အဇ်-ဇုမား · 23/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
اللَّهُ نَزَّلَ أَحْسَنَ الْحَدِيثِ كِتَابًا مُّتَشَابِهًا مَّثَانِيَ تَقْشَعِرُّ مِنْهُ جُلُودُ الَّذِينَ يَخْشَوْنَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ اللَّهِ ۚ ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَن يَشَاءُ ۚ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ ۝٢٣
Allahu nazzala ahsanal hadeesi Kitaabam mutashaa biham masaaniy taqsha`irru minhu juloodul lazeena yakhshawna Rabbahum summa taleenu julooduhum wa quloo buhum ilaa zikril laah; zaalika hudal laahi yahdee bihee mai yashaaa`; wa mai yudlilil laahu famaa lahoo min haad
📖 မြန်မာဘာသာ
အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို ကြားနာရသောကြောင့် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေသော သူတို့၏အသားအရေတို့မှာ ကြက်သီးမွေးညင်းထလာလေ၏။ ထို့နောက် ထိုသူတို့၏ အသားအရေများသည်လည်းကောင်း၊ ထိုသူတို့၏စိတ်နှလုံးများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရအံ့သောငှာ နူးညံ့သိမ်မွေ့ ပျော့ပျောင်း၍ လာလေတော့၏။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏တရားလမ်းညွှန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်တရားလမ်းညွှန်ဖြင့် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့အားမဆို လမ်းမှား၌ ရှိစေတော်မူပါလျှင် ထိုသူအား မည်သူတစ်ဦးတစ်ယောက်မျှပင် တရားလမ်းမှန်သို့ ပို့ဆောင်သူဟူ၍ မရှိတော့ပြီတကား။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • مُتَشَابِهًا (မုသရှာဗိဟန်): အချင်းချင်း ဆင်တူယိုးမှား ဖြစ်နေခြင်း။ ဆိုလိုသည်မှာ ကုရ်အာန်၏ စကားလုံးများ၊ အဓိပ္ပာယ်များ၊ အကြောင်းအရာများသည် အချင်းချင်း ကိုက်ညီမှုရှိပြီး မည်သည့်နေရာတွင်မျှ ကွဲလွဲမှုမရှိဘဲ အလွန်လှပကောင်းမွန်သော စာအုပ်တစ်အုပ် ဖြစ်ခြင်း။
  • مَّثَانِيَ (မာသာနီ): ထပ်ခါတလဲလဲ ဖော်ပြခြင်း၊ အကြိမ်ကြိမ် ရွတ်ဖတ်ခြင်း။ ဆိုလိုသည်မှာ ကုရ်အာန်တွင် ဇာတ်လမ်းများ၊ ပညတ်တော်များ၊ ကတိများနှင့် သတိပေးချက်များကို ထပ်ခါတလဲလဲ ဖော်ပြထားခြင်း။
  • تَقْشَعِرُّ (တက်ရှ်အိရ်): ကြက်သီးထခြင်း၊ အရေပြားတွန့်ဆုတ်ခြင်း။ ကြောက်ရွံ့မှု သို့မဟုတ် ထိတ်လန့်မှုကြောင့် ခန္ဓာကိုယ်တွင် ဖြစ်ပေါ်သော ပြောင်းလဲမှုကို ဆိုလိုသည်။
  • تَلِينُ (တလီနု): နူးညံ့သွားခြင်း၊ ပျော့ပျောင်းသွားခြင်း။ ဤနေရာတွင် စိတ်နှလုံး နူးညံ့သွားပြီး လက်ခံလာခြင်းကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသော စကားတော်ဖြစ်သည့် ကုရ်အာန်ကျမ်းတော်မြတ်ကို ချမှတ်ပေးအပ်တော်မူခဲ့သည်။ ထိုကျမ်းတော်သည် အချင်းချင်း ဆင်တူယိုးမှား ကိုက်ညီမှုရှိပြီး၊ မှန်ကန်မှု၊ လှပမှုနှင့် ညီညွတ်မှုတွင် တစ်ခုနှင့်တစ်ခု ကွဲလွဲမှုမရှိဘဲ၊ အကြောင်းအရာများကို ထပ်ခါတလဲလဲ ဖော်ပြထားသည်။ ဇာတ်လမ်းများ၊ ပညတ်တော်များ၊ ကတိတော်များနှင့် သတိပေးချက်များ၊ အမှန်တရားကို လိုက်နာသူများ၏ လက္ခဏာများနှင့် မှားယွင်းသူများ၏ လက္ခဏာများကို ထပ်တလဲလဲ ဖော်ပြထားသည်။

ထိုကျမ်းတော်ကို ကြားနာရသောအခါ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်ကို ကြောက်ရွံ့ရိုသေသော သူများ၏ အရေပြားများသည် သတိပေးချက်များနှင့် ခြိမ်းခြောက်မှုများကို ကြားရသောအခါ ကြက်သီးထပြီး တုန်လှုပ်သွားကြသည်။ ထို့နောက် မျှော်လင့်ချက်နှင့် သတင်းကောင်းများကို ကြားရသောအခါ သူတို့၏ အရေပြားများနှင့် စိတ်နှလုံးများသည် အလ္လာဟ်အရှင်မြတ်၏ သတိရတသမှုဆီသို့ နူးညံ့ပျော့ပျောင်းလာကြသည်။

ဤသို့သော ကုရ်အာန်၏ သက်ရောက်မှုသည် အလ္လာဟ်အရှင်မြတ်၏ လမ်းညွှ



📜 အာယာသ် 21-25 — စူရာ အဇ်-ဇုမား

21أَلَمْ تَرَ أَنَّ اللَّهَ أَنزَلَ مِنَ السَّمَاءِ مَاءً فَسَلَكَهُ يَنَابِيعَ فِي الْأَرْضِ ثُمَّ يُخْرِجُ بِهِ زَرْعًا مُّخْتَلِفًا أَلْوَانُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَجْعَلُهُ حُطَامًا ۚ إِنَّ فِي ذَٰلِكَ لَذِكْرَىٰ لِأُولِي الْأَلْبَابِ
(အို-မနုဿလူသား) အသင်သည် မမြင်ခဲ့လေသလော။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်မှရေကို ချပေးတော်မူခဲ့၏။ ထို့နောက် ထိုရေကို မြေ၌ရှိသောရေကြောများဝယ် ဝင်သွားစေတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ထိုရေဖြင့် အမျိုးမျိုး အစားစားဖြစ်သော ကောက်ပဲသီးနှံကို ထွက်စေတော်မူ၏။ ထို့နောက် ယင်းကောက်ပဲသီးနှံမှာ သွေ့ခြောက်၍သွားလေသောအခါ အသင်သည် ယင်းကောက်ပဲသီးနှံများ ဝါ၍နေသည်ကို တွေ့မြင်လေ၏။ထို့နောက် ထိုအရှင်မြတ်သည် ထိုကောက်ပဲသီးနှံကို အစိတ်စိတ်အမြွာမြွာ ဖြစ်စေတော်မူ၏။ ဧကန်မလွဲ ဤသည်၌ ဉာဏ်ရှင်တို့အဖို့ အဆုံးအမသည် အမှန်ပင် ဖြစ်ပေသည်။
22أَفَمَن شَرَحَ اللَّهُ صَدْرَهُ لِلْإِسْلَامِ فَهُوَ عَلَىٰ نُورٍ مِّن رَّبِّهِ ۚ فَوَيْلٌ لِّلْقَاسِيَةِ قُلُوبُهُم مِّن ذِكْرِ اللَّهِ ۚ أُولَٰئِكَ فِي ضَلَالٍ مُّبِينٍ
သို့ဖြစ်ပေရာ အလ္လာဟ်အရှင်မြတ်သည် အကြင်သူ၏ရင်ကို အစ္စလာမ်သာသနာတော်နှင့် စပ်လျဉ်း၍ ဖွင့်ပေးတော်မူခဲ့၏။ တစ်ဖန် ထိုသူသည် မိမိအရှင်မြတ်အထံတော်မှ အလင်းပေါ်၌ လျှောက်သွားလျက်ရှိ၏။ (ထိုသူနှင့် စိတ်နှလုံးမာမြင်းသောသူသည် တူနိုင်ပါသလော)။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်အား အောက်မေ့၊ တသ၊ သတိရခြင်းမရှိဘဲ စိတ်နှလုံးမာမြင်းခဲယဉ်းလျက်ရှိသောသူတို့၌ ပျက်စီးခြင်းသည် ရှိပေသည်။ ထိုသူတို့ကား ထင်ရှားစွာသော လမ်းမှားမှု၌ပင် ရှိနေကြကုန်သတည်း။
23اللَّهُ نَزَّلَ أَحْسَنَ الْحَدِيثِ كِتَابًا مُّتَشَابِهًا مَّثَانِيَ تَقْشَعِرُّ مِنْهُ جُلُودُ الَّذِينَ يَخْشَوْنَ رَبَّهُمْ ثُمَّ تَلِينُ جُلُودُهُمْ وَقُلُوبُهُمْ إِلَىٰ ذِكْرِ اللَّهِ ۚ ذَٰلِكَ هُدَى اللَّهِ يَهْدِي بِهِ مَن يَشَاءُ ۚ وَمَن يُضْلِلِ اللَّهُ فَمَا لَهُ مِنْ هَادٍ
အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို ကြားနာရသောကြောင့် မိမိတို့ကို ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အား ကြောက်ရွံ့ရိုသေကြလေသော သူတို့၏အသားအရေတို့မှာ ကြက်သီးမွေးညင်းထလာလေ၏။ ထို့နောက် ထိုသူတို့၏ အသားအရေများသည်လည်းကောင်း၊ ထိုသူတို့၏စိတ်နှလုံးများသည် လည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား အောက်မေ့တသ သတိရအံ့သောငှာ နူးညံ့သိမ်မွေ့ ပျော့ပျောင်း၍ လာလေတော့၏။ ဤသည်ကား အလ္လာဟ်အရှင်မြတ်၏တရားလမ်းညွှန်ပင်၊ အလ္လာဟ်အရှင်မြတ်သည် ယင်းသည့်တရားလမ်းညွှန်ဖြင့် မိမိအလိုရှိတော်မူသောသူအား တရားလမ်းမှန်သို့ ပို့ဆောင်တော်မူ၏။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် မည်သူ့အားမဆို လမ်းမှား၌ ရှိစေတော်မူပါလျှင် ထိုသူအား မည်သူတစ်ဦးတစ်ယောက်မျှပင် တရားလမ်းမှန်သို့ ပို့ဆောင်သူဟူ၍ မရှိတော့ပြီတကား။
24أَفَمَن يَتَّقِي بِوَجْهِهِ سُوءَ الْعَذَابِ يَوْمَ الْقِيَامَةِ ۚ وَقِيلَ لِلظَّالِمِينَ ذُوقُوا مَا كُنتُمْ تَكْسِبُونَ
သို့ဖြစ်ပေရာ အကြင်သူသည် ‘ကိယာမတ်’ ရှင်ပြန်ထမည့်နေ့တွင် ပြင်းထန်သော ပြစ်ဒဏ်များကို မိမိမျက်နှာဖြင့် ကာကွယ်မည်ဖြစ်၏။ ၎င်းပြင် (ထိုကဲ့သို့သော) မတရားပြုလုပ်သူတို့အား "အသင်တို့သည် မိမိတို့ ဆည်းပူးလျက် ရှိခဲ့ကြသည်တို့၏ရသာကို မြည်းစမ်းကြလေကုန်"ဟု ပြောဆိုခြင်း ခံရမည်ဖြစ်၏။ (ထိုကဲ့သို့သော သူတို့နှင့်ပြစ်ဒဏ်မှ လွတ်ကင်းကြသောသူတို့သည် တူကြပါသလော)။
25كَذَّبَ الَّذِينَ مِن قَبْلِهِمْ فَأَتَاهُمُ الْعَذَابُ مِنْ حَيْثُ لَا يَشْعُرُونَ
၎င်းတို့အလျင် ရှိခဲ့ကြသော သူတို့သည်လည်း(အမှန်တရားကို) မဟုတ်မမှန်ဟူ၍ စွပ်စွဲငြင်းပယ်ခဲ့ကြကုန်၏။ သို့ဖြစ်ပေရာ ပြစ်ဒဏ်သည် ၎င်းတို့ထံ ၎င်းတို့ မထင်မမြင်ကြသောနည်းဖြင့် ရောက်ရှိ၍ လာခဲ့လေသည်။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
23အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 23

စူရာ အဇ်-ဇုမား အာယာသ် 23 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အလ္လာဟ်အရှင်မြတ်သည် အကောင်းဆုံးသောအာယတ်တော်၊ အချင်းချင်းတစ်ခုနှင့်တစ်ခု ဆင်တူယိုးမှားဖြစ်သော၊ အကြိမ်ကြိမ် မိန့်ကြားထားသော၊ ဒွန်တွဲလျက်ရှိသော ကျမ်းဂန်တစ်စောင်ကို ချပေးတော်မူ၏။ ယင်းအာယတ်တော်ကို…

စူရာ အာယာသ် 23/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 21–25. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers