မုဟမ္မဒ် · 30/38
ဘာသာပြန် အသံနိုင်ငံ — စူရာ မုဟမ္မဒ်
وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُم بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ ۝٣٠
Wa law nashaaa`u la-arainaakahum fala `araftahum bi seemaahum; wa lata`rifan nahum fee lahnil qawl; wallaahu ya`lamu a`maalakum
📖 မြန်မာဘာသာ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ အသင်သည် မုချဧကန် ၎င်းတို့အား ၎င်းတို့၏ ရုပ်ရည်လက္ခဏာအမူအရာဖြင့် မုချအတိအကျ သိရှိပေမည်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား (၎င်းတို့၏) စကားပြောဆိုပုံ စကားအသွားအလာဖြင့် (ယခုလည်း) အမှန်ပင် သိရှိပေမည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ကောင်းစွာ သိရှိတော်မူ၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 28-32 — စူရာ မုဟမ္မဒ်

28ذَٰلِكَ بِأَنَّهُمُ اتَّبَعُوا مَا أَسْخَطَ اللَّهَ وَكَرِهُوا رِضْوَانَهُ فَأَحْبَطَ أَعْمَالَهُمْ
ထိုသို့ဖြစ်ရခြင်းမှာ ထိုသူတို့သည် အလ္လာဟ်အရှင်မြတ် မနှစ်မြို့သောနည်းလမ်းကို လိုက်နာခဲ့ကြသောကြောင့်လည်းကောင်း၊ ထိုအရှင်မြတ်၏ နှစ်မြို့မှုကို စက်ဆုပ်ခဲ့သောကြောင့်လည်းကောင်း၊ ဖြစ်ပေသည်။ သို့ဖြစ်ပေရာ ထိုအရှင်မြတ်သည် ၎င်းတို့၏ အပြုအမူဆောင်ရွက်ချက်တို့ကို အချည်းနှီးပင် ဖြစ်စေတော်မူခဲ့ပေသတည်း။
29أَمْ حَسِبَ الَّذِينَ فِي قُلُوبِهِم مَّرَضٌ أَن لَّن يُخْرِجَ اللَّهُ أَضْغَانَهُمْ
စိတ်နှလုံးများတွင် ရောဂါဝေဒနာရှိသော သူတို့သည် ၎င်းတို့၏ ရန်ငြိုးထားမှုများကို ငါအရှင်မြတ်သည်အလျှင်း ထုတ်ဖော်တော်မူမည်မဟုတ် ဟု ထင်မှတ်နေကြလေသလော။
30وَلَوْ نَشَاءُ لَأَرَيْنَاكَهُمْ فَلَعَرَفْتَهُم بِسِيمَاهُمْ ۚ وَلَتَعْرِفَنَّهُمْ فِي لَحْنِ الْقَوْلِ ۚ وَاللَّهُ يَعْلَمُ أَعْمَالَكُمْ
စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ အသင်သည် မုချဧကန် ၎င်းတို့အား ၎င်းတို့၏ ရုပ်ရည်လက္ခဏာအမူအရာဖြင့် မုချအတိအကျ သိရှိပေမည်။ ထိုမှတစ်ပါး အသင်သည် ၎င်းတို့အား (၎င်းတို့၏) စကားပြောဆိုပုံ စကားအသွားအလာဖြင့် (ယခုလည်း) အမှန်ပင် သိရှိပေမည်။အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့၏ ပြုမူဆောင်ရွက်ချက်တို့ကို ကောင်းစွာ သိရှိတော်မူ၏။
31وَلَنَبْلُوَنَّكُمْ حَتَّىٰ نَعْلَمَ الْمُجَاهِدِينَ مِنكُمْ وَالصَّابِرِينَ وَنَبْلُوَ أَخْبَارَكُمْ
၎င်းပြင် ဧကန်မလွဲ ငါအရှင်မြတ်သည် အသင်တို့အနက်မှ သက်စွန့်ကြိုးပမ်း ဆောင်ရွက်သူတို့ကို သိရှိတော်မူသည့် တိုင်အောင်လည်းကောင်း၊ အသင်တို့၏ အခြေအနေများကို စမ်းသပ် (ကြည့်ရှု)တော်မူသည့် တိုင်အောင်လည်းကောင်း၊အသင်တို့အား စမ်းသပ်တော်မူအံ့သတည်း။
32إِنَّ الَّذِينَ كَفَرُوا وَصَدُّوا عَن سَبِيلِ اللَّهِ وَشَاقُّوا الرَّسُولَ مِن بَعْدِ مَا تَبَيَّنَ لَهُمُ الْهُدَىٰ لَن يَضُرُّوا اللَّهَ شَيْئًا وَسَيُحْبِطُ أَعْمَالَهُمْ
ဧကန်အမှန် အကြင်သူတို့သည် သွေဖည်ငြင်းပယ်ခဲ့ကြကုန်၏။ ထို့ပြင် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းမှ(လည်း) တားဆီးခဲ့ကြကုန်၏။ ထိုမှတစ်ပါး ၎င်းတို့သည် ရစူလ်တမန်တော်မြတ်အား ဆန့်ကျင်ဘက် ပြုလုပ်ခဲ့ကြကုန်၏။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အား အနည်းငယ်�ိုးစဉ်းမျှပင် အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ သို့ရာတွင် ထိုအရှင်မြတ်သည် အမှန်ပင် ၎င်းတို့၏ ပြုလုပ်ဆောင်ရွက်ချက်တို့ကို အချည်းနှီး ဖြစ်စေတော်မူပေမည်။
မုဟမ္မဒ်ကုရ်အာန် ညွှန်းကိန်း
38အာယာသ်
MedinanRevelation
30အာယာသ်

ဘာသာပြန် — မုဟမ္မဒ် 30

စူရာ မုဟမ္မဒ် အာယာသ် 30 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : စင်စစ်သော်ကား အကယ်၍သာ ငါအရှင်မြတ်သည် အလိုရှိတော်မူပါလျှင် ငါအရှင်မြတ်သည် အသင့်အား ၎င်းတို့ကို (သိစေအံ့သောငှာ) အမှန်ပင် ပြသတော်မူပေမည်။ထိုအခါ…

စူရာ အာယာသ် 30/38 — စူရာ မုဟမ္မဒ် محمد (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ မုဟမ္မဒ် နားထောင်, စူရာ မုဟမ္မဒ် ဘာသာပြန်, စူရာ မုဟမ္မဒ် mp3, စူရာ မုဟမ္မဒ် pdf. အာယာသ် 28–32. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Monday, September 28, 2026

Don't forget us in your sincere prayers