အရ်-ရာအ်ဒ် · 37/43
ဘာသာပြန် အသံနိုင်ငံ — စူရာ အရ်-ရာအ်ဒ်
وَكَذَٰلِكَ أَنزَلْنَاهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُم بَعْدَمَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِن وَلِيٍّ وَلَا وَاقٍ ۝٣٧
Wa kazaalika anzalnaahu hukman `Arabiyyaa; wa la`init taba`ta ahwaaa `ahum ba`da maa jaaa`aka minal `ilmi maa laka minal laahi minw waliyinw wa laa waaq
📖 မြန်မာဘာသာ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည် မိမိထံသို့ (မှန်ကန်တိကျသော) အသိပညာရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့၏ အလိုဆန္ဒများကို လိုက်နာခဲ့ပါမူ အသင့်အား အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ ကူညီစောင်မမည့် အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မည့်သူဟူ၍လည်းကောင်း၊တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ဖွင့်ဆိုချက်များ
  • حُكْمًا عَرَبِيًّا (ဟုက်မန် အရဗီယျန်): အာရဗီဘာသာဖြင့် ထုတ်ဖော်ထားသော တရားစီရင်ချက်၊ ပညတ်တော်။
  • أَهْوَاءَهُم (အဟ်ဝါအနှုမ်): သူတို့၏ စိတ်အလိုဆန္ဒများ၊ လိုအင်ဆန္ဒများ။
  • وَلِيٍّ (ဝလီယျ်): ကူညီစောင့်ရှောက်သူ၊ အုပ်ထိန်းသူ။
  • وَاقٍ (ဝါကိျ): ကာကွယ်သူ၊ တားဆီးသူ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤကုရ်အာန်ကျမ်းတော်မြတ်ကို အာရဗီဘာသာဖြင့် တရားစီရင်ချက်၊ ပညတ်တော်အဖြစ် ငါအရှင်မြတ် ချပေးတော်မူခဲ့သည်။ ရှေးတမန်တော်များထံ သူတို့၏ဘာသာစကားဖြင့် ကျမ်းများကို ချပေးသကဲ့သို့ပင်၊ အို တမန်တော်မုဟမ္မဒ်၊ သင့်ထံသို့လည်း အာရဗီဘာသာဖြင့် ဤကုရ်အာန်ကို ချပေးတော်မူခဲ့သည်။ သင်သည် ထိုကျမ်းတော်ဖြင့် စီရင်ဆုံးဖြတ်ရန် ဖြစ်သည်။ အကယ်၍ သင်သည် အလ္လာဟ်အရှင်မြတ်ထံမှ ပညာဉာဏ်တော် ရောက်ရှိလာပြီးနောက်တွင်ပင် မုရှ်ရိက်များ၏ စိတ်အလိုဆန္ဒများနောက်သို့ လိုက်ခဲ့မည်ဆိုပါက၊ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်တော်မှ သင့်ကို ကူညီစောင့်ရှောက်မည့်သူ၊ ကာကွယ်တားဆီးမည့်သူ မည်သူမျှ ရှိမည်မဟုတ်ပေ။

ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ် (ဆွ) ထံသို့ မိန့်ကြားတော်မူခြင်းဖြစ်ပြီး၊ ကြားနာသူများအားလုံးကို ဒီန် (သာသနာ) ကို မြဲမြံစွာ လက်ကိုင်ထားရန် တိုက်တွန်းနှိုးဆော်ခြင်းလည်း ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ကုရ်အာန်ကို အာရဗီဘာသာဖြင့် ချပေးတော်မူခဲ့သည်မှာ လူသားများ နားလည်လွယ်ကူစေရန်၊ ထိုကျမ်းတော်ကို အခြေခံပြီး တရားမှတ်ခြင်း၊ စီရင်ဆုံးဖြတ်ခြင်းများ ပြုလုပ်နိုင်စေရန် ဖြစ်သည်။ သို့သော် အကယ်၍ ပညာဉာဏ်တော် ရောက်ရှိပြီးနောက်တွင်ပင် လူတို့၏ စိတ်အလိုဆန္ဒများနောက်သို့ လိုက်ခဲ့မည်ဆိုပါက၊ မည်သည့်အကာအကွယ်မှ ရရှိမည်မဟုတ်ကြောင်း သတိပေးတော်မူခဲ့သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • ကုရ်အာန်ကျမ်းတော်မြတ်သည် အလ္လာဟ်အရှင်မြတ်ထံမှ ချပေးတော်မူသော တရားစီရင်ချက်၊ ပညတ်တော်ဖြစ်ကြောင်း သိရှိရသည်။
  • ကုရ်အာန်ကို အာရဗီဘာသာဖြင့် ချပေးတော်မူခြင်းသည် လူသားများ နားလည်လွယ်ကူစ


📜 အာယာသ် 35-39 — စူရာ အရ်-ရာအ်ဒ်

35۞ مَّثَلُ الْجَنَّةِ الَّتِي وُعِدَ الْمُتَّقُونَ ۖ تَجْرِي مِن تَحْتِهَا الْأَنْهَارُ ۖ أُكُلُهَا دَائِمٌ وَظِلُّهَا ۚ تِلْكَ عُقْبَى الَّذِينَ اتَّقَوا ۖ وَّعُقْبَى الْكَافِرِينَ النَّارُ
ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့က ကတိပေးခြင်းခံကြရသော ဂျန္နတ် အမတသုခဘုံ၏အခြေအနေကား ယင်းဂျန္နတ်အမတ သုခဘုံ၏အောက်၌စမ်းရေချောင်းများသည် စီးတွေလျက်ရှိပေမည်။ ယင်းဂျန္နတ်၏သစ်သီးဝလံများ သည်လည်းကောင်း၊ ယင်းဂျန္နတ်၏ အရိပ်ဆာယာသည် လည်းကောင်း၊ ထာဝရတည်သော သစ်သီးဝလံများ၊အရိပ်ဆာယာများပင်ဖြစ်ချေမည်။ ဤသည်ကား ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြကုန်သော သူမွန်သူမြတ်တို့၏ အကျိုးတည်း။ သို့ရာတွင် ကာဖိရ် မယုံမကြည် သွေဖည် ငြင်းပယ်ကုန်သောသူတို့၏ အကျိုးမှာကား ငရဲမီးပင် ဖြစ်အံ့သတည်း။
36وَالَّذِينَ آتَيْنَاهُمُ الْكِتَابَ يَفْرَحُونَ بِمَا أُنزِلَ إِلَيْكَ ۖ وَمِنَ الْأَحْزَابِ مَن يُنكِرُ بَعْضَهُ ۚ قُلْ إِنَّمَا أُمِرْتُ أَنْ أَعْبُدَ اللَّهَ وَلَا أُشْرِكَ بِهِ ۚ إِلَيْهِ أَدْعُو وَإِلَيْهِ مَآبِ
အမှန်သော်ကား ငါအရှင်မြတ်က ဒေသနာတော်ကျမ်းမြတ်ကို ချီးမြှင့်ပေးသနားတော်မူသော သူတို့သည်အသင့်ထံသို့ ကျရောက်လာသော ကျမ်းမြတ်ဒေသနာတော်ကြောင့် ရွှင်မြူးလျက်ရှိကြကုန်၏။ သို့ရာတွင် ယင်းအုပ်စုထဲ၌ပင် ယင်းကျမ်းမြတ်ဒေသနာတော်၏ အချို့အစိတ်အပိုင်းကိုငြင်းပယ်သောသူများလည်း ရှိကုန်၏။(သို့ဖြစ်ပေရာ) အသင်သည် (၎င်းတို့အားဤသို့)ပြောကြားပါလေ။ (အချင်းတို့၊ အမှန်စင်စစ် မှာမူကား)ငါသည် အလ္လာဟ်အရှင်မြတ်ကိုသာလျှင် ခဝပ်ကိုးကွယ်ရန်နှင့်မည်သည့် တစ်စုံတစ်ရာကိုမျှ ထိုအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ခြင်း မပြုရန်လည်းကောင်း အမိန့်ပေးတော်မူခြင်းကိုသာ ခံခဲ့ရလေသည်။ ငါသည် ထိုအရှင်မြတ်ဘက်သို့သာလျှင်(အသင်တို့အား) ဖိတ်ခေါ်လျက်ရှိပေသည်။ ၎င်းပြင် ငါသည်ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်လည်၍ သွားရမည်ဖြစ်ချေသတည်း။
37وَكَذَٰلِكَ أَنزَلْنَاهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُم بَعْدَمَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِن وَلِيٍّ وَلَا وَاقٍ
စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည် မိမိထံသို့ (မှန်ကန်တိကျသော) အသိပညာရောက်ရှိလာခဲ့ပြီးနောက် ၎င်းတို့၏ အလိုဆန္ဒများကို လိုက်နာခဲ့ပါမူ အသင့်အား အလ္လာဟ်အရှင်မြတ်နှင့်ပြိုင်ဆိုင်၍ ကူညီစောင်မမည့် အဆွေခင်ပွန်းဟူ၍လည်းကောင်း၊ ကာကွယ်စောင့်ရှောက်မည့်သူဟူ၍လည်းကောင်း၊တစ်ဦးတစ်ယောက်မျှပင် ရှိလိမ့်မည်မဟုတ်ပေ။
38وَلَقَدْ أَرْسَلْنَا رُسُلًا مِّن قَبْلِكَ وَجَعَلْنَا لَهُمْ أَزْوَاجًا وَذُرِّيَّةً ۚ وَمَا كَانَ لِرَسُولٍ أَن يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۗ لِكُلِّ أَجَلٍ كِتَابٌ
၎င်းပြင် မချွတ်ဧကန် ငါအရှင်မြတ်သည်အသင်၏အလျင် ရစူလ်တမန်တော်များကို စေလွှတ် တော်မူခဲ့လေသည်။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုရစူလ်တမန်တော်များအဖို့ ဇနီးကြင်ရာများကိုလည်းကောင်း၊ သားသမီးများကိုလည်းကောင်း စီမံပြုလုပ်၍ ပေးတော်မူခဲ့လေသည်။ စင်စစ်သော်ကား မည်သည့် ရစူလ်တမန်တော်တစ်ပါး၌မျှ အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်မရှိဘဲလျက် အာယတ်တော် (သက်သေလက္ခဏာ) တစ်စုံတစ်ရာကို ယူဆောင်လာရန် အခွင့်အာဏာမရှိချေ။ ခေတ်ကာလ အပိုင်းအခြားတိုင်းအဖို့ ကျမ်းဂန်တစ်စောင်သည် ရှိချေသတည်း။ (ခေတ်တိုင်းအဖို့ သီးသန့်အမိန့်တော်များရှိသည်)။
39يَمْحُو اللَّهُ مَا يَشَاءُ وَيُثْبِتُ ۖ وَعِندَهُ أُمُّ الْكِتَابِ
အလ္လာဟ်အရှင်မြတ်သည် မိမိအလိုရှိတော်မူသောအရာကို ဖျောက်ဖျက်တော်မူလေသည်။ ထိုနည်းတူစွာထိုအရှင်မြတ်သည် (မိမိအလိုရှိတော်မူသောအရာကို) တည်တန့်စေတော်မူလေသည်။ စင်စစ်မူရင်း (မှတ်တမ်း)စာအုပ်မှာမူကား ထိုအရှင် မြတ်အထံတော်၌သာလျှင် ရှိပေသတည်း။
အရ်-ရာအ်ဒ်ကုရ်အာန် ညွှန်းကိန်း
43အာယာသ်
MedinanRevelation
37အာယာသ်

ဘာသာပြန် — အရ်-ရာအ်ဒ် 37

စူရာ အရ်-ရာအ်ဒ် အာယာသ် 37 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား ဤနည်းအတိုင်းပင် ငါအရှင်မြတ်သည် ယင်းကျမ်းမြတ်ဒေသနာတော်ကို ထင်ရှားပြတ်သားသော(တစ်နည်း)အရဗီဘာသာဖြင့်အမိန့်တော်(စီရင်ဆုံးဖြတ်ချက်) တစ်ရပ်အဖြစ် ထုတ်ပြန်တော်မူခဲ့လေသည်။ သို့ရာတွင်မူကား အကယ်၍ အသင်သည်…

စူရာ အာယာသ် 37/43 — စူရာ အရ်-ရာအ်ဒ် الرعد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အရ်-ရာအ်ဒ် နားထောင်, စူရာ အရ်-ရာအ်ဒ် ဘာသာပြန်, စူရာ အရ်-ရာအ်ဒ် mp3, စူရာ အရ်-ရာအ်ဒ် pdf. အာယာသ် 35–39. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers