وَإِذْ قَالَت طَّائِفَةٌ مِّنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِّنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِن يُرِيدُونَ إِلَّا فِرَارًا ١٣
🔤 Transliteration
Wa iz qaalat taaa`ifatum minhum yaaa ahla Yasriba laa muqaamaa lakum farji`oo; wa yastaazina fareequm minhumun Nabiyya yaqooloona inna buyootanaa `awrah; wa maa hiya bi`awratin iny yureedoona illaa firaaraa
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော စကားလုံးများ၏ အဓိပ္ပာယ် သွာအိဖသွန် (طَائِفَةٌ ) — လူအုပ်စုတစ်စု၊ လူတစ်စိတ်တစ်ပိုင်း။ယသ်ရိဗ် (يَثْرِبَ ) — မဒီနာမြို့၏ အစ္စလာမ်မတိုင်မီ ခေတ်က အမည်ဟောင်း။လာ မုကာမာ (لَا مُقَامَ ) — နေရာမရှိ၊ တည်နေရန် အခွင့်အလမ်းမရှိ။ဖရ်ဂျိအူ (فَارْجِعُوا ) — ပြန်ကြလော့။အူရသွတ် (عَوْرَةٌ ) — ကာကွယ်မှုမရှိသော၊ အကာအကွယ်ကင်းမဲ့သော၊ ရန်သူ၏ တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိသော။ဖိရာရန် (فِرَارًا ) — ထွက်ပြေးခြင်း၊ စစ်မြေပြင်မှ လွတ်ရန် ပြေးခြင်း။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် သွာဟ်သွာန်စစ်ပွဲ (ခြုံကျင်းစစ်ပွဲ) ကာလတွင် ဖြစ်ပွားခဲ့သော မုနာဖိကူန်များ၏ သစ္စာဖောက်မှုကို ဖော်ပြထားပါသည်။ အလ္လာဟ်အရှင်မြတ်သည် တမန်တော်မုဟမ္မဒ် (ဆွ) အား ထိုအဖြစ်အပျက်ကို ပြန်လည်သတိရစေတော်မူပြီး မိန့်တော်မူသည်မှာ —
မုနာဖိကူန်များထဲမှ လူအုပ်စုတစ်စုသည် မုအ်မင်န်များအား ဤသို့ပြောဆိုခဲ့ကြသည် — “အို ယသ်ရိဗ်မြို့သူများ၊ ဤနေရာတွင် သင်တို့အတွက် တည်နေရန် နေရာမရှိတော့ပါ။ သင်တို့၏ နေအိမ်များသို့ ပြန်ကြလော့” ဟု ဆိုကာ စစ်မြေပြင်မှ ဆုတ်ခွာရန် လှုံ့ဆော်ခဲ့ကြသည်။ ဤသို့ဖြင့် သူတို့သည် မုအ်မင်န်များ၏ စိတ်ဓာတ်ကို ကျဆင်းစေရန် ကြိုးပမ်းခဲ့ကြသည်။
ထို့အပြင် မုနာဖိကူန်များထဲမှ အခြားအုပ်စုတစ်စုသည် တမန်တော်မြတ် (ဆွ) ထံသို့ လာရောက်၍ “ကျွန်ုပ်တို့၏ နေအိမ်များသည် ကာကွယ်မှုမရှိဘဲ ရန်သူ၏ တိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် နေအိမ်များသို့ ပြန်ခွင့်ပြုပါ” ဟု ခွင့်တောင်းခဲ့ကြသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် သူတို့၏ ပြောဆိုချက်ကို ငြင်းပယ်တော်မူပြီး “ထိုနေအိမ်များသည် ကာကွယ်မှုမရှိသော နေအိမ်များ မဟုတ်ကြပါ” ဟု မိန့်တော်မူသည်။ အမှန်စင်စစ် သူတို့သည် စစ်မြေပြင်မှ ထွက်ပြေးရန်သာ ရည်ရွယ်ကြပြီး နေအိမ်များ၏ အန္တရာယ်ကို အကြောင်းပြချက်အဖြစ် အသုံးချခဲ့ကြခြင်းဖြစ်သည်။
၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ ၁။ သစ္စာရှိမှု၏ တန်ဖိုး — ဤ
وَإِذۡ قَالَت طَّآئِفَةٌ مِّنۡهُمۡ يَٰٓأَهۡلَ يَثۡرِبَ لَا مُقَامَ لَكُمۡ فَٱرۡجِعُواْۚ وَيَسۡتَـٔۡذِنُ فَرِيقٌ مِّنۡهُمُ ٱلنَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوۡرَةٌ وَمَا هِيَ بِعَوۡرَةٍۖ إِن يُرِيدُونَ إِلَّا فِرَارًا ١٣
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 11-15 — စူရာ အလ်-အာ့ဇာ့ဗ်
11 هُنَالِكَ ابْتُلِيَ الْمُؤْمِنُونَ وَزُلْزِلُوا زِلْزَالًا شَدِيدًا
ထိုရောအခါဝယ် မုအ်မင်န် သက်ဝင်ယုံကြည်သူတို့မှာ စမ်းသပ်ခြင်းခံခဲ့ကြရသည့်ပြင်၊ ပြင်းထန်စွာ တုန်လှုပ်ချောက်ချားစေခြင်းကိုလည်း ခံခဲ့ကြရကုန်၏။
12 وَإِذْ يَقُولُ الْمُنَافِقُونَ وَالَّذِينَ فِي قُلُوبِهِم مَّرَضٌ مَّا وَعَدَنَا اللَّهُ وَرَسُولُهُ إِلَّا غُرُورًا
ထိုမှတစ်ပါး အကြင်အခါဝယ် မုနာဖစ်က်အယောင်ဆောင်မုစ်လင်မ်များနှင့် စိတ်နှလုံးများတွင် ရောဂါရှိသူတို့က အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်သည်လည်းကောင်း၊ ကျွန်ုပ်တို့အားဖြားယောင်းခြင်းမှတစ်ပါး မှန်ကန်သောကတိကို ပေးခဲ့ကြသည်မဟုတ် ဟု ပြောဆိုလျက် ရှိခဲ့ကြကုန်၏။
13 وَإِذْ قَالَت طَّائِفَةٌ مِّنْهُمْ يَا أَهْلَ يَثْرِبَ لَا مُقَامَ لَكُمْ فَارْجِعُوا ۚ وَيَسْتَأْذِنُ فَرِيقٌ مِّنْهُمُ النَّبِيَّ يَقُولُونَ إِنَّ بُيُوتَنَا عَوْرَةٌ وَمَا هِيَ بِعَوْرَةٍ ۖ إِن يُرِيدُونَ إِلَّا فِرَارًا
၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့အနက် လူတစုသည် ဧကန်အမှန် ကျွန်ုပ်တို့၏အိမ်များမှာလုံခြုံမှုမရှိပါ ဟုပြောဆိုကာ နဗီတမန်တော်မြတ်ထံမှ ခွင့်ပန်လျက် ရှိကြကုန်၏။ စင်စစ်သော်ကား ယင်းအိမ်များမှာ လုံခြုံမှုကင်းမဲ့စွာ ရှိနေကြသည်မဟုတ်ပေ။ ၎င်းတို့မူကား ထွက်ပြေးရန်သာ ကြံရွယ်နေကြကုန်သတည်း။
14 وَلَوْ دُخِلَتْ عَلَيْهِم مِّنْ أَقْطَارِهَا ثُمَّ سُئِلُوا الْفِتْنَةَ لَآتَوْهَا وَمَا تَلَبَّثُوا بِهَا إِلَّا يَسِيرًا
စင်စစ်သော်ကား ၎င်းတို့ထံ ယင်း ယတ်ဆရစ်ဗ် မြို့၏ ဘေးပတ်ဝန်းကျင်များမှ (ကာဖိရ် စစ်သည်တို့သည်) ဝင်ရောက်ခဲ့ကြသော် ထို့နောက် ၎င်းတို့သည် ဖျက်ဆီးမှုပြုရန် (မုစ်လင်မ်တို့နှင့် တိုက်ခိုက်ရန်) တောင်းဆိုခြင်းကိုခံခဲ့ကြရသော် ၎င်းတို့သည် ထိုအိမ်များ၌ အနည်းငယ်မျှသာဆိုင်းငံ့ပြီး ရုတ်တရက်ချက်ချင်းပင်လျှင် ယင်းဖျက်ဆီးမှု (တိုက်ခိုက်မှု)ကို အမှန်ပင်လက်ခံပြုလုပ်ကြမည်သာ။
15 وَلَقَدْ كَانُوا عَاهَدُوا اللَّهَ مِن قَبْلُ لَا يُوَلُّونَ الْأَدْبَارَ ۚ وَكَانَ عَهْدُ اللَّهِ مَسْئُولًا
မချွတ်မလွဲ ၎င်းတို့သည် ရှေးဦးမဆွက ကျောခိုင်း၍ထွက်ပြေးကြမည်မဟုတ်ပါ ဟု အလ္လာဟ်အရှင်မြတ်နှင့်ကတိထားခဲ့ပြီးဖြစ်ကြကုန်၏။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်နှင့်ထားခဲ့သော ကတိဝန်ခံချက်မှာ စစ်ဆေးမေးမြန်းခံရအံ့သော ကတိဝန်ခံချက်ပင် ဖြစ်ချေသည်။
ဘာသာပြန် — အလ်-အာ့ဇာ့ဗ် 13 စူရာ အလ်-အာ့ဇာ့ဗ် အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အကြင်အခါဝယ် ထိုသူတို့အနက် လူတစ်စုကအို-ယတ်ဆရစ်ဗ်မြို့သားတို့၊ အသင်တို့အဖို့ရပ်တည်ရာဌာနဟူ၍ အလျှင်းမရှိပြီဖြစ်ရာ အသင်တို့သည် ပြန်သွားကြကုန်လော့ ဟု ပြောဆိုခဲ့ကြကုန်၏။…
စူရာ အာယာသ် 13/73 — စူရာ အလ်-အာ့ဇာ့ဗ် الأحزاب (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ဇာ့ဗ် နားထောင်, စူရာ အလ်-အာ့ဇာ့ဗ် ဘာသာပြန်, စူရာ အလ်-အာ့ဇာ့ဗ် mp3, စူရာ အလ်-အာ့ဇာ့ဗ် pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.