အလ်-ဗကရ · 111/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
وَقَالُوا لَن يَدْخُلَ الْجَنَّةَ إِلَّا مَن كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِن كُنتُمْ صَادِقِينَ ۝١١١
Wa qaaloo lai yadkhulal jannata illaa man kaana Hoodan aw Nasaaraa; tilka ammniyyuhum; qul haatoo burhaa nakum in kuntum saadiqeen
📖 မြန်မာဘာသာ
ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အခါမျှ ဝင်ရောက်နိုင်�ည် မဟုတ်ချေ။ ထိုပြောဆိုချက်များသည်ကား ယင်းသူတို့၏ (စိတ်ကူးအလျောက် အချည်းနှီးသော) တပ်မက်မောခြင်း မျှသာဖြစ်သည်။ အို-နဗီ တမန်တော်မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ အကယ်စင်စစ် အသင်တို့သည်၊(ဤအကြောင်းများနှင့် စပ်လျဉ်း၍) ဟုတ်မှန်ရာကို ပြောဆိုကြသူများသာ ဖြစ်ကြလျှင် မိမိတို့၏ အခိုင်လုံ ဆုံးသော သက်သေခံသာဓက အထောက်အထားများ ဆောင်ယူ(တင်ပြ) ကြကုန်လော့ဟု ပြောဆိုပါလေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 109-113 — စူရာ အလ်-ဗကရ

109وَدَّ كَثِيرٌ مِّنْ أَهْلِ الْكِتَابِ لَوْ يَرُدُّونَكُم مِّن بَعْدِ إِيمَانِكُمْ كُفَّارًا حَسَدًا مِّنْ عِندِ أَنفُسِهِم مِّن بَعْدِ مَا تَبَيَّنَ لَهُمُ الْحَقُّ ۖ فَاعْفُوا وَاصْفَحُوا حَتَّىٰ يَأْتِيَ اللَّهُ بِأَمْرِهِ ۗ إِنَّ اللَّهَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
စင်စစ်မှာမူကား ကျမ်းဂန် ရရှိကြကုန်သော(ယဟူဒီဘာသာဝင်များ) အနက်မ ှမြောက်မြားစွာသော သူတို့သည်၊ ထင်ရှားခဲ့ပြီး အမှန်သည် ယင်းသူတို့အဘို့ နောက်သော်မှပင် မိမိတို့စိတ်တွင်း၌ ထားရှိကြကုန်သော မနာလို ဝန်တို ငြူစူခြင်း သဘောများကြောင့် အသင်တို့အား ‘မုစ်လင်မ်’ဘဝမှတဖန် ကာဖိရ်ဘဝသို့ ပြန်လည် ပို့ဆောင်လိုကြသည်။ သို့ဖြစ်ငြားသော် လည်း၊ အလ္လာဟ် အရှင်မြတ်အထံတော်မှ အမိန့်တော် ကျရောက်လာသည့်တိုင်အောင် အသင်တို့သည်၊ ခန္တီ တရားကို အမြဲထား၍ ယင်းသူတို့အား လျစ်လျူရှုကာ ခွင့်လွှတ်နေကြကုန်။ ဧကန်မုချ အလ္လာဟ် အရှင်မြတ် သည် အရာခပ်သိမ်းတို့ အပေါ်ဝယ် စွမ်းဆောင် နိုင်တော်မူသော အနန္တတန်ခိုးတော်ရှင်တည်း။
110وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنفُسِكُم مِّنْ خَيْرٍ تَجِدُوهُ عِندَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
111وَقَالُوا لَن يَدْخُلَ الْجَنَّةَ إِلَّا مَن كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِن كُنتُمْ صَادِقِينَ
ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အခါမျှ ဝင်ရောက်နိုင်�ည် မဟုတ်ချေ။ ထိုပြောဆိုချက်များသည်ကား ယင်းသူတို့၏ (စိတ်ကူးအလျောက် အချည်းနှီးသော) တပ်မက်မောခြင်း မျှသာဖြစ်သည်။ အို-နဗီ တမန်တော်မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ အကယ်စင်စစ် အသင်တို့သည်၊(ဤအကြောင်းများနှင့် စပ်လျဉ်း၍) ဟုတ်မှန်ရာကို ပြောဆိုကြသူများသာ ဖြစ်ကြလျှင် မိမိတို့၏ အခိုင်လုံ ဆုံးသော သက်သေခံသာဓက အထောက်အထားများ ဆောင်ယူ(တင်ပြ) ကြကုန်လော့ဟု ပြောဆိုပါလေ။
112بَلَىٰ مَنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ فَلَهُ أَجْرُهُ عِندَ رَبِّهِ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ထို(ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်တို့ပြောဆို ကြသောစကားသည်၊ အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကို အလ္လာဟ် အရှင်မြတ်အား လုံးဝ အပ်နှင်းပြီး (ခယရိုကျိုးရှိခိုး၍) ကောင်းမှုကုသိုလ် များကို ပွားများခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အသျှင့်အထံတော်၌ အကျိုးကျေးဇူးများ ကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြ ပူဆွေးကြရမည်လည်း မဟုတ်ချေ။
113وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ယဟူဒီတို့က ခရစ်ယာန်တို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ တည်ရှိနေကြသည်မဟုတ် ဟူ၍လည်းကောင်း၊ ထိုနည်းတူစွာ ခရစ်ယာန်တို့ကလည်း ယဟူဒီဘာသာဝင် တို့သည် မည်သည့် အခြေခံတရား ပေါ်၌မျှ တည်ရှိနေကြသည် မဟုတ်ဟူ၍လည်ကောင်း၊ (တစ်စုကိုတစ်စုပုတ်ခတ်) ပြောဆိုကြကုန်၏။ စင်စစ် တမူကား ယင်းသူတို့နှစ်စု စလုံးသည် (အလ္လာဟ် အရှင်မြတ်အထံတော်မှ ထုတ်ပြန်ပို့ချသော တဆူ တည်းသော) ကျမ်းဂန်ကိုပင် ရွတ်ဖတ်သရဇ္ဈာယ် လျက်ရှိကြကုန်၏။ ဤကဲ့သို့ ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပြောဆိုကြသကဲ့သို့ပင် သာသနာရေး၌ တတ်သိလိမ္မာခြင်းမရှိသော ပညာမဲ့သူတို့ ကလည်း(အစ္စလာမ်သာသနာသည် အခြေအမြစ်မရှိသော သာသနာဖြစ်သည်ဟူ၍) ပြောဆိုကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့၌ ယင်းသူတို့ ငြင်းခုံလျက်ရှိသော ပြဿနာရပ် အကြောင်းခြင်းရာ များကို (မျက်ဝါးထင်ထင် ပေါ်လွင်ထင်ရှားစွာ) စီရင် ဆုံးဖြတ် အမိန့်ချမှတ်တော်မူအံ့။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
111အာယာသ်

ဘာသာပြန် — အလ်-ဗကရ 111

စူရာ အလ်-ဗကရ အာယာသ် 111 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ…

စူရာ အာယာသ် 111/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 109–113. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers