အလ်-အာ့ကာဖ် · 24/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
فَلَمَّا رَأَوْهُ عَارِضًا مُّسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُّمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُم بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ ۝٢٤
Falammaa ra awhu `aaridam mustaqbila awdiyatihim qaaloo haazaa `aaridum mumtirunaa; bal huwa masta`jaltum bihee reehun feehaa `azaabun aleem
📖 မြန်မာဘာသာ
ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသ�န်းအံ့သော မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ယင်းသည် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသော(ပြစ်ဒဏ်ပင်)ဖြစ်၏။ (ယင်းသည်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်၏။ ယင်း လေပြင်းမုန်တိုင်း၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိပေသည်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • عَارِضًا (အာရိဒဟန်): မိုးတိမ်ကဲ့သို့ ကောင်းကင်၌ ဖြတ်သန်းပေါ်လာသော အရာ။
  • مُسْتَقْبِلَ أَوْدِيَتِهِمْ (မုစ်သက်ဗ်ဗိလာ အောင်ဒိယတိဟင်မ်): သူတို့၏ ချိုင့်ဝှမ်းများဆီသို့ မျက်နှာမူနေသော။
  • عَارِضٌ مُمْطِرُنَا (အာရိဒွန် မွမ်သွိရုနာ): ငါတို့အား မိုးရွာသွန်းပေးမည့် တိမ်တိုက်။
  • مَا اسْتَعْجَلْتُم بِهِ (မာ စ်သာအ်ဂျလ်သွမ် ဗိဟိ): သင်တို့ အလျင်စလို တောင်းဆိုခဲ့သော အရာ။
  • رِيحٌ فِيهَا عَذَابٌ أَلِيمٌ (ရီဟွန် ဖီဟာ အဇာဗွန် အလီမွန်): ပြင်းထန်သော ပြစ်ဒဏ် ပါဝင်သော လေပြင်း။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

(အာဒ်လူမျိုးတို့သည် ပြစ်ဒဏ် ဆိုင်းငံ့ခြင်းကို မြင်တွေ့ကြသောအခါ) သူတို့သည် မိမိတို့ ချိုင့်ဝှမ်းများဆီသို့ မျက်နှာမူလျက် ကောင်းကင်၌ ဖြတ်သန်းပေါ်လာသော တိမ်တိုက်ကြီးကို မြင်ကြသောအခါ “ဤသည် ငါတို့အား မိုးရွာသွန်းပေးမည့် တိမ်တိုက်ဖြစ်သည်” ဟု ဆိုကြ၏။ ထိုအခါ တမန်တော် ဟူဒ် (အလိုင်ဟိစ်စလာမ်) က သူတို့အား “ထိုအရာသည် သင်တို့ ထင်မှတ်သကဲ့သို့ မိုးရွာသွန်းပေးမည့် တိမ်တိုက် မဟုတ်ပေ။ အမှန်မှာ သင်တို့ အလျင်စလို တောင်းဆိုခဲ့သော ပြစ်ဒဏ်ပင်ဖြစ်သည်။ ထိုအရာသည် ပြင်းထန်စွာ နာကျင်ဖွယ်ရာ ပြစ်ဒဏ် ပါဝင်သော လေပြင်းတစ်ခု ဖြစ်သည်” ဟု မိန့်ကြားခဲ့၏။

ဤအာယသ်တော်သည် အာဒ်လူမျိုးတို့၏ အဖြစ်အပျက်ကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် တမန်တော် ဟူဒ် (အလိုင်ဟိစ်စလာမ်) အား “သင်ဆိုသော ပြစ်ဒဏ်ကို ကျွန်ုပ်တို့ထံ ယူဆောင်လာပါ” ဟု အလျင်စလို တောင်းဆိုခဲ့ကြသည်။ ထို့နောက် ပြစ်ဒဏ်သည် တိမ်တိုက်ပုံစံဖြင့် သူတို့၏ ချိုင့်ဝှမ်းများဆီသို့ ဦးတည်လာသောအခါ သူတို့သည် မိုးရွာမည့် တိမ်တိုက်ဟု ထင်မှတ်ကာ ဝမ်းမြောက်ကြသည်။ သို့သော် အမှန်မှာ ထိုအရာသည် သူတို့အား ဖျက်ဆီးမည့် ပြင်းထန်သော လေပြင်းဖြစ်ပြီး ထိုလေပြင်းတွင် နာကျင်ဖွယ်ရာ ပြစ်ဒဏ် ပါဝင်သည်။ ဤအဖြစ်အပျက်မှ သင်ခန်းစာယူရမည်မှာ အလ္လာဟ်အရှင်မြတ်၏ ပြစ်ဒဏ်သည် အချိန်တန်သောအခါ မည်သူမျှ ရှောင်တိမ်းနိုင်ခြင်း မရှိဘဲ ဖြစ်ပေါ်လာမည် ဖြစ်သည်။ ထို့အပြင် အပြစ်ပြုသူများသည် ပြစ်ဒဏ်ကို အလျ



📜 အာယာသ် 22-26 — စူရာ အလ်-အာ့ကာဖ်

22قَالُوا أَجِئْتَنَا لِتَأْفِكَنَا عَنْ آلِهَتِنَا فَأْتِنَا بِمَا تَعِدُنَا إِن كُنتَ مِنَ الصَّادِقِينَ
၎င်းတို့က (ဤသို့) ပြောဆိုခဲ့ကြကုန်၏။ "အသင်သည် ကျွန်ုပ်တို့အား ကျွန်ုပ်တို့၏ ကိုးကွယ်ရာတို့မှ လွှဲဖယ်ရန် ကျွန်ုပ်တို့ထံ လာခဲ့လေသလော။ သို့ဖြစ်လျှင် အသင်သည် သစ္စာဝါဒီတစ်ဦးဖြစ်ပါမူ အသင်ကျွန်ုပ်တို့အား ခြိမ်းခြောက်လျက်ရှိသော(ပြစ်ဒဏ်)ကို ကျွန်ုပ်တို့ထံ ယူဆောင်ခဲ့လော့"။
23قَالَ إِنَّمَا الْعِلْمُ عِندَ اللَّهِ وَأُبَلِّغُكُم مَّا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ထိုနောင်တော်က(ဤသို့)ပြောကြားခဲ့လေ၏။(အပြစ်ဒဏ်နှင့် စပ်လျဉ်း၍ တိကျသော) အသိပညာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ သာရှိ၏။ စင်စစ်သော်ကား ငါသည် အသင်တို့ထံ အကြင်အမိန့်တော်များကိုသာ ပို့ဆောင်၏။ငါသည် ယင်းအမိန့်တော်များနှင့်တကွ စေလွှတ်ခြင်းခံခဲ့ရလေ၏။ သို့ရာတွင် ငါသည် အသင်တို့အား အသိပညာကင်းမဲ့သော အမျိုးသားများအဖြစ် တွေ့မြင်ရပေသည်။
24فَلَمَّا رَأَوْهُ عَارِضًا مُّسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُّمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُم بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသ�န်းအံ့သော မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ယင်းသည် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသော(ပြစ်ဒဏ်ပင်)ဖြစ်၏။ (ယင်းသည်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်၏။ ယင်း လေပြင်းမုန်တိုင်း၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိပေသည်။
25تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။
26وَلَقَدْ مَكَّنَّاهُمْ فِيمَا إِن مَّكَّنَّاكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًا وَأَبْصَارًا وَأَفْئِدَةً فَمَا أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَا أَبْصَارُهُمْ وَلَا أَفْئِدَتُهُم مِّن شَيْءٍ إِذْ كَانُوا يَجْحَدُونَ بِآيَاتِ اللَّهِ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော ဆောင်ရွက်နိုင်ရန် စွမ်းရည်သတ္တိကိုပင် ၎င်းတို့အား ပေးတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကိုလည်း ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ထိုသူတို့၏ နားများသည် ထိုသူတို့အဖို့ လုံးဝအသုံးဝင်ခဲ့သည် မဟုတ်ပေ။ထိုနည်းတူစွာ ထိုသူတို့၏ မျက်စိများလည်း အသုံးမဝင်ခဲ့ပေ။ထိုသူတို့၏ စိတ်နှလုံးများလည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့်ပင်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်လျက် ရှိခဲ့ကြသော ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
24အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 24

စူရာ အလ်-အာ့ကာဖ် အာယာသ် 24 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသ�န်းအံ့သော…

စူရာ အာယာသ် 24/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 22–26. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers