ဟူဒ် · 11/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
إِلَّا الَّذِينَ صَبَرُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ ۝١١
Illal lazeena sabaroo wa `amilus saalihaati ulaaa`ika lahum maghfiratunw wa ajrun kabeer
📖 မြန်မာဘာသာ
သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ဆွဗရူ (صَبَرُوا): စိတ်ရှည်သည်းခံခြင်း၊ ခန္တီတရားထားရှိခြင်း။ ဤနေရာတွင် ဒုက္ခအခက်အခဲများ၊ ဘေးအန္တရာယ်များ ကြုံတွေ့ရချိန်၌ အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်စိတ်ချမှုထားရှိပြီး အရှင်မြတ်ထံတော်မှ အကျိုးဆုလာဘ်ကို မျှော်လင့်လျက် သည်းခံခြင်းကို ဆိုလိုသည်။ ဝတ်ပြုကိုးကွယ်မှုများတွင် ဇွဲလုံ့လထားရှိခြင်း၊ မကောင်းမှုများမှ ရှောင်ကြဉ်ခြင်းတွင်လည်း သည်းခံခြင်းပါဝင်သည်။
  • အမလူဆွာလိဟာသ် (عَمِلُوا الصَّالِحَاتِ): ကောင်းမြတ်သော အကျင့်သီလများကို ကျင့်သုံးဆောင်ရွက်ခြင်း။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ် နှစ်သက်တော်မူသော ကောင်းမှုကုသိုလ်များကို ပြုလုပ်ခြင်းဖြစ်သည်။
  • မဂ်ဖိရသွန် (مَغْفِرَةٌ): ခွင့်လွှတ်ခြင်း၊ အပြစ်များကို ဖုံးအုပ်ခွင့်လွှတ်တော်မူခြင်း။
  • အဂျ်ရုန် ကဗီးရုန် (أَجْرٌ كَبِيرٌ): ကြီးမားလှသော အကျိုးဆုလာဘ်။ ဤနေရာတွင် ဂျန္နသ် (သုခဘုံ) ကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ယခင်အာယသ်တော်များတွင် ဖော်ပြထားသော လူသားတို့၏ သဘာဝကို ခြွင်းချက်ပြုထားခြင်းဖြစ်သည်။ လူသားတို့သည် ဘေးဒုက္ခရောက်ချိန်၌ စိတ်ပျက်အားလျော့တတ်ကြပြီး ကောင်းချီးမင်္ဂလာရရှိချိန်၌ မာန်တက်တတ်ကြသည်။ သို့သော် ဤသို့သော အားနည်းချက်များမှ ကင်းလွတ်သော လူအုပ်စုတစ်စုရှိသည်။ သူတို့မှာ ဒုက္ခအခက်အခဲများ၊ ဘေးအန္တရာယ်များ ကြုံတွေ့ရချိန်၌ စိတ်ရှည်သည်းခံကြပြီး အလ္လာဟ်အရှင်မြတ်အပေါ် ယုံကြည်ကိုးစားမှုကို မစွန့်လွှတ်ကြသူများ၊ ဝတ်ပြုကိုးကွယ်မှုများနှင့် ခက်ခဲသော အခြေအနေများတွင်လည်း ဇွဲလုံ့လထားရှိကြသူများ၊ မကောင်းမှုများမှ ရှောင်ကြဉ်ရာတွင်လည်း ခန္တီတရားထားရှိကြသူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ဆောင်ရွက်ကြသည်။ ဤသို့သော ဂုဏ်ရည်လက္ခဏာများဖြင့် ပြည့်စုံကြသူများအတွက် မတူညီသော အကျိုးရလဒ်ရှိသည်။ သူတို့သည် စိတ်ပျက်အားလျော့ခြင်း၊ အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာများကို ငြင်းပယ်ခြင်း၊ လူတို့အပေါ် ရန်လိုမာန်တက်ခြင်းတို့မှ ကင်းဝေးကြသည်။



📜 အာယာသ် 9-13 — စူရာ ဟူဒ်

9وَلَئِنْ أَذَقْنَا الْإِنسَانَ مِنَّا رَحْمَةً ثُمَّ نَزَعْنَاهَا مِنْهُ إِنَّهُ لَيَئُوسٌ كَفُورٌ
စင်စစ်သော်ကား အကယ်၍ ငါအရှင်မြတ်သည် မနုဿလူသားများကို မိမိအထံတော်မှ ကရုဏာ တော်၏ရသကို မြည်းစမ်းစေတော်မူပြီးနောက် ငါအရှင်မြတ်သည် ယင်းမနုဿလူသားထံမှ ထိုကရုဏာတော်ကို ရုပ်သိမ်းတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ထိုမနုဿလူသားသည် မျှော်လင့်ချက်ကင်းမဲ့သူများ၊ လွန်စွာကျေးဇူးတော်ကိုမသိတတ်သူများ ဖြစ်သွားတတ်ကြကုန်သတည်း။
10وَلَئِنْ أَذَقْنَاهُ نَعْمَاءَ بَعْدَ ضَرَّاءَ مَسَّتْهُ لَيَقُولَنَّ ذَهَبَ السَّيِّئَاتُ عَنِّي ۚ إِنَّهُ لَفَرِحٌ فَخُورٌ
ထိုနည်းတူစွာ အကယ်၍ ငါအရှင်မြတ်သည် ထိုမနုဿလူသားများအား ၎င်းတို့၌ ဆိုက်ရောက်ခဲ့သော ဘေးဒုက္ခ၏နောက်တွင် ကျေးဇူးတော်၏အရသာကို မြည်းစမ်းစေတော်မူခဲ့ပါလျှင်၊ ဧကန်မလွဲ ၎င်းတို့သည် ကျွန်ုပ်တို့ ဘေးဒုက္ခများပပျောက်၍သွားလေပြီဟု ပြောဆိုလေ့ရှိကြကုန်၏။ ဧကန်စင်စစ် ယင်းမနုဿလူသားတို့သည် ဘဝင်ကြီးသူများ ဝါကြွားပလွှားသူများပင် ဖြစ်ကြကုန်သတည်း။
11إِلَّا الَّذِينَ صَبَرُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ لَهُم مَّغْفِرَةٌ وَأَجْرٌ كَبِيرٌ
သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။
12فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ أَن يَقُولُوا لَوْلَا أُنزِلَ عَلَيْهِ كَنزٌ أَوْ جَاءَ مَعَهُ مَلَكٌ ۚ إِنَّمَا أَنتَ نَذِيرٌ ۚ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ وَكِيلٌ
သို့ဖြစ်ပေရာ အသင်သည် မိမိထံတော်သို့ပို့တော်မူခြင်းခံရသော အမိန့်တော်များအနက် အချို့ အမိန့်တော်များကို စွန့်လွှတ်ခြင်းမဖြစ်တန်ရာ၊ ၎င်းပြင် ထိုသူများက ယင်း(တမန်တော်)၏ အပေါ်၌ ရွှေငွေဘဏ္ဍာသည် အဘယ်ကြောင့်ချပေးခြင်းမခံရလေသနည်း။ သို့တည်းမဟုတ် ယင်း(တမန်တော်)နှင့်အတူ ကောင်းကင်တမန်တစ်ပါးသည် အဘယ်ကြောင့်မလာသနည်း၊ ဟုပြောဆိုကြ သောကြောင့် အသင်၏စိတ်သည် ကျဉ်းကြပ်လျက်ရှိနေပါသလော။ အသင်ကား သတိပေးသူမျှသာဖြစ်ချေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သာလျှင် အရာခပ်သိမ်းတို့နှင့်စပ်လျဉ်း၍ တာဝန်ယူ ထိန်းသိမ်းတော်မူသောအရှင် ဖြစ်တော်မူပေသည်။
13أَمْ يَقُولُونَ افْتَرَاهُ ۖ قُلْ فَأْتُوا بِعَشْرِ سُوَرٍ مِّثْلِهِ مُفْتَرَيَاتٍ وَادْعُوا مَنِ اسْتَطَعْتُم مِّن دُونِ اللَّهِ إِن كُنتُمْ صَادِقِينَ
၎င်းတို့က ယင်း(နဗီတမန်တော်)သည် ထို (ကုရ်အာန်)ကို လီဆယ်ဖန်တီးခဲ့သည်ဟု ပြောဆိုကြ လေသလော။(အို-နဗီတမန်တော်) အသင်သည် (၎င်းတို့အား) သို့ဖြစ်လျှင်အသင်တို့သည် ထိုကုရ်အာန်ကျမ်းလာ စူရဟ်ကဏ္ဍကဲ့သို့ လီဆယ်ဖန်တီးထားသော စူရဟ်ကဏ္ဍဆယ်ခုကိုပင် ယူဆောင်ခဲ့ကြလေကုန်။ ၎င်းပြင် အကယ်၍ အသင်တို့သည် သစ္စာဝါဒီမှန်ကန်စွာပြောဆိုသူများ ဖြစ်ကြပါလျှင် အလ္လာဟ် အရှင်မြတ်မှတစ်ပါး မိမိတို့တတ်စွမ်းနိုင်သောသူများ ကိုလည်း အသင်တို့ခေါ်ခဲ့ကြလေကုန်ဟု ပြောကြားပါလေ။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
11အာယာသ်

ဘာသာပြန် — ဟူဒ် 11

စူရာ ဟူဒ် အာယာသ် 11 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ရာတွင် အကြင်သူများသည် သည်းခံခဲ့ကြ၍်ကောင်းမြတ်သောအကျင့်သီလများကို ကျင့်မူဆောက်တည်ခဲ့ကြသူများကူကား (ယင်းတို့မှကင်းကြ၍) လွတ်ငြိမ်းချမ်းသာခွင့်နှင့် ကြီးကျယ်လှစွာသော အကျိုးဆုလာဘ်သည် သူတို့အဖို့သာ ဖြစ်ပေသည်။

စူရာ အာယာသ် 11/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 9–13. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers