အလ်-ဟဂ်ျ · 54/78
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဟဂ်ျ
وَلِيَعْلَمَ الَّذِينَ أُوتُوا الْعِلْمَ أَنَّهُ الْحَقُّ مِن رَّبِّكَ فَيُؤْمِنُوا بِهِ فَتُخْبِتَ لَهُ قُلُوبُهُمْ ۗ وَإِنَّ اللَّهَ لَهَادِ الَّذِينَ آمَنُوا إِلَىٰ صِرَاطٍ مُّسْتَقِيمٍ ۝٥٤
Wa liya`lamal lazeena ootul `ilma annahul haqqu mir Rabbika fa yu`minoo bihee fatukhbita ahoo quloobuhum; wa innal laaha lahaadil lazeena aamanoo ilaa Siraatim Mustaqeem
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အမှန်ဖြစ်ကြောင်း သိရှိကြရန်လည်း ဖြစ်ပေသည်။ သို့(သိရှိကြ)လျှင် ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်ကို(ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ တစ်ဖန်၎င်းတို့၏ စိတ်နှလုံးများသည်လည်း ယင်း(ကုရ်အာန်ကျမ်းမြတ်)၏ ရှေ့ဝယ်(သာ၍ပင်)ညွှတ်ပျောင်း ယိမ်းညွှတ်လာကြမည် ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္မဋ္ဌာန်းအဓိပ္ပာယ်ရှင်းလင်းချက်
  • أُوتُوا الْعِلْمَ (အూఐ်သူလ්အိလ်မ)။ ။ အသိပညာပေးအပ်ခြင်းခံရသူများ။
  • فَتُخْبِتَ (ဖသုခ်ဗိတ)။ ။ နူးညံ့ပျော့ပျောင်း၍ ကျိုးနွံလာသည်။
  • صِرَاطٍ مُّسْتَقِيمٍ (ဆိရာသွင်မုစ်သကီမ်)။ ။ ဖြောင့်မတ်သောလမ်း။
  1. အာယသ်တော်၏အနက်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အသိပညာပေးအပ်ခြင်းခံရသူများ၊ အထူးသဖြင့် အသိပညာဖြင့် အမှန်နှင့်အမှားကို ခွဲခြားနိုင်သူများအား ကုရ်အာန်သည် အလ္လာဟ်အရှင်မြတ်ထံတော်မှ ဖြောင့်မတ်သော အမှန်တရားဖြစ်ကြောင်း သိရှိစေရန်ဖြစ်သည်။ ထို့ကြောင့် သူတို့၏ယုံကြည်မှုသည် တိုးပွားလာပြီး သူတို့၏စိတ်နှလုံးများသည် ကုရ်အာန်အား နူးညံ့ကျိုးနွံစွာ လက်ခံလာကြသည်။ အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူများအား ဖြောင့်မတ်သောလမ်း၊ ဆိုလိုသည်မှာ အစ္စလာမ်သာသနာတော်သို့ ပို့ဆောင်ပေးတော်မူသည်။ ဤသည်မှာ သူတို့၏ကျိုးနွံမှုအတွက် အကျိုးဆုလာဘ်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများ
  • အသိပညာသည် လူတစ်ဦးအား အမှန်တရားကို မြင်နိုင်စေပြီး ကုရ်အာန်၏မြင့်မြတ်မှုကို ပိုမိုနားလည်စေသည်။
  • ကုရ်အာန်အား ယုံကြည်ခြင်းသည် စိတ်နှလုံးကို ငြိမ်းချမ်းစေပြီး ကျိုးနွံစေသည်။
  • အလ္လာဟ်အရှင်မြတ်သည် ယုံကြည်သူများအား ဖြောင့်မတ်သောလမ်းကို ညွှန်ပြတော်မူသည်။
  • အစ္စလာမ်သာသနာသည် လူသားတို့အား လမ်းမှားမှ ကယ်တင်ပြီး လမ်းမှန်သို့ ပို့ဆောင်ပေးသည်။
  • ဤအာယသ်တော်သည် ကုရ်အာန်၏အမှန်တရားကို စိတ်ရင်းမှန်ဖြင့် လက်ခံသူများအတွက် ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်သည်။


📜 အာယာသ် 52-56 — စူရာ အလ်-ဟဂ်ျ

52وَمَا أَرْسَلْنَا مِن قَبْلِكَ مِن رَّسُولٍ وَلَا نَبِيٍّ إِلَّا إِذَا تَمَنَّىٰ أَلْقَى الشَّيْطَانُ فِي أُمْنِيَّتِهِ فَيَنسَخُ اللَّهُ مَا يُلْقِي الشَّيْطَانُ ثُمَّ يُحْكِمُ اللَّهُ آيَاتِهِ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
စင်စစ် ငါအရှင်မြတ်သည် အသင့်အလျင် ရစူလ်တမန်တော်ကိုလည်းကောင်း၊ နဗီတမန်တော်များကိုလည်းကောင်း၊ စေလွှတ်တော်မူခဲ့၏။ ထို(ရစူလ် သို့မဟုတ် နဗီ)တမန်တော်သည် (တစ်စုံတစ်ရာကို) ရွတ်ဖတ်သရဇ္ဈာယ်သောအခါ ရှိုင်တွာန်မိစ္ဆာကောင်သည် ထို(ရစူလ် သို့မဟုတ် နဗီ) ၏ ရွတ်ဖတ်သရဇ္ဈာယ်မှု (ကျမ်းချက်)နှင့်စပ်လျဉ်း၍ (မယုံကြည်သောသူ၊ မတည်မငြိမ်ဖြစ်နေသောသူတို့၏ စိတ်တွင်းဝယ် ဒွိဟသံသယကို) ထည့်သွင်းလေ့ရှိခဲ့၏။ ထိုအခါ အလ္လာဟ်အရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသမျှ(သောဒွိဟသံသယမှုများ)ကို ပပျောက် စေတော်မူလေ၏။ ထို့နောက်အလ္လာဟ်အရှင်မြတ်သည် မိမိအာယတ်တော်များကို (ပိုမို၍ပင်)တည်တံခိုင်မြဲတော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့ သိတော်မူသောအရှင်၊ဆင်ခြင်တုံဉာဏ်နှင့် ပြည့်စုံတော်မူသောအရှင်ဖြစ်တော် မူပေသတည်း။
53لِّيَجْعَلَ مَا يُلْقِي الشَّيْطَانُ فِتْنَةً لِّلَّذِينَ فِي قُلُوبِهِم مَّرَضٌ وَالْقَاسِيَةِ قُلُوبُهُمْ ۗ وَإِنَّ الظَّالِمِينَ لَفِي شِقَاقٍ بَعِيدٍ
(ဤသို့ဖြစ်ရခြင်မှာ) ထိုအရှင်မြတ်သည် ရှိုင်တွာန်မိစ္ဆာကောင် ထည့်သွင်းသည့် (ဒွိဟသံသယမှုများ)ကို စိတ်တွင်းရောဂါဝေဒနာ ရှိနေသူတို့အဖို့ လည်းကောင်း၊ စိတ်နှလုံး ခက်ထန်မာကျောသူတို့အဖို့ လည်းကောင်း၊ စမ်းသပ်မှုပြုတော်မူရန်ဖြစ်ပေသည်။ ဧကန်မလွဲ မတရားကျူးလွန်သော သူတို့သည် ဝေးလံစွာသော ကွဲပြားမှု၌ပင် (ငြင်းခုံမှု၌ပင်)ရှိနေကြကုန်၏။
54وَلِيَعْلَمَ الَّذِينَ أُوتُوا الْعِلْمَ أَنَّهُ الْحَقُّ مِن رَّبِّكَ فَيُؤْمِنُوا بِهِ فَتُخْبِتَ لَهُ قُلُوبُهُمْ ۗ وَإِنَّ اللَّهَ لَهَادِ الَّذِينَ آمَنُوا إِلَىٰ صِرَاطٍ مُّسْتَقِيمٍ
ထိုမှတစ်ပါး (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အမှန်ဖြစ်ကြောင်း သိရှိကြရန်လည်း ဖြစ်ပေသည်။ သို့(သိရှိကြ)လျှင် ၎င်းတို့သည် ဤ(ကုရ်အာန်ကျမ်းမြတ်ကို(ပိုမို၍ပင်) ယုံကြည်လာကြပေမည်။ တစ်ဖန်၎င်းတို့၏ စိတ်နှလုံးများသည်လည်း ယင်း(ကုရ်အာန်ကျမ်းမြတ်)၏ ရှေ့ဝယ်(သာ၍ပင်)ညွှတ်ပျောင်း ယိမ်းညွှတ်လာကြမည် ဖြစ်သည်။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အား ဖြောင့်မတ်သောလမ်းကို ညွှန်ပြတော်မူသောအရှင် အမှန်ပင် ဖြစ်တော်မူပေသတည်း။
55وَلَا يَزَالُ الَّذِينَ كَفَرُوا فِي مِرْيَةٍ مِّنْهُ حَتَّىٰ تَأْتِيَهُمُ السَّاعَةُ بَغْتَةً أَوْ يَأْتِيَهُمْ عَذَابُ يَوْمٍ عَقِيمٍ
ကာဖိရ်မယုံမကြည် သွေဖည် ငြင်း ပယ်ခဲ့ကြသောသူတို့သည် ထိုသူတို့အပေါ်ဝယ် ကိယာမတ် ရောက်လာသည့်တိုင်အောင်၊ သို့မဟုတ် ထိုသူတို့ထံ အကြောင်းမလှသော(အမင်္ဂလာဖြစ်သော)နေ့၏ ပြစ်ဒဏ်ရောက်လာသည့်တိုင်အောင်၊ ယင်း(ကုရ်အာန်ကျမ်းတော်မြတ်)နှင့်စပ်လျဉ်း၍ ဒွိဟသံသယ၌ပင် ရှိမြဲရှိနေကြပေမည်။
56الْمُلْكُ يَوْمَئِذٍ لِّلَّهِ يَحْكُمُ بَيْنَهُمْ ۚ فَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ فِي جَنَّاتِ النَّعِيمِ
ထိုနေ့တွင် စိုးမိုးအုပ်ချုပ်မှုသည် အလ္လာဟ်အရှင်မြတ်၌သာ ရှိပေမည်။ ထိုအရှင်မြတ်သည် ၎င်းတို့အကြားဝယ် စီရင်ဆုံးဖြတ်တော်မူမည်။ ထို့နောက် အကြင်သူတို့သည် သက်ဝင်ယုံကြည်ခဲ့ကြကုန်၏။ ၎င်းပြင် ထိုသူတို့သည် ကောင်းမြတ်သော အကျင့်သီလများကို ကျင့်မူ ဆောက်တည်ခဲ့ကြကုန်၏။(ထိုသူတို့သည်) သုခချမ်းသာနှင့်ပြည့်စုံသော ဥယျာဉ်များ၌ ရှိကြပေမည်။
အလ်-ဟဂ်ျကုရ်အာန် ညွှန်းကိန်း
78အာယာသ်
MedinanRevelation
54အာယာသ်

ဘာသာပြန် — အလ်-ဟဂ်ျ 54

စူရာ အလ်-ဟဂ်ျ အာယာသ် 54 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (ဤသို့ဖြစ်ရခြင်းမှာ) အသိပညာ ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသောသူတို့သည် ဤ(ကုရ်အာန်ကျမ်းတော်မြတ်)ကား အသင့်အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်မှ အမှန်ဖြစ်ကြောင်း…

စူရာ အာယာသ် 54/78 — စူရာ အလ်-ဟဂ်ျ الحج (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဟဂ်ျ နားထောင်, စူရာ အလ်-ဟဂ်ျ ဘာသာပြန်, စူရာ အလ်-ဟဂ်ျ mp3, စူရာ အလ်-ဟဂ်ျ pdf. အာယာသ် 52–56. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers