အတ်-တောင်ဘ · 38/129
ဘာသာပြန် အသံနိုင်ငံ — စူရာ အတ်-တောင်ဘ
يَا أَيُّهَا الَّذِينَ آمَنُوا مَا لَكُمْ إِذَا قِيلَ لَكُمُ انفِرُوا فِي سَبِيلِ اللَّهِ اثَّاقَلْتُمْ إِلَى الْأَرْضِ ۚ أَرَضِيتُم بِالْحَيَاةِ الدُّنْيَا مِنَ الْآخِرَةِ ۚ فَمَا مَتَاعُ الْحَيَاةِ الدُّنْيَا فِي الْآخِرَةِ إِلَّا قَلِيلٌ ۝٣٨
Yaaa aiyuhal lazeena aamanoo maa lakum izaa qeela lakumun firoo fee sabeelil laahis saaqaltum ilal ard; aradeetum bilhayaatid dunyaa minal Aakhirah; famaa ma taaul hayaatiddunyaa fil Aakhirati illaa qaleel
📖 မြန်မာဘာသာ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အား ‘အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြလေကုန်’ ဟု ပြောဆိုသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် မြေကြီးဘက်သို့ လေးလံစွာ ထိုင်နေကြကုန်သတည်း။(ဝါ)(လေးသွားကြသနည်း)။ အသင်တို့သည် (ဤ)မျက်မှောက် လောကီဘဝ၏ (စည်းစိမ်ချမ်းသာများ)ကို နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာများ)ထက် နှစ်သက်ကြလေပြီလော။ သို့ဖြစ်ပါမူ (ဤ)ပစ္စက္ခမျက်မှောက်ဘဝ၏ စည်းစိမ်ချမ်းသာသည်နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာ)နှင့် နှိုင်းလျှင် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ (အသင်တို့သည် ကောင်းစွာ��ှတ်ယူကြလေကုန်)။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. ကမ္ဘာ့ကျမ်းတော်မြတ်ကုရ်အာန်၏ စကားလုံးအဓိပ္ပာယ်များ
  • ယာ အယျုဟလ္လဇီန အာမနူ (يَا أَيُّهَا الَّذِينَ آمَنُوا): အို အီမာန်ယုံကြည်သူအပေါင်းတို့။
  • မာ လကုမ် (مَا لَكُمْ): သင်တို့မည်သို့ဖြစ်ကြသနည်း၊ သင်တို့၌ မည်သည့်အကြောင်းရှိသနည်း။
  • အင်ဖိရူ (انفِرُوا): သင်တို့ ထွက်ခွာကြလော့၊ စစ်ချီထွက်ကြလော့။
  • ဖီ စဗီလိလ္လာဟ် (فِي سَبِيلِ اللَّهِ): အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌။
  • အိသ္သာကလ္တုမ် (اثَّاقَلْتُمْ): သင်တို့သည် လေးလံနှေးကွေးကြသည်၊ နောက်ဆုတ်ကြသည်။
  • အိလလ် အရ်ဿ် (إِلَى الْأَرْضِ): မြေပြင်သို့၊ ဆိုလိုသည်မှာ မိမိတို့နေအိမ်များ၌ တွယ်ကပ်ကျန်ရစ်ခြင်း။
  • အရဒီးတုမ် (أَرَضِيتُم): သင်တို့သည် နှစ်သက်ကျေနပ်ကြသလော။
  • ဗိလ် ဟယာသိဒ္ဒုန်ယာ (بِالْحَيَاةِ الدُّنْيَا): ဤလောကီဘဝဖြင့်။
  • မိနလ် အာခိရဟ် (مِنَ الْآخِرَةِ): အာခိရသ်ဘဝ (နောင်တမလွန်ဘဝ) ထက်။
  • မataအု (مَتَاعُ): ခံစားသုံးဆောင်ရသောအရာ၊ ပစ္စည်းဥစ္စာ။
  • ကလီလ် (قَلِيلٌ): အနည်းငယ်မျှသာ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို အလ္လာဟ်အရှင်မြတ်နှင့် ရစူလ်တမန်တော်ကို ယုံကြည်ပြီး ရစူလ်တမန်တော် ချမှတ်ပေးသော သာသနာ့ဥပဒေများအတိုင်း ကျင့်သုံးကြသော အီမာန်သမားအပေါင်းတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ ရန်သူများကို တိုက်ခိုက်ရန် ဂျိဟာဒ်စစ်ချီထွက်ကြရန် ပြောဆိုခံရသောအခါ အဘယ်ကြောင့် နှေးကွေးလေးလံနေကြသနည်း။ မိမိတို့နေအိမ်များ၌သာ တွယ်ကပ်ကျန်ရစ်နေကြသနည်း။ သင်တို့သည် ကုန်ဆုံးကွယ်ပျောက်သွားမည့် ဤလောကီဘဝ၏ ခံစားမှုများနှင့် ပစ္စည်းဥစ္စာများကို အလ္လာဟ်အရှင်မြတ်က အရှင့်လမ်းတော်၌ ဂျိဟာဒ်ပြုသူများအတွက် အသင့်ပြင်ဆင်ထားတော်မူသော ထာဝရတည်မြဲသည့် အာခိရသ်ဘဝ၏ သုခချမ်းသာထက် ပို၍နှစ်သက်ကျေနပ်ကြသလော။ ဤလောကီဘဝ၏ ခံစားသုံးဆောင်မှုသည် အာခိရသ်ဘဝနှင့် နှိုင်းယှဉ်လျှင် အလွန်အနည်းငယ်မျှသာ ဖြစ်သည်။ ပညာရှိသူတစ်ဦးသည် ကုန်ဆုံးမည့်အရာကို ထာဝရတည်မြဲသည့်အရာထက်၎င်း၊ အနည်းငယ်မျှသောအရာကို ကြီးမြတ်သောအရာထက်၎င်း အဘယ်ကြောင့် ရွေးချယ်သင့်သနည်း။

ဤအာယသ်တော်သည် တဗူးခ်စစ်ပွဲကာလတွင် ရစ



📜 အာယာသ် 36-40 — စူရာ အတ်-တောင်ဘ

36إِنَّ عِدَّةَ الشُّهُورِ عِندَ اللَّهِ اثْنَا عَشَرَ شَهْرًا فِي كِتَابِ اللَّهِ يَوْمَ خَلَقَ السَّمَاوَاتِ وَالْأَرْضَ مِنْهَا أَرْبَعَةٌ حُرُمٌ ۚ ذَٰلِكَ الدِّينُ الْقَيِّمُ ۚ فَلَا تَظْلِمُوا فِيهِنَّ أَنفُسَكُمْ ۚ وَقَاتِلُوا الْمُشْرِكِينَ كَافَّةً كَمَا يُقَاتِلُونَكُمْ كَافَّةً ۚ وَاعْلَمُوا أَنَّ اللَّهَ مَعَ الْمُتَّقِينَ
ဧကန်စင်စစ် လများ၏ အရေအတွက်သည်အလ္လာဟ်အရှင်မြတ်၏ အထံတော်တွင် အလ္လာဟ် အရှင်မြတ်၏ကျမ်းတော်၌ လာရှိသည့်အတိုင်း မိုးကောင်းကင်များနှင့်ပထဝီမြေကို ထိုအရှင်မြတ် ဖန်ဆင်းတော်မူသည့်နေ့မှစ၍ဆယ့်နှစ်လမျှသာ ဖြစ်ချေသည်။ ၎င်း(ဆယ့်နှစ်လ)အနက်မှလေးလသည် ထူးမြတ်သောလများပင် ဖြစ်ကြပေသည်။ ဤသည် ဖြောင့်မတ် မှန်ကန်သော ‘ဒီန်’ သာသနာတော်က(ညွှန်ကြားပြသသောလမ်းစဉ်)ပင်ဖြစ်လေသည်။ သို့ဖြစ်ပေရာအသင်တို့သည် ၎င်း (လများ)နှင့်စပ်လျဉ်း၍ မိမိတို့ကိုယ်ကိုနှိပ်စက်ကလူ မပြုကြကုန်လင့်။ ၎င်းပြင် အသင်တို့သည် ‘မွတ်ရှ်ရစ်က်’ အားလုံးတို့ကို ၎င်းတို့သည် အသင်တို့အားလုံးတို့အားတိုက်ခိုက်ကြသကဲ့သို့ပင် တိုက်ခိုက်ကြလေကုန်။ ထို့ပြင် ဧကန်စင်စစ် အလ္လာဟ်အရှင်မြတ်သည် သူတော်စင်အပေါင်းတို့နှင့်အတူ ရှိတော်မူကြောင်း အသင်တို့သည် ကောင်းစွာ မှတ်ယူကြလေကုန်။
37إِنَّمَا النَّسِيءُ زِيَادَةٌ فِي الْكُفْرِ ۖ يُضَلُّ بِهِ الَّذِينَ كَفَرُوا يُحِلُّونَهُ عَامًا وَيُحَرِّمُونَهُ عَامًا لِّيُوَاطِئُوا عِدَّةَ مَا حَرَّمَ اللَّهُ فَيُحِلُّوا مَا حَرَّمَ اللَّهُ ۚ زُيِّنَ لَهُمْ سُوءُ أَعْمَالِهِمْ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
လများကိုရွှေ့ဆိုင်းခြင်းသည် ကွဖ်ရ်သွေဖည်ငြင်းငြင်းပယ်မှု၌ တိုးတက်ခြင်းသာဖြစ်၏။ ယင်း(ကဲ့သို့) ရွှေ့ဆိုင်းထားခြင်းအားဖြင့် ‘ကာဖိရ်’မယုံကြည်သွေ ဖည်ငြင်းပယ်သောသူတို့သည် လမ်းမှားသို့ ရောက်စေ ခြင်းကို ခံကြရလေသည်။၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍ တားမြစ်တော်မူခဲ့သော (လများ၏)အရေအတွက်နှင့် ကိုက်ညီစေခြင်းငှာ ယင်း ရွှေ့ဆိုင်းထားသောလကို တစ်နှစ် ‘ဟလာလ်’ ပြုလုပ်၍ နောက်တစ်နှစ်တွင်မူ ‘ဟရာမ်’ ဟူ၍ ပြုလုပ်ကြလေသည်။သို့အားဖြင့် ၎င်းတို့သည် အလ္လာဟ်အရှင်မြတ်က ‘ဟရာမ်’ ဟူ၍တားမြစ်တော်မူခဲ့သည့်(လ)ကို ‘ဟလာလ်’ ပြုကြကုန်သည်။၎င်းတို့၏မကောင်းမှုများသည် ၎င်းတို့(၏အမြင်)၌ လှပတင့်တယ်စွာရှိနေကြချေပြီ၊ အမှန်စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ်သည် ‘ကာဖိရ်’ မယုံကြည် သွေဖည် ငြင်းပယ်သော သူတို့အား တရားလမ်းမှန်ကိုပြတော်မူသည်မဟုတ်ပေ။(ရကူ)
38يَا أَيُّهَا الَّذِينَ آمَنُوا مَا لَكُمْ إِذَا قِيلَ لَكُمُ انفِرُوا فِي سَبِيلِ اللَّهِ اثَّاقَلْتُمْ إِلَى الْأَرْضِ ۚ أَرَضِيتُم بِالْحَيَاةِ الدُّنْيَا مِنَ الْآخِرَةِ ۚ فَمَا مَتَاعُ الْحَيَاةِ الدُّنْيَا فِي الْآخِرَةِ إِلَّا قَلِيلٌ
အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အား ‘အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြလေကုန်’ ဟု ပြောဆိုသောအခါ အသင်တို့သည် မည်သည့်အတွက်ကြောင့် မြေကြီးဘက်သို့ လေးလံစွာ ထိုင်နေကြကုန်သတည်း။(ဝါ)(လေးသွားကြသနည်း)။ အသင်တို့သည် (ဤ)မျက်မှောက် လောကီဘဝ၏ (စည်းစိမ်ချမ်းသာများ)ကို နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာများ)ထက် နှစ်သက်ကြလေပြီလော။ သို့ဖြစ်ပါမူ (ဤ)ပစ္စက္ခမျက်မှောက်ဘဝ၏ စည်းစိမ်ချမ်းသာသည်နောင်တမလွန်ဘဝ၏(စည်းစိမ်ချမ်းသာ)နှင့် နှိုင်းလျှင် အနည်းငယ်မျှသာ ဖြစ်ကြောင်း၊ (အသင်တို့သည် ကောင်းစွာ��ှတ်ယူကြလေကုန်)။
39إِلَّا تَنفِرُوا يُعَذِّبْكُمْ عَذَابًا أَلِيمًا وَيَسْتَبْدِلْ قَوْمًا غَيْرَكُمْ وَلَا تَضُرُّوهُ شَيْئًا ۗ وَاللَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အကယ်၍ အသင်တို့သည် (အလ္လာဟ်အရှင်မြတ်၏လမ်းတော်၌ စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်ရန်) မထွက်ကြပါလျှင်၊ ထိုအရှင်မြတ်သည် အသင်တို့အား နာကျင်ဖွယ်ဖြစ်သောပြစ်ဒဏ်ကို ပေးတော်မူအံ့။ ထိုမှတစ်ပါးလည်း ထိုအရှင်မြတ်သည် အသင်တို့အစား အခြားလူမျိုးတစ်မျိုးကိုလဲလှယ်(ဖန်ဆင်း)တော်မူအံ့။ ထို့ပြင် အသင်တို့သည် ထိုအရှင်မြတ်အား အနည်းငယ်စိုးစဉ်းမျှလည်း အကျိုးယုတ်စေနိုင်ကြမည် မဟုတ်ပေ။ စင်စစ်သော်ကား အလ္လာဟ်အရှင်မြတ် သည်အရာခပ်သိမ်းတို့ကို ပြုစွမ်းနိုင်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေသတည်း။
40إِلَّا تَنصُرُوهُ فَقَدْ نَصَرَهُ اللَّهُ إِذْ أَخْرَجَهُ الَّذِينَ كَفَرُوا ثَانِيَ اثْنَيْنِ إِذْ هُمَا فِي الْغَارِ إِذْ يَقُولُ لِصَاحِبِهِ لَا تَحْزَنْ إِنَّ اللَّهَ مَعَنَا ۖ فَأَنزَلَ اللَّهُ سَكِينَتَهُ عَلَيْهِ وَأَيَّدَهُ بِجُنُودٍ لَّمْ تَرَوْهَا وَجَعَلَ كَلِمَةَ الَّذِينَ كَفَرُوا السُّفْلَىٰ ۗ وَكَلِمَةُ اللَّهِ هِيَ الْعُلْيَا ۗ وَاللَّهُ عَزِيزٌ حَكِيمٌ
အကယ်၍ အသင်တို့သည် ထို(နဗီတမန်တော်)အား မကူညီမယိုင်းပင်းကြပါလျှင် မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ထို(နဗီတမန်တော်)ကို ကာဖိရ် မယုံမကြည်သွေဖည်ငြင်းပယ်သောသူများက ၎င်းအား (မက္ကာမြို့မှ) နှင့်ထုတ်ကြစဉ် ၎င်း (နဗီတမန်တော်)သည် နှစ်ယောက်အနက်ဒုတိယဖြစ်ခဲ့စဉ် ၎င်းတို့ နှစ်ဦးဂူထဲ၌ရှိနေကြစဉ် ထိုတမန်တော်က မိမိအဖော်အား အသင်မပူပါလေနှင့်၊ မုချဧကန် အလ္လာဟ်အရှင်မြတ်သည် ငါတို့နှင့်အတူ ရှိတော်မူသည် ဟု ပြောဆို၍ရှိနေစဉ် ကူညီမိုင်းမတော်မူခဲ့လေသည်။ ထိုအချိန်အခါဝယ်အလ္လာဟ်အရှင်မြတ်သည် မိမိထံတော်မှ (စိတ်)တည်ငြိမ်မှုကို၎င်း(နဗီတမန်တော်) ၏အပေါ်၌ ချပေးသနားတော်မူခဲ့၏။ထိုမှတစ်ပါးလည်း ၎င်း(နဗီတမန်တော်)အား အသင်တို့မမြင်ခဲ့ကြရသော စစ်သည်ဗိုလ်ခြေများဖြင့် ကူညီအားပေး ထောက်မတော်မူခဲ့လေ၏။ ထို့ပြင် ထိုအရှင်မြတ်သည် ကာဖိရ် မယုံမကြည် သွေဖည်ငြင်းပယ်သော သူတို့၏စကားကို နိမ့်ကျစေတော်မူခဲ့လေ၏။ သို့ရာတွင် အလ္လာဟ် အရှင်မြတ်၏စကားတော်မှာမူကား အမြင့်ဆုံး အထက်ဆုံးဖြစ်ခဲ့ချေသည်။ အမှန်သော်ကား အလ္လာဟ်အရှင်မြတ်သည် အလွန်တန်ခိုးကြီးမားတော်မူသော အရှင်၊ ဉာဏ်အမြော်အမြင် နှင့် ပြည့်စုံတော်မူသောအရှင်မြတ်ပင်ဖြစ်တော်မူပါပေသတည်း။
အတ်-တောင်ဘကုရ်အာန် ညွှန်းကိန်း
129အာယာသ်
MedinanRevelation
38အာယာသ်

ဘာသာပြန် — အတ်-တောင်ဘ 38

စူရာ အတ်-တောင်ဘ အာယာသ် 38 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အို-မုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့၊အသင်တို့သည် မိမိတို့အား ‘အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ (စစ်မက်ပြိုင်ဆိုင်တိုက်ခိုက်ရန်) ထွက်ကြလေကုန်’ ဟု ပြောဆိုသောအခါ အသင်တို့သည်…

စူရာ အာယာသ် 38/129 — စူရာ အတ်-တောင်ဘ التوبة (Medinan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ အတ်-တောင်ဘ နားထောင်, စူရာ အတ်-တောင်ဘ ဘာသာပြန်, စူရာ အတ်-တောင်ဘ mp3, စူရာ အတ်-တောင်ဘ pdf. အာယာသ် 36–40. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Sunday, October 18, 2026

Don't forget us in your sincere prayers