အလ်-အင်ဖီတာရ် စူရာ အာရဗ်ဘာသာ နှင့် မြန်မာ

အလ်-အင်ဖီတာရ် စူရာကို မြန်မာဘာသာပြန် ပြည့်စုံစွာ နှင့် အသံ တိလာဝတ် နှင့် ဖတ်ပါ။ (19 အာယာသ် — مكية). အလ်-အင်ဖီတာရ် နားထောင်, အလ်-အင်ဖီတာရ် ဘာသာပြန်, အလ်-အင်ဖီတာရ် mp3, အလ်-အင်ဖီတာရ် pdf.

အလ်-အင်ဖီတာရ် စူရာ ဖတ်ရှူ နှင့် နားထောင်

🎧 အာယာသ်
M Mishary Rashid Alafasy
M Mahmoud Khalil Al-Husary
A Abdurrahman As-Sudais
M Mohamed Siddiq Al-Minshawi
A Abdul Basit Abdul Samad
A Ali Al-Hudhaify
A Ahmed ibn Ali al-Ajamy
A Abu Bakr Ash-Shaatree
M Muhammad Ayyoub
A Abdullah Basfar
A Abdullah Al-Juhani
M Maher Al Muaiqly
x1
إِذَا السَّمَاءُ انفَطَرَتْ ۝١
📖 ဘာသာပြန် အာယာသ် 1
မိုးကောင်းကင်သည် အက်ကွဲသောအခါ။
وَإِذَا الْكَوَاكِبُ انتَثَرَتْ ۝٢
📖 ဘာသာပြန် အာယာသ် 2
၎င်းပြင် ကြယ်တာရာများသည် ကြွေကျကြသောအခါ။
وَإِذَا الْبِحَارُ فُجِّرَتْ ۝٣
📖 ဘာသာပြန် အာယာသ် 3
ထို့ပြင် ပင်လယ်သမုဒ္ဒရာများသည် ဆူပွက်စီးထွက်(စေခြင်းကို ခံကြရ)သောအခါ။
وَإِذَا الْقُبُورُ بُعْثِرَتْ ۝٤
📖 ဘာသာပြန် အာယာသ် 4
ထိုမှတစ်ပါး သင်္ချိုင်းများသည် အထက်အောက်မှောက်လှန် ဖရိုဖရဲဖြစ်စေခြင်းကို ခံကြရသောအခါ။
عَلِمَتْ نَفْسٌ مَّا قَدَّمَتْ وَأَخَّرَتْ ۝٥
📖 ဘာသာပြန် အာယာသ် 5
ဇီဝိန် အသီးသီးတို့သည် မိမိတို့ ကြိုတင်ပို့နှင့်ခဲ့ကြသည် များကိုလည်းကောင်း၊ မိမိတို့သည် နောက်တွင် ချန်ခဲ့ကြသည်များကိုလည်းကောင်း၊ သိသွားခဲ့ ကြပေမည်။
يَا أَيُّهَا الْإِنسَانُ مَا غَرَّكَ بِرَبِّكَ الْكَرِيمِ ۝٦
📖 ဘာသာပြန် အာယာသ် 6
အို-လူသား၊ မိမိအား ဖန်ဆင်းမွေးမြူတော်မူသော ကျေးဇူးတော်ရှင်နှင့် ပတ်သက်၍ မည်သည့်အရာသည် အသင့်အား လှည့်ဖြားခဲ့သနည်း။
الَّذِي خَلَقَكَ فَسَوَّاكَ فَعَدَلَكَ ۝٧
📖 ဘာသာပြန် အာယာသ် 7
အကြင်အရှင်မြတ်သည် အသင်(လူသား)အား ဖန်ဆင်းတော်မူခဲ့၏။ တစ်ဖန် အသင်၏(ဤအဆစ်အပိုင်းများ)ကို နေထားတကျဖြစ်အောင်လည်း ပြုပြင်တော်မူခဲ့၏။တဖန် အသင့်အား အချိုးအစား ကျအောင်လည်း စီမံတော်မူခဲ့၏။
فِي أَيِّ صُورَةٍ مَّا شَاءَ رَكَّبَكَ ۝٨
📖 ဘာသာပြန် အာယာသ် 8
မိမိအလိုရှိတော်မူသော ပုံသဏ္ဍာန်၌ အသင့်အား စီစဉ်ပြုလုပ် (ဖန်ဆင်း)တော်မူခဲ့၏။
كَلَّا بَلْ تُكَذِّبُونَ بِالدِّينِ ۝٩
📖 ဘာသာပြန် အာယာသ် 9
(မည်သည့်အကြောင်းမျှ) အလျှင်းမဟုတ်၊ စင်စစ်မှာမူကား အသင်တို့သည် အစားပေးခြင်းကိုပင် မဟုတ်မမှန်ဟူ၍ ငြင်းပယ်ကြကုန်၏။
وَإِنَّ عَلَيْكُمْ لَحَافِظِينَ ۝١٠
📖 ဘာသာပြန် အာယာသ် 10
စင်စစ်သော်ကား အသင်တို့အပေါ်၌ ကိုယ်စောင့်များသည် ဧကန်မလွဲ ရှိကြကုန်၏။
كِرَامًا كَاتِبِينَ ۝١١
📖 ဘာသာပြန် အာယာသ် 11
(ငါအရှင်မြတ်အထံတော်၌) မြင့်မြတ်သူများ၊(အသင်တို့၏ ပြောဆိုပြုမူချက်တို့ကို) ရေးမှတ်သူများ။
يَعْلَمُونَ مَا تَفْعَلُونَ ۝١٢
📖 ဘာသာပြန် အာယာသ် 12
၎င်းတို့သည် အသင်တို့ ပြုလုပ်သမျှတို့ကို သိရှိကြကုန်သတည်း။
إِنَّ الْأَبْرَارَ لَفِي نَعِيمٍ ۝١٣
📖 ဘာသာပြန် အာယာသ် 13
ဧကန်မလွဲ သူတော်ကောင်းတို့သည် ထာဝရသုခ၌ ရှိကြပေမည်။
وَإِنَّ الْفُجَّارَ لَفِي جَحِيمٍ ۝١٤
📖 ဘာသာပြန် အာယာသ် 14
သို့ရာတွင် ဆိုးသွမ်းသူတို့မူကား ဧကန်မလွဲ `ဂျဟန္နမ်` ငရဲ၌ပင် ရှိကြပေမည်။
يَصْلَوْنَهَا يَوْمَ الدِّينِ ۝١٥
📖 ဘာသာပြန် အာယာသ် 15
၎င်းတို့သည် ထို `ဂျဟန္နမ်` ငရဲသို့ အစားပေးမည့်နေ့တွင် ဝင်ကြရပေမည်။
وَمَا هُمْ عَنْهَا بِغَائِبِينَ ۝١٦
📖 ဘာသာပြန် အာယာသ် 16
ထို့ပြင် ၎င်းတို့သည် ယင်းငရဲမှ ခွဲခွာမည့်သူများ၊(ထွက်ရမည့်သူများ) မဟုတ်ကြချေ။
وَمَا أَدْرَاكَ مَا يَوْمُ الدِّينِ ۝١٧
📖 ဘာသာပြန် အာယာသ် 17
စင်စစ် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ပါနည်းဟု အသင်သိပါသလော။
ثُمَّ مَا أَدْرَاكَ مَا يَوْمُ الدِّينِ ۝١٨
📖 ဘာသာပြန် အာယာသ် 18
တစ်ဖန် အစားပေးမည့်နေ့သည် အဘယ်ကဲ့သို့သော နေ့ဖြစ်သည်ကို အသင်သိပါသလော။
يَوْمَ لَا تَمْلِكُ نَفْسٌ لِّنَفْسٍ شَيْئًا ۖ وَالْأَمْرُ يَوْمَئِذٍ لِّلَّهِ ۝١٩
📖 ဘာသာပြန် အာယာသ် 19
(ထိုနေ့သည်ကား) မည်သူမျှပင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ လုံးဝ အကျိုးပြုပိုင်ခွင့် မရှိသောနေ့ပင်။ထိုနေ့တွင်ကား အမိန့်အာဏာ အလုံးစုံတို့သည် အလ္လာဟ်အရှင်မြတ်၌သာ ရှိကုန်အံ့သတည်း။
← 81 အလ်-အင်ဖီတာရ် (82/114) 83 →
ဖတ်ရန် အလ်-အင်ဖီတာရ် စူရာ မြန်မာဘာသာ – ဘာသာပြန် နှင့် အသံ

82الإنفطار Al-Infitar 📚 19 အာယာသ် مكية

အာယာသ် တစ်ခုချင်း – အလ်-အင်ဖီတာရ် စူရာ — 19 အာယာသ်




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers