الْآنَ خَفَّفَ اللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِن يَكُن مِّنكُم مِّائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِن يَكُن مِّنكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ ٦٦
🔤 Transliteration
Al`aana khaffafal laahu `ankum wa `alima anna feekum da`faa; fa-iny yakum minkum mi`atun saabiratuny yaghliboo mi`atayn; wa iny-yakum minkum alfuny yaghlibooo alfaini bi iznil laah; wallaahu ma`as saabireen
📖 ဘာသာပြန် (မြန်မာဘာသာ)
📖 မြန်မာဘာသာ
ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။
🌐 Additional reference in ภาษาไทย
၁။ အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ الْآنَ (အလ်အာန) : ယခုအချိန်တွင်။خَفَّفَ (ခဖ်ဖဖ) : ပေါ့ပါးစေခဲ့သည်၊ လျှော့ပေါ့ပေးခဲ့သည်။ضَعْفًا (ဒွအ်ဖန်) : အားနည်းခြင်း၊ ခွန်အားနည်းခြင်း။صَابِرَةٌ (ဆွာဗိရဟ်) : ဇွဲရှိသော၊ သည်းခံသော၊ စိတ်ရှည်သော။يَغْلِبُوا (ယဂ်ွ်လိဗူ) : သူတို့အောင်မြင်ကြလိမ့်မည်။بِإِذْنِ اللَّهِ (ဗိအိဇ်နိလ္လာဟ်) : အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့်။مَعَ الصَّابِرِينَ (မ�ဆ်ဆွာဗိရီန) : ဇွဲရှိသူများနှင့်အတူ။၂။ အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက် ဤအာယသ်တော်သည် ယခင်က မုအ်မင်န်တစ်ဦးသည် ကာဖိရ်ဆယ်ဦးကို ရင်ဆိုင်တိုက်ခိုက်ရမည်ဟု ပညတ်ထားခဲ့ရာမှ ယခုအခါ အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်များ၏ အားနည်းချက်ကို သိရှိတော်မူသောကြောင့် သူတို့အပေါ် ဝန်ထုပ်ဝန်ပိုးကို လျှော့ပေါ့ပေးတော်မူခဲ့သည်။ ယခုအခါ မုအ်မင်န်တစ်ဦးသည် ကာဖိရ်နှစ်ဦးကို ရင်ဆိုင်ရမည်ဖြစ်သည်။ အကယ်၍ မုအ်မင်န်တစ်ရာသည် ဇွဲလုံ့လရှိကြပါက ကာဖိရ်နှစ်ရာကို အောင်မြင်ကြလိမ့်မည်။ အကယ်၍ မုအ်မင်န်တစ်ထောင်သည် ဇွဲလုံ့လရှိကြပါက အလ္လာဟ်အရှင်မြတ်၏ ခွင့်ပြုချက်ဖြင့် ကာဖိရ်နှစ်ထောင်ကို အောင်မြင်ကြလိမ့်မည်။ အလ္လာဟ်အရှင်မြတ်သည် ဇွဲရှိသူများနှင့်အတူတကွ ရှိတော်မူပြီး သူတို့အား ကူညီထောက်ပံ့တော်မူမည်ဖြစ်သည်။
ဤသည်မှာ ဗဒ်ရ်စစ်ပွဲကာလက ဖြစ်စဉ်ဖြစ်သည်။ အစပိုင်းတွင် အလ္လာဟ်အရှင်မြတ်သည် မုအ်မင်န်တစ်ဦးအား ကာဖိရ်ဆယ်ဦးကို ရင်ဆိုင်တိုက်ခိုက်ရန် ပညတ်တော်မူခဲ့သည်။ ထိုအခါ မုအ်မင်န်များအတွက် ဤတာဝန်သည် လေးလံလှသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်သည် သူတို့အပေါ် ကရုဏာထားတော်မူပြီး ဤပညတ်ကို လျှော့ပေါ့ပေးတော်မူခဲ့သည်။ ဆယ်ဦးမှ နှစ်ဦးသို့ လျှော့ချပေးတော်မူခဲ့သည်။ သို့ဖြစ်၍ မုအ်မင်န်တစ်ဦးသည် ကာဖိရ်နှစ်ဦးမှ ထွက်ပြေးခွင့်မရှိတော့ပေ။ သို့သော် စစ်ရေးစစ်ရာတွင် နည်းဗျူဟာအရ နေရာပြောင်းရွှေ့ခြင်း သို့မဟုတ် အခြားမုအ်မင်န်အဖွဲ့အစည်းတစ်ခုသို့ ခိုလှုံခြင်းများမှာ ခွင့်ပြုထားသည်။
**၃။ ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးမျ
ٱلۡـَٰٔنَ خَفَّفَ ٱللَّهُ عَنكُمۡ وَعَلِمَ أَنَّ فِيكُمۡ ضَعۡفًاۚ فَإِن يَكُن مِّنكُم مِّاْئَةٌ صَابِرَةٌ يَغۡلِبُواْ مِاْئَتَيۡنِۚ وَإِن يَكُن مِّنكُمۡ أَلۡفٌ يَغۡلِبُوٓاْ أَلۡفَيۡنِ بِإِذۡنِ ٱللَّهِۗ وَٱللَّهُ مَعَ ٱلصَّٰبِرِينَ ٦٦
ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။
🖼️ Save Image
🎬 Save Video
📜 အာယာသ် 64-68 — စူရာ အလ်-အန်ဖာလ်
64 يَا أَيُّهَا النَّبِيُّ حَسْبُكَ اللَّهُ وَمَنِ اتَّبَعَكَ مِنَ الْمُؤْمِنِينَ
အို-နဗီတမန်တော် အသင်၏အဖို့ အလ္လာဟ်အရှင်မြတ်သည်လည်းကောင်း၊ အသင်၏နောက်သို့ လိုက်ကြကုန်သော မုအ်မင်န် သက်ဝင်ယုံကြည်သူတို့ သည်လည်းကောင်း၊ လုံလောက်ကြပေသတည်း။(ရကူ)
65 يَا أَيُّهَا النَّبِيُّ حَرِّضِ الْمُؤْمِنِينَ عَلَى الْقِتَالِ ۚ إِن يَكُن مِّنكُمْ عِشْرُونَ صَابِرُونَ يَغْلِبُوا مِائَتَيْنِ ۚ وَإِن يَكُن مِّنكُم مِّائَةٌ يَغْلِبُوا أَلْفًا مِّنَ الَّذِينَ كَفَرُوا بِأَنَّهُمْ قَوْمٌ لَّا يَفْقَهُونَ
အို-နဗီတမန်တော်၊ အသင်သည် ‘မုအ်မင်န်’သက်ဝင်ယုံကြည်သူတို့အား စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ခြင်းငှာတိုက်တွန်းနှိုးဆော်ပါလေ။ အကယ်၍ အသင်တို့အနက် စွဲမြဲကြံ့ခိုင် (စွာတိုက်ခိုက်မည့်) သူနှစ်ဆယ်ရှိကြပါမူ၊ ၎င်းတို့သည်(ကာဖိရ်တို့ဘက်မှလူ)နှစ်ရာကို နှိမ်နင်းနိုင်ကြကုန်အံ့။ ထိုနည်းတူစွာ အကယ်၍ အသင်တို့အနက် (ကြံ့ခိုင်စွာတိုက်ခိုက်မည့်သူ)တစ်ရာရှိကြလျှင် ၎င်းတို့သည် ကာဖိရ်သွေဖည် ငြင်းပယ်သောသူတို့အနက်မှ (လူ)တစ်ထောင်ကို နှိမ်နင်း နိုင်ကြပေအံ့။အကြောင်းမူကား ၎င်းတို့သည် (လုံးဝ) နားမလည်သောသူများဖြစ်ကြသောကြောင့်ပင်တည်း။
66 الْآنَ خَفَّفَ اللَّهُ عَنكُمْ وَعَلِمَ أَنَّ فِيكُمْ ضَعْفًا ۚ فَإِن يَكُن مِّنكُم مِّائَةٌ صَابِرَةٌ يَغْلِبُوا مِائَتَيْنِ ۚ وَإِن يَكُن مِّنكُمْ أَلْفٌ يَغْلِبُوا أَلْفَيْنِ بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း သိရှိတော်မူလေပြီ။ သို့ဖြစ်ပေရာအကယ်၍ အသင်တို့အနက် စွဲမြဲ(စွာတိုက်ခိုက်မည့်)သူ တစ်ရာရှိကြပါလျှင် ၎င်းတို့သည် (ရန်သူတို့ဘက်မှလူ) နှစ်ရာကို နှိမ်နင်းနိုင်ကြပေမည်။ ထိုနည်းတူစွာ အကယ်၍ အသင်တို့ အနက်(စွဲမြဲစွာတိုက်ခိုက်မည့်သူ)တစ်ထောင်ရှိခဲ့မူ ၎င်းတို့သည်အလ္လာဟ် အရှင်မြတ်၏အမိန့်တော်နှင့် (ရန်သူတို့ဘက်မှလူ)နှစ်ထောင်ကိုနှိမ်နင်းနိုင်ကြပေမည်။ အမှန်စင်စစ်သော်ကားအလ္လာဟ်အရှင်မြတ်သည် စွဲမြဲကြံ့ခိုင်သူတို့နှင့် အတူရှိတော်မူချေသတည်း။
67 مَا كَانَ لِنَبِيٍّ أَن يَكُونَ لَهُ أَسْرَىٰ حَتَّىٰ يُثْخِنَ فِي الْأَرْضِ ۚ تُرِيدُونَ عَرَضَ الدُّنْيَا وَاللَّهُ يُرِيدُ الْآخِرَةَ ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
မည်သည့်နဗီတမန်တော်မဆို ကမ္ဘာမြေပြင်ဝယ် (ကောင်းစွာ) တိုက်ခိုက်သတ်ဖြတ်အောင်မြင်မှုကို မပြုသေးသမျှ ကာလပတ်လုံး ထိုနဗီတမန်တော်၌ (စစ်မြေအရပ်မှ)လက်ရဖမ်းဆီး၍ မိခဲ့သောသုံ့ပန်းများသည် မရှိသင့်ပေ။အသင်တို့သည် ပစ္စုပ္ပန်လောကီ ပစ္စည်းကိုအလိုရှိကြ၏။သို့ရာတွင် အလ္လာဟ်အရှင်မြတ်သည် (အသင်တို့အဖို့) နောင်တမလွန်ဘဝ(၏ စည်းစိမ်ရိပ်ငြိမ်)ကိုလိုလားတော်မူ၏။ စင်စစ်အလ္လာဟ်အရှင်မြတ်သည် တန်ခိုးအာနုဘော်နှင့်ပြည့် စုံတော်မူသောအရှင်၊ နက်နဲသိမ်မွေ့ ဉာဏ်အမြော်အမြင်နှင့် ပြည့်စုံတော်မူသောအရှင်၊ ဖြစ်တော်မူပေသတည်း။
68 لَّوْلَا كِتَابٌ مِّنَ اللَّهِ سَبَقَ لَمَسَّكُمْ فِيمَا أَخَذْتُمْ عَذَابٌ عَظِيمٌ
အကယ်၍သာ အလ္လာဟ်အရှင်မြတ်အထံတော်မှဥပဒေတရပ်သည် မူလကပင်မရှိခဲ့ပါမူ အသင်တို့ ယူငင်ခဲ့ကြသည်နှင့် စပ်လျဉ်း၍ ကြီးကျယ် (ပြင်းထန်)သောပြစ်ဒဏ်သည်အသင်တို့၌ ဧကန်မလွဲ ထိရောက်ခဲ့ပြီး ဖြစ်ချေသတည်း။
ဘာသာပြန် — အလ်-အန်ဖာလ် 66 စူရာ အလ်-အန်ဖာလ် အာယာသ် 66 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ယခုသော်ကား အလ္လာဟ် အရှင်မြတ်သည်(အသင်တို့၏ဝန်ထုပ်ကို) အသင်တို့မှ ပေါ့ပါးစေတော် မူခဲ့ပေပြီ။ ၎င်းပြင် ထိုအရှင်မြတ်သည် အသင်တို့၌ အားအင်သတ္တိနည်းပါးသည်ကိုလည်း…
စူရာ အာယာသ် 66/75 — စူရာ အလ်-အန်ဖာလ် الأنفال (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အလ်-အန်ဖာလ် နားထောင်, စူရာ အလ်-အန်ဖာလ် ဘာသာပြန်, စူရာ အလ်-အန်ဖာလ် mp3, စူရာ အလ်-အန်ဖာလ် pdf. အာယာသ် 64–68. မြန်မာဘာသာ: ภาษาไทย.