အန်-နီဆာ · 46/176
ဘာသာပြန် အသံနိုင်ငံ — အန်-နီဆာ
مِّنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَن مَّوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانظُرْنَا لَكَانَ خَيْرًا لَّهُمْ وَأَقْوَمَ وَلَٰكِن لَّعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا ۝٤٦
Minal lazeena haadoo yuharrifoonal Kalima `am mawaadi`ihee wa yaqooloona sami`naa wa `asainaa wasma` ghaira musma`inw wa raa`inaa laiyam bi alsinatihim wa ta`nan fiddeen; wa law annahum qaaloo sami`naa wa ata`naa wasma` wanzurnaa lakaana khairal lahum wa aqwama wa laakil la ``anahumul laahu bikufrihim falaa yu`minoona illaa qaleela
📖 မြန်မာဘာသာ
ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်၊ ဂိုင်ရမွတ်စ်မအင်န်’ ဟူ၍လည်းကောင်း၊ မိမိတို့၏လျှာများကို လိပ်ခေါက်ကာ ‘ရာအိနာ’ ဟူ၍လည်းကောင်း၊ ‘ဒီန်’ သာသနာကို ပုတ်ခတ်ထိပါးစေခြင်းအားဖြင့် ပြောဆိုလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် ‘စမစ်အ်နာ၊ ဝအတွာအ်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်’၊ ‘ဝါန်ဇုရ်နာ’ ဟူ၍လည်းကောင်း၊ ပြောဆို ခဲ့ကြပါမူ၊ မချွတ်ဧကန် ထိုသူတို့အဖို့ အကောင်းဆုံးနှင့် အမှန်အကန်ဆုံးပင် ဖြစ်ခဲ့ပေအံ့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ သွေဖည်ငြင်းပယ်မှုကြောင့်ပင် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေပြီ။ သို့ဖြစ်ပေရာ (ယင်းသူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှတစ်ပါး ကျန်ရှိသောသူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။

🎧 နားထောင်


📜 အာယာသ် 44-48 — အန်-နီဆာ

44أَلَمْ تَرَ إِلَى الَّذِينَ أُوتُوا نَصِيبًا مِّنَ الْكِتَابِ يَشْتَرُونَ الضَّلَالَةَ وَيُرِيدُونَ أَن تَضِلُّوا السَّبِيلَ
အသင်သည် ကျမ်းဂန်များအနက် တစ်စိတ်တစ်ဒေသကို ခြီးမြှင့်ပေးသနားတော်မူခြင်း ခံကြရကုန်သောသူတို့၏ (ဖြစ်အင်) ကို မတွေ့မမြင်ပါလေသလော။ ထိုသူတို့သည် (လမ်းမှန်ကိုစွန့်၍) လမ်းမှားကို လိုက်စားကြသည်။ ၎င်းပြင် အသင်တို့လမ်းမှားခြင်းကိုလည်း လိုလားကြသည်။
45وَاللَّهُ أَعْلَمُ بِأَعْدَائِكُمْ ۚ وَكَفَىٰ بِاللَّهِ وَلِيًّا وَكَفَىٰ بِاللَّهِ نَصِيرًا
အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ရန်သူများကို ကောင်းစွာ သိရှိတော်မူလေသည်။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ပြုစုစောင့်ရှောက်တော်မူသော မိတ်သဟာယအဖြစ်လည်း လုံလောက်တော်မူပေသည်။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) ကူညီစောင်မတော်မူသော အရှင်မြတ်အဖြစ်လည်း လုံလောက်တော်မူပေသတည်း။
46مِّنَ الَّذِينَ هَادُوا يُحَرِّفُونَ الْكَلِمَ عَن مَّوَاضِعِهِ وَيَقُولُونَ سَمِعْنَا وَعَصَيْنَا وَاسْمَعْ غَيْرَ مُسْمَعٍ وَرَاعِنَا لَيًّا بِأَلْسِنَتِهِمْ وَطَعْنًا فِي الدِّينِ ۚ وَلَوْ أَنَّهُمْ قَالُوا سَمِعْنَا وَأَطَعْنَا وَاسْمَعْ وَانظُرْنَا لَكَانَ خَيْرًا لَّهُمْ وَأَقْوَمَ وَلَٰكِن لَّعَنَهُمُ اللَّهُ بِكُفْرِهِمْ فَلَا يُؤْمِنُونَ إِلَّا قَلِيلًا
ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်၊ ဂိုင်ရမွတ်စ်မအင်န်’ ဟူ၍လည်းကောင်း၊ မိမိတို့၏လျှာများကို လိပ်ခေါက်ကာ ‘ရာအိနာ’ ဟူ၍လည်းကောင်း၊ ‘ဒီန်’ သာသနာကို ပုတ်ခတ်ထိပါးစေခြင်းအားဖြင့် ပြောဆိုလေသည်။ စင်စစ်သော်ကား အကယ်၍သာ ထိုသူတို့သည် ‘စမစ်အ်နာ၊ ဝအတွာအ်နာ’ဟူ၍လည်းကောင်း၊ ‘အစ္စမအ်’၊ ‘ဝါန်ဇုရ်နာ’ ဟူ၍လည်းကောင်း၊ ပြောဆို ခဲ့ကြပါမူ၊ မချွတ်ဧကန် ထိုသူတို့အဖို့ အကောင်းဆုံးနှင့် အမှန်အကန်ဆုံးပင် ဖြစ်ခဲ့ပေအံ့။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် ထိုသူတို့အား ၎င်းတို့၏ သွေဖည်ငြင်းပယ်မှုကြောင့်ပင် (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူခဲ့လေပြီ။ သို့ဖြစ်ပေရာ (ယင်းသူတို့အနက်မှ) အနည်းငယ်မျှသောသူတို့မှတစ်ပါး ကျန်ရှိသောသူတို့မှာမူကား သက်ဝင်ယုံကြည်ကြမည် မဟုတ်ချေ။
47يَا أَيُّهَا الَّذِينَ أُوتُوا الْكِتَابَ آمِنُوا بِمَا نَزَّلْنَا مُصَدِّقًا لِّمَا مَعَكُم مِّن قَبْلِ أَن نَّطْمِسَ وُجُوهًا فَنَرُدَّهَا عَلَىٰ أَدْبَارِهَا أَوْ نَلْعَنَهُمْ كَمَا لَعَنَّا أَصْحَابَ السَّبْتِ ۚ وَكَانَ أَمْرُ اللَّهِ مَفْعُولًا
အို- ကျမ်းဂန်ကို ခြီးမြှင့်ပေးသနားတော်မူခြင်းခံကြရကုန်သောသူအပေါင်းတို့၊ ငါအရှင်သည် (အသင်တို့၏) မျက်နှာများကိုဖျက်ဆီး၍ ကျောဘက်သို့ ပြန်လှည့်တော်မမူမီအလျင်၊ သို့တည်းမဟုတ် ငါအရှင်မြတ်သည် ‘စဗ်တ်’ ခေါ် ဥပုသ်နေ့ကို ကျူးလွန်ဖောက်ဖျက်သောသူတို့အား (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မူဘိသကဲ့သို့ပင် ယင်း (‘အီမာန်’ သက်ဝင်ယုံကြည်မှုမရှိသော) သူတို့အားလည်း (မိမိ) ကရုဏာတော်မှ ကင်းဝေးစေတော်မ�ူမီအလျင်၊ အသင်တို့သည် ငါအရှင်မြတ်ချပေးသနားတော်မူသော အကြင်ကျမ်းဂန် (ကုရ်အာန်) ကို (ဆောလျင်စွာ) သက်ဝင်ယုံကြည်ကြလေကုန်။ ထိုကျမ်းဂန် (ကုရ်အာန်) သည် အသင်တို့ထံ၌ရှိလေသော (မူရင်း) ကျမ်းဂန်များကို ထောက်ခံလျက်ရှိပေသည်။ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင် မြတ်၏အမိန့်တော်သည် ပြီးမြောက်အောင်မြင်ပြီး ဖြစ်သည်သာတည်း။
48إِنَّ اللَّهَ لَا يَغْفِرُ أَن يُشْرَكَ بِهِ وَيَغْفِرُ مَا دُونَ ذَٰلِكَ لِمَن يَشَاءُ ۚ وَمَن يُشْرِكْ بِاللَّهِ فَقَدِ افْتَرَىٰ إِثْمًا عَظِيمًا
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် တစ်စုံတစ်ရာကို မိမိနှင့် တွဲဘက်ယှဉ်ပြိုင်ကိုးကွယ်ခြင်းကို လွတ်ငြိမ်းချမ်းသာခွင့် အလျင်း ပေးတော်မူမည်မဟုတ်ပေ။ သို့ရာတွင် ထိုတွဲဖက်ယှဉ်ပြိုင် ကိုးကွယ်မှုမှတစ်ပါး အခြား ပြစ်မှုဒုစရိုက်တို့ကိုမူကား မိမိအလိုရှိတော်မူသောသူအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူအံ့။ အမှန်စင်စစ်သော်ကား မည်သူမဆို တစ်စုံတစ်ရာကို အလ္လာဟ်အရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ကိုးကွယ်ပါမူ ထိုသူသည် ဧကန်မလွဲ အလွန်ကြီးလေးလှစွာသော ပြစ်မှုဒုစရိုက်ကို ကျူးလွန်ခဲ့လေသတည်း။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
46အာယာသ်

ဘာသာပြန် — အန်-နီဆာ 46

စူရာ အန်-နီဆာ အာယာသ် 46 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယဟူဒီဖြစ်ကြကုန်သောသူတို့အနက် အချို့သည် (ကျမ်းဂန်လာမူရင်း) စကားရပ်များကို ၎င်းတို့၏မူရင်းနေရာများမှ ရွှေ့ပြောင်းကြသည်သာမက ယင်းသူတို့သည် (အသင်နှင့် လာရောက်တွေ့ဆုံကြသောအခါများတွင်) ‘စမစ်အ်နာဝအဆွိုင်နာ’ဟူ၍လည်းကောင်း၊…

စူရာ အာယာသ် 46/176 — အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: အန်-နီဆာ နားထောင်, အန်-နီဆာ ဘာသာပြန်, အန်-နီဆာ mp3, အန်-နီဆာ pdf. အာယာသ် 44–48. မြန်မာဘာသာ: ภาษาไทย.




ကုရ်အာန်ကျမ်း


Tuesday, August 18, 2026

Don't forget us in your sincere prayers