كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِّنكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُم مَّا لَمْ تَكُونُوا تَعْلَمُونَ ١٥١
🔤 Transliteration
kamaaa arsalnaa feekum Rasoolam minkum yatloo `alaikum aayaatina wa yuzakkeekum wa yu`alli mukumul kitaaba wal hikmata wa yu`allimukum maa lam takoonoo ta`lamoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
🌐 Additional reference in ภาษาไทย
၁။ ကမ္မသဒ္ဒါများ၏ အဓိပ္ပာယ်များ
كَمَا (ကမာ) — “ကဲ့သို့ပင်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ယခင်ဖော်ပြခဲ့သော ဂုဏ်ကျေးဇူးတော်နှင့် နှိုင်းယှဉ်ပြခြင်းဖြစ်သည်။ أَرْسَلْنَا (အာရ်စလ်နာ) — “ငါအရှင်မြတ် စေလွှတ်တော်မူခဲ့သည်” ဟု အဓိပ္ပာယ်ရသည်။ رَسُولًا (ရစူလန်) — “တမန်တော်တစ်ပါး” ဟု အဓိပ္ပာယ်ရသည်။ مِّنكُمْ (မ�်ကွမ်) — “သင်တို့ထဲမှ” ဟု အဓိပ္ပာယ်ရသည်။ يَتْلُو (ယတ်လူ) — “ဖတ်ရွတ်ပြသသည်” ဟု အဓိပ္ပာယ်ရသည်။ آيَاتِنَا (အာယာသိနာ) — “ငါအရှင်မြတ်၏ အာယသ်တော်များ” ဟု အဓိပ္ပာယ်ရသည်။ يُزَكِّيكُمْ (ယုဇက္ကီကွမ်) — “သင်တို့ကို သန့်ရှင်းစင်ကြယ်စေသည်” ဟု အဓိပ္ပာယ်ရသည်။ الْكِتَابَ (အလ်ကီတာဗ) — “ကျမ်းတော်” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် ကုရ်အာန်ကျမ်းတော်မြတ်ကို ရည်ညွှန်းသည်။ الْحِكْمَةَ (အလ်ဟိက္ကမာ) — “ဉာဏ်ပညာ” ဟု အဓိပ္ပာယ်ရသည်။ ဤနေရာတွင် စွန္နသ်တော်ကို ရည်ညွှန်းသည်။ مَا لَمْ تَكُونُوا تَعْلَمُونَ (မာ လမ် တကూఔနူ တအ်လမူန) — “သင်တို့ မသိခဲ့ကြသောအရာများ” ဟု အဓိပ္ပာယ်ရသည်။ ၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်
ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်က မုအ်မင်န်များအား ပေးအပ်တော်မူသော နောက်ထပ်ကြီးမားသော ဂုဏ်ကျေးဇူးတော်တစ်ရပ်ကို ဖော်ပြထားခြင်းဖြစ်သည်။ ယခင်အာယသ်တော်များတွင် ကအ်ဗဟ်ကျောင်းတော်မြတ်ဘက်သို့ မျက်နှာမူရန် ညွှန်ကြားခဲ့သည့်အတိုင်း၊ ယခုတွင်လည်း အရှင်မြတ်သည် မုအ်မင်န်များ၏ အထဲမှပင် တမန်တော်တစ်ပါးကို စေလွှတ်တော်မူခဲ့သည်။ ထိုတမန်တော်သည် သူတို့၏ ဘာသာစကား၊ သူတို့၏ လူမျိုးမှ ဖြစ်သောကြောင့် သူတို့နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး သူတို့၏ အခြေအနေများကို ကောင်းစွာနားလည်သည်။
ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို သူတို့ရှေ့ဝယ် ဖတ်ရွတ်ပြသသည်။ ထိုအာယသ်တော်များသည် အမှန်တရားနှင့် မှားယွင်းမှုကို ခွဲခြားပြသပေးပြီး လမ်းညွှန်မှုပေးသည်။ ထို့နောက် သူသည် သူတို့ကို သန့်ရှင်းစင်ကြယ်စေသည်။ ဆိုလိုသည်မှာ ရှိရ်က် (အလ္လာဟ်နှင့် တွဲဖက်ကိုးကွယ်မှု)၏ ညစ်ညမ်းမှုမှလည်းကောင်း၊ မကောင်းသော စာရိတ္တကျင့်ဝတ်များမှလည်းကောင်း ကင်းစင်စေပြီး ကောင်းသော စာရိတ
كَمَآ أَرۡسَلۡنَا فِيكُمۡ رَسُولًا مِّنكُمۡ يَتۡلُواْ عَلَيۡكُمۡ ءَايَٰتِنَا وَيُزَكِّيكُمۡ وَيُعَلِّمُكُمُ ٱلۡكِتَٰبَ وَٱلۡحِكۡمَةَ وَيُعَلِّمُكُم مَّا لَمۡ تَكُونُواْ تَعۡلَمُونَ ١٥١
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 149-153 — စူရာ အလ်-ဗကရ
149 وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۖ وَإِنَّهُ لَلْحَقُّ مِن رَّبِّكَ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
ထို့ပြင်တဝ (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး) ထွက်အံ့၊ (ဝါ) မည်သည့် နေရာ၌မဆိုရှိနေအံ့၊ ဆွလာတ်ဝတ်ပြု ရာ၌ မိမိမျက်နှာကို (ထိုဌာနမှ) မတ်စ်ဂျိဒေ့ဟရာမ် ကျောင်းတော်ဘက်သို့သာ လျှင်လှည့်ပါလေ။ စင်စစ် သော်ကား မုချဧကန် ဤအမိန့်တော် သည် အသင့် အား မွေးမြူတော်မူသော အရှင်မြတ်၏အထံ တော်မှ လုံးဝမှန်ကန်သော အမိန့်တော်ပင်ဖြစ်သည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ပြုလုပ် ကျင့်မူကြကုန် သော ကိ�္စရပ်များကို မေ့လျော့ လျစ်လျူရှုတော်မူမည့်အရှင် မဟုတ်ပေ။
150 وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌) ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိသူများလည်း ဖြစ်ကြအံ့။
151 كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِّنكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُم مَّا لَمْ تَكُونُوا تَعْلَمُونَ
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
152 فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။
153 يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။
ဘာသာပြန် — အလ်-ဗကရ 151 စူရာ အလ်-ဗကရ အာယာသ် 151 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည်…
စူရာ အာယာသ် 151/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 149–153. မြန်မာဘာသာ: ภาษาไทย.