အန်-နီဆာ · 8/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
وَإِذَا حَضَرَ الْقِسْمَةَ أُولُو الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينُ فَارْزُقُوهُم مِّنْهُ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا ۝٨
Wa izaa hadaral qismata ulul qurbaa walyataamaa walmasaakeenu farzuqoohum minhu wa qooloo lahum qawlam ma`roofaa
📖 မြန်မာဘာသာ
၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မ��ောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 6-10 — စူရာ အန်-နီဆာ

6وَابْتَلُوا الْيَتَامَىٰ حَتَّىٰ إِذَا بَلَغُوا النِّكَاحَ فَإِنْ آنَسْتُم مِّنْهُمْ رُشْدًا فَادْفَعُوا إِلَيْهِمْ أَمْوَالَهُمْ ۖ وَلَا تَأْكُلُوهَا إِسْرَافًا وَبِدَارًا أَن يَكْبَرُوا ۚ وَمَن كَانَ غَنِيًّا فَلْيَسْتَعْفِفْ ۖ وَمَن كَانَ فَقِيرًا فَلْيَأْكُلْ بِالْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَالَهُمْ فَأَشْهِدُوا عَلَيْهِمْ ۚ وَكَفَىٰ بِاللَّهِ حَسِيبًا
၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
7لِّلرِّجَالِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ وَلِلنِّسَاءِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًا مَّفْرُوضًا
(ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ၎င်းပြင် (ကြီးငယ်မဆို) မိန်းမများအဖို့လည်း မိဘနှစ်ပါးနှင့် သွေးချင်းနီးစပ်သော ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ထို (အမွေပစ္စည်းသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဝေစုဝေပုံတစ်ရပ်ဖြစ်သတည်း။
8وَإِذَا حَضَرَ الْقِسْمَةَ أُولُو الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينُ فَارْزُقُوهُم مِّنْهُ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا
၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မ��ောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။
9وَلْيَخْشَ الَّذِينَ لَوْ تَرَكُوا مِنْ خَلْفِهِمْ ذُرِّيَّةً ضِعَافًا خَافُوا عَلَيْهِمْ فَلْيَتَّقُوا اللَّهَ وَلْيَقُولُوا قَوْلًا سَدِيدًا
၎င်းပြင် အကြင်သူများသည် ကြောက်ရွံ့ကြရပေမည်။ အကယ်၍ ထိုသူများသည် မိမိတို့နောက်၌ အင်အားချည့်နဲ့သောကလေးများကို စွန့်ထား (၍သေဆုံး) ကြရသည်ရှိသော် ထိုကလေးများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြပေမည်။ သို့ဖြစ်ပေရာ ထိုသူတို့သည် (ဖမဲ့ကလေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြရပေမည်။ ၎င်းပြင် (တရားမျှတသော) ဖြောင့်မတ်မှန်ကန်သော စကားကို ပြောဆိုကြရပေမည်။
10إِنَّ الَّذِينَ يَأْكُلُونَ أَمْوَالَ الْيَتَامَىٰ ظُلْمًا إِنَّمَا يَأْكُلُونَ فِي بُطُونِهِمْ نَارًا ۖ وَسَيَصْلَوْنَ سَعِيرًا
မုချဧကန် အကြင်သူများသည် ဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို မတရားသဖြင့် စားသုံးကြ၏။ မုချဧကန် ထိုသူများသည် မိမိတို့ဝမ်းတွင်းသို့ မီး (ကျီမီးခဲ) ကိုသာလျှင် (ထည့်သွင်း) စားသုံးကြ၏။ ၎င်းပြင် ထိုသူများသည် မကြာမြင့်မီအတွင်း အလျှံပြောင်ပြောင် တောက်လောင်လျက်ရှိသော ငရဲသို့ သက်ဆင်းဝင်ရောက်လာကြရပေမည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
8အာယာသ်

ဘာသာပြန် — အန်-နီဆာ 8

စူရာ အန်-နီဆာ အာယာသ် 8 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မ��ောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည်…

စူရာ အာယာသ် 8/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 6–10. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers