ယူစူဖ် · 36/111
ဘာသာပြန် အသံနိုင်ငံ — စူရာ ယူစူဖ်
وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ ۝٣٦
Wa dakhala ma`ahussijna fata yaan; qaala ahaduhumaaa inneee araaneee a`siru khamranw wa qaalal aakharu inneee khubzan taakulut tairu minh; nabbi `naa bitaaweelihee innaa naraaka minal muhsineen
📖 မြန်မာဘာသာ
၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ

  • فَتَيَانِ (ဖသ်ယာန်) — လူငယ်နှစ်ဦး၊ ကျေးကျွန်နှစ်ဦး။ ဤနေရာတွင် ဘုရင်မင်းမြတ်၏ ကျေးကျွန်နှစ်ဦးကို ဆိုလိုသည်။
  • أَعْصِرُ خَمْرًا (အъသိရု ခမ်ရာ) — စပျစ်ရည်ကို ညှစ်ထုတ်သည်ဟု အိပ်မက်မက်ခြင်း။ "ခမ်ရ်" သည် မူလအားဖြင့် စပျစ်သီးကို ဆိုလိုပြီး၊ ညှစ်ထုတ်ပြီးနောက် စပျစ်ရည်ဖြစ်လာသည်။
  • تَأْكُلُ الطَّيْرُ مِنْهُ (တъအ်ကူလုသ်သွိုင်ရု မိန်ဟု) — ငှက်များက ထိုအရာမှ စားကြသည်။
  • تَأْوِيلِهِ (တъအ်ဝီလိဟိ) — ၎င်း၏အနက်အဓိပ္ပာယ်၊ အိပ်မက်၏အဓိပ္ပာယ်ဖွင့်ဆိုချက်။
  • الْمُحْسِنِينَ (အလ်မုဟ်စိနီန်) — ကောင်းမှုပြုသူများ၊ သူတော်ကောင်းများ။

၂။ အာယသ်တော်၏ အနက်အဓိပ္ပာယ်

ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် အကျဉ်းထောင်ထဲသို့ ရောက်သွားသောအခါ ဘုရင်မင်းမြတ်၏ ကျေးကျွန်နှစ်ဦးလည်း သူနှင့်အတူ အကျဉ်းထောင်ထဲသို့ ဝင်ရောက်လာကြသည်။ ထိုနှစ်ဦးအနက် တစ်ဦးက ယူစုဖ်ကို ပြောသည် — "ကျွန်တော် အိပ်မက်မက်သည်မှာ စပျစ်သီးကို ညှစ်ထုတ်နေသည်ကို မြင်ရသည်" ဟု ဆိုသည်။ အခြားတစ်ဦးကလည်း "ကျွန်တော် အိပ်မက်မက်သည်မှာ ခေါင်းပေါ်တွင် မုန့်တင်ထားပြီး ငှက်များက ထိုမုန့်ကို စားနေသည်ကို မြင်ရသည်" ဟု ဆိုသည်။ ထို့နောက် နှစ်ဦးစလုံးက ယူစုဖ်အား "ကျွန်တော်တို့ မြင်ခဲ့သည့် အိပ်မက်များ၏ အနက်အဓိပ္ပာယ်ကို ကျွန်တော်တို့အား ပြောပြပါ။ ကျွန်တော်တို့သည် သင်ကို ကောင်းမှုပြုသူတို့အနက်မှ တစ်ဦးအဖြစ် မြင်ပါသည်" ဟု တောင်းဆိုကြသည်။

ဤတွင် ယူစုဖ် (အလိုင်ဟိစ်စလာမ်) သည် အကျဉ်းထောင်ထဲ၌ပင် အကျဉ်းသားများအား အစ္စလာမ်သာသနာကို ဖိတ်ခေါ်ရန် အခွင့်အလမ်းကောင်း ရရှိခဲ့သည်။ ထိုလူနှစ်ဦးသည် သူ့အား အိပ်မက်အနက်ဖွင့်ဆိုနိုင်စွမ်းရှိသူအဖြစ် သိရှိကြပြီး သူ့ထံ လာရောက်မေးမြန်းခြင်းဖြစ်သည်။ ယူစုဖ်သည် ဤအခွင့်အရေးကို အသုံးချ၍ သူတို့အား အလ္လာဟ်အရှင်မြတ်တစ်ဆူတည်းကိုသာ ကိုးကွယ်ရမည်ဟူသော အခြေခံယုံကြည်မှုကို ရှေးဦးစွာ ရှင်းလင်းပြသခဲ့သည်။ ထို့နောက်မှသာ အိပ်မက်၏အနက်ကို ဖွင့်ဆိုခဲ့သည်။

၃။ ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏သူတော်ကောင်းကျေးကျွန်များကို


📜 အာယာသ် 34-38 — စူရာ ယူစူဖ်

34فَاسْتَجَابَ لَهُ رَبُّهُ فَصَرَفَ عَنْهُ كَيْدَهُنَّ ۚ إِنَّهُ هُوَ السَّمِيعُ الْعَلِيمُ
ထို့နောက် ယင်းယူဆွဖ်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် ၎င်း၏လျှောက်ထား ပန်ကြားချက်ကို သဘောတူလက်ခံတော်မူခဲ့လေသည်။ သို့ဖြစ်ပေရာထိုအရှင်မြတ်သည် ယင်းမိန်းမတို့၏ ပရိယာယ်မာယာကို ထိုယူဆွဖ်ထံမှ ကွေကွင်းစေတော်မူခဲ့လေသည်။ ဧကန်မလွဲ ထိုအရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊အကြွင်းမဲ့သိတော် မူသောအရှင် ဖြစ်တော်မူပေသတည်း။
35ثُمَّ بَدَا لَهُم مِّن بَعْدِ مَا رَأَوُا الْآيَاتِ لَيَسْجُنُنَّهُ حَتَّىٰ حِينٍ
ထို့နောက်တစ်ဖန်၎င်းတို့သည်(အပြစ်တစ်စုံတစ်ရာမရှိကြောင်း)သက်သေခံအထောက်အထားများကိုတွေ့မြင်ကြပြီးနောက် ၎င်းတို့၌ထိုယူဆွဖ်အားကာလအနည်းငယ်မျှအကျဉ်းချထားရန် သင့်တော်၏သည်ဟု အတွေးပေါ်လာခဲ့လေသည်။
36وَدَخَلَ مَعَهُ السِّجْنَ فَتَيَانِ ۖ قَالَ أَحَدُهُمَا إِنِّي أَرَانِي أَعْصِرُ خَمْرًا ۖ وَقَالَ الْآخَرُ إِنِّي أَرَانِي أَحْمِلُ فَوْقَ رَأْسِي خُبْزًا تَأْكُلُ الطَّيْرُ مِنْهُ ۖ نَبِّئْنَا بِتَأْوِيلِهِ ۖ إِنَّا نَرَاكَ مِنَ الْمُحْسِنِينَ
၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ စပျစ်ရည်ညှစ်နေသည်ဟုတွေ့မြင်ကြောင်း ပြောပြ ခဲ့လေသည်။ အခြားတစ်ဦးကမူဧကန်အမှန် ကျွန်ုပ်သည် မိမိကိုယ်ကို(အိပ်မက်တွင် တွေ့မြင်ခဲ့သည်မှာ) ကျွန်ုပ်သည် မိမိဦးခေါင်းထက်ဝယ် မုန့်(ဗျပ်)ကိုရွက်လျက်ရှိပေရာ ငှက်များသည် ထို့မုန့်များမှ(မိမိတို့၏နှုတ်သီးများဖြင့်ထိုး၍) စားနေကြသည်ကို တွေ့မြင်ကြောင်း၊ အသင်သည်(ထိုအိပ်မက်)၏ဒိဗ်ဓုမ်ကို ကျွန်ုပ်တို့အားကြားသိစေပါလေ၊ ဧကန်မလွဲ ကျွန်ုပ်တို့သည် အသင့်အား သူတော်စင်တစ်ဦးဖြစ်ကြောင်း တွေ့မြင်ကြပါသည်ဟု ပြာဆိုခဲ့ကြလေသတည်း။
37قَالَ لَا يَأْتِيكُمَا طَعَامٌ تُرْزَقَانِهِ إِلَّا نَبَّأْتُكُمَا بِتَأْوِيلِهِ قَبْلَ أَن يَأْتِيَكُمَا ۚ ذَٰلِكُمَا مِمَّا عَلَّمَنِي رَبِّي ۚ إِنِّي تَرَكْتُ مِلَّةَ قَوْمٍ لَّا يُؤْمِنُونَ بِاللَّهِ وَهُم بِالْآخِرَةِ هُمْ كَافِرُونَ
(ထိုအခါ)ယူဆွဖ်က (ဤသို့)ပြောကြားခဲ့လေသည်။ အသင်တို့နှစ်ဦး ကျွေးမွေးခြင်းခံကြရသော အစာအာဟာရသည် အသင်တို့နှစ်ဦးထံ ရောက်မလာမီပင် ကျွန်ုပ်သည်အသင်တို့အား ယင်းအိပ်မက်ကို ကြားသိစေလေ့ရှိပါမည်။ ဤကား ကျွန်ုပ်အား ကျွန်ုပ်၏အရှင်မြတ်က သင်ကြားတော်မူခဲ့သော ပညာများအနက်မှ ဖြစ်ပေသည်။ အမှန်စင်စစ် ကျွန်ုပ်သည် (ယခင်မူလကပင်) အကြင်သူတို့၏သာသနာကို စွန့်ထားခဲ့ပြီးဖြစ်ပေမည်။ ၎င်းတို့သည် အလ္လာဟ်အသျှင်မြတ်အားလည်းသက်ဝင်ယုံကြည်ကြသည် မဟုတ်ပေ။ ထို့ပြင် ၎င်းတို့သည်နောင်တမလွန်ဘဝကိုလည်း မယုံကြည်သွေဖည် ငြင်းပယ်သူများပင် ဖြစ်ကြကုန်သတည်း။
38وَاتَّبَعْتُ مِلَّةَ آبَائِي إِبْرَاهِيمَ وَإِسْحَاقَ وَيَعْقُوبَ ۚ مَا كَانَ لَنَا أَن نُّشْرِكَ بِاللَّهِ مِن شَيْءٍ ۚ ذَٰلِكَ مِن فَضْلِ اللَّهِ عَلَيْنَا وَعَلَى النَّاسِ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَشْكُرُونَ
၎င်းပြင် ကျွန်ုပ်သည် မိမိဘေးတော်၊ ဘိုးတော်နှင့်ခမည်းတော်များ ဖြစ်ကြကုန်သော (နဗီတမန်တော်) အစ်ဗ်ရာဟီမ်၊ (နဗီတမန်တော်) အစ္စဟာက်၊ နဗီတမန်တော် ယအ်ကူဗ်တို့၏ သာသနာကိုပင် လိုက်နာခဲ့ပေသည်။ ကျွန်ုပ်တို့အဖို့မည်သည့် တစ်စုံတစ်ရာကိုမျှ အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ် (ကိုးကွယ်)ရန် (လုံးဝ)မထိုက်ပေ။ ဤ(သည့်အယူဝါဒ)သည်ကား ကျွန်ုပ်တို့အပေါ်၌လည်းကောင်း၊ လူခပ်သိမ်းတို့အပေါ် ၌လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်၏(ကြီးမားလှစွာသော) ကျေးဇူးတော် တစ်ရပ်ပင် ဖြစ်ချေသည်။ သို့ရာတွင်လူသားအနက် အများစုမှာမူ(ဤမျှကြီးမားလှသော) ကျေးဇူးတော်ကိုပင် မသိတတ်ကြပေတကား။
ယူစူဖ်ကုရ်အာန် ညွှန်းကိန်း
111အာယာသ်
MeccanRevelation
36အာယာသ်

ဘာသာပြန် — ယူစူဖ် 36

စူရာ ယူစူဖ် အာယာသ် 36 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုယူဆွဖ်နှင့်အတူ လုလင်နှစ်ဦးသည်လည်း အကျဉ်းထောင်ထဲသို့ ဝင်ရောက်ခဲ့ကြလေသည်။ ထိုလုလင်နှစ်ဦးအနက်မှ တစ်ဦးက(ယူဆွဖ်အား)ဧကန်စင်စစ် ကျွန်ုပ်သည် (အိပ်မက်တွင်)မိမိကိုယ်ကို မိမိ…

စူရာ အာယာသ် 36/111 — စူရာ ယူစူဖ် يوسف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ယူစူဖ် နားထောင်, စူရာ ယူစူဖ် ဘာသာပြန်, စူရာ ယူစူဖ် mp3, စူရာ ယူစူဖ် pdf. အာယာသ် 34–38. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Saturday, October 3, 2026

Don't forget us in your sincere prayers