အလ်-မူနာဖီကူန် · 9/11
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-မူနာဖီကူန်
يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَن ذِكْرِ اللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُولَٰئِكَ هُمُ الْخَاسِرُونَ ۝٩
Yaaa ayyuhal lazeena aamanoo la tulhikum amwaalukum wa laa awlaadukum `anzikril laah; wa mai-yaf`al zaalika fa-ulaaa`ika humul khaasiroon
📖 မြန်မာဘာသာ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား တသ သတိရခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်း လျစ်လျူရှု ပေါ့တန်စေခြင်း မရှိစေရ။ အသင်တို့ သားသမီးများသည်လည်း လျစ်လျူရှု ပေါ့တန်စေသည် မရှိစေရ။ စင်စစ်သော်ကား မည်သူမဆို ထိုသည်ကို ပြုမူသည်ရှိသော် ထိုကဲ့သို့ သူတို့သည်သာလျှင် ဆုံးရှုံးသူများ ဖြစ်ကုန်၏။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 7-11 — စူရာ အလ်-မူနာဖီကူန်

7هُمُ الَّذِينَ يَقُولُونَ لَا تُنفِقُوا عَلَىٰ مَنْ عِندَ رَسُولِ اللَّهِ حَتَّىٰ يَنفَضُّوا ۗ وَلِلَّهِ خَزَائِنُ السَّمَاوَاتِ وَالْأَرْضِ وَلَٰكِنَّ الْمُنَافِقِينَ لَا يَفْقَهُونَ
၎င်းတို့ကပင် ‘အသင်တို့သည် ရစူလ်တမန်တော်မြတ်၏ထံတော်ပါး၌ ရှိနေကြသော သူတို့အပေါ် ၌ ၎င်းတို့ ကစဉ့်ကလျား ဖြစ်သွားကြသည်အထိ သုံးစွဲခြင်းကို မပြုကြကုန်လင့်’ ဟူ၍ ပြောဆိုခဲ့ကြကုန်၏။ စင်စစ်သော်ကား မိုးကောင်းကင်များ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ ပထဝီမြေ ၌ရှိကုန်သော ဘဏ္ဍာတော်များသည်လည်းကောင်း၊ အရှင်မြတ်ပိုင်ဆိုင်တော်မူသော ဘဏ္ဍာတော်များသာ ဖြစ်ကုန်၏။ သို့ရာတွင် ‘မုနာဖစ်က်’အယောင်ဆောင် မွတ်စ်လင်မ်တို့သည် နားလည်ကြသည် မဟုတ်ပေ။
8يَقُولُونَ لَئِن رَّجَعْنَا إِلَى الْمَدِينَةِ لَيُخْرِجَنَّ الْأَعَزُّ مِنْهَا الْأَذَلَّ ۚ وَلِلَّهِ الْعِزَّةُ وَلِرَسُولِهِ وَلِلْمُؤْمِنِينَ وَلَٰكِنَّ الْمُنَافِقِينَ لَا يَعْلَمُونَ
၎င်းတို့ကပင် (ယခုသော်)ကျွန်ုပ်တို့သည် ‘မဒီနာ’မြို့သို့ ပြန်၍သွားခဲ့ကြလျှင် ဂုဏ်အသရေ အားအင်ရှိသူတို့သည် ဂုဏ်အသရေ အားအင်မဲ့သောသူတို့အား ထိုမြို့မှ ဧကန်မလွဲ နှင်ထုတ်ကြပေမည်’ ဟူ၍(လည်း) ပြောဆိုကြကုန်၏။ စင်စစ်မှာမူကား ဂုဏ်အသရေ အားအင်ဟူသည် အလ္လာဟ်အရှင်မြတ်၌သာလည်းကောင်း၊ ထိုအရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၌သာလည်းကောင်း၊ ‘မုအ်မင်န်’ သက်ဝင် ယုံကြည်သူတို့၌သာလည်းကောင်း၊ ရှိပေသည်။ သို့တစေလည်း ‘မုအ်မင်န်’ အယောင်ဆောင်တို့မှာမူကား သိရှိကြသည် မဟုတ်ပေ။
9يَا أَيُّهَا الَّذِينَ آمَنُوا لَا تُلْهِكُمْ أَمْوَالُكُمْ وَلَا أَوْلَادُكُمْ عَن ذِكْرِ اللَّهِ ۚ وَمَن يَفْعَلْ ذَٰلِكَ فَأُولَٰئِكَ هُمُ الْخَاسِرُونَ
အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား တသ သတိရခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်း လျစ်လျူရှု ပေါ့တန်စေခြင်း မရှိစေရ။ အသင်တို့ သားသမီးများသည်လည်း လျစ်လျူရှု ပေါ့တန်စေသည် မရှိစေရ။ စင်စစ်သော်ကား မည်သူမဆို ထိုသည်ကို ပြုမူသည်ရှိသော် ထိုကဲ့သို့ သူတို့သည်သာလျှင် ဆုံးရှုံးသူများ ဖြစ်ကုန်၏။
10وَأَنفِقُوا مِن مَّا رَزَقْنَاكُم مِّن قَبْلِ أَن يَأْتِيَ أَحَدَكُمُ الْمَوْتُ فَيَقُولَ رَبِّ لَوْلَا أَخَّرْتَنِي إِلَىٰ أَجَلٍ قَرِيبٍ فَأَصَّدَّقَ وَأَكُن مِّنَ الصَّالِحِينَ
ထိုမှတစ်ပါး အသင်တို့အနက် တစ်ဦးတစ်ယောက်၏ထံသို့ ‘မရဏ’ သေခြင်းတရား ဆိုက်ရောက်မလာမီပင် အသင်တို့သည် မိမိတို့အား ငါအရှင်မြတ် ချီးမြှင့်ပေးသနားတော်မူခဲ့သည်များအနက်မှ သုံးစွဲ (လှူဒါန်း)ကြလေကုန်။ ထို(`မရဏ` သေခြင်းတရား ရောက်လာသော)အခါ ထိုသူသည် `အို-ကျွန်တော်မျိုးအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် အဘယ်ကြောင့် ကျွန်တော်မျိုးအား အချိန်ကာလ အနည်းငယ်ရွှေ့ဆိုင်းခွင့် ပေးတော်မမူပါသနည်း။ သို့ ပေးတော်မူခဲ့ပါလျှင် ကျွန်တော်မျိုးသည် အလှူဒါနပြုသည့်ပြင် သူတော်ကောင်းတစ်ဦးလည်း ဖြစ်ပါမည်` ဟု လျှောက်ထားပေမည်။
11وَلَن يُؤَخِّرَ اللَّهُ نَفْسًا إِذَا جَاءَ أَجَلُهَا ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
စင်စစ်မှာကား အလ္လာဟ်အရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှပင် ၎င်းနှင့်ပတ်သက်၍ သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်သော အချိန်ကာလ ဆိုက်ရောက်လာခဲ့လျှင် ရွှေ့ဆိုင်းခွင့် အလျှင်း ပြုတော်မူသည် မဟုတ်ပြီ။ ထိုမှတစ်ပါး အလ္လာဟ်အရှင်မြတ်သည် အသင်တို့ ကျင့်မူသမျှတို့ကို အကြွင်းမဲ့ ကြားသိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
အလ်-မူနာဖီကူန်ကုရ်အာန် ညွှန်းကိန်း
11အာယာသ်
MedinanRevelation
9အာယာသ်

ဘာသာပြန် — အလ်-မူနာဖီကူန် 9

စူရာ အလ်-မူနာဖီကူန် အာယာသ် 9 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-`မုအ်မင်န်` သက်ဝင်ယုံကြည်သူအပေါင်းတို့၊ အသင်တို့ကို အလ္လာဟ်အရှင်မြတ်အား တသ သတိရခြင်းမှ အသင်တို့၏ ပစ္စည်းဥစ္စာများသည်လည်း လျစ်လျူရှု ပေါ့တန်စေခြင်း…

စူရာ အာယာသ် 9/11 — စူရာ အလ်-မူနာဖီကူန် المنافقون (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-မူနာဖီကူန် နားထောင်, စူရာ အလ်-မူနာဖီကူန် ဘာသာပြန်, စူရာ အလ်-မူနာဖီကူန် mp3, စူရာ အလ်-မူနာဖီကူန် pdf. အာယာသ် 7–11. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Tuesday, September 29, 2026

Don't forget us in your sincere prayers