အလ်-ဗကရ · 112/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
بَلَىٰ مَنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ فَلَهُ أَجْرُهُ عِندَ رَبِّهِ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ ۝١١٢
Balaa man aslama wajhahoo lillaahi wa huwa muhsinun falahooo ajruhoo `inda rabbihee wa laa khawfun `alaihim wa laa hum yahzanoon
📖 မြန်မာဘာသာ
ထို(ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်တို့ပြောဆို ကြသောစကားသည်၊ အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကို အလ္လာဟ် အရှင်မြတ်အား လုံးဝ အပ်နှင်းပြီး (ခယရိုကျိုးရှိခိုး၍) ကောင်းမှုကုသိုလ် များကို ပွားများခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အသျှင့်အထံတော်၌ အကျိုးကျေးဇူးများ ကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြ ပူဆွေးကြရမည်လည်း မဟုတ်ချေ။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မသဒ္ဒါအနက်ဖွင့်ဆိုချက်များ
  • بَلَىٰ (ဗလာ) — “အဘယ်ကြောင့်ဆိုသော် မဟုတ်ပါ၊ အမှန်မှာ” ဟု ယူဆရသော အနက်ဖြစ်ပြီး ရှေးစကားကို ပြန်လည်ချေပသည့် စကားလုံးဖြစ်သည်။
  • أَسْلَمَ وَجْهَهُ لِلَّهِ (အစ်လမ ဝဂျ်ဟဟု လိလ္လာဟ်) — မိမိကိုယ်ကို အလ္လာဟ်အရှင်မြတ်ထံ အပ်နှံခြင်း၊ စိတ်နှလုံးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက် သီးသန့်ထားရှိခြင်း။
  • مُحْسِنٌ (မုဟ်စိန်) — ကောင်းမှုပြုသူ၊ အရည်အသွေးမြင့်မားစွာ ကိုးကွယ်သူ။
  • أَجْرُهُ (အဂျ်ရုဟု) — သူ၏အကျိုးအမြတ်၊ ဆုလာဘ်။
  • خَوْفٌ (ခါဖွန်) — ကြောက်ရွံ့မှု။
  • يَحْزَنُونَ (ယဟ်ဇနူန) — စိတ်မကောင်းဖြစ်ခြင်း၊ ဝမ်းနည်းခြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် ဂျန္နသ်နိဗ္ဗာန်ဘုံသည် လူမျိုးတစ်မျိုး သို့မဟုတ် အုပ်စုတစ်စုအတွက်သာ သီးသန့်ဖြစ်သည်ဟူသော ယုံကြည်ချက်ကို ပယ်ရှားပေးသည်။ အမှန်မှာ မည်သူမဆို မိမိ၏စိတ်နှလုံးကို အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းအတွက် သီးသန့်အပ်နှံပြီး၊ ကိုးကွယ်မှုတွင် အရည်အသွေးမြင့်မားစွာ ပြုကျင့်သူဖြစ်ပါက — မည်သည့်လူမျိုး၊ မည်သည့်အုပ်စုမှဖြစ်ပါစေ — ဂျန္နသ်နိဗ္ဗာန်ဘုံသို့ ဝင်ရောက်ခွင့်ရှိသည်။ ထိုသူအတွက် သူ၏အရှင်သခင်ထံတော်၌ ဆုလာဘ်အကျိုးအမြတ်ရှိသည်။ နောင်တမလွန်ဘဝတွင် သူတို့အပေါ် မည်သည့်ကြောက်ရွံ့မှုမျှ ရှိမည်မဟုတ်သလို၊ လောကီဘဝတွင် လွတ်သွားခဲ့သည့်အရာများအတွက်လည်း ဝမ်းနည်းကြေကွဲမှု ရှိမည်မဟုတ်ပေ။

သို့သော် ဤဂုဏ်ရည်လက္ခဏာများသည် တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ်) ပွင့်တော်မူပြီးနောက်ပိုင်းတွင် မွတ်စ်လင်မ်များ၌သာ အမှန်တကယ်ပြည့်စုံနိုင်သည်။ အကြောင်းမှာ တမန်တော်မုဟမ္မဒ် (ဆွ) ကို လိုက်နာခြင်းသည် အလ္လာဟ်အရှင်မြတ်ထံ အပ်နှံခြင်း၏ အဓိကအစိတ်အပိုင်းဖြစ်သောကြောင့်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ
  • အစ္စလာမ်ဘာသာသည် လူမျိုးရေး၊ ဘာသာစကား၊ နိုင်ငံသားအဖြစ် ခွဲခြားမှုမရှိဘဲ လူသားအားလုံးအတွက် ဖွင့်လှစ်ထားသော ဘာသာဖြစ်သည်


📜 အာယာသ် 110-114 — စူရာ အလ်-ဗကရ

110وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ۚ وَمَا تُقَدِّمُوا لِأَنفُسِكُم مِّنْ خَيْرٍ تَجِدُوهُ عِندَ اللَّهِ ۗ إِنَّ اللَّهَ بِمَا تَعْمَلُونَ بَصِيرٌ
ထိုမှတပါး အသင်တို့သည် ဆွလာတ် ဝတ်ပြုခြင်းကို အမြဲတစေ ဆောက်တည်ကြလေကုန်၊ ၎င်းပြင်အသင်တို့သည် ဇကာတ် တရားဝင်ဒါန ကြေးများကို ပေးဆောင်ကြလေကုန်။ ထို့ပြင်တဝ အသင်တို့သည် မည်သည် ကောင်းမှုကုသိုလ်ကိုမဆို မိမိတို့အဘို့အရာ ရှေ့သို့ တင်ကြိုပို့ထားနှင့်ကြပါမူ အလ္လာဟ်အရှင်မြတ် အထံတော်မှ ယင်းကောင်းမှု(၏ ကုသိုလ်အကျိုး) ကို အသင်တို့ရရှိကြအံ့၊ မုချအမှန် အလ္လာဟ် အရှင်မြတ်သည် အသင်တို့ပြုမူကြ ကုန်သောအရာခပ်သိမ်းတို့ကို အကြွင်းမရှိ သိမြင်တော်မူသောအရှင် ဖြစ်တော်မူ၏။
111وَقَالُوا لَن يَدْخُلَ الْجَنَّةَ إِلَّا مَن كَانَ هُودًا أَوْ نَصَارَىٰ ۗ تِلْكَ أَمَانِيُّهُمْ ۗ قُلْ هَاتُوا بُرْهَانَكُمْ إِن كُنتُمْ صَادِقِينَ
ထို့ပြင်တဝ ယင်းသူတို့က ပြောဆိုကြသည်မှာ၊ ဂျန္နတ် အမတသုခဘုံတွင်းသို့ ယဟူဒီဘာသာဝင် သို့မဟုတ်ခရစ် ယာန်ဘာသာဝင်တို့မှအပ (အခြား) မည်သူတစ်ဦးတစ်ယောက်မျှ မည်သည့်အခါမျှ ဝင်ရောက်နိုင်�ည် မဟုတ်ချေ။ ထိုပြောဆိုချက်များသည်ကား ယင်းသူတို့၏ (စိတ်ကူးအလျောက် အချည်းနှီးသော) တပ်မက်မောခြင်း မျှသာဖြစ်သည်။ အို-နဗီ တမန်တော်မုဟမ္မဒ်(ဆွ) အသင်သည် ယင်းသူတို့အား ဟယ်-အချင်းတို့၊ အကယ်စင်စစ် အသင်တို့သည်၊(ဤအကြောင်းများနှင့် စပ်လျဉ်း၍) ဟုတ်မှန်ရာကို ပြောဆိုကြသူများသာ ဖြစ်ကြလျှင် မိမိတို့၏ အခိုင်လုံ ဆုံးသော သက်သေခံသာဓက အထောက်အထားများ ဆောင်ယူ(တင်ပြ) ကြကုန်လော့ဟု ပြောဆိုပါလေ။
112بَلَىٰ مَنْ أَسْلَمَ وَجْهَهُ لِلَّهِ وَهُوَ مُحْسِنٌ فَلَهُ أَجْرُهُ عِندَ رَبِّهِ وَلَا خَوْفٌ عَلَيْهِمْ وَلَا هُمْ يَحْزَنُونَ
ထို(ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်တို့ပြောဆို ကြသောစကားသည်၊ အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကို အလ္လာဟ် အရှင်မြတ်အား လုံးဝ အပ်နှင်းပြီး (ခယရိုကျိုးရှိခိုး၍) ကောင်းမှုကုသိုလ် များကို ပွားများခဲ့ပါလျှင် ထိုကဲ့သို့သော သူတို့သည် မိမိတို့၏ အသျှင့်အထံတော်၌ အကျိုးကျေးဇူးများ ကို မုချရရှိ၍ စိုးရိမ်ကြောင့်ကြ ပူဆွေးကြရမည်လည်း မဟုတ်ချေ။
113وَقَالَتِ الْيَهُودُ لَيْسَتِ النَّصَارَىٰ عَلَىٰ شَيْءٍ وَقَالَتِ النَّصَارَىٰ لَيْسَتِ الْيَهُودُ عَلَىٰ شَيْءٍ وَهُمْ يَتْلُونَ الْكِتَابَ ۗ كَذَٰلِكَ قَالَ الَّذِينَ لَا يَعْلَمُونَ مِثْلَ قَوْلِهِمْ ۚ فَاللَّهُ يَحْكُمُ بَيْنَهُمْ يَوْمَ الْقِيَامَةِ فِيمَا كَانُوا فِيهِ يَخْتَلِفُونَ
ယဟူဒီတို့က ခရစ်ယာန်တို့သည် မည်သည့် အခြေခံတရားပေါ်၌မျှ တည်ရှိနေကြသည်မဟုတ် ဟူ၍လည်းကောင်း၊ ထိုနည်းတူစွာ ခရစ်ယာန်တို့ကလည်း ယဟူဒီဘာသာဝင် တို့သည် မည်သည့် အခြေခံတရား ပေါ်၌မျှ တည်ရှိနေကြသည် မဟုတ်ဟူ၍လည်ကောင်း၊ (တစ်စုကိုတစ်စုပုတ်ခတ်) ပြောဆိုကြကုန်၏။ စင်စစ် တမူကား ယင်းသူတို့နှစ်စု စလုံးသည် (အလ္လာဟ် အရှင်မြတ်အထံတော်မှ ထုတ်ပြန်ပို့ချသော တဆူ တည်းသော) ကျမ်းဂန်ကိုပင် ရွတ်ဖတ်သရဇ္ဈာယ် လျက်ရှိကြကုန်၏။ ဤကဲ့သို့ ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်ဘာသာဝင်များ ပြောဆိုကြသကဲ့သို့ပင် သာသနာရေး၌ တတ်သိလိမ္မာခြင်းမရှိသော ပညာမဲ့သူတို့ ကလည်း(အစ္စလာမ်သာသနာသည် အခြေအမြစ်မရှိသော သာသနာဖြစ်သည်ဟူ၍) ပြောဆိုကြလေသည်။ သို့ဖြစ်ရာ အလ္လာဟ် အရှင်မြတ်သည် ရှင်ပြန်ထမည့်နေ့၌ ယင်းသူတို့ ငြင်းခုံလျက်ရှိသော ပြဿနာရပ် အကြောင်းခြင်းရာ များကို (မျက်ဝါးထင်ထင် ပေါ်လွင်ထင်ရှားစွာ) စီရင် ဆုံးဖြတ် အမိန့်ချမှတ်တော်မူအံ့။
114وَمَنْ أَظْلَمُ مِمَّن مَّنَعَ مَسَاجِدَ اللَّهِ أَن يُذْكَرَ فِيهَا اسْمُهُ وَسَعَىٰ فِي خَرَابِهَا ۚ أُولَٰئِكَ مَا كَانَ لَهُمْ أَن يَدْخُلُوهَا إِلَّا خَائِفِينَ ۚ لَهُمْ فِي الدُّنْيَا خِزْيٌ وَلَهُمْ فِي الْآخِرَةِ عَذَابٌ عَظِيمٌ
ထို့ပြင်တဝ အလ္လာဟ် အရှင်မြတ်၏ ဗလီကျောင်းတော်များ၌ ထိုအရှင်မြတ်၏နာမံတော်ကို ထုတ်ဖော်တသ စီးဖြန်းသရဇ္ဈာယ်ခြင်း၊ ဂုဏ်တော် ချီးမွမ်းခြင်းကို တားဆီးပိတ်ပင် ကန့်ကွက်ကြရုံမျှမက ထိုဗလီကျောင်းတော်များ၏ ပျက်စီးရာပျက်စီးကြောင်းကိုလည်း ကြိုးပမ်းအားထုတ် ကြကုန်သော သူတို့ထက် သာလွန်ဆိုးယုတ်သောသူသည် အဘယ်မှာလျှင် ရှိနိုင်ပါဦးအံ့နည်း၊ (ဗလီကျောင်းတော်များကို ဖျက်ဆီးဘို့ရာဝေးစွ၊) ထိုသူတို့ ကိုယ်တိုင်ပင်လျှင်အလ္လာဟ် အရှင်မြတ်အား ကြောက်ရွံ့ ရိုသေသောစိတ်ဖြင့် ထိုဗလီကျောင်းတော် များတွင်းသို့ ဝင်ရောက်ရာ၏။ ထိုကဲ့သို့ဖျက်ဆီးရန် ကြိုးပမ်းခဲ့ကြသော သူတို့၏အဖို့ရာကား ဤဘဝ၌ပင် ဂုဏ်အသရေဆုတ်ယုတ် ခြင်းဖြစ်သည့်ပြင် နောင်တမလွန်ဘဝ၌လည်း ထိုသူတို့အဘို့ ကြီးလေးသော အပြစ်ဒဏ်(အဆင်သင့်စီမံပြီး) �ှိလေသတည်း။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
112အာယာသ်

ဘာသာပြန် — အလ်-ဗကရ 112

စူရာ အလ်-ဗကရ အာယာသ် 112 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို(ယဟူဒီဘာသာဝင်များနှင့် ခရစ်ယာန်တို့ပြောဆို ကြသောစကားသည်၊ အဘယ်မှာလျှင် ဟုတ်မှန်ပါအံ့နည်း) စင်စစ်သော်ကား မည်သူမဆို မိမိကိုယ်ကို အလ္လာဟ် အရှင်မြတ်အား…

စူရာ အာယာသ် 112/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 110–114. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, November 8, 2026

Don't forget us in your sincere prayers