အလ်-မူဂျာဒီလာ · 1/22
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူဂျာဒီလာ
قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ ۝١
Qad sami`al laahu qawlal latee tujaadiluka fee zawjihaa wa tashtakeee ilal laahi wallaahu yasma`u tahaawurakumaa; innal laaha samee`um baseer
📖 မြန်မာဘာသာ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင် (မိမိ)မကျေနပ်ကြောင်း အလ္လာဟ်အရှင်မြတ်အထံတော်တွင် ထုတ်ဖော်လျှောက်ထား တိုင်တန်းလျက်ရှိခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုမေးဖြေခြင်းကိုလည်း ကြားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ ဖြစ်တော် မူပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 1-3 — စူရာ အလ်-မူဂျာဒီလာ

1قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင် (မိမိ)မကျေနပ်ကြောင်း အလ္လာဟ်အရှင်မြတ်အထံတော်တွင် ထုတ်ဖော်လျှောက်ထား တိုင်တန်းလျက်ရှိခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုမေးဖြေခြင်းကိုလည်း ကြားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ ဖြစ်တော် မူပေသတည်း။
2الَّذِينَ يُظَاهِرُونَ مِنكُم مِّن نِّسَائِهِم مَّا هُنَّ أُمَّهَاتِهِمْ ۖ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنكَرًا مِّنَ الْقَوْلِ وَزُورًا ۚ وَإِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
3وَالَّذِينَ يُظَاهِرُونَ مِن نِّسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِّن قَبْلِ أَن يَتَمَاسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် "ဇိဟာရ်" ပြုလုပ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး(မောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှော �ိတွေ့ခြင်းမပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
အလ်-မူဂျာဒီလာကုရ်အာန် ညွှန်းကိန်း
22အာယာသ်
MedinanRevelation
1အာယာသ်

ဘာသာပြန် — အလ်-မူဂျာဒီလာ 1

စူရာ အလ်-မူဂျာဒီလာ အာယာသ် 1 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင်…

စူရာ အာယာသ် 1/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 1–3. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers