်ပစ်တော်မူရန် လည်းကောင်း၊ ရည်စူးတော်မူချေသတည်း။
8لِيُحِقَّ الْحَقَّ وَيُبْطِلَ الْبَاطِلَ وَلَوْ كَرِهَ الْمُجْرِمُونَ
(သို့ရည်စူးတော်မူခြင်းကား) အပြစ်ရှိသူတို့သည်နှစ် သက်ကြမည်မဟုတ်သော်လည်း အမှန်သည် အမှန်ပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ အမှားသည် အမှားပင်ဖြစ်ကြောင်း ထင်ရှားစေရန်လည်းကောင်း၊ ဖြစ်ပေသတည်း။
9إِذْ تَسْتَغِيثُونَ رَبَّكُمْ فَاسْتَجَابَ لَكُمْ أَنِّي مُمِدُّكُم بِأَلْفٍ مِّنَ الْمَلَائِكَةِ مُرْدِفِينَ
(ပြန်လည်သတိရကြလေကုန်) အကြင်အခါဝယ်၊အသင်တို့သည် မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်အထံတော်တွင် ကူညီစောင်မတော်မူရန် လျှောက်ထားပန်ကြားလျက်ရှိကြလေသည်။ ၎င်းနောက် ထိုအရှင်မြတ်သည်အသင်တို့၏ ပန်ကြား ချက်ကို (လက်ခံတော်မူ၍) ဧကန်စင်စစ်ငါအရှင်မြတ်သည် အသင်တို့အား တစ်ပါးပြီးတစ်ပါး (ဆက်တိုက်)လာကြမည်ဖြစ်သော မလာအိကဟ်ကောင်းကင်တမန်တစ်ထောင်ဖြင့် ကူညီစောင်မတော်မူမည်ဟု ပြန်ကြားတော်မူခဲ့လေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
7အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 7

စူရာ အလ်-အန်ဖာလ် အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (ပြန်လည်၍ သတိရကြ လေကုန်)အကြင် အခါဝယ် အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားအုပ်စုနှစ်စုအနက် တစ်စုနှင့်ပတ်သက်၍ ထိုတစ်စုသည်အသင် တို့၏လက်တွင်းသို့…

စူရာ အာယာသ် 7/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers