أَلَا لِلَّهِ الدِّينُ الْخَالِصُ ۚ وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَىٰ إِنَّ اللَّهَ يَحْكُمُ بَيْنَهُمْ فِي مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ كَاذِبٌ كَفَّارٌ ٣
🔤 Transliteration
Alaa lillaahid deenul khaalis; wallazeenat takhazoo min dooniheee awliyaaa`a maa na`buduhum illaa liyuqar riboonaaa ilal laahi zulfaa; innal laaha yahkumu baina hum fee maa hum feehi yakhtalifoon; innal laaha laa yahdee man huwa kaazibun kaffaar
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။
🌐 Additional reference in ภาษาไทย
အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ: أَلَا (အလာ): သတိပြုပါ၊ နားထောင်ပါ ဟု အဓိပ္ပာယ်ရသော အသိပေးစကားလုံး။ الدِّينُ الْخَالِصُ (ဒ္ဒီနုလ် ခါလိဆွ်): အလ္လာဟ်အရှင်မြတ်အတွက်သာ သီးသန့်ဖြစ်သော၊ ရှိခိုးကိုးကွယ်မှုတွင် ရောနှောမှုကင်းသော သန့်ရှင်းသည့် ဒီန် (ဘာသာတရား)။ أَوْلِيَاءَ (အောင်လိယာအ်): ကိုးကွယ်ရာများ၊ မိတ်ဆွေများ၊ အုပ်ထိန်းသူများ။ زُلْفَى (ဇုလ်ဖာ): နီးကပ်မှု၊ ချဉ်းကပ်မှု။ يَخْتَلِفُونَ (ယခ်သလိဖူန): ကွဲလွဲနေကြသည်၊ အယူအဆမတူကြသည်။ كَفَّارٌ (ကဖ်ဖာရ်): အလွန်ကျေးဇူးမသိတတ်သူ၊ ငြင်းပယ်မှုတွင် အလွန်အကျွံလုပ်သူ။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: သတိပြုပါ။ သန့်ရှင်းစင်ကြယ်သော ရှိခိုးကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သည်။ မည်သည့်ရောနှောမှုမျှ လက်ခံမည်မဟုတ်ပေ။ သို့သော် အလ္လာဟ်အရှင်မြတ်ကို စွန့်လွှတ်၍ အခြားသူများကို ကိုးကွယ်ရာများအဖြစ် ပြုလုပ်ထားသူများက "ကျွန်ုပ်တို့သည် ထိုကိုးကွယ်ရာများကို အလ္လာဟ်အရှင်မြတ်ထံ ချဉ်းကပ်စေရန်၊ အရှင်မြတ်ထံ ကျွန်ုပ်တို့၏ လိုအပ်ချက်များကို ပို့ဆောင်ပေးရန်၊ အရှင်မြတ်ထံ ကြားဝင်အသနားခံပေးရန်အတွက်သာ ကိုးကွယ်ကြခြင်းဖြစ်သည်" ဟု အကြောင်းပြကြသည်။ ဤသို့ပြောဆိုခြင်းသည် အမှန်တကယ်တွင် မှားယွင်းသော အကြောင်းပြချက်ဖြစ်သည်။ အကြောင်းမှာ ရှိခိုးကိုးကွယ်မှုနှင့် ကြားဝင်အသနားခံခွင့်သည် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်သောကြောင့်ဖြစ်သည်။
အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်တိုင်နှင့်ပတ်သက်၍ ကွဲလွဲနေကြသော ကိစ္စများတွင် ထိုသူတို့အကြား ကိယာမသ်နေ့တွင် စီရင်ဆုံးဖြတ်တော်မူမည်။ စိတ်ရင်းမှန်ဖြင့် သက်ဝင်ယုံကြည်သူများနှင့် အလ္လာဟ်အရှင်မြတ်နှင့်တွဲဖက်၍ အခြားသူများကို ကိုးကွယ်သူများကို ခွဲခြားပြီး တစ်ဦးစီအား ထိုက်တန်သည့်အတိုင်း အစားပေးတော်မူမည်။
အမှန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အရှင်မြတ်အပေါ် မုသားပြောဆိုသူ၊ အရှင်မြတ်၏ အာယသ်သက်သေလက္ခဏာများကို အလွန်အကျွံ ငြင်းပယ်သူအား ဖြောင့်မတ်သော လမ်းစဉ်သို့ လမ်းညွှန်တော်မူမည် မဟုတ်ပေ။
ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာန
أَلَا لِلَّهِ ٱلدِّينُ ٱلۡخَالِصُۚ وَٱلَّذِينَ ٱتَّخَذُواْ مِن دُونِهِۦٓ أَوۡلِيَآءَ مَا نَعۡبُدُهُمۡ إِلَّا لِيُقَرِّبُونَآ إِلَى ٱللَّهِ زُلۡفَىٰٓ إِنَّ ٱللَّهَ يَحۡكُمُ بَيۡنَهُمۡ فِي مَا هُمۡ فِيهِ يَخۡتَلِفُونَۗ إِنَّ ٱللَّهَ لَا يَهۡدِي مَنۡ هُوَ كَٰذِبٌ كَفَّارٌ ٣
သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 1-5 — စူရာ အဇ်-ဇုမား
1 تَنزِيلُ الْكِتَابِ مِنَ اللَّهِ الْعَزِيزِ الْحَكِيمِ
ဤသည် တန်ခိုးအာနုဘော်ဖြင့် လွှမ်းမိုးတော်မူသော၊ ဆင်ခြင်တုံတရားနှင့် ပြည့်စုံတော်မူသော အလ္လာဟ်အရှင်မြတ်အထံတော်မှ ချပေးသနားတော်မူသော (ကုရ်အာန်)ကျမ်းတော်မြတ်ပင်။
2 إِنَّا أَنزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ فَاعْبُدِ اللَّهَ مُخْلِصًا لَّهُ الدِّينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်ထံသို့ ဤ(ကုရ်အာန်)ကျမ်းတော်မြတ်ကို တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့ရာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။
3 أَلَا لِلَّهِ الدِّينُ الْخَالِصُ ۚ وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَىٰ إِنَّ اللَّهَ يَحْكُمُ بَيْنَهُمْ فِي مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ كَاذِبٌ كَفَّارٌ
သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။
4 لَّوْ أَرَادَ اللَّهُ أَن يَتَّخِذَ وَلَدًا لَّاصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَاءُ ۚ سُبْحَانَهُ ۖ هُوَ اللَّهُ الْوَاحِدُ الْقَهَّارُ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား ရွေးချယ်တော်မူခဲ့မည်သာ။ ထိုအရှင်မြတ်သည် (သားသမီးအလိုရှိခြင်းမှ)သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် တစ်ဆူတည်းသော၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
5 خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ يُكَوِّرُ اللَّيْلَ عَلَى النَّهَارِ وَيُكَوِّرُ النَّهَارَ عَلَى اللَّيْلِ ۖ وَسَخَّرَ الشَّمْسَ وَالْقَمَرَ ۖ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى ۗ أَلَا هُوَ الْعَزِيزُ الْغَفَّارُ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ကျနသေချာစွာ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဉ့်ကိုနေ့၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုနည်းတူစွာ နေ့ကိုညဉ့်၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ မလွှဲမရှောင်သာ အမိန့်တော်ကို လိုက်နာစေတော်မူခဲ့ရာ (ယင်းနေသည်လည်းကောင်း၊ လသည်လည်းကောင်း၊) သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အသီးသီး လှုပ်ရှားသွားလာလျက်ပင် ရှိကြပေမည်။ သတိပြုကြလေကုန်၊ ထိုအရှင်မြတ်သည် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။
ဘာသာပြန် — အဇ်-ဇုမား 3 စူရာ အဇ်-ဇုမား အာယာသ် 3 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည်…
စူရာ အာယာသ် 3/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 1–5. မြန်မာဘာသာ: ภาษาไทย.