အလ်-မာအိဒ · 44/120
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မာအိဒ
إِنَّا أَنزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِن كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ ۝٤٤
Innaaa anzalnat Tawraata feehaa hudanw wa noor; yahkumu bihan Nabiyyoonal lazeena aslamoo lillazeena haadoo war rabbaaniyyoona wal ahbaaru bimas tuhfizoo min Kitaabil laahi wa kaanoo `alaihi shuhadaaa`; falaa takhshawun naasa wakhshawni wa laa tashtaroo bi aayaatee samanan qaleelaa; wa mal lam yahkum bimaaa anzalal laahu fa ulaaa`ika humul kaafiroon
📖 မြန်မာဘာသာ
ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • التَّوْرَاةَ (သောင်ရာသ်): တမန်တော် မူစာ (အလိုင်ဟိစ်စလာမ်) ထံ ချပေးခဲ့သော ကျမ်းတော်။
  • هُدًى (ဟုဒန်): လမ်းညွှန်မှု၊ လမ်းမှန်သို့ ညွှန်ပြခြင်း။
  • نُورٌ (နူရ်): အလင်း၊ သမ္မာတရားကို ထင်ရှားစေသော အလင်း။
  • النَّبِيُّونَ (နဗီယူန်း): တမန်တော်များ။
  • الرَّبَّانِيُّونَ (ရဗ္ဗာနီယူန်း): ဘာသာရေး ဆရာကြီးများ၊ လူများကို ပြုစုပျိုးထောင်ပေးသူများ။
  • الْأَحْبَارُ (အဟ်ဗာရ်): ပညာရှင်များ၊ ဥပဒေသ ပညာရှင်များ။
  • اسْتُحْفِظُوا (ဣစ္တုဟ်ဖိဇူ): သူတို့အား ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူများ။
  • شُهَدَاءَ (ရှုဟဒါအ): သက်သေများ၊ စောင့်ကြည့်သူများ။
  • ثَمَنًا قَلِيلًا (သာမနန် ကလီလန်): အနည်းငယ်သော အဖိုးအခ၊ သေးငယ်သော အကျိုးအမြတ်။
  1. အာယသ်တော်၏ အဓိပ္ပာယ် ရှင်းလင်းချက်:

ဧကန်စင်စစ် ငါအရှင်မြတ်သည် သောင်ရာသ်ကျမ်းတော်ကို ချပေးတော်မူခဲ့၏။ ထိုကျမ်းတော်တွင် လမ်းညွှန်မှုနှင့် အလင်းရောင် ပါရှိသည်။ ထိုကျမ်းတော်ဖြင့် အလ္လာဟ်အရှင်မြတ်ထံ အပ်နှံအပ်သော တမန်တော်များသည် ယဟူဒီများအကြားတွင် စီရင်ဆုံးဖြတ်ခဲ့ကြသည်။ ထို့အပြင် ဘာသာရေး ဆရာကြီးများနှင့် ပညာရှင်များသည်လည်း ထိုကျမ်းတော်ဖြင့် စီရင်ဆုံးဖြတ်ခဲ့ကြသည်။ အကြောင်းမှာ သူတို့အား အလ္လာဟ်အရှင်မြတ်၏ ကျမ်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရပြီး ထိုကျမ်းတော်အပေါ် သက်သေများ ဖြစ်ခဲ့ကြသောကြောင့် ဖြစ်သည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်သည် ယဟူဒီ ပညာရှင်များနှင့် ဘာသာရေး ခေါင်းဆောင်များအား မိန့်ကြားတော်မူသည်။ လူများကို မကြောက်ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ကြလေကုန်။ ငါအရှင်မြတ်၏ အာယသ်တော်များကို သေးငယ်သော အဖိုးအခဖြင့် မရောင်းချကြလေနှင့်။ အလ္လာဟ်အရှင်မြတ် ချပေးတော်မူသော အာယသ်တော်များဖြင့် စီရင်ဆုံးဖြတ်ခြင်း မပြုသူများသည် ကာဖိရ်များ (ငြင်းပယ်သူများ) ဖြစ်ကြသည်။

ဤအာယသ်တော်တွင် အလ္လာဟ်အရှင်မြတ်သည် သောင်ရာသ်ကျမ်းတော်ကို ချပေးတော်မူကြောင်း၊ ထိုကျမ်းတော်တွင် လမ်းညွှန်မှုနှင့် အလင်းရောင် ပါဝင်ကြောင်း ရှင်းလင်းစွာ ဖော်ပြတော



📜 အာယာသ် 42-46 — စူရာ အလ်-မာအိဒ

42سَمَّاعُونَ لِلْكَذِبِ أَكَّالُونَ لِلسُّحْتِ ۚ فَإِن جَاءُوكَ فَاحْكُم بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِن تُعْرِضْ عَنْهُمْ فَلَن يَضُرُّوكَ شَيْئًا ۖ وَإِنْ حَكَمْتَ فَاحْكُم بَيْنَهُم بِالْقِسْطِ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ယင်း (ယဟူဒီ) တို့သည် မဟုတ်မမှန်မုသားကို အလွန်တရာမျှပင် နာယူလက်ခံသောသူများ၊ (အလ္လာဟ်အရှင်မြတ် က) ဟရာမ် (ဟူ၍ မြစ်တားထားတော်မူသော တံဆိုးလက်ဆောင် အစရှိသည်) ကို အလွန်တရာမျှ စားသုံးသူများပင်ဖြစ်ကြကုန်၏။ သို့ဖြစ်ပေရာ အကယ်၍ ထိုသူတို့သည် အသင်၏ထံသို့ (မိမိတို့၏အမှုအခင်းများကို စီရင်ဆုံးဖြတ်စေခြင်းငှာ) လာရောက်ကြပါမူ အသင်သည် ၎င်းတို့၏စပ်ကြား၌ (တရားစစ်ဆေးစီရင်လိုက) စစ်ဆေးစီရင်ပါလေ။ သို့တည်းမဟုတ် (တရားစီရင် စစ်ဆေးပိုင်ခွင့်မရှိဟူ၍) ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်၍နေပါလေ။ အကယ်၍ အသင်သည် ၎င်းတို့ဘက်မှ မျက်နှာလွှဲဖယ်ပါမူ ၎င်းတို့သည် အသင့်အား လုံးဝ အကျိုးယုတ် နစ်နာစေနိုင်ကြမည်မဟုတ်ပေ။ သို့ရာတွင် အကယ်၍ အသင်သည် တရားစစ်ဆေးစီရင်သည်ရှိသော်၊ ၎င်းတို့၏စပ်ကြား၌ တရားမျှတစွာ စီရင်ဆုံးဖြတ်ပါလေ။ အကြောင်းသော်ကား အလ္လာဟ်အရှင်မြတ်သည် တရားမျှတသောသူတို့အား ချစ်ကြည်မြတ်နိုးတော်မူခြင်းကြောင့်ပင်တည်း။
43وَكَيْفَ يُحَكِّمُونَكَ وَعِندَهُمُ التَّوْرَاةُ فِيهَا حُكْمُ اللَّهِ ثُمَّ يَتَوَلَّوْنَ مِن بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
၄င်းအပြင် ထိုသူတို့သည် အသင့်အား အဘယ်ကဲ့သို့ ခုံသမာဓိတင်မြှောက်ကြပါသနည်း။ အမှန်စင်စစ်သော်ကား ၎င်းတို့ထံဝယ် တောင်ရာတ်ကျမ်းလည်းရှိ၏။ ယင်းတောင်ရာတ်ကျမ်းတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်လည်းပါရှိ၏။ တစ်ဖန် ထို (ကဲ့သို့ အသင့်အား ခုံသမာဓိတင်မြှောက်ပြီး) နောက် ယင်းသူတို့သည် (အသင်၏ တရားစစ်ဆေးစီရင်ချက်မှ) မျက်နှာလွှဲဖယ်သွားကြပြန်၏။ အမှန်စင်စစ်သော်ကား ၎င်းတို့သည် ‘မုအ်မင်န်’ ယုံကြည်ခြင်းသဒ္ဓါတရားထားရှိသူများ အလျင်းမဟုတ်ကြချေ။ (ရကူ)
44إِنَّا أَنزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِن كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ
ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို လိုက်နာကြကုန်သော နဗီတမန်တော်များသည် ယဟူဒီများအပေါ်၌ ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်၏။ ထိုနည်းတူစွာ ယဟူဒီဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်သုခမိန်တို့သည်လည်း) ယင်းတောင်ရာတ်ကျမ်းမြတ်နှင့်အညီ တရားစစ်ဆေး စီရင်လေ့ရှိခဲ့ကြကုန်သည်။ အကြောင်းသော်ကား ၎င်း (ဘုန်းကြီးရဟန်းတို့နှင့် ပညာရှင်) တို့သည် အလ္လာဟ်အရှင်မြတ်၏ကျမ်းတော် (နှင့်အညီ လိုက်နာကျင့်သုံးကြရန်) ကို ထိန်းသိမ်းစောင့်ရှောက်ရန် အမိန့်ပေးတော်မူခြင်း ခံခဲ့ကြရသည့်အပြင် ၎င်းတို့သည် ထိုကျမ်းတော်ကို လိုက်နာကျင့်သုံးကြပါမည်ဟု ဝန်ခံသူများလည်း ဖြစ်ခဲ့ခြင်းကြောင့်ပင်။ သို့ဖြစ်ပေရာ (အို- ယဟူဒီအကြီးအကဲအပေါင်းတို့) အသင်တို့သည် လူတို့အား မကြောက်ရွံ့ကြလေနှင့်။ ငါအရှင်မြတ်ကိုသာ ကြောက်ရွံ့ကြလေကုန်။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်၏ မုက္ခပါဌ်တော်များကို အနည်းငယ်မျှသောအဖိုးအခကြေးငွေဖြင့် ရောင်းစားခြင်းမပြုကြကုန်လင့်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ် ထုတ်ပြန်ချမှတ်တော်မူသည့် (အမိန့်တော်) အတိုင်း တရားစစ်ဆေး စီရင်ဆုံးဖြတ်ခြင်းကို မပြုခဲ့မူ ထိုကဲ့သို့သောသူများသည် ‘ကာဖိရ်’ သွေဖည်ငြင်းပယ်သောသူများပင် ဖြစ်ကြပေသတည်း။
45وَكَتَبْنَا عَلَيْهِمْ فِيهَا أَنَّ النَّفْسَ بِالنَّفْسِ وَالْعَيْنَ بِالْعَيْنِ وَالْأَنفَ بِالْأَنفِ وَالْأُذُنَ بِالْأُذُنِ وَالسِّنَّ بِالسِّنِّ وَالْجُرُوحَ قِصَاصٌ ۚ فَمَن تَصَدَّقَ بِهِ فَهُوَ كَفَّارَةٌ لَّهُ ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الظَّالِمُونَ
၎င်းပြင် ငါအရှင်မြတ်သည် ထို တောင်ရာတ်ကျမ်းမြတ်တွင် ယင်းယဟူဒီတို့အပေါ်၌ အသက်ဇီဝိန်��အစား အသက်ဇီဝိန်ဟူ၍လည်းကောင်း၊ မျက်စိ၏အစား မျက်စိဟူ၍လည်းကောင်း၊ နှာခေါင်း၏အစား နှာခေါင်းဟူ၍လည်းကောင်း နားရွက်အစား နားရွက်ဟူ၍လည်းကောင်း၊ သွား၏အစား သွားဟူ၍လည်းကောင်း၊ (အချို့) ဒဏ်ရာဒဏ်ချက်များ၌လည်း (ထပ်တူထပ်မျှ) လက်စားချေခြင်းပင် ရှိသည်ဟူ၍လည်းကောင်း၊ အမိန့်တော် ချမှတ်ပြဋ္ဌာန်းတော်မူခဲ့လေသည်။ တစ်ဖန် အကြင်သူသည် ယင်းလက်စားချေခြင်းကို ခွင့်လွှတ်ခဲ့လျှင် ထို (ကဲ့သို့) ခွင့်လွှတ်ခြင်းသည်လည်းကောင်း၊ (ခွင့်လွှတ်သူ) ၏အဖို့ အပြစ်များမှလွတ်ကင်းရန် အကြောင်းပင်ဖြစ်ချေသည်။ ၎င်းပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်ချမှတ်တော်မူသည့် (အမိန့် တော်) အတိုင်း တရားစစ်ဆေးဆုံးဖြတ်ခြင်းကို မပြုခဲ့ပါလျှင် ထိုကဲ့သို့သောသူများပင် ကျူးလွန်သောသူများ ဖြစ်ကြကုန်သတည်း။
46وَقَفَّيْنَا عَلَىٰ آثَارِهِم بِعِيسَى ابْنِ مَرْيَمَ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ ۖ وَآتَيْنَاهُ الْإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ وَهُدًى وَمَوْعِظَةً لِّلْمُتَّقِينَ
၎င်းပြင် ငါအရှင်မြတ်သည် (နဗီတမန်တော်) များ၏နောက်၌ ထိုနဗီတမန်တော်များ၏လမ်းစဉ်ကို ဖဝါးခြေထပ် လိုက်နာကျင့်သုံးရန်အလို့ငှာ မရ်ယမ်၏သားတော် အီစာအား ၎င်း၏အလျင်ရှိခဲ့သော တောင်ရာတ်ကျမ်းကို (အခိုင်အမာပြုသူ) ထောက်ခံသူအဖြစ်ဖြင့် စေလွှတ်တော်မူခဲ့၏။ ၎င်းပြင် ငါအရှင်သည် ထို (တမန်တော်အီစာ) အား အီန်ဂျီလ်ကျမ်းကို ချီးမြှင့်တော်မူခဲ့၏။ ထိုကျမ်းတွင် တရားဓမ္မလည်းရှိ၏။ အလင်းရောင်လည်းရှိ၏။ ထိုကျမ်းသည် မိမိအလျင်ရှိသော တောင်ရာတ်ကျမ်းကို ထောက်ခံ (အခိုင်အမာပြု) လျက်ရှိသည့်ပြင် ‘မွတ္တကီ’ သူတော်စင်များအဖို့ တရားဓမ္မ အဆုံးအမလည်း ဖြစ်၏။
အလ်-မာအိဒကုရ်အာန် ညွှန်းကိန်း
120အာယာသ်
MedinanRevelation
44အာယာသ်

ဘာသာပြန် — အလ်-မာအိဒ 44

စူရာ အလ်-မာအိဒ အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်အမှန် ငါအရှင်မြတ်သည် ‘တောင်ရာတ်’ကျမ်းကို ချပေးသနားတော်မူခဲ့၏။ ယင်းတောင်ရာတ်ကျမ်းမြတ်တွင် တရားဓမ္မ ညွှန်ကြားခြင်းနှင့် ရောင်ခြည်တော်သည်ရှိ၏။ (အလ္လာဟ်အရှင်မြတ်၏) အမိန့်တော်များကို…

စူရာ အာယာသ် 44/120 — စူရာ အလ်-မာအိဒ المائدة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မာအိဒ နားထောင်, စူရာ အလ်-မာအိဒ ဘာသာပြန်, စူရာ အလ်-မာအိဒ mp3, စူရာ အလ်-မာအိဒ pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Wednesday, October 21, 2026

Don't forget us in your sincere prayers