အလ်-အာ့ကာဖ် · 25/35
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာ့ကာဖ်
تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ ۝٢٥
Tudammiru kulla shai`im bi-amri Rabbihaa fa asbahoo laa yuraaa illaa masaakinuhum; kazaalika najzil qawmal mujrimeen
📖 မြန်မာဘာသာ
ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 23-27 — စူရာ အလ်-အာ့ကာဖ်

23قَالَ إِنَّمَا الْعِلْمُ عِندَ اللَّهِ وَأُبَلِّغُكُم مَّا أُرْسِلْتُ بِهِ وَلَٰكِنِّي أَرَاكُمْ قَوْمًا تَجْهَلُونَ
ထိုနောင်တော်က(ဤသို့)ပြောကြားခဲ့လေ၏။(အပြစ်ဒဏ်နှင့် စပ်လျဉ်း၍ တိကျသော) အသိပညာကား အလ္လာဟ်အရှင်မြတ်အထံတော်၌ သာရှိ၏။ စင်စစ်သော်ကား ငါသည် အသင်တို့ထံ အကြင်အမိန့်တော်များကိုသာ ပို့ဆောင်၏။ငါသည် ယင်းအမိန့်တော်များနှင့်တကွ စေလွှတ်ခြင်းခံခဲ့ရလေ၏။ သို့ရာတွင် ငါသည် အသင်တို့အား အသိပညာကင်းမဲ့သော အမျိုးသားများအဖြစ် တွေ့မြင်ရပေသည်။
24فَلَمَّا رَأَوْهُ عَارِضًا مُّسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُّمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُم بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ
ထို့နောက် ၎င်းတို့သည် ယင်းပြစ်ဒဏ်ကို မိမိတို့(နေထိုင်ရာ)တောင်ကြားအရပ်ဒေသများသို့ ရှေ့တူရူလာသော မိုးတိမ်ပင်အဖြစ် တွေ့မြင်ကြရလေသောအခါ ဤသည် ကျွန်ုပ်တို့အပေါ်၌ ရွာသ�န်းအံ့သော မိုးတိမ်ပင်ဖြစ်သည်ဟု ဆိုခဲ့ကြကုန်၏။ထိုသို့ အလျှင်းမဟုတ်၊ စင်စစ်မှာကား ယင်းသည် အသင်တို့ အလျင်စလို တောင်းဆိုခဲ့ကြသော(ပြစ်ဒဏ်ပင်)ဖြစ်၏။ (ယင်းသည်) လေပြင်းမုန်တိုင်းတစ်ခုဖြစ်၏။ ယင်း လေပြင်းမုန်တိုင်း၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည်ရှိပေသည်။
25تُدَمِّرُ كُلَّ شَيْءٍ بِأَمْرِ رَبِّهَا فَأَصْبَحُوا لَا يُرَىٰ إِلَّا مَسَاكِنُهُمْ ۚ كَذَٰلِكَ نَجْزِي الْقَوْمَ الْمُجْرِمِينَ
ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး အခြားတစ်စုံတစ်ရာကိုမျှ မမြင်ရလေသောအဖြစ်သို့ ရောက်သွားခဲ့ကြကုန်၏။ ငါအရှင်မြတ်သည် အပြစ်ရှိသူတို့အား ထိုနည်းအတိုင်းပင် အစားပေးတော်မူပေသတည်း။
26وَلَقَدْ مَكَّنَّاهُمْ فِيمَا إِن مَّكَّنَّاكُمْ فِيهِ وَجَعَلْنَا لَهُمْ سَمْعًا وَأَبْصَارًا وَأَفْئِدَةً فَمَا أَغْنَىٰ عَنْهُمْ سَمْعُهُمْ وَلَا أَبْصَارُهُمْ وَلَا أَفْئِدَتُهُم مِّن شَيْءٍ إِذْ كَانُوا يَجْحَدُونَ بِآيَاتِ اللَّهِ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
ထိုမှတစ်ပါး ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အား ပေးတော်မမူခဲ့သော ဆောင်ရွက်နိုင်ရန် စွမ်းရည်သတ္တိကိုပင် ၎င်းတို့အား ပေးတော်မူခဲ့၏။ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ထိုသူတို့အား နား၊ မျက်စိနှင့် စိတ်နှလုံးများကိုလည်း ပေးသနားတော်မူခဲ့၏။ သို့တစေလည်း ထိုသူတို့၏ နားများသည် ထိုသူတို့အဖို့ လုံးဝအသုံးဝင်ခဲ့သည် မဟုတ်ပေ။ထိုနည်းတူစွာ ထိုသူတို့၏ မျက်စိများလည်း အသုံးမဝင်ခဲ့ပေ။ထိုသူတို့၏ စိတ်နှလုံးများလည်း အသုံးဝင်ခဲ့သည် မဟုတ်ပေ။အကြောင်းသော်ကား ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏ သက်သေလက္ခဏာတော်များကို ငြင်းပယ်လျက် ရှိခဲ့ကြသောကြောင့်ပင်။ ထို့ပြင် ၎င်းတို့ ပြက်ရယ်ပြောင်လှောင်လျက် ရှိခဲ့ကြသော ပြစ်ဒဏ်သည် ၎င်းတို့အား ဝန်းဝိုင်းခဲ့လေ၏။
27وَلَقَدْ أَهْلَكْنَا مَا حَوْلَكُم مِّنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ
ထိုမှတစ်ပါး ဧကန်စင်စစ် ငါအရှင်မြတ်သည် အသင်တို့၏ ပတ်ဝန်းကျင်၌ရှိခဲ့သော မြို့ရွာ(သား) တို့အား(လည်း) ဖျက်ဆီးတော်မူခဲ့၏။ ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့(တွဲဖက် ကိုးကွယ်မှုကိုစွန့် ၍) ပြန်လှည့်ကြအံ့သောငှာ (မိမိ၏)သက်သေ လက္ခဏာတော်များကို အမျိုးမျိုး ပြောင်းလဲမိန့်ကြား ပြသတော်မူခဲ့၏။
အလ်-အာ့ကာဖ်ကုရ်အာန် ညွှန်းကိန်း
35အာယာသ်
MeccanRevelation
25အာယာသ်

ဘာသာပြန် — အလ်-အာ့ကာဖ် 25

စူရာ အလ်-အာ့ကာဖ် အာယာသ် 25 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုလေကား မိမိအား ဖန်ဆင်းတော်မူသော အရှင်မြတ်၏အမိန့်တော်နှင့် အရာခပ်သိမ်းတို့ကို ဖျက်ဆီးပေမည်။ ထို့နောက် ထိုသူတို့မှာ ၎င်းတို့ နေအိမ်များမှတပါး…

စူရာ အာယာသ် 25/35 — စူရာ အလ်-အာ့ကာဖ် الأحقاف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာ့ကာဖ် နားထောင်, စူရာ အလ်-အာ့ကာဖ် ဘာသာပြန်, စူရာ အလ်-အာ့ကာဖ် mp3, စူရာ အလ်-အာ့ကာဖ် pdf. အာယာသ် 23–27. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers