အာလ်-အိမရာန် · 8/200
ဘာသာပြန် အသံနိုင်ငံ — အာလ်-အိမရာန်
رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ الْوَهَّابُ ۝٨
Rabbanaa laa tuzigh quloobanaa ba`da iz hadaitanaa wa hab lanaa mil ladunka rahmah; innaka antal Wahhaab
📖 မြန်မာဘာသာ
(ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့�ောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။
🎧 နားထောင်

📜 အာယာသ် 6-10 — အာလ်-အိမရာန်

6هُوَ الَّذِي يُصَوِّرُكُمْ فِي الْأَرْحَامِ كَيْفَ يَشَاءُ ۚ لَا إِلَٰهَ إِلَّا هُوَ الْعَزِيزُ الْحَكِيمُ
ထိုအရှင်မြတ်သည် မိမိအလိုရှိတော်မူသည့်အတိုင်း(မိခင်တို့၏)သားအိမ်များတွင် အသင်တို့၏ရုပ်အဆင်းသဏ္ဍာန်များကို ပြုလုပ်ဖန်ဆင်းတော်မူသော အရှင်မြတ်ပင်(ဖြစ်တော်မူ၏)။ ထိုအရှင်မြတ်သည် တန်ခိုးအာနုဘော်ဖြင့်လွမ်းမူတော်မူသောအရှင်၊ အကျိုးအကြောင်း ဆင်ခြင်တုံဉာဏ် ပညာနှင့်ပြည့်စုံတော်မူသော အရှင်ဖြစ်တော်မူချေသတည်း။
7هُوَ الَّذِي أَنزَلَ عَلَيْكَ الْكِتَابَ مِنْهُ آيَاتٌ مُّحْكَمَاتٌ هُنَّ أُمُّ الْكِتَابِ وَأُخَرُ مُتَشَابِهَاتٌ ۖ فَأَمَّا الَّذِينَ فِي قُلُوبِهِمْ زَيْغٌ فَيَتَّبِعُونَ مَا تَشَابَهَ مِنْهُ ابْتِغَاءَ الْفِتْنَةِ وَابْتِغَاءَ تَأْوِيلِهِ ۗ وَمَا يَعْلَمُ تَأْوِيلَهُ إِلَّا اللَّهُ ۗ وَالرَّاسِخُونَ فِي الْعِلْمِ يَقُولُونَ آمَنَّا بِهِ كُلٌّ مِّنْ عِندِ رَبِّنَا ۗ وَمَا يَذَّكَّرُ إِلَّا أُولُو الْأَلْبَابِ
ထိုအလ္လာဟ်အရှင်မြတ်သည် အသင့်အပေါ်ဝယ်ကျမ်းမြတ်ကုရ်အာန်ကို ထုတ်ပြန်ပို့ချ တော်မူသော အရှင်မြတ်ပင်တည်း။ ထိုကျမ်းမြတ် အနက် မပြောင်းမလွဲ ပေါ်လွင်ထင်ရှားပြတ်သား၍ အနက်အဓိပ္ပာယ် တစ်မျိုးတစ်စားတည်းထွက်သော အာယတ်တော်များလည်းရှိပေ၏။ ယင်းအာယတ်တော်များသည်သာလျှင် ကုရ်အာန်ကျမ်းမြတ်၏မူလအရင်းခံ အခြေအမြစ်ဖြစ်လေသည်။ ထို့ပြင်တဝ အခြားအာယတ်တော်များမှာမူကား အဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များလည်းရှိ၏။ သို့ရာတွင်မည်သို့ပင်ဖြစ်စေ စိတ်နှလုံးတွင် သွေဖည်ယိမ်းယိုင်မှု ရှိသောသူတို့မူကား (လူခပင်းတို့အား သာသနာရေးတွင်) လမ်းမှားစေလို၍လည်းကောင်း၊ ထိုအာယတ်တော်များ၏ အဓိပ္ပာယ်များကို အမှားကောက်လို၍လည်းကောင်း၊ ယင်း ဆင်တူရိုးမှားအာယတ်တော်များကိုပင် လိုက်နာလိုက်စားကြကုန်၏။ အမှန်စင်စစ် ယင်းအဓိပ္ပာယ်ပြားသော ဆင်တူရိုးမှားဖြစ်သော အာယတ်တော်များ၏ မှန်ကန်သောအနက်အဓိပ္ပာယ်အလို သဘောကိုမူကား အလ္လာဟ်အရှင်မြတ်မှတပါး မည်သူမျှမသိချေ။သို့ရာတွင် ပညာအရာ၌ ကျွမ်းကျင်လိမ္မာ ရင့်သန်သော ပါရဂ�များကမူ (ကုရ်အာန်ကျမ်းလာ မုဟ်ကမာတ်၊မုတရှာ၊ ဗိဟာတ်၊ အာယတ်တော်များ) အားလုံးတို့သည် ကျွန်ုပ်တို့အား မွေးမြူတော်မူသော အရှင်မြတ်အထံတော်မှပင် (ကျရောက်လာသော အာယတ်တော်များ) ဖြစ်ပေရာ ကျွန်ုပ်တို့သည် ယင်းအဓိပ္ပာယ်ပြားသော၊ ဆင်တူရိုးမှား ဖြစ်သောအာယတ်တော်များကိုလည်း (ခြွင်းချက်မရှိ လုံးဝ) ယုံကြည်ကြပါသည်ဟု ပြောဆိုကြကုန်၏။ အမှန်သော်ကား စင်ကြယ်သန့်ရှင်းအပြစ်ကင်းသည့် ပညာရှင်အပေါင်းတို့မှအပ အခြားသူများတရားလမ်းမှန် မရနိုင်ချေ။
8رَبَّنَا لَا تُزِغْ قُلُوبَنَا بَعْدَ إِذْ هَدَيْتَنَا وَهَبْ لَنَا مِن لَّدُنكَ رَحْمَةً ۚ إِنَّكَ أَنتَ الْوَهَّابُ
(ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့�ောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။ ကျွန်တော်မျိုးအား (တရားလမ်း ပေါ်၌မြဲမြံစွာ တည်တံ့နိုင်စေခြင်းငှာ) မိမိအထံတော်မှ ကရုဏာတရားကို ပေးသနားတော်မူပါ။ ဧကန်အမှန် အရှင်မြတ်သည်သာလျှင် ရက်ရောစွာ ပေးသနားတော်မူသော အရှင်မြတ်ဖြစ်တော်မူပါသည်။
9رَبَّنَا إِنَّكَ جَامِعُ النَّاسِ لِيَوْمٍ لَّا رَيْبَ فِيهِ ۚ إِنَّ اللَّهَ لَا يُخْلِفُ الْمِيعَادَ
အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန် အရှင်မြတ်သည် အကြင် (ရှင်ပြန်ထမည့်)နေ့တွင် လူခပ်သိမ်းတို့အား စုရုံးတော်မူမည့် အရှင်မြတ်ပင်တည်း။ထိုနေ့နှင့် စပ်လျဉ်း၍ လုံးဝ ယုံမှားသံသယမရှိပါ။ မုချဧကန်အလ္လာဟ်အရှင်မြတ်သည် ထားရှိတော်မူသော ကတိသစ္စာတော်ကို အလျင်း ဖောက်ဖျက်တော်မူမည် မဟုတ်ပါ။
10إِنَّ الَّذِينَ كَفَرُوا لَن تُغْنِيَ عَنْهُمْ أَمْوَالُهُمْ وَلَا أَوْلَادُهُم مِّنَ اللَّهِ شَيْئًا ۖ وَأُولَٰئِكَ هُمْ وَقُودُ النَّارِ
ဧကန်အမှန် မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့၏ ပစ္စည်းဥစ္စာရတနာများသည် လည်းကောင်း၊ယင်းသူတို့၏ သားသမီးရတနာများသည် လည်းကောင်း၊ယင်းသူတို့အဖို့ (ရှင်ပြန်ထမည့်နေ့၌) အလ္လာဟ်အရှင်မြတ်၏ပြစ်ဒဏ်မှ (ကာကွယ်ရန်) စိုးစဉ်းမျှပင် အသုံးဝင်မည်မဟုတ်ချေ။ စင်စစ် သော်ကား ယင်းသူတို့သည် ဂျဟန္နမ် ငရဲမီး၏လောင်စာများသာ ဖြစ်ကြလတ္တံ့။
အာလ်-အိမရာန်ကုရ်အာန် ညွှန်းကိန်း
200အာယာသ်
MedinanRevelation
8အာယာသ်

ဘာသာပြန် — အာလ်-အိမရာန် 8

စူရာ အာလ်-အိမရာန် အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ဉာဏ်ပညာအရာ၌ ရင့်သန်သောသူတို့သည်ဤကဲ့သို့ဆုပန်ကြကုန်၏) အို-ကျွန်တော်မျိုးတို့အား မွေးမြူတော်မူသောအရှင်၊ မုချဧကန်အရှင်မြတ်သည် ကျွန်တော်မျိုးတို့အား တရားလမ်းမှန်သို့ ပို့�ောင်တော်မူပြီးနောက်ကျွန်တော်မျိုး တို့၏စိတ်နှလုံးများကို တိမ်းစောင်းလွဲချော်အောင်ပြုတော်မမူပါနှင့်။…

စူရာ အာယာသ် 8/200 — အာလ်-အိမရာန် آل عمران (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အာလ်-အိမရာန် နားထောင်, အာလ်-အိမရာန် ဘာသာပြန်, အာလ်-အိမရာန် mp3, အာလ်-အိမရာန် pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers