အလ်-ဂျာစီယာ · 13/37
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-ဂျာစီယာ
وَسَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِّنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ ۝١٣
Wa sakhkhara lakum maa fis samaawaati wa maa fil ardi jamee`am minh; inna feezaalika la Aayaatil liqawminy yatafakkaroon
📖 မြန်မာဘာသာ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 11-15 — စူရာ အလ်-ဂျာစီယာ

11هَٰذَا هُدًى ۖ وَالَّذِينَ كَفَرُوا بِآيَاتِ رَبِّهِمْ لَهُمْ عَذَابٌ مِّن رِّجْزٍ أَلِيمٌ
(ဤကုရ်အာန်ကျမ်းတော်မြတ်)သည် တရားလမ်းညွှန်ပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်၏ အာယတ်တော်များကို ငြင်းပယ်ကြကုန်သောသူတို့၌ ပြင်းထန်သော ပြစ်ဒဏ်အနက်မှ အလွန်တရာ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
12۞ اللَّهُ الَّذِي سَخَّرَ لَكُمُ الْبَحْرَ لِتَجْرِيَ الْفُلْكُ فِيهِ بِأَمْرِهِ وَلِتَبْتَغُوا مِن فَضْلِهِ وَلَعَلَّكُمْ تَشْكُرُونَ
အလ္လာဟ်အရှင်မြတ်သည်ပင် ပင်လယ်သမုဒ္ဒရာကို ယင်းပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများသည် ထိုအရှင်မြတ်၏ အမိန့်တော်နှင့် လှုပ်ရှားသွားလာအံ့သောငှာ လည်းကောင်း၊အသင်တို့သည် ထိုအရှင်မြတ်၏ ကျေးဇူးတော်တည်းဟူသော စားနပ်ရိက္ခာကို ဆည်းပူးရှာဖွေကြအံ့သော ငှာလည်းကောင်း၊အသင်တို့သည် ကျေးဇူးတင်ကြအံ့သော ငှာလည်းကောင်း၊အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။
13وَسَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ جَمِيعًا مِّنْهُ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِّقَوْمٍ يَتَفَكَّرُونَ
ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ ဖြစ်စေတော်မူခဲ့၏။ ဧကန်မလွဲ ထိုသည်တို့၌ စဉ်းစားဆင်ခြင်ကြသော သူတို့အဖို့ အမှန်သက်သေ လက္ခဏာများသည် ရှိကုန်၏။
14قُل لِّلَّذِينَ آمَنُوا يَغْفِرُوا لِلَّذِينَ لَا يَرْجُونَ أَيَّامَ اللَّهِ لِيَجْزِيَ قَوْمًا بِمَا كَانُوا يَكْسِبُونَ
(အို-နဗီတမန်တော်) အသင်သည် "မုအ်မင်န်"သက်ဝင်ယုံကြည်သူတို့အား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ် ပြုလုပ်တော်မူအံ့သော ကိစ္စများကို ယုံကြည်(စိုးရိမ်)ခြင်း မရှိကြသောသူတို့အား ခွင့်လွှတ်ကြရန် ပြောကြားပါလေ။ ထိုမှသာလျှင် ထိုအရှင်မြတ်သည် လူမျိုးတစ်မျိုးအား ၎င်းတို့ ရှာဖွေဆည်း ပူးခဲ့ကြသည် များနှင့်စပ်လျဉ်း၍ အစားပေးတော်မူအံ့။
15مَنْ عَمِلَ صَالِحًا فَلِنَفْسِهِ ۖ وَمَنْ أَسَاءَ فَعَلَيْهَا ۖ ثُمَّ إِلَىٰ رَبِّكُمْ تُرْجَعُونَ
မည်သူမဆို ကောင်းမှုပြုခဲ့လျှင် ၎င်း၏အကျိုးငှာဖြစ်ပေမည်။ ထိုနည်းတူစွာ မည်သူမဆို မကောင်းမှုပြုခဲ့သော် ၎င်း၏အပေါ်၌သာ သက်ရောက်ပေမည်။ ထို့နောက် အသင်တို့အားလုံးတို့မှာ ထိုအရှင်မြတ် အထံတော်သို့သာလျှင် ပြန်သွားကြရမည်။
အလ်-ဂျာစီယာကုရ်အာန် ညွှန်းကိန်း
37အာယာသ်
MeccanRevelation
13အာယာသ်

ဘာသာပြန် — အလ်-ဂျာစီယာ 13

စူရာ အလ်-ဂျာစီယာ အာယာသ် 13 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး ထိုအရှင်မြတ်သည် မိုးကောင်းကင်များ၌ ရှိသမျှကိုလည်းကောင်း၊ ကမ္ဘာမြေဝယ် ရှိသမျှကိုလည်းကောင်း၊ အလုံးစုံတို့ကို မိမိအထံတော်မှ အသင်တို့၏ လက်အောက်ခံ…

စူရာ အာယာသ် 13/37 — စူရာ အလ်-ဂျာစီယာ الجاثية (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-ဂျာစီယာ နားထောင်, စူရာ အလ်-ဂျာစီယာ ဘာသာပြန်, စူရာ အလ်-ဂျာစီယာ mp3, စူရာ အလ်-ဂျာစီယာ pdf. အာယာသ် 11–15. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers