အလ်-အန်အာမ် · 93/165
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်အာမ်
وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَن قَالَ سَأُنزِلُ مِثْلَ مَا أَنزَلَ اللَّهُ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ فِي غَمَرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُو أَيْدِيهِمْ أَخْرِجُوا أَنفُسَكُمُ ۖ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ ۝٩٣
Wa man azlamu mimmanif taraa `alal laahi kaziban aw qaala oohiya ilaiya wa lam yooha ilaihi shai`un wa man qaala sa unzilu misla maaa anzalal laah; wa law taraaa iziz zaalimoona fee ghamaraatil mawti walmalaaa`ikatu baasitooo aideehim akhrijooo anfusakum; al yawma tujzawna `azaabal hooni bimaa kuntum taqooloona `alal laahi ghairal haqqi wa kuntum `an aayaatihee tastakbiroon
📖 မြန်မာဘာသာ
အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ် ထိုသူသည် မိမိအပေါ်၌ဝဟ်ယ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်သည်ဟု ပြောဆိုလေသည်။ အမှန်မှာကား ၎င်း၏အပေါ်ဝယ် မည်သည့်အမိန့်တော် တစ်စုံတစ်ရာမျှကျရောက်သည်မရှိချေ။ထိုနည်းတူစွာ (အကြင်သူထက် ပိုမို၍ မတရားသောသူကားမည်သူရှိအံ့နည်း၊) ထိုသူက အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူဘိသကဲ့ သို့ပင် ကျွန်ုပ်သည်လည်း မကြာမီ (ထိုကဲ့သို့သော မုက္ခပါဋ္ဌ်တော်များကို) ချပေးအံ့ဟု ပြောဆိုလေ၏။အကယ်၍သာ အသင်သည် အကြင်အခါ၌ တွေ့မြင်ရပါမူကောင်းလေစွ၊ ထိုအခါဝယ် (ယင်း) မတရားပြုမူသော သူတို့သည် မရဏ သေခြင်း တရား၏ပြင်းထန်မှု၊ (ဒုက္ခများ)တို့၌ကျရောက် လျက်ရှိကြကုန်အံ့၊ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်များသည် မိမိတို့၏လက်များကို(၎င်းတို့ဖက်သို့)ကမ်းလျက် (အသင်တို့သည် မိမိတို့၏ အသက်ဇီဝိန်များကို (အလျင်အမြန်)ထုတ်(၍ပေး)ကြလေကုန်။ ယနေ့မူကား အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မမှန်ကန်သောစကားကို ကြံဖန်လီဆယ်၍ ပြောဆိုကြသောကြောင့်၎င်း၊ ထိုအရှင် မြတ်၏သက်သေလက္ခဏာများကို မထီမဲ့မြင် ပြုပြင်ကြသောကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့၊ (ဟုပြောဆိုကြကုန်အံ့၊)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့အဓိပ္ပာယ်ရှင်းလင်းချက်
  • أَظْلَمُ: အဆိုးဆုံးသော၊ အမှောင်မိုက်ဆုံးသော၊ အပြစ်ကြီးဆုံးသော။
  • افْتَرَىٰ: လုပ်ကြံဖန်တီးပြောဆိုသည်။
  • غَمَرَاتِ الْمَوْتِ: သေခြင်း၏ပြင်းထန်သောအခြေအနေများ၊ သေမင်း၏လှိုင်းလုံးများ။
  • بَاسِطُو أَيْدِيهِمْ: လက်များကိုဆန့်ထားသူများ။
  • عَذَابَ الْهُونِ: အရှက်ရဖွယ်အပြစ်ဒဏ်၊ ဂုဏ်အသရေပျက်စေသောအပြစ်ဒဏ်။
  1. အာယသ်တော်၏အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤအာယသ်တော်သည် အလ္လာဟ်အရှင်မြတ်အပေါ် လုပ်ကြံမုသားပြောဆိုခြင်း၊ မိမိထံ ဝဟီ(ဗျာဒိတ်) ကျရောက်သည်ဟု မဟုတ်မမှန်ပြောဆိုခြင်း၊ အလ္လာဟ်အရှင်မြတ် ချပေးတော်မူသည့်ကဲ့သို့ ကျွန်ုပ်လည်း ချပေးနိုင်သည်ဟု ပြောဆိုခြင်းတို့ထက် ပို၍ကြီးလေးသောအပြစ်ရှိသူ မည်သူမျှမရှိကြောင်း ဖော်ပြထားပါသည်။ ဤကဲ့သို့သောသူများသည် သေခြင်း၏ပြင်းထန်သောအခြေအနေများတွင် ရောက်ရှိနေစဉ် မလာအိကဟ်တော်များသည် သူတို့၏ဝိညာဉ်များကို နုတ်ယူရန် လက်များကိုဆန့်ထားလျက် "သင်တို့၏ဝိညာဉ်များကို ထုတ်ယူလိုက်ပါ" ဟု ဆိုကြမည်ဖြစ်သည်။ ထိုနေ့တွင် သူတို့သည် အလ္လာဟ်အရှင်မြတ်အပေါ် မမှန်မကန်ပြောဆိုခဲ့ခြင်းနှင့် အရှင်မြတ်၏အာယသ်တော်များကို မာန်မာနထောင်လွှားခဲ့ခြင်းတို့ကြောင့် အရှက်ရဖွယ်အပြစ်ဒဏ်ကို ခံစားရမည်ဖြစ်သည်။ ဤမြင်ကွင်းကို တမန်တော်မြတ်သည် မြင်တွေ့ခဲ့ရလျှင် အလွန်ထိတ်လန့်ဖွယ်ရာဖြစ်မည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသောအကျိုးကျေးဇူးများ
  • အလ္လာဟ်အရှင်မြတ်အပေါ် မမှန်မကန်ပြောဆိုခြင်းသည် အကြီးမားဆုံးသောအပြစ်ဖြစ်ကြောင်း သိရှိစေသည်။
  • မိမိကိုယ်ကို တမန်တော် သို့မဟုတ် ဝဟီခံရသူဟု မဟုတ်မမှန်ပြောဆိုခြင်းသည် အလွန်အန္တရာယ်ကြီးသော လုပ်ရပ်ဖြစ်ကြောင်း သတိပေးသည်။
  • သေခြင်း၏ပြင်းထန်သောအခြေအနေနှင့် မလာအိကဟ်တော်များ၏ ရင်ဆိုင်မှုကို သတိရခြင်းဖြင့် အပြစ်များမှ ရှောင်ကြဉ်ရန် တွန်းအားပေးသည်။
  • အလ္လာဟ်အရှင်မြတ်၏ အာယသ်တော်များကို မာန်မာနဖြင့် ငြင်းပယ်ခြင်းသည် အရှက်ရဖွယ်အပြစ်ဒဏ်ကို ခံစားရစေကြောင်း သိရှိစေသည်။
  • ဤအာယသ်တော်သည် အစ္စလာမ်သာသနာတော်၏ သစ္စာတရားကို ထင်ရှားစေပြီး ကုရ်အာန်တော်၏ ကြီးမြတ်မှုကို ပိုမိုနားလည်စေသည်။
  • အလ


📜 အာယာသ် 91-95 — စူရာ အလ်-အန်အာမ်

91وَمَا قَدَرُوا اللَّهَ حَقَّ قَدْرِهِ إِذْ قَالُوا مَا أَنزَلَ اللَّهُ عَلَىٰ بَشَرٍ مِّن شَيْءٍ ۗ قُلْ مَنْ أَنزَلَ الْكِتَابَ الَّذِي جَاءَ بِهِ مُوسَىٰ نُورًا وَهُدًى لِّلنَّاسِ ۖ تَجْعَلُونَهُ قَرَاطِيسَ تُبْدُونَهَا وَتُخْفُونَ كَثِيرًا ۖ وَعُلِّمْتُم مَّا لَمْ تَعْلَمُوا أَنتُمْ وَلَا آبَاؤُكُمْ ۖ قُلِ اللَّهُ ۖ ثُمَّ ذَرْهُمْ فِي خَوْضِهِمْ يَلْعَبُونَ
စင်စစ်သော်ကား ၎င်းတို့က ‘အလ္လာဟ်အရှင်မြတ်သည် မည်သည့်လူသား တစ်ဦးတစ်ယောက်၏အပေါ် ၌မျှမည်သည့်တစ်စုံတစ်ရာကိုမျှ ချပေးသနားတော်မူခဲ့သည်မဟုတ်’ဟု ပြောဆိုကြသည့်အခါ၊ ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်အားသိရန် တာဝန်ရှိသည်နှင့်အညီ နက်နဲစွာမသိခဲ့ ကြချေ။ (အိုနဗီတမန်တော်)အသင်သည် (၎င်းတို့အား ဤသို့)မေးမြန်းပါလေ။ မူစာသည် လူတို့အဖို့ ရောင်ခြည်တော်အဖြစ်လည်းကောင်း၊ တရားဓမ္မအဖြစ်လည်းကောင်း၊ ယူဆောင်လာသောကျမ်းဂန်ကို မည်သူသည် ချပေးခဲ့ ပါသနည်း။ အသင်တို့သည်ထိုကျမ်းဂန်ကို(အဖိုးမတန်သော)စက္ကူများ(ပမာ) ပြုလုပ်ထားကြ၏။ အသင်တို့သည် ထိုစက္ကူများ(၏အချို့အစိတ်အပိုင်း)ကို ထင်ရှားစေကြကုန်၏။ သို့ရာတွင် အသင်တို့သည် များစွာ(သောအစိတ်အပိုင်းတို့)ကိုမူ ထိန်ချန်လျှို့ဝှက်ထားကြလေသည်။ စင်စစ်သော်ကား အသင်တို့သည် (ထိုကျမ်းဂန်အားဖြင့်)အကြင်အရာများကို သင်ကြားပို့ချခြင်း ခံခဲ့ကြရလေသည်။ထိုအရာများကို အသင်တို့ ကိုယ်တိုင်လည်း မသိရှိခဲ့ကြချေ။အသင်တို့ ၏ အဖ ဘိုးဘေးတို့သည်လည်း မသိခဲ့ချေ။ (အိုနဗီတမန်တော်) အသင်သည် (၎င်းတို့အား) အလ္လာဟ်အရှင်မြတ်သည်သာလျှင် (ထိုကျမ်းဂန်ကို ချပေးသနားတော်မူခဲ့သည်)ဟူ၍ ပြောကြားပါလေ။ ထို့နောက် အသင်သည် ယင်းသို့သူတို့အား ၎င်းတို့အကြောင်းမတန်သော ကိစ္စများတွင်ကစားခုန်စား လျက်သာ ပစ်ထားပါလေ။
92وَهَٰذَا كِتَابٌ أَنزَلْنَاهُ مُبَارَكٌ مُّصَدِّقُ الَّذِي بَيْنَ يَدَيْهِ وَلِتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا ۚ وَالَّذِينَ يُؤْمِنُونَ بِالْآخِرَةِ يُؤْمِنُونَ بِهِ ۖ وَهُمْ عَلَىٰ صَلَاتِهِمْ يُحَافِظُونَ
၎င်းပြင် ဤ(ကုရ်အာန်ကျမ်းဂန်)သည် အကြင်သို့သော ကျမ်းဂန်ပင်ဖြစ်သည်။ ထိုကျမ်းဂန်ကို ငါ အရှင်မြတ်သည် ချပေးတော်မူခဲ့သည်။ ဗရကတ် မင်္ဂလာ နှင့်ပြည့်စုံ(သောကျမ်းဂန်ဖြစ်)သည်။ ၎င်းထက်အလျင် ရှိခဲ့သောကျမ်းဂန်များကိုလည်း အလ္လာဟ်အရှင်မြတ်အထံတော်မှထုတ်ပြန်တော်မူ သောကျမ်းဂန်များဖြစ်ကြောင်း) အတည်ပြုသော ကျမ်းဂန်လည်းဖြစ်သည်။ ၎င်းပြင် အသင်သည်(ထိုကျမ်းဂန်ဖြင့်) မက္ကာမြို့တော်(သားများ)ကိုလည်းကောင်း၊ထိုမြို့တော်၏ ပတ်ဝန်းကျင်၌ ရှိသောသူများကို လည်းကောင်း၊သတိပေးရန်ဖြစ်သည်။ စင်စစ်သော်ကား နောင်တမလွန်ဘဝကို ယုံကြည်သောသူများသည် ဤ(ကုရ်အာန်ကျမ်းဂန်)ကိုလည်း ယုံကြည်ကြသည်သာဖြစ်သည်။ ၎င်းပြင် ထိုသူများသည် မိမိတို့၏ဆွလာတ်ဝတ်ပြုမှုကိုလည်း စွဲမြဲစွာစောင့်ထိန်းကြသည်သာ ဖြစ်သည်။
93وَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا أَوْ قَالَ أُوحِيَ إِلَيَّ وَلَمْ يُوحَ إِلَيْهِ شَيْءٌ وَمَن قَالَ سَأُنزِلُ مِثْلَ مَا أَنزَلَ اللَّهُ ۗ وَلَوْ تَرَىٰ إِذِ الظَّالِمُونَ فِي غَمَرَاتِ الْمَوْتِ وَالْمَلَائِكَةُ بَاسِطُو أَيْدِيهِمْ أَخْرِجُوا أَنفُسَكُمُ ۖ الْيَوْمَ تُجْزَوْنَ عَذَابَ الْهُونِ بِمَا كُنتُمْ تَقُولُونَ عَلَى اللَّهِ غَيْرَ الْحَقِّ وَكُنتُمْ عَنْ آيَاتِهِ تَسْتَكْبِرُونَ
အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ် ထိုသူသည် မိမိအပေါ်၌ဝဟ်ယ် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်သည်ဟု ပြောဆိုလေသည်။ အမှန်မှာကား ၎င်း၏အပေါ်ဝယ် မည်သည့်အမိန့်တော် တစ်စုံတစ်ရာမျှကျရောက်သည်မရှိချေ။ထိုနည်းတူစွာ (အကြင်သူထက် ပိုမို၍ မတရားသောသူကားမည်သူရှိအံ့နည်း၊) ထိုသူက အလ္လာဟ်အရှင်မြတ် ချပေးသနားတော်မူဘိသကဲ့ သို့ပင် ကျွန်ုပ်သည်လည်း မကြာမီ (ထိုကဲ့သို့သော မုက္ခပါဋ္ဌ်တော်များကို) ချပေးအံ့ဟု ပြောဆိုလေ၏။အကယ်၍သာ အသင်သည် အကြင်အခါ၌ တွေ့မြင်ရပါမူကောင်းလေစွ၊ ထိုအခါဝယ် (ယင်း) မတရားပြုမူသော သူတို့သည် မရဏ သေခြင်း တရား၏ပြင်းထန်မှု၊ (ဒုက္ခများ)တို့၌ကျရောက် လျက်ရှိကြကုန်အံ့၊ ၎င်းပြင် မလာအိကဟ် ကောင်းကင်တမန်များသည် မိမိတို့၏လက်များကို(၎င်းတို့ဖက်သို့)ကမ်းလျက် (အသင်တို့သည် မိမိတို့၏ အသက်ဇီဝိန်များကို (အလျင်အမြန်)ထုတ်(၍ပေး)ကြလေကုန်။ ယနေ့မူကား အသင်တို့သည်အလ္လာဟ် အရှင်မြတ်အပေါ်၌ မမှန်ကန်သောစကားကို ကြံဖန်လီဆယ်၍ ပြောဆိုကြသောကြောင့်၎င်း၊ ထိုအရှင် မြတ်၏သက်သေလက္ခဏာများကို မထီမဲ့မြင် ပြုပြင်ကြသောကြောင့်လည်းကောင်း၊ ယုတ်ညံ့ သိမ်ဖျင်းစေသော ပြစ်ဒဏ်ကို ခံစားကြရလတ္တံ့၊ (ဟုပြောဆိုကြကုန်အံ့၊)
94وَلَقَدْ جِئْتُمُونَا فُرَادَىٰ كَمَا خَلَقْنَاكُمْ أَوَّلَ مَرَّةٍ وَتَرَكْتُم مَّا خَوَّلْنَاكُمْ وَرَاءَ ظُهُورِكُمْ ۖ وَمَا نَرَىٰ مَعَكُمْ شُفَعَاءَكُمُ الَّذِينَ زَعَمْتُمْ أَنَّهُمْ فِيكُمْ شُرَكَاءُ ۚ لَقَد تَّقَطَّعَ بَيْنَكُمْ وَضَلَّ عَنكُم مَّا كُنتُمْ تَزْعُمُونَ
၎င်းပြင် (အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ)(ယခုမူကား) အသင်တို့သည် ငါအရှင်မြတ်အထံတော်သို့ ပထမမူလက ငါအရှင်မြတ် �သင်တို့အား ဖန်ဆင်းတော်မူသည့် အတိုင်းပင် တစ်ယောက်စီ၊ တစ်ယောက်စီ လာကြလေပြီ။ ၎င်းပြင် အသင်တို့သည် ငါအရှင်မြတ်က အသင်တို့အား ချီးမြှင့်ပေးသနားတော်မူခဲ့သည့် (ဥစ္စာပစ္စည်း)များကိုလည်း မိမိတို့နောက်တွင် စွန့်ထားခဲ့ကြလေပြီ။ ထို့ပြင်ငါအရှင်မြတ်သည် အသင်တို့နှင့် အတူတကွ အသင်တို့အားကြားဝင်အသနားခံပေးမည့် အကြင်သူများကိုလည်း တွေ့မြင်တော်မမူ။ အသင်တို့သည် မိမိတို့၏အရေးကိစ္စများတွင် ထိုသူများသည် (ငါအရှင်မြတ်၏) အပေါင်းအဖက်များ ဖြစ်သည်ဟူ၍ ထင်မြင်ယူဆခဲ့ကြလေသည်။ (ယခုမူကား) အသင်တို့(အချင်းချင်း)၏ စပ်ကြားဝယ် အဆက်ပြတ်သွားချေပြီ၊ ၎င်းပြင်အသင်တို့၏ ထင်မြင်ယူဆချက်သည်လည်း အသင်တို့ထံမှပျောက်ကွယ်သွားချေပြီ။ (သို့ဖြစ်ပေရာ ယခုမူကား အပြစ်ဒဏ်ကို အပြည့်ခံကြရတော့ပေမည်)။ (ရကူ)
95۞ إِنَّ اللَّهَ فَالِقُ الْحَبِّ وَالنَّوَىٰ ۖ يُخْرِجُ الْحَيَّ مِنَ الْمَيِّتِ وَمُخْرِجُ الْمَيِّتِ مِنَ الْحَيِّ ۚ ذَٰلِكُمُ اللَّهُ ۖ فَأَنَّىٰ تُؤْفَكُونَ
ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် မျိုးစေ့များနှင့်သစ်စေ့များကို (အညှောက်အတက်ထွက်စေရန်) အက်ကွဲစေတော်မူသော အရှင်မြတ်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်သည်သာလျှင် သက်မဲ့အရာ များမှသက်ရှိသတ္တဝါများကိုထုတ်တော်မူလေသည်။ ထို့ပြင်တဝ ထိုအရှင်မြတ်သည်သက်ရှိသတ္တဝါများမှ သက်မဲ့အရာများကို ထုတ်တော်မူသောအရှင်မြတ် လည်း ဖြစ်တော်မူ၏။ သို့ပြုစွမ်းနိုင်တော်မူသောအရှင်သည်ကား အလ္လာဟ်အရှင်မြတ်ပင် ဖြစ်တော်မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် (ထိုအရှင်မြတ်အားခဝပ်ကိုးကွယ်ခြင်း ကိုစွန့်၍) အဘယ်သို့ပြန်လှည့်သွားကြလေသနည်း။
အလ်-အန်အာမ်ကုရ်အာန် ညွှန်းကိန်း
165အာယာသ်
MeccanRevelation
93အာယာသ်

ဘာသာပြန် — အလ်-အန်အာမ် 93

စူရာ အလ်-အန်အာမ် အာယာသ် 93 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်စင်စစ်သော်ကား အကြင်သူထက်ပိုမို၍မတရားသောသူသည် မည်သူရှိအံ့နည်း။ ထိုသူသည် အလ္လာဟ်အရှင်မြတ်အပေါ်၌ တစ်စုံတစ်ရာ မဟုတ်မမှန်ကို ကြံဖန်လီဆယ်၍ ယိုးစွပ်လေသည်။ သို့မဟုတ်…

စူရာ အာယာသ် 93/165 — စူရာ အလ်-အန်အာမ် الأنعام (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်အာမ် နားထောင်, စူရာ အလ်-အန်အာမ် ဘာသာပြန်, စူရာ အလ်-အန်အာမ် mp3, စူရာ အလ်-အန်အာမ် pdf. အာယာသ် 91–95. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers