အလ်-ဗကရ · 152/286
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဗကရ
فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ ۝١٥٢
Fazkurooneee azkurkum washkuroo lee wa laa takfuroon
📖 မြန်မာဘာသာ
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကလိမဟ် (အဓိပ္ပာယ်ရှင်းလင်းရန် လိုအပ်သော စကားလုံးများ)၊
  • ဖဇ်ကုရူနီ (فَاذْكُرُونِي)၊ ကျွန်ုပ်ကို အောက်မေ့သတိရကြပါ၊ ဆိုလိုသည်မှာ ကျွန်ုပ်၏ အမိန့်တော်များကို လိုက်နာခြင်း၊ ကျွန်ုပ်ကို နှလုံးသားဖြင့်လည်းကောင်း၊ ကိုယ်အင်္ဂါဖြင့်လည်းကောင်း အောက်မေ့ခြင်းဖြစ်သည်။
  • အဇ်ကုရ်ကုမ် (أَذْكُرْكُمْ)၊ ကျွန်ုပ်သည် သင်တို့ကို အောက်မေ့မည်၊ ဆိုလိုသည်မှာ သင်တို့ကို ချီးမွမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် အောက်မေ့မည်ဖြစ်သည်။
  • ဝါရှ်ကုရူလီ (وَاشْكُرُوا لِي)၊ ကျွန်ုပ်အား ကျေးဇူးတင်ကြပါ၊ ဆိုလိုသည်မှာ ကျွန်ုပ် ပေးအပ်ထားသော ဂုဏ်ကျေးဇူးများကို အသိအမှတ်ပြု၍ နှုတ်ဖြင့်လည်းကောင်း၊ လက်တွေ့ဖြင့်လည်းကောင်း ကျေးဇူးတင်ခြင်းဖြစ်သည်။
  • ဝလာ တက်ဖ်ကုရူန် (وَلَا تَكْفُرُونِ)၊ ကျွန်ုပ်အား ကျေးဇူးမကန်းကြနှင့်၊ ဆိုလိုသည်မှာ ကျွန်ုပ်၏ ဂုဏ်ကျေးဇူးများကို ငြင်းပယ်ခြင်း၊ မေ့လျော့ခြင်း၊ ကျွန်ုပ် ပေးထားသော ကျေးဇူးများကို တားမြစ်ထားသော အရာများတွင် အသုံးပြုခြင်းဖြစ်သည်။
  1. ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊

ဤအာယသ်တော်သည် အီမာန်ယုံကြည်သူများအား အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူခြင်းဖြစ်သည်။ အရှင်မြတ်သည် မိမိ၏ ကျွန်များအား မိမိကို အောက်မေ့သတိရရန် အမိန့်ပေးတော်မူသည်။ ဤသည်မှာ နှလုံးသားဖြင့် အရှင်မြတ်ကို သတိရခြင်း၊ နှုတ်ဖြင့် အရှင်မြတ်ကို ချီးမွမ်းခြင်း၊ ကိုယ်အင်္ဂါဖြင့် အရှင်မြတ်၏ အမိန့်တော်များကို လိုက်နာခြင်းတို့ ပါဝင်သည်။ အရှင်မြတ်က မိန့်တော်မူသည်မှာ သင်တို့သည် ကျွန်ုပ်ကို အောက်မေ့သတိရကြပါက ကျွန်ုပ်သည်လည်း သင်တို့ကို အောက်မေ့သတိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်ုပ်သည် သင်တို့ကို မြင့်မြတ်သော အပေါင်းအဖော်များရှေ့တွင် ချီးမွမ်းမည်၊ သင်တို့ကို ကာကွယ်စောင့်ရှောက်မည်၊ သင်တို့၏ အမှားများကို ခွင့်လွှတ်မည်ဖြစ်သည်။ ဤသည်မှာ ကောင်းမှုနှင့် ကောင်းမှုတုံ့ပြန်ခြင်း သဘောတရားဖြစ်သည်။ ထို့နောက် အရှင်မြတ်က မိမိ ပေးအပ်ထားသော ဂုဏ်ကျေးဇူးများအတွက် ကျေးဇူးတင်ရန် အမိန့်ပေးတော်မူသည်။ ကျေးဇူးတင်ခြင်းသည် နှုတ်ဖြင့် အရှင်မြတ်ကို ချီးမွမ်းခြင်း၊ လက်တွေ့တွင် အရှင်မြတ် ပေးထားသော ကျေးဇူးများကိ



📜 အာယာသ် 150-154 — စူရာ အလ်-ဗကရ

150وَمِنْ حَيْثُ خَرَجْتَ فَوَلِّ وَجْهَكَ شَطْرَ الْمَسْجِدِ الْحَرَامِ ۚ وَحَيْثُ مَا كُنتُمْ فَوَلُّوا وُجُوهَكُمْ شَطْرَهُ لِئَلَّا يَكُونَ لِلنَّاسِ عَلَيْكُمْ حُجَّةٌ إِلَّا الَّذِينَ ظَلَمُوا مِنْهُمْ فَلَا تَخْشَوْهُمْ وَاخْشَوْنِي وَلِأُتِمَّ نِعْمَتِي عَلَيْكُمْ وَلَعَلَّكُمْ تَهْتَدُونَ
တဖန် (အို-နဗီတမန်တော်) အသင်သည် မည်သည့်နေရာဌာနမှမဆို (ခရီး)ထွက်အံ့။ သို့(ခရီး) ထွက်ရာ နေရာဌာနမှ (ဆွလာတ်ဝတ်ပြုရာ၌) ကအ်ဗဟ် ကျောင်းတော် ဘက်သို့သာလျှင် မျက်နှာမူပါလေ။ တဖန်ပြကတေ့ ထိုနည်း အတိုင်း (အို-မုစ်လင်မ် အပေါင်းတို့) အသင်တို့သည်လည်း မည်သည့် နေရာဌာန၌မဆို ရှိကြသည် ဖြစ်အံ့။ ဆွလာတ် ဝတ်ပြုရာ၌) ထို (ကအ်ဗဟ်ကျောင်းတော်) ဖက်သို့ သာလျှင် မျက်နှာမူကြကုန်လော့။ ဤအမိန့်တော် ထုတ်ပြန်တော်မူ ခြင်းကား အသင်တို့အား အတိုက်အခံ ပြုကြကုန်သော လူခပ်သိမ်းတို့ အဖို့ အသင်တို့နှင့် ဆန့်ကျင်၍ လျှောက်လဲချက် မရှိရန်အလို့ငှာ ဖြစ်သည်။ သို့ရာတွင် ယင်းသူတို့ အနက်မှ မတော်မတရားပြုမူသော သူတို့ကား (ဇွတ်မှိတ်၍ ဆင်ခြေလဲ ကြဦးမည် ဖြစ်သော်လည်း ၎င်းတို့၏ဆင်ခြေလဲခြင်းမှာ ဂရုပြုဘွယ်မဟုတ်ချေ။) သို့ဖြစ်ပေရာ အသင်တို့သည် ၎င်းတို့ အား အလျင်း မကြောက်ရွံ့ကြပဲ ငါအရှင်မြတ်ကိုသာလျှင် ကြောက်ရွံ့ကြလေကုန်။ သို့မှသာလျှင် ငါအရှင်မြတ်သည် အသင်တို့အပေါ် မိမိကျေးဇူးတော်များကို ပြည့်စုံ စေတော်မူအံ့။ ထို့ပြင်တဝ အသင်တို့သည် ဥဇုမဂ္ဂတည်းဟူသော ဖြောင့်မတ်မှန်ကန်သော တရားလမ်းကို ရရှိသူများလည်း ဖြစ်ကြအံ့။
151كَمَا أَرْسَلْنَا فِيكُمْ رَسُولًا مِّنكُمْ يَتْلُو عَلَيْكُمْ آيَاتِنَا وَيُزَكِّيكُمْ وَيُعَلِّمُكُمُ الْكِتَابَ وَالْحِكْمَةَ وَيُعَلِّمُكُم مَّا لَمْ تَكُونُوا تَعْلَمُونَ
(ငါအရှင်မြတ်သည် ကအ်ဗဟ် ကျောင်း တော်ကို ကစ်ဗ်လဟ်အဖြစ် သတ်မှတ်၍ ပေးတော် မူခြင်းမှာ) ငါ အရှင်မြတ်သည် အသင်တို့ထံဝယ် အသင်တို့အနက်မှ ရစူလ် တမန်တော်တပါး စေလွှတ် တော်မူသကဲ့သို့ပင်ဖြစ်သည်၊ ထိုရစူလ်တမန်တော်သည် ငါအရှင်မြတ် (ပို့ချတော်မူသော) ဒေသနာများကို အသင်တို့ရှေ့ဝယ် ရွတ်ဘတ် သရဇ္ဈာယ်သည်။ ထို့ပြင်တဝ အသင်တို့(၏ စိတ်နှလုံးများ)ကို (အကုသိုလ် ဒုစရိုက်များမှ) သန့်စင်အောင်ပြုပေးသည်။ ထိုမျှမက အသင်တို့အား ကျမ်းဂန်နှင့် အသိ အလိမ္မာ အမြော်အမြင် တရားများကိုလည်း သင် ကြားပြသသည်၊ ထိုမှတပါး အသင်တို့ မသိ နားမလည်ခဲ့ကြသော အကြောင်းအရာအရပ်ရပ် တို့ကို လည်း သင်ကြားပြသသည်။
152فَاذْكُرُونِي أَذْكُرْكُمْ وَاشْكُرُوا لِي وَلَا تَكْفُرُونِ
သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား ဖြင့်လည်းကောင်း) အောက်မေ့တသ သတိရကြကုန်လော့၊ ငါအရှင် မြတ်သည်လည်း အသင်တို့အား (ကူညီ စောင့်ရှောက်တော်မူ ခြင်းအားဖြင့်) သတိရတော်မူအံ့။ ထိုမှတစ်ပါး အသင်တို့သည် ငါအရှင်မြတ်၏ကျေးဇူးတော်ကို သိကြကုန်လော့။ အသင်တို့သည် ငါ အရှင်မြတ်အား ကျေးဇူးမကန်းကြကုန်လင့်။
153يَا أَيُّهَا الَّذِينَ آمَنُوا اسْتَعِينُوا بِالصَّبْرِ وَالصَّلَاةِ ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
အို- ယုံကြည်ခြင်းသဒ္ဓါတရား ထားရှိကြသူ အပေါင်းတို့၊ သင်တို့သည် သည်းခံတရားထားခြင်းဖြင့်လည်းကောင်း၊ ဆွလာတ်ဝတ်ပြုခြင်းဖြင့်လည်းကောင်း၊ (အလ္လာဟ် အရှင်မြတ်၏ အထံတော်မှ) ကူညီထောက်ပံ့ စောင်မတော် မူခြင်းကို ရယူကြကုန်လော့။ ဧကန်အမှန် အလ္လာဟ်အရှင် မြတ်သည် ခန္တီတရားထားရှိသောသူ တို့နှင့်အတူတကွ (အမြဲ) ရှိတော်မူလေသတည်း။
154وَلَا تَقُولُوا لِمَن يُقْتَلُ فِي سَبِيلِ اللَّهِ أَمْوَاتٌ ۚ بَلْ أَحْيَاءٌ وَلَٰكِن لَّا تَشْعُرُونَ
ထို့ပြင်တဝ (အို-မုအ်မင်န် အပေါင်းတို့) အသင်တို့သည် အလ္လာဟ်အရှင်မြတ် လမ်းတော်၌ သတ်ဖြတ်ခြင်းခံရသူတို့ကို သူသေများဟူ၍ မပြောဆိုကြကုန်လင့်။ (ယင်းသူတို့ သည် သူသေများ) အလျင်းမဟုတ်� စင်စစ်မှာမူ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်၏ အထံတော်၌ အသက်ရှင်လျက်ပင် ရှိကြလေသည်။ သို့ရာတွင် အသင်တို့သည် (ထိုအကြောင်းကို) တွေးဆဆင်ခြင် မသိမမြင်နိုင်ကြချေ။
အလ်-ဗကရကုရ်အာန် ညွှန်းကိန်း
286အာယာသ်
MedinanRevelation
152အာယာသ်

ဘာသာပြန် — အလ်-ဗကရ 152

စူရာ အလ်-ဗကရ အာယာသ် 152 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သို့ဖြစ်လေရာ အသင်တို့သည် ငါအရှင်မြတ်ကို (ခဝပ်ကိုးကွယ်ခြင်းအားဖြင့် လည်းကောင်း၊ ငါအရှင်မြတ်၏ အမိန့် တော်များကို ရိုသေစွာ လိုက်နာခြင်းအား…

စူရာ အာယာသ် 152/286 — စူရာ အလ်-ဗကရ البقرة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဗကရ နားထောင်, စူရာ အလ်-ဗကရ ဘာသာပြန်, စူရာ အလ်-ဗကရ mp3, စူရာ အလ်-ဗကရ pdf. အာယာသ် 150–154. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers