အလ်-အန်ဖာလ် · 44/75
ဘာသာပြန် အသံနိုင်ငံ — စူရာ အလ်-အန်ဖာလ်
وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ ۝٤٤
Wa iz yureekumoohum izil taqaitum feee a`yunikum qaleelanw wa yuqallilukum feee a`yunihim liyaqdiyal laahu amran kaana maf`oolaa; wa ilal laahi turja`ul umoor
📖 မြန်မာဘာသာ
ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်း မှာ) အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသည့်ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေသည်။အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။(ရကူ)

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 အာယာသ် 42-46 — စူရာ အလ်-အန်ဖာလ်

42إِذْ أَنتُم بِالْعُدْوَةِ الدُّنْيَا وَهُم بِالْعُدْوَةِ الْقُصْوَىٰ وَالرَّكْبُ أَسْفَلَ مِنكُمْ ۚ وَلَوْ تَوَاعَدتُّمْ لَاخْتَلَفْتُمْ فِي الْمِيعَادِ ۙ وَلَٰكِن لِّيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا لِّيَهْلِكَ مَنْ هَلَكَ عَن بَيِّنَةٍ وَيَحْيَىٰ مَنْ حَيَّ عَن بَيِّنَةٍ ۗ وَإِنَّ اللَّهَ لَسَمِيعٌ عَلِيمٌ
ထို(အုပ်စုတစ်စုနှင့်တစ်စု ရင်ဆိုင်တွေ့ကြုံကြသော)အချိန်အခါတွင် အသင်တို့သည် (စစ်မြေပြင်၏) အနီး၌ရှိခဲ့ကြကုန်၏။ သို့ရာတွင် ၎င်းတို့မှာ အဝေး၌ရှိခဲ့ကြကုန်၏။ထို့ပြင် ကုန်သည်စုမှာကား အသင်တို့၏အောက်တွင် ရှိခဲ့ကြလေသည်။ အကယ်၍သာ အသင့်တို့(နှင့်ထိုသူတို့)သည် အချင်းချင်း (တစ်ဘက်နှင့်တစ်ဘက်) ချိန်းချက်ခဲ့ကြပါ လျှင်၊ မုချဧကန်အသင်တို့သည် ထိုချိန်းချက်မှုနှင့် စပ်လျဉ်း၍ ကွဲလွဲခဲ့ကြပေမည်။ သို့ရာတွင်မူကား အလ္လာဟ်အရှင်မြတ်သည် (မလွှဲမရှောင်သာ) ဖြစ်ရ မည့် ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ(ဝါ)သေကြေပျက်စီးမည့်သူသည် သက်သေလက္ခဏာ အထင်အရှား(တွေ့မြင်ပြီးနောက်)သေကြေပျက်စီးအံ့ သောငှာလည်းကောင်း၊ အသက်ထင်ရှား ရှိနေမည့် သူသည်လည်း သက်သေလက္ခဏာ အထင်အရှား (တွေ့မြင်ပြီးနောက်) အသက်ထင်ရှားရှိအံ့သော်ငှာ လည်းကောင်း၊ (ထိုအုပ်စုနှစ်စုကို ရင်ဆိုင်စေတော်မူခြင်းပင်)ဖြစ်ချေသည်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ်သည်အကြွင်းမဲ့ကြားတော်မူသောအရှင်၊ အကြွင်းမဲ့သိတော်မူသောအရှင်မြတ်ပင်၊ ဖြစ်တော်မူပေသတည်း။
43إِذْ يُرِيكَهُمُ اللَّهُ فِي مَنَامِكَ قَلِيلًا ۖ وَلَوْ أَرَاكَهُمْ كَثِيرًا لَّفَشِلْتُمْ وَلَتَنَازَعْتُمْ فِي الْأَمْرِ وَلَٰكِنَّ اللَّهَ سَلَّمَ ۗ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
၎င်းပြင် (အို-နဗီတမန်တော် ပြန်လည်၍အောက်မေ့ပါလေ)၊ အကြင်အခါဝယ် အလ္လာဟ် အရှင်မြတ်သည် အသင့်အား အိပ်မက်တွင် ၎င်းတို့(၏ဦးရေ)ကို အနည်းငယ်မျှသာ ပြသတော်မူခဲ့လေသည်။ အကယ်၍သာ ထိုအရှင်မြတ်သည် အသင့်အား ၎င်းတို့(၏ဦးရေ)ကို များပြားစွာပြသတော်မူခဲ့ပါလျှင် အသင်တို့သည် ဧကန်မုချ စိတ်ဓါတ်ကျဆုံးခဲ့ကြသည့်အပြင်၊ထိုကိစ္စနှင့်စပ်လျဉ်း၍ အချင်းချင်း အငြင်းပွားကာ အချင်းများခဲ့ကြမည်မှာလည်း မလွဲဧကန်တည်း။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အား စိတ်ဓါတ်ကျဆုံးခြင်းနှင့် အချင်းချင်း အငြင်းပွားခြင်းမှ) ကယ်ဆယ်တော်မူခဲ့လေသည်။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စိတ်နှလုံးများတွင် ရှိသည်တို့ကို အကြွင်းမဲ့သိရှိတော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေတည်း။
44وَإِذْ يُرِيكُمُوهُمْ إِذِ الْتَقَيْتُمْ فِي أَعْيُنِكُمْ قَلِيلًا وَيُقَلِّلُكُمْ فِي أَعْيُنِهِمْ لِيَقْضِيَ اللَّهُ أَمْرًا كَانَ مَفْعُولًا ۗ وَإِلَى اللَّهِ تُرْجَعُ الْأُمُورُ
ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင် ပြသတော်မူခဲ့လေ၏။ (သို့ပြုတော်မူခြင်း မှာ) အလ္လာဟ်အရှင်မြတ်သည် ပြုလိုတော်မူသည့်ကိစ္စတရပ်ကို ပြီးမြောက်စေတော်မူအံ့သောငှာ ဖြစ်ချေသည်။အမှန်စင်စစ်သော်ကား ကိစ္စအရပ်ရပ်တို့သည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင် ပြန်လည်၍ ရောက်ရှိမည်သာ ဖြစ်ချေသတည်း။(ရကူ)
45يَا أَيُّهَا الَّذِينَ آمَنُوا إِذَا لَقِيتُمْ فِئَةً فَاثْبُتُوا وَاذْكُرُوا اللَّهَ كَثِيرًا لَّعَلَّكُمْ تُفْلِحُونَ
အို-’မုအ်မင်န်’ သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် အုပ်စုတစ်စုစုနှင့် (ရင်ဆိုင်)တွေ့ဆုံ ကြရသောအခါ၊ မြဲမြံကြံ့ခိုင်စွာတည်ရှိကြလေကုန်။ ၎င်းပြင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အား များစွာအောက်မေ့ တသကြလေကုန်။ သို့မှသာလျှင် အသင်တို့သည် အောင်မြင်ကြမည်ဖြစ်သည်။
46وَأَطِيعُوا اللَّهَ وَرَسُولَهُ وَلَا تَنَازَعُوا فَتَفْشَلُوا وَتَذْهَبَ رِيحُكُمْ ۖ وَاصْبِرُوا ۚ إِنَّ اللَّهَ مَعَ الصَّابِرِينَ
ထိုမှတစ်ပါး အသင်တို့သည် အလ္လာဟ် အရှင်မြတ်၏အမိန့်တော်များကိုလည်းကောင်း၊ ထိုအရှင်မြတ်၏ရစူလ်တမန်တော်၏အမိန့်တော်များကို လည်းကောင်း၊လိုက်နာကြလေကုန်။ ထို့ပြင် အသင်တို့သည် အချင်းချင်းအငြင်းမပွားကြကုန်လင့်။ သို့�ငြင်းပွားခဲ့ကြလျှင် အသင်တို့သည် စိတ်ဓါတ်ကျဆုံးကြပေမည်။ အသင်တို့၏ လေ(အားအင်)သည်လည်း ဆုတ်ယုတ် သွားချေမည်။ ၎င်းပြင် အသင်တို့သည်သည်းခံကြ လေကုန်။ ဧကန်မလွဲ အလ္လာဟ်အရှင်မြတ်သည်သည်းခံသူတို့နှင့် အတူရှိတော်မူပေသတည်း။
အလ်-အန်ဖာလ်ကုရ်အာန် ညွှန်းကိန်း
75အာယာသ်
MedinanRevelation
44အာယာသ်

ဘာသာပြန် — အလ်-အန်ဖာလ် 44

စူရာ အလ်-အန်ဖာလ် အာယာသ် 44 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ထိုမှတစ်ပါး (ပြန်လည်၍သတိရရှိကြလေကုန်)။အကြင်အခါ၌ ထိုအရှင်မြတ်သည် အသင်တို့ (ထိုသူတို့နှင့်ရင်ဆိုင်)တွေ့ဆုံကြစဉ်၊ ၎င်းတို့(၏ဦးရေ)ကို အသင်တို့အမြင်တွင်လျှော့၍ပြသတော်မူခဲ့၏။ ထိုနည်းတူစွာ အသင်တို့ကိုလည်း၎င်းတို့၏အမြင်၌ လျှော့၍ပင်…

စူရာ အာယာသ် 44/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 42–46. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Thursday, October 1, 2026

Don't forget us in your sincere prayers