الَّذِينَ يُظَاهِرُونَ مِنكُم مِّن نِّسَائِهِم مَّا هُنَّ أُمَّهَاتِهِمْ ۖ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنكَرًا مِّنَ الْقَوْلِ وَزُورًا ۚ وَإِنَّ اللَّهَ لَعَفُوٌّ غَفُورٌ ٢
🔤 Transliteration
Allazeena yuzaahiroona minkum min nisaaa`ihim maa hunnaa ummahaatihim in ummahaatuhum illal laaa`ee waladnahum; wa innaahum la yaqooloona munkaram minal qawli wa zooraa; wa innal laaha la`afuwwun ghafoor
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
🌐 Additional reference in ภาษาไทย
ကမ္မဋ္ဌာန်းဖြစ်သော စကားလုံးများ၏ အဓိပ္ပာယ်များ: ယုဇာဟိရူန (يُظَاهِرُونَ ): ဇိဟာရ် ပြုလုပ်ခြင်း။ ဇိဟာရ်ဆိုသည်မှာ ခင်ပွန်းဖြစ်သူက မိမိဇနီးမယားအား "သင်သည် ငါ့အဖို့ ငါ့အမိ၏ကျောကဲ့သို့ဖြစ်၏" ဟု ဆိုခြင်းဖြင့် ဇနီးမယားနှင့် ပေါင်းသင်းဆက်ဆံခြင်းကို ဟရာမ် (တားမြစ်) ပြုလုပ်ခြင်းဖြစ်သည်။ မွန်ကရန် (مُنكَرًا ): မကောင်းမှုဖြစ်သော၊ ရွံရှာဖွယ်ဖြစ်သော၊ ငြင်းပယ်ထိုက်သော စကား။ ဇူရန် (زُورًا ): မုသား၊ အမှားအယွင်း၊ မမှန်ကန်သော စကား။ အဖူဝွင် (عَفُوٌّ ): အလွန်ခွင့်လွှတ်တော်မူသောအရှင်။ ဂဖူးရ် (غَفُورٌ ): အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင်။ ဤအာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်: အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များအား သတိပေးတော်မူသည်မှာ သင်တို့အနက်မှ အချို့သောသူများသည် မိမိတို့၏ဇနီးမယားများအား ဇိဟာရ်ပြုလုပ်ကြသည်။ ဆိုလိုသည်မှာ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား "သင်သည် ငါ့အဖို့ ငါ့အမိ၏ကျောကဲ့သို့ဖြစ်၏" သို့မဟုတ် အမိ၏အစိတ်အပိုင်းတစ်ခုခုနှင့် တူသည်ဟု ဆိုခြင်းဖြင့် ဇနီးမယားနှင့် ပေါင်းသင်းဆက်ဆံခြင်းကို မိမိအပေါ် ဟရာမ်ပြုလုပ်ခြင်းဖြစ်သည်။ သို့သော် ဤသို့ဆိုခြင်းဖြင့် ဇနီးမယားသည် အမှန်တကယ် အမိဖြစ်သွားသည်မဟုတ်ပေ။ သူတို့၏အမိများသည် အမှန်တကယ် သူတို့ကို မွေးဖွားပေးခဲ့သော အမိများသာလျှင် ဖြစ်ကြသည်။ ဇနီးမယားသည် ဇနီးမယားသာလျှင် ဖြစ်သည်၊ အမိမဖြစ်နိုင်ပေ။
ထို့ကြောင့် ဇိဟာရ်ပြုလုပ်သောသူများသည် အလွန်ရွံရှာဖွယ်ကောင်းသော၊ မမှန်ကန်သော၊ မုသားဖြစ်သော စကားကို ဆိုကြခြင်းဖြစ်သည်။ အကြောင်းမှာ ဇနီးမယားအား အမိအဖြစ် သတ်မှတ်ခြင်းသည် သဘာဝတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး လုံးဝမမှန်ကန်သောကြောင့်ဖြစ်သည်။
သို့သော် အလ္လာဟ်အရှင်မြတ်သည် အလွန်ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်လွတ်ငြိမ်းချမ်းသာခွင့်ပေးတော်မူသောအရှင် ဖြစ်တော်မူသည်။ ထို့ကြောင့် ဇိဟာရ်ပြုလုပ်မိသောသူများအတွက် ကာဖ်ဖာရသ် (အပြစ်ဖြေလျှော့ခြင်း) ကို သတ်မှတ်ပေးတော်မူခဲ့သည်။ သူတို့သည် ကာဖ်ဖာရသ် ပြုလုပ်ခြင်းဖြင့် မိမိတို့၏အပြစ်မှ လွတ်မြောက်နိုင်ကြသည်။ ထို့အပြင် စ
ٱلَّذِينَ يُظَٰهِرُونَ مِنكُم مِّن نِّسَآئِهِم مَّا هُنَّ أُمَّهَٰتِهِمۡۖ إِنۡ أُمَّهَٰتُهُمۡ إِلَّا ٱلَّٰٓـِٔي وَلَدۡنَهُمۡۚ وَإِنَّهُمۡ لَيَقُولُونَ مُنكَرًا مِّنَ ٱلۡقَوۡلِ وَزُورًاۚ وَإِنَّ ٱللَّهَ لَعَفُوٌّ غَفُورٌ ٢
အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 1-4 — စူရာ အလ်-မူဂျာဒီလာ
1 قَدْ سَمِعَ اللَّهُ قَوْلَ الَّتِي تُجَادِلُكَ فِي زَوْجِهَا وَتَشْتَكِي إِلَى اللَّهِ وَاللَّهُ يَسْمَعُ تَحَاوُرَكُمَا ۚ إِنَّ اللَّهَ سَمِيعٌ بَصِيرٌ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် အကြင်မိန်းမ၏ပြောဆိုမှုကို ကြားတော်မူခဲ့လေပြီ။ ထိုမိန်းမသည် မိမိလင်ယောက်ျားနှင့် ပတ်သက်၍ အသင်နှင့် ငြင်းခုံ ပြောဆိုဆွေးနွေးလျက်ရှိသည့်ပြင် (မိမိ)မကျေနပ်ကြောင်း အလ္လာဟ်အရှင်မြတ်အထံတော်တွင် ထုတ်ဖော်လျှောက်ထား တိုင်တန်းလျက်ရှိခဲ့၏။ ၎င်းပြင် အလ္လာဟ်အရှင်မြတ်သည် အသင်တို့နှစ်ဦး ပြောဆိုမေးဖြေခြင်းကိုလည်း ကြားတော်မူ၏။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည် အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိမြင်တော်မူသောအရှင်၊ ဖြစ်တော် မူပေသတည်း။
2 الَّذِينَ يُظَاهِرُونَ مِنكُم مِّن نِّسَائِهِم مَّا هُنَّ أُمَّهَاتِهِمْ ۖ إِنْ أُمَّهَاتُهُمْ إِلَّا اللَّائِي وَلَدْنَهُمْ ۚ وَإِنَّهُمْ لَيَقُولُونَ مُنكَرًا مِّنَ الْقَوْلِ وَزُورًا ۚ وَإِنَّ اللَّهَ لَعَفُوٌّ غَفُورٌ
အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။ ထိုဇနီးမိန်းမများမှာ ၎င်းတို့၏မိခင်များ မဟုတ်ကြပေ။ ၎င်းတို့အား မွေးဖွားခဲ့ကြသော မိန်းမများသာလျှင် ၎င်းတို့၏မိခင်များဖြစ်ကြ လေ၏။ သို့ရာတွင် ဧကန်မလွဲ ထို("ဇိဟာရ်" ပြုလုပ်ကြသော) ထိုသူတို့သည် စက်ဆုပ်ဖွယ်ရာစကားကို လည်းကောင်း၊ မုသားစကားကိုလည်းကောင်း၊ ပြောဆိုကြသည် အမှန်ပင်။ သို့တစေလည်း မလွဲဧကန် အလ္လာဟ်အရှင်မြတ်သည် အလွန်တရာ ခွင့်လွှတ်တော်မူသောအရှင်၊ အလွန်တရာ ချမ်းသာပေးတော်မူသောအရှင် ဖြစ်တော်မူ၏။
3 وَالَّذِينَ يُظَاهِرُونَ مِن نِّسَائِهِمْ ثُمَّ يَعُودُونَ لِمَا قَالُوا فَتَحْرِيرُ رَقَبَةٍ مِّن قَبْلِ أَن يَتَمَاسَّا ۚ ذَٰلِكُمْ تُوعَظُونَ بِهِ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
စင်စစ်မှာကား အကြင်သူတို့သည် မိမိတို့၏ ဇနီးမိန်းမများနှင့် "ဇိဟာရ်" ပြုလုပ်ကြကုန်၏။ ထို့နောက် ၎င်းတို့သည် မိမိတို့ ပြောဆိုခဲ့သည်မှ ပြန်လည် ရုပ်သိမ်းလိုက်ကြ၏။ သို့ဖြစ်လျှင် ၎င်းတို့ဇနီး(မောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှော �ိတွေ့ခြင်းမပြုကြမီ ကျွန်တစ်ယောက်ကို လွတ်မြောက်စေရမည်။ ထိုသည်ဖြင့် အသင်တို့သည် ဆုံးမခြင်းကို ခံကြရပေသည်။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူလျက် ရှိကြသည်တို့ကို အကြွင်းမဲ့ ကြားသိတော်မူသောအရှင် ဖြစ်တော်မူ၏။
4 فَمَن لَّمْ يَجِدْ فَصِيَامُ شَهْرَيْنِ مُتَتَابِعَيْنِ مِن قَبْلِ أَن يَتَمَاسَّا ۖ فَمَن لَّمْ يَسْتَطِعْ فَإِطْعَامُ سِتِّينَ مِسْكِينًا ۚ ذَٰلِكَ لِتُؤْمِنُوا بِاللَّهِ وَرَسُولِهِ ۚ وَتِلْكَ حُدُودُ اللَّهِ ۗ وَلِلْكَافِرِينَ عَذَابٌ أَلِيمٌ
သို့ရာတွင် မည်သူမဆို (ကျွန်)မရခဲ့လျှင် ၎င်းတို့(ဇနီးမောင်နှံ)နှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ နှစ်လတိုင်တိုင် တစ်ဆက်တည်း "ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ရပေမည်။ သို့သော် မည်သူမဆို ("ဆွိယာမ်" ဥပုသ်သီလ ဆောက်တည်ခြင်းငှာ) မတတ်စွမ်းနိုင်လျှင် သူဆင်းရဲ ခြောက်ဆယ်အား (၎င်းတို့မောင်နှံနှစ်ဦး ကိုယ်လက်နှီးနှောခြင်းမပြုကြမီ ထမင်းနှစ်နပ်)ကျွေးမွေးရပေမည်။ ထို(အမိန့်ပညတ်ကို ပြဋ္ဌာန်းတော်မူခြင်း)ကား အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား လည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်မြတ်အား လည်းကောင်း၊ သက်ဝင်ယုံကြည်ကြအံ့သောငှာ ဖြစ်ပေသည်။ စင်စစ်မှာမူကား ထိုသည်တို့မှာ အလ္လာဟ်အရှင်မြတ်၏ စည်းကမ်းချက်များပင်။ ၎င်းပြင် "ကာဖိရ်"သွေဖည် ငြင်းပယ်ကြကုန်သောသူတို့၌ နာကျင်ဖွယ်ဖြစ်သော ပြစ်ဒဏ်သည် ရှိပေအံ့သတည်း။
ဘာသာပြန် — အလ်-မူဂျာဒီလာ 2 စူရာ အလ်-မူဂျာဒီလာ အာယာသ် 2 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အသင်တို့အနက် အကြင်သူတို့သည် မိမိတို့ ဇနီးမိန်းမများအား ကျွန်ုပ်၏မိခင်ကဲ့သို့ပင် ကျွန်ုပ်အပေါ်၌"ဟရာမ်" ဖြစ်သည်ဟု ပြောဆို "ဇိဟာရ်" ပြုလုပ်ကြလေ၏။…
စူရာ အာယာသ် 2/22 — စူရာ အလ်-မူဂျာဒီလာ المجادلة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူဂျာဒီလာ နားထောင်, စူရာ အလ်-မူဂျာဒီလာ ဘာသာပြန်, စူရာ အလ်-မူဂျာဒီလာ mp3, စူရာ အလ်-မူဂျာဒီလာ pdf. အာယာသ် 1–4. မြန်မာဘာသာ: ภาษาไทย.