အန်-နီဆာ · 7/176
ဘာသာပြန် အသံနိုင်ငံ — စူရာ အန်-နီဆာ
لِّلرِّجَالِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ وَلِلنِّسَاءِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًا مَّفْرُوضًا ۝٧
Lirrijaali naseebum mimmaa tarakal waalidaani wal aqraboona wa lin nisaaa`i naseebum mimmaa tarakal waalidaani wal aqraboona mimmaa qalla minhu aw kasur; naseebam mafroodaa
📖 မြန်မာဘာသာ
(ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ၎င်းပြင် (ကြီးငယ်မဆို) မိန်းမများအဖို့လည်း မိဘနှစ်ပါးနှင့် သွေးချင်းနီးစပ်သော ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ထို (အမွေပစ္စည်းသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဝေစုဝေပုံတစ်ရပ်ဖြစ်သတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • နဆီဗ် (نَصِيبٌ): ဝေစု၊ အခွင့်အရေး၊ ရရှိမည့် အဖို့အစု။
  • ဝါလိဒါနိ (الْوَالِدَانِ): မိဘနှစ်ပါး (ဖခင်နှင့် မိခင်)။
  • အက္ကရဗူန (الْأَقْرَبُونَ): ဆွေမျိုးသားချင်းများ၊ နီးစပ်သော ဆွေမျိုးများ။
  • နဆီဗမ် မဖ်ရူဒါ (نَصِيبًا مَّفْرُوضًا): အလ္လာဟ်အရှင်မြတ်က သတ်မှတ်ပြဌာန်းထားသော ဝေစု၊ မဖြစ်မနေ ပေးရမည့် အခွင့်အရေး။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

ဤအာယသ်တော်သည် အမွေဆက်ခံခြင်းနှင့် ပတ်သက်၍ အရေးကြီးသော အခြေခံမူတစ်ရပ်ကို ချမှတ်ပေးထားပါသည်။ မိဘနှစ်ပါး သို့မဟုတ် ဆွေမျိုးသားချင်းများ ကွယ်လွန်သောအခါ ကျန်ရစ်ခဲ့သော ပစ္စည်းဥစ္စာများတွင် အမျိုးသားများအတွက် ဝေစုတစ်ခု ရှိသည့်နည်းတူ အမျိုးသမီးများအတွက်လည်း ဝေစုတစ်ခု ရှိပါသည်။ ထိုဝေစုသည် ပစ္စည်းဥစ္စာ အနည်းငယ်ဖြစ်စေ၊ များစွာဖြစ်စေ အားလုံးတွင် အကျုံးဝင်ပါသည်။

ဤသည်မှာ အစ္စလာမ်မတိုင်မီ ဂျာဟိလီယျဟ်ခေတ်ကာလက အမျိုးသမီးများနှင့် ကလေးသူငယ်များကို အမွေမှ ဖယ်ကြဉ်ထားလေ့ရှိသော ဓလေ့ဆိုးကို ပြောင်းလဲပေးလိုက်ခြင်း ဖြစ်ပါသည်။ အစ္စလာမ်သည် အမျိုးသမီးများနှင့် ကလေးများကိုပါ အမွေဆက်ခံခွင့် ပေးအပ်ခဲ့ပါသည်။ ဤဝေစုသည် အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် သတ်မှတ်ပြဌာန်းပေးထားသော တိကျပြတ်သားသည့် အခွင့်အရေးတစ်ရပ် ဖြစ်ပြီး မည်သူမျှ လျှော့ချခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ငြင်းပယ်ခြင်း မပြုရပါ။ ဤအခွင့်အရေးကို မဖြစ်မနေ ပေးအပ်ရမည် ဖြစ်ပါသည်။

  1. ဤအာယသ်တော်မှ ရရှိနိုင်သော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ကို ချစ်မြတ်နိုးစေသော သင်ခန်းစာများ:
  • အစ္စလာမ်သည် အမျိုးသမီးများကို တန်ဖိုးထားပြီး သူတို့၏ အခွင့်အရေးများကို အာမခံပေးထားသည်။ အမွေဆက်ခံခွင့်သည် ထိုအခွင့်အရေးများထဲမှ တစ်ခုဖြစ်သည်။
  • အလ္လာဟ်အရှင်မြတ်သည် တရားမျှတမှုကို အလေးထားတော်မူပြီး မည်သူ့ကိုမျှ ဖယ်ကြဉ်ထားခြင်း မပြုပါ။
  • အမွေဆက်ခံခြင်းဆိုင်ရာ စည်းမျဉ်းများသည် အလ္လာဟ်အရှင်မြတ်၏ ပြဌာန်းချက်ဖြစ်ပြီး လူသားတို့၏ စိတ်အလိုကျ ပြောင်းလဲခွင့် မရှ


📜 အာယာသ် 5-9 — စူရာ အန်-နီဆာ

5وَلَا تُؤْتُوا السُّفَهَاءَ أَمْوَالَكُمُ الَّتِي جَعَلَ اللَّهُ لَكُمْ قِيَامًا وَارْزُقُوهُمْ فِيهَا وَاكْسُوهُمْ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا
၎င်းပြင် အသင်တို့သည် မိမိတို့ (ထံ၌ ထိန်းသိမ်းထားသော ဖမဲ့ကလေးများ၏) ဥစ္စာပစ္စည်းများကို အသိအလိမ္မာ ဉာဏ်ပညာနည်းပါးသောသူတို့အား မပေးကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် ထိုဥစ္စာပစ္စည်းများကို အသင်တို့အဖို့ အသက်မွေးဝမ်းကျောင်းမှုအတွက် အရင်းအနှီးအဖြစ် ပြုထားတော်မူသည်။ သို့ရာတွင် အသင်တို့သည် ထိုဥစ္စာပစ္စည်းများအနက်မှ ထိုသူတို့အား ကျွေးမွေးကြလေကုန်၊ ၎င်းပြင် ထိုသူတို့အား ဝတ်စားတန်ဆာ ဆင်ယင်ပေးကြလေကုန်။ ၎င်းပြင် ထိုသူတို့အား ကောင်းမွန်သောစကားကို ပြောဆိုသွန်သင် ဆုံးမကြလေကုန်။
6وَابْتَلُوا الْيَتَامَىٰ حَتَّىٰ إِذَا بَلَغُوا النِّكَاحَ فَإِنْ آنَسْتُم مِّنْهُمْ رُشْدًا فَادْفَعُوا إِلَيْهِمْ أَمْوَالَهُمْ ۖ وَلَا تَأْكُلُوهَا إِسْرَافًا وَبِدَارًا أَن يَكْبَرُوا ۚ وَمَن كَانَ غَنِيًّا فَلْيَسْتَعْفِفْ ۖ وَمَن كَانَ فَقِيرًا فَلْيَأْكُلْ بِالْمَعْرُوفِ ۚ فَإِذَا دَفَعْتُمْ إِلَيْهِمْ أَمْوَالَهُمْ فَأَشْهِدُوا عَلَيْهِمْ ۚ وَكَفَىٰ بِاللَّهِ حَسِيبًا
၎င်းပြင် အသင်တို့သည် ဖမဲ့ကလေးများ (၏အသိအလိမ္မာ ဉာဏ်ပညာ) ကို ထိမ်းမြားရန် အချိန်အရွယ်သို့ ရောက်ရှိလာကြသည့်တိုင်အောင် စမ်းသပ်ကြလေကုန်၊ ထို့နောက် အကယ်၍ အသင်တို့သည် ထိုဖမဲ့ကလေးတို့၌ ဆင်ခြင်နိုင်သော အသိတရား (ရှိသည်) ကို တွေ့ရှိသော် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ထိုဖမဲ့ကလေးများ၏ ဥစ္စာပစ္စည်းများကို ထိုကလေးများ ကြီးပြင်းလာကြမည်ကိုစိုးရိမ်၍ အလဟဿ သုံးဖြုန်းခြင်းအားဖြင့်လည်းကောင်း၊ လျင်မြန်စွာ သုံးစွဲခြင်းဖြင့်လည်းကောင်း စားသုံးခြင်းမပြုကြကုန်လင့်။ ၎င်းပြင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ချမ်းသာကြွယ်ဝသူဖြစ်လျှင် ထိုသူသည် (ဖမဲ့ကလေးတို့၏ ဥစ္စာပစ္စည်းများကို စားသုံးခြင်းမှ) ရှောင်ကြဉ်ရပေမည်။ သို့ရာတွင် (ဖမဲ့ကလေးတို့အား အုပ်ထိန်းသော) အကြင်သူသည် ဆင်းရဲနွမ်းပါးသူဖြစ်ပါလျှင် ထိုသူသည် (ထိုဘမဲ့ကလေးတို့ ၏ ဥစ္စာပစ္စည်းအနက်မှ) မလွှဲမရှောင်သာနိုင်သော ကိစ္စများအတွက် အသင့်အတင့် စားသုံးနိုင်ပေသည်။ တစ်ဖန် အသင်တို့သည် ထိုဖမဲ့ကလေးတို့အား ထိုကလေးများ၏ ဥစ္စာပစ္စည်းများကို ပြန်လည်ပေးအပ်ကြသောအခါ ထိုသူတို့ (အားပြန်လည်ပေးခြင်း) အပေါ်၌ အသိသက်သေများ ထားကြလေကုန်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည်ပင် တွက်ချက်စစ်ဆေးတော်မူသည့် အရှင်အဖြစ် လုံလောက်တော်မူပေသတည်း။
7لِّلرِّجَالِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ وَلِلنِّسَاءِ نَصِيبٌ مِّمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًا مَّفْرُوضًا
(ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ၎င်းပြင် (ကြီးငယ်မဆို) မိန်းမများအဖို့လည်း မိဘနှစ်ပါးနှင့် သွေးချင်းနီးစပ်သော ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး) ဖြစ်၏။ ထို (အမွေပစ္စည်းသည် နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ အလ္လာဟ်အရှင်မြတ်အထံတော်မှ) သတ်မှတ်ပြဋ္ဌာန်းထားတော်မူသော ဝေစုဝေပုံတစ်ရပ်ဖြစ်သတည်း။
8وَإِذَا حَضَرَ الْقِسْمَةَ أُولُو الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينُ فَارْزُقُوهُم مِّنْهُ وَقُولُوا لَهُمْ قَوْلًا مَّعْرُوفًا
၎င်းပြင် (အမွေပစ္စည်း) ခွဲဝေရာ၌ (အမွေမရထိုက်သော) ဆွေမျိုးညာတကာတို့သည်လည်းကောင်း၊ မိဘမဲ့ကလေးတို့သည်လည်းကောင်း၊ သူဆင်းရဲတို့သည်လည်းကောင်း၊ ရှေ့မ��ောက်တွင် အသင့်ရောက်ရှိလာကြသည်ရှိသော် အသင်တို့သည် ထိုသူတို့အားလည်း ယင်း (အမွေပစ္စည်း) ထဲမှ (အနည်းငယ်မျှ) ကြွေးမွေးပေးကမ်းကြကုန်။ ၎င်းပြင် အသင်တို့သည် ထိုသူတို့အား ကောင်းမွန်စွာ ပြောဆိုကြလေကုန်။
9وَلْيَخْشَ الَّذِينَ لَوْ تَرَكُوا مِنْ خَلْفِهِمْ ذُرِّيَّةً ضِعَافًا خَافُوا عَلَيْهِمْ فَلْيَتَّقُوا اللَّهَ وَلْيَقُولُوا قَوْلًا سَدِيدًا
၎င်းပြင် အကြင်သူများသည် ကြောက်ရွံ့ကြရပေမည်။ အကယ်၍ ထိုသူများသည် မိမိတို့နောက်၌ အင်အားချည့်နဲ့သောကလေးများကို စွန့်ထား (၍သေဆုံး) ကြရသည်ရှိသော် ထိုကလေးများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်ကြပေမည်။ သို့ဖြစ်ပေရာ ထိုသူတို့သည် (ဖမဲ့ကလေးများနှင့်ပတ်သက်၍) အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံ့ကြရပေမည်။ ၎င်းပြင် (တရားမျှတသော) ဖြောင့်မတ်မှန်ကန်သော စကားကို ပြောဆိုကြရပေမည်။
အန်-နီဆာကုရ်အာန် ညွှန်းကိန်း
176အာယာသ်
MedinanRevelation
7အာယာသ်

ဘာသာပြန် — အန်-နီဆာ 7

စူရာ အန်-နီဆာ အာယာသ် 7 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (ကြီးငယ်မဆို) ယောက်ျားများအဖို့ မိဘနှစ်ပါးနှင့် (သွေးချင်းနီးစပ်သော) ဆွေမျိုးညာတကာတို့က ထားရှိခဲ့ကြသော (အမွေ) ပစ္စည်းများအနက်မှ ဝေစုဝေပုံသည် (သတ်မှတ်ပြီး)…

စူရာ အာယာသ် 7/176 — စူရာ အန်-နီဆာ النساء (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အန်-နီဆာ နားထောင်, စူရာ အန်-နီဆာ ဘာသာပြန်, စူရာ အန်-နီဆာ mp3, စူရာ အန်-နီဆာ pdf. အာယာသ် 5–9. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, October 19, 2026

Don't forget us in your sincere prayers