အလ်-အာအ်ရာဖ် · 158/206
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အာအ်ရာဖ်
قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ ١٥٨
Transliteration
Qul yaaa aiyuhan naasu innee Rasoohul laahi ilaikum jamee`anil lazee lahoo mulkus samaawaati wal ardi laaa ilaaha illaa Huwa yuhyee wa yumeetu fa aaminoo billaahi wa Rasoolihin Nabiyyil ummiy yil lazee yu`minu billaahi wa Kalimaatihee wattabi`oohu la`allakum tahtadoon
ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိချေသည်။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အသျှင်ဟူ၍ အလျင်းမရှိပြီ။ထိုအရှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်သာလျှင် အသက်သေစေတော် မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသောရစူလ်နဗီတမန်တော်အားလည်းကောင်း၊ ယုံကြည်ကြလေကုန်။ထိုရစူလ်နဗီ တမန်တော်မြတ်သည်( မိမိကိုယ်တိုင်လည်း)အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကိုလည်းကောင်း၊ ယုံကြည်လေသည်။ ၎င်းပြင် အသင်တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့်တော်များ)ကိုလိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိတန်ကြရာသည်။
Additional reference in ภาษาไทย
M
Mishary Rashid Alafasy
✓
Mishary Rashid Alafasy
✓
M
Mahmoud Khalil Al-Husary
✓
Mahmoud Khalil Al-Husary
✓
A
Abdurrahman As-Sudais
✓
Abdurrahman As-Sudais
✓
M
Mohamed Siddiq Al-Minshawi
✓
Mohamed Siddiq Al-Minshawi
✓
A
Abdul Basit Abdul Samad
✓
Abdul Basit Abdul Samad
✓
A
Ali Al-Hudhaify
✓
Ali Al-Hudhaify
✓
A
Ahmed ibn Ali al-Ajamy
✓
Ahmed ibn Ali al-Ajamy
✓
A
Abu Bakr Ash-Shaatree
✓
Abu Bakr Ash-Shaatree
✓
M
Muhammad Ayyoub
✓
Muhammad Ayyoub
✓
A
Abdullah Basfar
✓
Abdullah Basfar
✓
A
Abdullah Al-Juhani
✓
Abdullah Al-Juhani
✓
M
Maher Al Muaiqly
✓
Maher Al Muaiqly
✓
0:00
0:00
ဘာသာပြန် — Tafsir
- ကမ္ဘာ့အရှင်သခင်သည် တမန်တော်မုဟမ္မဒ်(ဆွ)အား လူသားအားလုံးထံ စေလွှတ်တော်မူကြောင်း ကြေညာရန် အမိန့်ပေးတော်မူခြင်း။
- “အို လူသားအားလုံးတို့၊ ငါသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သည်။ အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ပိုင်ဆိုင်တော်မူသည်။ အရှင်မြတ်မှတစ်ပါး အခြားကိုးကွယ်ရာမရှိ။ အရှင်မြတ်သည် အသက်ရှင်စေတော်မူသည်၊ သေစေတော်မူသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်သော အတတ်ပညာမတတ်သော နဗီတမန်တော်ကို ယုံကြည်ကြပါ။ ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ စကားတော်များကို ယုံကြည်သည်။ ထိုတမန်တော်ကို လိုက်နာကြပါ။ သင်တို့သည် လမ်းမှန်ကို ရရှိကြမည်။”
- ဤအာယသ်တော်သည် တမန်တော်မုဟမ္မဒ်(ဆွ)အား လူသားအားလုံးထံ စေလွှတ်တော်မူကြောင်း ရှင်းလင်းစွာ ဖော်ပြသည်။ ယခင်တမန်တော်များသည် မိမိတို့လူမျိုးများထံသာ စေလွှတ်ခံရသော်လည်း တမန်တော်မုဟမ္မဒ်(ဆွ)သည် အာရပ်နှင့် အာရပ်မဟုတ်သော လူသားအားလုံးထံ စေလွှတ်ခံရသည်။ အလ္လာဟ်အရှင်မြတ်သည် မိုးကောင်းကင်များနှင့် မြေပထဝီကို ပိုင်ဆိုင်တော်မူသည်။ အရှင်မြတ်မှတစ်ပါး ကိုးကွယ်ထိုက်သော အရှင်မရှိ။ အရှင်မြတ်သည် အသက်ရှင်စေတော်မူသည်၊ သေစေတော်မူသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်ကို ယုံကြည်ကြပါ။ တမန်တော်မုဟမ္မဒ်(ဆွ)ကိုလည်း ယုံကြည်ကြပါ။ ထိုတမန်တော်သည် စာမတတ်၊ အတတ်ပညာမတတ်သော်လည်း အလ္လာဟ်အရှင်မြတ်ထံမှ ဝဟီအမိန့်တော်ကို ရရှိသည်။ ထိုတမန်တော်သည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ စကားတော်များကို ယုံကြည်သည်။ ထိုတမန်တော်ကို လိုက်နာကြပါ။ သင်တို့သည် လမ်းမှန်ကို ရရှိကြမည်။
- ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်သည်။
- အစ္စလာမ်သာသနာသည် လူသားအားလုံးအတွက် ဖြစ်သည်။ လူမျိုး၊ ဘာသာစကား၊ အရေပြားအရောင်မခွဲခြားဘဲ လူသားအားလုံး အစ္စလာမ်သာသနာကို လက်ခံနိုင်သည်။
- အလ္လာဟ်အရှင်မြတ်သည် တစ်ဆူတည်းသော အရှင်ဖြစ်သည်။ မိုးကောင်းကင်နှင့် မြေပထဝီကို ပိုင်ဆိုင်တော်မူသည်။ အသက်ရှင်စေခြင်း၊ သေစေခြင်းသည် အရှင်မြတ်၏ စွမ်းအားတော်ဖြစ်သည်။
- တမန်တော်မုဟမ္မဒ်(ဆွ)သည်
📜 အာယာသ် 156-160 — စူရာ အလ်-အာအ်ရာဖ်
156۞ وَاكْتُبْ لَنَا فِي هَٰذِهِ الدُّنْيَا حَسَنَةً وَفِي الْآخِرَةِ إِنَّا هُدْنَا إِلَيْكَ ۚ قَالَ عَذَابِي أُصِيبُ بِهِ مَنْ أَشَاءُ ۖ وَرَحْمَتِي وَسِعَتْ كُلَّ شَيْءٍ ۚ فَسَأَكْتُبُهَا لِلَّذِينَ يَتَّقُونَ وَيُؤْتُونَ الزَّكَاةَ وَالَّذِينَ هُم بِآيَاتِنَا يُؤْمِنُونَ
ထိုမှတစ်ပါး အရှင်မြတ်သည် ကျွန်တော်မျိုးတို့အဖို့ ဤလောက၌လည်းကောင်း၊ နောင်တမလွန်ဘဝ၌လည်းကောင်း၊ ကောင်းကျိုးချမ်းသာကို သတ်မှတ် ပြဌာန်း၍ပေးတော်မူပါ။ ကျွန်တော်မျိုးသည် ဧကန်စင်စစ် အရှင်မြတ်ဘက်တော်သို့သာလျှင် ပြန်၍လှည့်ခဲ့ကြလေပြီ။ (ထိုအခါ)အရှင်မြတ်က(ဤသို့)မိန့်ကြားတော်မူခဲ့လေသည်။ ငါအရှင်မြတ်သည် မိမိအပြစ်ဒဏ်ကို မိမိအလိုရှိတော်မူသောသူ၏��ပေါ်၌သာလျှင် သက်ရောက်စေတော်မူ၏။ သို့ရာတွင် ငါအရှင်မြတ်၏ ကရုဏာတော်သည်ကား အရာခပ်သိမ်းတို့ကို လွှမ်းခြုံလျက်ရှိချေပြီ။သို့ဖြစ်ပေရာ ငါအရှင်မြတ်သည် ထိုကရုဏာတော်ကို ပြစ်မှုဒုစရိုက်တို့မှ ကြဉ်ရှောင်ကြသည့်ပြင် ဇကာတ်ခေါ် တရားဝင်ဒါနကြေးကို ပေးဆောင်သော သူတို့အဖို့လည်းကောင်း၊ ငါအရှင်မြတ်၏ သက်သေလက္ခဏာတော်တို့ကို ယုံကြည်သော သူတို့အဖို့လည်းကောင်း၊ မုချ သတ်မှတ်ပြဌါန်းတော်မူပေအံ့။
157الَّذِينَ يَتَّبِعُونَ الرَّسُولَ النَّبِيَّ الْأُمِّيَّ الَّذِي يَجِدُونَهُ مَكْتُوبًا عِندَهُمْ فِي التَّوْرَاةِ وَالْإِنجِيلِ يَأْمُرُهُم بِالْمَعْرُوفِ وَيَنْهَاهُمْ عَنِ الْمُنكَرِ وَيُحِلُّ لَهُمُ الطَّيِّبَاتِ وَيُحَرِّمُ عَلَيْهِمُ الْخَبَائِثَ وَيَضَعُ عَنْهُمْ إِصْرَهُمْ وَالْأَغْلَالَ الَّتِي كَانَتْ عَلَيْهِمْ ۚ فَالَّذِينَ آمَنُوا بِهِ وَعَزَّرُوهُ وَنَصَرُوهُ وَاتَّبَعُوا النُّورَ الَّذِي أُنزِلَ مَعَهُ ۙ أُولَٰئِكَ هُمُ الْمُفْلِحُونَ
အကြင်သူတို့သည် အကြင်စာပေမတတ်သောရစူလ်၊ နဗီတမန်တော်မြတ်၏(အမိန့်တော်များ)ကို လိုက်နာကြကုန်၏။ ထိုသူတို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏ဝိသေသဂုဏ်ထူးများ)ကို မိမိတို့ထံရှိ တောင်ရာတ်ကျမ်းတော်တွင်လည်းကောင်း၊ အင်(န်)ဂျီလ်ကျမ်းတော်တွင်လည်းကောင်း၊ရေးသားပြီး ဖြစ်သည်ကို တွေ့ရှိကြလေသည်။ ယင်းရစူလ်၊နဗီတမန်တော်မြတ်သည် ထိုသူတို့အားကောင်းမှု သုစရိုက်များကို(ပြုလုပ်ကြရန်) ညွှန်ကြားသည့်အပြင် မကောင်းမှု ဒုစရိုက်များမှ ကြဉ်ရှောင်ကြရန် မြစ်တားလေသည်။ ၎င်းပြင် ထိုသူတို့အဖို့ စင်ကြယ်သောအရာများကို (စားသုံး)ခွင့်ပြုကာ မသန့်စင်သောအရာများကို ၎င်းတို့အပေါ်၌ (စားသုံးခြင်းမပြုကြရန်)တားမြစ်လေသည်။ ထိုမှတစ်ပါး ထိုသူတို့အပေါ်၌(ယခုတိုင်အောင်) တည်ရှိနေသော ဝန်နှင့်လည်ကွင်းများ (အတုပ်အနှောင်များ)ကိုလည်း ၎င်းတို့အပေါ်မှ ချ၍ပေးလေသည်။သို့ဖြစ်ပေရာ အကြင်သူတို့သည် ထိုရစူလ် နဗီတမန်တော်မြတ်အား ယုံကြည်ခဲ့ကြလေသည်။ ၎င်းပြင် ထိုရစူလ်နဗီတမန်တော်မြတ်အား ကာကွယ်စောင့်ရှောက်ခဲ့ကြလေသည်။ ထိုမှတစ်ပါး ထိုရစူလ်နဗီတမန်တော်မြတ်အား ကူညီရိုင်းပင်းခဲ့ကြလေသည်။ ထို့ပြင် ထိုရစူလ် နဗီတမန်တော်မြတ်နှင့်အတူကျရောက်လာသော(ကုရ်အာန်ကျမ်းတော်မြတ်တည်းဟူသော)လင်းရောင်ခြည်ကိုလည်း လိုက်နာခဲ့ကြလေသည်။ ထိုသူတို့ သည်သာလျှင် အောင်မြင်သောသူများ ဖြစ်ကြကုန်သတည်း။(ရကူ)
158قُلْ يَا أَيُّهَا النَّاسُ إِنِّي رَسُولُ اللَّهِ إِلَيْكُمْ جَمِيعًا الَّذِي لَهُ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۖ لَا إِلَٰهَ إِلَّا هُوَ يُحْيِي وَيُمِيتُ ۖ فَآمِنُوا بِاللَّهِ وَرَسُولِهِ النَّبِيِّ الْأُمِّيِّ الَّذِي يُؤْمِنُ بِاللَّهِ وَكَلِمَاتِهِ وَاتَّبِعُوهُ لَعَلَّكُمْ تَهْتَدُونَ
(အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော ရစူလ်တမန်တော်ပင်ဖြစ်ပေသည်။ မိုးကောင်းကင်များကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ပထဝီမြေကို စိုးမိုးအုပ်ချုပ်ခြင်းသည်လည်းကောင်း၊ ထိုအရှင်မြတ်၌သာလျှင် ရှိချေသည်။ ထိုအရှင်မြတ်မှတစ်ပါး ခဝပ်ကိုးကွယ်ရာ အသျှင်ဟူ၍ အလျင်းမရှိပြီ။ထိုအရှင်မြတ်သည် ပင်လျှင် အသက်ရှင်စေတော်မူ၏။ ထိုနည်းတူစွာ ထိုအရှင်မြတ်သည်သာလျှင် အသက်သေစေတော် မူ၏။သို့ဖြစ်ပေရာ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားလည်းကောင်း၊ ထိုအရှင်မြတ်၏ အကြင်စာပေမသင်ကြားဖူးသောရစူလ်နဗီတမန်တော်အားလည်းကောင်း၊ ယုံကြည်ကြလေကုန်။ထိုရစူလ်နဗီ တမန်တော်မြတ်သည်( မိမိကိုယ်တိုင်လည်း)အလ္လာဟ်အရှင်မြတ်ကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ မုက္ခပါဌ်တော်များကိုလည်းကောင်း၊ ယုံကြည်လေသည်။ ၎င်းပြင် အသင်တို့သည် ထိုရစူလ်၊ နဗီတမန်တော်မြတ်(၏အမိန့်တော်များ)ကိုလိုက်နာကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် တရားလမ်းမှန်ကို ရရှိတန်ကြရာသည်။
159وَمِن قَوْمِ مُوسَىٰ أُمَّةٌ يَهْدُونَ بِالْحَقِّ وَبِهِ يَعْدِلُونَ
၎င်းပြင် (နဗီတမန်တော်)မူစာ၏ အမျိုးသားတို့တွင် လူတစ်စုရှိသည်။ ၎င်းတို့သည် (သူတစ်ပါးတို့အားလည်း)မှန်ကန်သော တရားဓမ္မနှင့်အညီ လမ်းညွှန်ကြလေသည်။ ထိုပြင် မိမိတို့ကိုယ်တိုင်လည်း ထိုမှန်ကန်သော တရားဓမ္မနှင့်အညီစီရင်ဆုံးဖြတ် ကြကုန်သတည်း။
160وَقَطَّعْنَاهُمُ اثْنَتَيْ عَشْرَةَ أَسْبَاطًا أُمَمًا ۚ وَأَوْحَيْنَا إِلَىٰ مُوسَىٰ إِذِ اسْتَسْقَاهُ قَوْمُهُ أَنِ اضْرِب بِّعَصَاكَ الْحَجَرَ ۖ فَانبَجَسَتْ مِنْهُ اثْنَتَا عَشْرَةَ عَيْنًا ۖ قَدْ عَلِمَ كُلُّ أُنَاسٍ مَّشْرَبَهُمْ ۚ وَظَلَّلْنَا عَلَيْهِمُ الْغَمَامَ وَأَنزَلْنَا عَلَيْهِمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۚ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ထို့ပြင် ငါအရှင်မြတ်သည် ၎င်းတို့အား မျိုးနွယ်ဆယ့်နှစ်သွယ်ခွဲ၍ အုပ်စုအသီးသီးသီး ပြုလုပ်ပေးတော်မူခဲ့လေသည်။ ၎င်းပြင် (နဗီတမန်တော်)မူစာ၏ထံသို့ ထို(နဗီတမန်တော်)မူစာ၏ အမျိုးသားတို့က (သောက်သုံးရန်)ရေကိုတောင်းကြသောအခါ၊ ငါအရှင်မြတ်သည် မူစာထံသို့ (အိုမူစာ)အသင်သည် မိမိလှင်ကန်ဖြင့် ကျောက်တုံးကို ရိုက်ခတ်လော့ ဟူ၍ အမိန့်တော်ထုတ်ပြန်တော်မူခဲ့လေသည်။ သို့(အမိန့်တော်နှင့်အညီ နဗီတမန်တော်မူစာသည် ကျောက်တုံးကို)ရိုက်ခတ်လေသည်။ ထိုကျောက်တုံးမှ စမ်းရေချောင်း(ထိုအခါ ယင်းမျိုးနွယ်တို့သည် မိမိတို့ သောက်သုံးရာဌာနကိုအသီးသီး (ကောင်းမွန်စွာ) မှတ်သား၍ထားခဲ့ကြလေသည်။ထိုမှတပါး ငါအရှင်မြတ်သည် ယင်းအမျိုးသားတို့အပေါ်၌မိုးတိမ်များကို အရိပ်အာဝါသပြု၍ ပေးတော်မူခဲ့၏။ ထို့ပြင်ငါအရှင်မြတ်သည်(မွတ်သိပ်ဆာလောင်ခြင်းမှကင်းစိမ့်သောငှာ)မန္န (ဟူသောစားဖွယ်)ကိုလည်းကောင်း၊ စလ်ဝါ (ခေါ်ငုံးသတ္တဝါ)ကိုလည်းကောင်း၊ ထိုသူတို့အပေါ်၌ ချပေးသနားတော်မူခဲ့၏။ အသင်တို့သည် ငါအသျှင်မြတ် ပေးသနား တော်မူသည့်ကောင်းမြတ်သန့်စင်သော စားသုံးဖွယ် များကိုစားသုံးကြလေကုန်။ အမှန်သော်ကား ၎င်းတို့ သည် ငါအရှင်မြတ်အားညှဉ်းပန်းနှိပ်စက်ခဲ့ကြသည် မဟုတ်ပေ။ စင်စစ်သော်ကား ၎င်းတို့သည် မိမိတို့ကိုယ်ကို မိမိတို့သာလျှင် နှိပ်စက်ညှဉ်းပန်းခဲ့ကြလေသတည်း။
အလ်-အာအ်ရာဖ်ကုရ်အာန် ညွှန်းကိန်း
206အာယာသ်
MeccanRevelation
158အာယာသ်
ဘာသာပြန် — အလ်-အာအ်ရာဖ် 158
စူရာ အလ်-အာအ်ရာဖ် အာယာသ် 158 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : (အို-နဗီတမန်တော်) အသင်သည် (လူခပ်သိမ်းတို့အားဤသို့)ပြောကြားပါလေ။ အို-လူသား အပေါင်းတို့၊ ငါသည် ဧကန်စင်စစ် အသင်တို့အားလုံးထံ အကြင်အလ္လာဟ်အရှင်မြတ်အထံတော်မှ စေလွှတ်ခြင်းခံရသော…စူရာ အာယာသ် 158/206 — စူရာ အလ်-အာအ်ရာဖ် الأعراف (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အာအ်ရာဖ် နားထောင်, စူရာ အလ်-အာအ်ရာဖ် ဘာသာပြန်, စူရာ အလ်-အာအ်ရာဖ် mp3, စူရာ အလ်-အာအ်ရာဖ် pdf. အာယာသ် 156–160. မြန်မာဘာသာ: ภาษาไทย.
စူရာ အလ်-အာအ်ရာဖ်
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
ကုရ်အာန်ကျမ်း
Saturday, October 3, 2026
Don't forget us in your sincere prayers


