وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ ١٣٦
🔤 Transliteration
Wa ja`aloo lillaahi mimmaa zara-a minal harsi walan`aami naseeban faqaaloo haazaa lillaahi biza`mihim wa haaza lishurakaa`inaa famaa kaana lishurakaaa`ihim falaa yasilu ilal laahi wa maa kaana lillaahi fahuwa yasilu ilaa shurakaaa`ihim; saaa`a maa yahkumoon
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ် ذَرَأَ — ဖန်ဆင်းခဲ့သည်။الْحَرْثِ — လယ်ယာစိုက်ခင်းများ၊ သီးနှံများ။الْأَنْعَامِ — ကျွဲနွားတိရစ္ဆာန်များ။نَصِيبًا — အစုတစ်ခု၊ ဝေစုတစ်ခု။بِزَعْمِهِمْ — သူတို့၏ ထင်မြင်ယူဆချက်အရ၊ သူတို့၏ လုပ်ကြံပြောဆိုချက်အရ။شُرَكَائِنَا — ငါတို့၏ ဘက်စက်ဖော်များ (ရုပ်တုများ၊ ဆင်းတုများ)။سَاءَ مَا يَحْكُمُونَ — သူတို့ စီရင်ဆုံးဖြတ်နေသည့်အရာသည် အလွန်ဆိုးရွားလှပေသည်။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် အရှင်မြတ်နှင့် တွဲဖက်ကိုးကွယ်သူများ (မွတ်ရှ်ရစ်က်များ)၏ မိုက်မဲသော အလေ့အကျင့်တစ်ခုကို ဖော်ပြထားခြင်း ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ် ဖန်ဆင်းတော်မူခဲ့သော လယ်ယာသီးနှံများနှင့် တိရစ္ဆာန်များထဲမှ အစုတစ်ခုကို အလ္လာဟ်အရှင်မြတ်အတွက် သတ်မှတ်ပြီး နောက်တစ်စုကို သူတို့၏ ရုပ်တုဘက်စက်ဖော်များအတွက် သတ်မှတ်ကြသည်။ သူတို့၏ ထင်မြင်ယူဆချက်အရ "ဤသည်ကား အလ္လာဟ်အရှင်မြတ်အတွက် ဖြစ်သည်၊ ဤသည်ကား ငါတို့၏ ဘက်စက်ဖော်များအတွက် ဖြစ်သည်" ဟု ပြောဆိုကြသည်။
သို့သော် သူတို့၏ လုပ်ရပ်သည် အလွန်မတရားမှုရှိလှသည်။ အကြောင်းမှာ ရုပ်တုများအတွက် သတ်မှတ်ထားသော အစုသည် ရုပ်တုများထံသာ ရောက်ရှိပြီး အလ္လာဟ်အရှင်မြတ်အတွက် သတ်မှတ်ထားသော အစုမှာမူ ရုပ်တုများထံသို့ ရောက်ရှိသွားသည်။ ဆိုလိုသည်မှာ အလ္လာဟ်အရှင်မြတ်အတွက် သတ်မှတ်ထားသည့် အစုကို ရုပ်တုများ၏ အကျိုးအတွက် အသုံးပြုကြပြီး ရုပ်တုများအတွက် သတ်မှတ်ထားသည့် အစုကို မည်သည့်အခါမျှ အလ္လာဟ်အရှင်မြတ်၏ လမ်းစဉ်တော်အတွက် အသုံးမပြုကြပေ။ ဤသို့ဖြင့် သူတို့သည် အလ္လာဟ်အရှင်မြတ်အား ရုပ်တုများထက် နိမ့်ကျစေသည့် ဆိုးရွားလှသော စီရင်ဆုံးဖြတ်မှုကို ပြုလုပ်ကြသည်။
အမှန်စင်စစ် ဤအလေ့အကျင့်သည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်မပါဘဲ သူတို့ကိုယ်တိုင် လုပ်ကြံတီထွင်ထားခြင်းသာ ဖြစ်သည်။ သူတို့သည် အလ္လာဟ်အရှင်မြတ်အတွက် သတ်မှတ်သည့်အခါ ဧည့်သည်များနှင့် ဆင်းရဲသားများကို ပေးလှူရန် ရည်ရွယ်ကြပြီး ရုပ်တုများအတွက် သတ်မှတ်သည့်အခါ ရုပ်တ
وَجَعَلُواْ لِلَّهِ مِمَّا ذَرَأَ مِنَ ٱلۡحَرۡثِ وَٱلۡأَنۡعَٰمِ نَصِيبًا فَقَالُواْ هَٰذَا لِلَّهِ بِزَعۡمِهِمۡ وَهَٰذَا لِشُرَكَآئِنَاۖ فَمَا كَانَ لِشُرَكَآئِهِمۡ فَلَا يَصِلُ إِلَى ٱللَّهِۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَآئِهِمۡۗ سَآءَ مَا يَحۡكُمُونَ ١٣٦
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 134-138 — စူရာ အလ်-အန်အာမ်
134 إِنَّ مَا تُوعَدُونَ لَآتٍ ۖ وَمَا أَنتُم بِمُعْجِزِينَ
ဧကန်စင်စစ် အသင်တို့အား ကတိထားရှိပြီးဖြစ်သော [ကိယာမတ် (ခေါ်)ရှင်ပြန်ထရမည့်နေ့နှင့် ပြစ်ဒဏ်တို့သည်] မလွဲဧကန် ဆိုက်ရောက်မည်သာဖြစ်၏။ ၎င်းပြင်အသင်တို့သည်(မိမိတို့၏ပရိယာယ်ဖြင့် အလ္လာဟ်အရှင်မြတ်အား ထိုသို့)မစွမ်းဆောင်နိုင်ရန် တားဆီးနိုင်ကြသူများလည်းမဟုတ်ကြပေ။
135 قُلْ يَا قَوْمِ اعْمَلُوا عَلَىٰ مَكَانَتِكُمْ إِنِّي عَامِلٌ ۖ فَسَوْفَ تَعْلَمُونَ مَن تَكُونُ لَهُ عَاقِبَةُ الدَّارِ ۗ إِنَّهُ لَا يُفْلِحُ الظَّالِمُونَ
(အို-နဗီတမန်တော်) အသင်တို့သည် (ထိုကာဖိရ်တို့အားဤသို့)ပြောကြားပါလေ အို-ငါ၏အမျိုးသားအပေါင်းတို့၊ အသင်တို့သည် မိမိတို့နည်းအတိုင်းသာ ပြုလုပ်ကြလေကုန်။ ငါသည်လည်း (မိမိနည်းလမ်းအတိုင်းပင်) ပြုလုပ်လျက်ရှိချေပြီ။ နောက်ဆုံး စိတ်�ျမ်းသာမှုသည် မည်သူတို့အဖို့ဖြစ်သည်ကို မကြာမြင့်မီ အသင်တို့သိရှိ ကြရလတ္တံ့။ ဧကန်မုချမတရားပြုကျင့်သော သူတို့သည် အလျင်းအောင်မြင်ကြလိမ့်မည်မဟုတ်ချေ။
136 وَجَعَلُوا لِلَّهِ مِمَّا ذَرَأَ مِنَ الْحَرْثِ وَالْأَنْعَامِ نَصِيبًا فَقَالُوا هَٰذَا لِلَّهِ بِزَعْمِهِمْ وَهَٰذَا لِشُرَكَائِنَا ۖ فَمَا كَانَ لِشُرَكَائِهِمْ فَلَا يَصِلُ إِلَى اللَّهِ ۖ وَمَا كَانَ لِلَّهِ فَهُوَ يَصِلُ إِلَىٰ شُرَكَائِهِمْ ۗ سَاءَ مَا يَحْكُمُونَ
၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍ ထားရှိကြလေသည်။ တဖန် ထိုသူတို့က မိမိတို့၏ ထင်မြင်ယူဆချက်အရ ဤ(ဝေစုဝေပုံ)သည် အလ္လာဟ်အရှင်မြတ်အဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ဤ(ဝေစုဝေပုံ)သည် ငါတို့၏ကိုးကွယ်ရာများအဖို့ ဖြစ်သည်ဟူ၍လည်းကောင်း၊ ပြောဆိုကြလေသည်။တဖန် ၎င်းတို့၏ ကိုးကွယ်ရာများအဖို့ ဖြစ်သော (အစုအပုံ)သည် အလ္လာဟ်အရှင်မြတ် အတွက်ဖြစ်သော အစုအပုံများသို့ရောက်ရှိသည်မဟုတ်ပေ။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်အဖို့ဖြစ်သော (အစုအပုံ)မူကား ၎င်းတို့၏ ကိုးကွယ်ရာ များအဖို့ဖြစ်သော ဝေစုဝေပုံသို့ ရောက်လေ၏။ ထိုသူတို့၏ အဆုံးအဖြတ်သည် ဆိုးယုတ်လှပေ တကား။
137 وَكَذَٰلِكَ زَيَّنَ لِكَثِيرٍ مِّنَ الْمُشْرِكِينَ قَتْلَ أَوْلَادِهِمْ شُرَكَاؤُهُمْ لِيُرْدُوهُمْ وَلِيَلْبِسُوا عَلَيْهِمْ دِينَهُمْ ۖ وَلَوْ شَاءَ اللَّهُ مَا فَعَلُوهُ ۖ فَذَرْهُمْ وَمَا يَفْتَرُونَ
၎င်းပြင် ထိုနည်းအတိုင်းပင်၊ မုရှ်ရစ်က်တို့အနက် များစွာသောသူတို့၏ အမြင်၌ ၎င်းတို့၏ ကိုးကွယ်ရာ(ရှိုင်တွာန်)များက၊ ၎င်းတို့ကို ဖျက်ဆီးကြရန်အတွက်လည်းကောင်း၊ ၎င်းတို့အပေါ်၌ ၎င်းတို့၏ ဘာသာကို ရှုပ်ထွေးစေကြရန်အတွက်လည်းကောင်း၊ ၎င်းတို့၏သားသမီးများအားသတ်ဖြတ်ခြင်းကို တင့်တယ်အောင် ပြုလုပ်ထားခဲ့ကြသည်။၎င်းပြင် အကယ်၍သာ အလ္လာဟ်အရှင်မြတ် အလိုတော်ရှိတော်မူခဲ့ပါလျှင် ထိုသူများသည် ယင်းကဲ့သို့ ပြုလုပ်ကြမည်မဟုတ်ပေ။ သို့ရှိရာ အသင်သည် ထိုသူများကိုလည်းကောင်း၊ထိုသူတို့ လုပ်ကြံလိမ်ညာ ပြောဆိုသောစကားများကိုလည်းကောင်း၊ စွန့်လွှတ်ထားပါလေ။
138 وَقَالُوا هَٰذِهِ أَنْعَامٌ وَحَرْثٌ حِجْرٌ لَّا يَطْعَمُهَا إِلَّا مَن نَّشَاءُ بِزَعْمِهِمْ وَأَنْعَامٌ حُرِّمَتْ ظُهُورُهَا وَأَنْعَامٌ لَّا يَذْكُرُونَ اسْمَ اللَّهِ عَلَيْهَا افْتِرَاءً عَلَيْهِ ۚ سَيَجْزِيهِم بِمَا كَانُوا يَفْتَرُونَ
၎င်းပြင် ယင်းသူတို့က မိမိတို့၏ထင်မြင် ယူဆချက်အရပြောဆိုကြသည်မှာ ထိုထိုသောအခြေ လေးချောင်းတိရစ္ဆာန်များသည်လည်းကောင်း၊ ထိုထိုသော လယ်ယာများ(မှထွက်သောပစ္စည်းများ) သည်လည်းကောင်း၊ ငါတို့အလိုရှိသောသူတို့မှအပ၊ အခြားမည်သူမျှ စားသုံး ခြင်းမပြုရန် တားမြစ်၍ထားပြီးဖြစ်သည်ဟူ၍လည်းကောင်း၊ (ထိုထိုသော) အခြေလေးချောင်း တိရစ္ဆာန်များ(၏) ကျောက်ကုန်းများ(ပေါ်၌တက်စီးခြင်း)သည် ဟရာမ် မြစ်တား၍ထားပြီးဖြစ်သည်ဟူ၍၎င်း၊ ပြောဆိုကြ၏။ ၎င်းပြင် (ထိုထိုသော) အခြေလေးချောင်းတိရစ္ဆာန်များကို (လှီးဖြတ်ရာ၌) ထိုသူများသည်အလ္လာဟ် အရှင်မြတ်၏နာမံတော်ကို တသခြင်းမပြုကြပေ။(ဤသည်တို့ကား) ထိုအရှင်မြတ်အပေါ်၌ လီဆယ်ပြောဆိုခြင်းမျှဖြစ်ရကား မကြာမြင့်မီ ထိုအရှင်မြတ်သည် ၎င်းတို့အား၊၎င်းတို့၏လီဆယ်ပြောဆိုမှုကြောင့် အပြစ်ဒဏ်ပေးတော်မူအံ့။
ဘာသာပြန် — အလ်-အန်အာမ် 136 စူရာ အလ်-အန်အာမ် အာယာသ် 136 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် ထိုသူတို့သည် အလ္လာဟ်အရှင်မြတ်အဖို့ ထိုအရှင်မြတ်ဖန်ဆင်း ပေါက်ရောက်စေ တော်မူသောလယ်ယာများအနက်မှလည်းကောင်း၊ ခြေလေးချောင်း သတ္တဝါများအနက်မှလည်းကောင်း၊ ဝေစုဝေပုံကို သတ်မှတ်၍…
စူရာ အာယာသ် 136/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 134–138. မြန်မာဘာသာ: ภาษาไทย.