အဇ်-ဇုမား · 4/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အဇ်-ဇုမား
لَّوْ أَرَادَ اللَّهُ أَن يَتَّخِذَ وَلَدًا لَّاصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَاءُ ۚ سُبْحَانَهُ ۖ هُوَ اللَّهُ الْوَاحِدُ الْقَهَّارُ ۝٤
Law araadal laahu aiyattakhiza waladal lastafaa mimmaa yakhluqu maa yashaaa`; Subhaanahoo Huwal laahul Waahidul Qahhaar
📖 မြန်မာဘာသာ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား ရွေးချယ်တော်မူခဲ့မည်သာ။ ထိုအရှင်မြတ်သည် (သားသမီးအလိုရှိခြင်းမှ)သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် တစ်ဆူတည်းသော၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 2-6 — စူရာ အဇ်-ဇုမား

2إِنَّا أَنزَلْنَا إِلَيْكَ الْكِتَابَ بِالْحَقِّ فَاعْبُدِ اللَّهَ مُخْلِصًا لَّهُ الدِّينَ
ဧကန်မလွဲ ငါအရှင်မြတ်သည် အသင့်ထံသို့ ဤ(ကုရ်အာန်)ကျမ်းတော်မြတ်ကို တိကျမှန်ကန်စွာ ချပေးသနားတော်မူခဲ့ရာ၊ အသင်သည် အလ္လာဟ် အရှင်မြတ်အားသာလျှင် ဆည်းကပ်ကိုးကွယ်မှုကို သက်သက် ထိုအရှင်အတွက် သဒ္ဓါဖြူစင်စေလျက် ဆည်းကပ်ကိုးကွယ်ပါလေ။
3أَلَا لِلَّهِ الدِّينُ الْخَالِصُ ۚ وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ مَا نَعْبُدُهُمْ إِلَّا لِيُقَرِّبُونَا إِلَى اللَّهِ زُلْفَىٰ إِنَّ اللَّهَ يَحْكُمُ بَيْنَهُمْ فِي مَا هُمْ فِيهِ يَخْتَلِفُونَ ۗ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ كَاذِبٌ كَفَّارٌ
သတိပြုကြလေကုန်။ သန့်သန့်ဖြစ်သော ဆည်းကပ်ကိုးကွယ်မှုသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်၏။သို့ရာတွင် အကြင်သူတို့သည် ထိုအရှင်မြတ်အပြင် အခြားကာကွယ်စောင့်ရှောက်သူများ ပြုလုပ်ခဲ့ကြပြီးလျှင် ၎င်းတို့သည် ကျွန်ုပ်တို့အား အလ္လာဟ်အရှင်မြတ်ထံတော်ပါးသို့ နီးကပ်စေကြရန်သာလျှင် ကျွန်ုပ်တို့သည် ၎င်းတို့အား ဆည်းကပ်ကိုးကွယ်ကြသည်(ဟုဆိုကြကုန်၏)။ ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် (ကိယာမတ်နေ့တွင်) ၎င်းတို့အချင်းချင်း သဘောကွဲလွဲ ငြင်းခုံလျက်ရှိကြသော အရေးကိစ္စနှင့်စပ်လျဉ်း၍ ၎င်းတို့အကြားဝယ် စီရင် ဆုံးဖြတ်တော်မူပေမည်။ စင်စစ်ဧကန် အလ္လာဟ်အရှင်မြတ်သည် မုသာဝါဒီဖြစ်သူ လွန်စွာ ကျေးဇူးကန်းသူအား တရားလမ်းမှန်သို့ ပို့ပေးတော်မူမည် မဟုတ်ပေ။
4لَّوْ أَرَادَ اللَّهُ أَن يَتَّخِذَ وَلَدًا لَّاصْطَفَىٰ مِمَّا يَخْلُقُ مَا يَشَاءُ ۚ سُبْحَانَهُ ۖ هُوَ اللَّهُ الْوَاحِدُ الْقَهَّارُ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား ရွေးချယ်တော်မူခဲ့မည်သာ။ ထိုအရှင်မြတ်သည် (သားသမီးအလိုရှိခြင်းမှ)သန့်ရှင်းစင်ကြယ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် တစ်ဆူတည်းသော၊ လွန်စွာ နိုင်နင်းလွှမ်းမိုးတော်မူသောအရှင် ဖြစ်တော်မူပေသတည်း။
5خَلَقَ السَّمَاوَاتِ وَالْأَرْضَ بِالْحَقِّ ۖ يُكَوِّرُ اللَّيْلَ عَلَى النَّهَارِ وَيُكَوِّرُ النَّهَارَ عَلَى اللَّيْلِ ۖ وَسَخَّرَ الشَّمْسَ وَالْقَمَرَ ۖ كُلٌّ يَجْرِي لِأَجَلٍ مُّسَمًّى ۗ أَلَا هُوَ الْعَزِيزُ الْغَفَّارُ
ထိုအရှင်မြတ်သည် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ကျနသေချာစွာ ဖန်ဆင်းတော်မူခဲ့၏။ ထိုအရှင်မြတ်သည် ညဉ့်ကိုနေ့၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုနည်းတူစွာ နေ့ကိုညဉ့်၏အပေါ်၌ ဖုံးအုပ်လွှမ်းခြုံတော်မူ၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် နေကိုလည်းကောင်း၊ လကိုလည်းကောင်း၊ မလွှဲမရှောင်သာ အမိန့်တော်ကို လိုက်နာစေတော်မူခဲ့ရာ (ယင်းနေသည်လည်းကောင်း၊ လသည်လည်းကောင်း၊) သတ်မှတ်ပြီးဖြစ်သောအချိန် ကာလတိုင်အောင် အသီးသီး လှုပ်ရှားသွားလာလျက်ပင် ရှိကြပေမည်။ သတိပြုကြလေကုန်၊ ထိုအရှင်မြတ်သည် နိုင်နင်းလွှမ်းမိုးတော်မူသောအရှင်၊ အလွန်တရာ ခွင့်လွှတ်ချမ်းသာ ပေးသနားတော်မူသောအရှင် ဖြစ်တော်မူ၏။
6خَلَقَكُم مِّن نَّفْسٍ وَاحِدَةٍ ثُمَّ جَعَلَ مِنْهَا زَوْجَهَا وَأَنزَلَ لَكُم مِّنَ الْأَنْعَامِ ثَمَانِيَةَ أَزْوَاجٍ ۚ يَخْلُقُكُمْ فِي بُطُونِ أُمَّهَاتِكُمْ خَلْقًا مِّن بَعْدِ خَلْقٍ فِي ظُلُمَاتٍ ثَلَاثٍ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ لَهُ الْمُلْكُ ۖ لَا إِلَٰهَ إِلَّا هُوَ ۖ فَأَنَّىٰ تُصْرَفُونَ
ထိုအရှင်မြတ်သည် အသင်တို့အား အသက်တစ်ချောင်းတည်းမှ ဖန်ဆင်းတော်မူခဲ့၏။ ထို့နောက် ထိုအရှင်မြတ်သည် ယင်း(တစ်ခုတည်းသော)အသက်ဇီဝိန်မှပင် ၎င်း၏ကြင်ရာကြင်ဖက်ကို ဖန်ဆင်းတော်မူခဲ့၏။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် အသင်တို့ အကျိုးငှာ ခြေလေးချောင်းတိရစ္ဆာန်များမှ(အထီးအမစုံတွဲ)ရှစ်မျိုးကို ချပေးတော်မူခဲ့၏။ ထိုအရှင်မြတ်သည် အသင်တို့အား အသင်တို့၏ မိခင်များ၏ဝမ်းဗိုက်တွင် အမိုက်မှောင်သုံးထပ်အတွင်းဝယ် ဖန်ဆင်းမှု တစ်မျိုးပြီးတစ်မျိုးသို့(ပြောင်းလွှဲ၍) ဖန်ဆင်းတော်မူ၏။ ထို(အရှင်မြတ်) သည်ပင် အသင်တို့အား ဖန်ဆင်းမွေးမြူတော်မူသော အလ္လာဟ်အရှင်မြတ် ဖြစ်တော်မူ၏။ စိုးမိုးအုပ်ချုပ်မှုသည် ထိုအရှင်မြတ်၌သာရှိ၏။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျှင်းမရှိပြီ။ သို့ပါလျက် အသင်တို့သည် အဘယ်သို့ ပြန်လှည့်သွားကြကုန်သနည်း။
အဇ်-ဇုမားကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MeccanRevelation
4အာယာသ်

ဘာသာပြန် — အဇ်-ဇုမား 4

စူရာ အဇ်-ဇုမား အာယာသ် 4 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အကယ်၍သာ အလ္လာဟ်အရှင်မြတ်သည် သားတော်တစ်ပါးပါး ရွေးချယ်ပြုလုပ်တော်မူရန် ရည်စူးတော်မူခဲ့ပါလျှင်၊ အမှန်ပင် ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူခဲ့သော အဖန်ဆင်းခံတို့အနက်မှ မိမိအလိုရှိတော်မူသောသူအား…

စူရာ အာယာသ် 4/75 — စူရာ အဇ်-ဇုမား الزمر (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အဇ်-ဇုမား နားထောင်, စူရာ အဇ်-ဇုမား ဘာသာပြန်, စူရာ အဇ်-ဇုမား mp3, စူရာ အဇ်-ဇုမား pdf. အာယာသ် 2–6. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers