ဟူဒ် · 52/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
وَيَا قَوْمِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُرْسِلِ السَّمَاءَ عَلَيْكُم مِّدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا مُجْرِمِينَ ۝٥٢
Wa yaa qawmis taghfiroo Rabbakum summa toobooo ilaihi yursilis samaaa`a `alaikum midraaranw wa yazidkum quwwatan ilaa quwwatikum wa laa tatawallaw mujrimeen
📖 မြန်မာဘာသာ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။) (တစ်နည်း) ထိုအရှင်မြတ်အထံတော်သို့လှည့်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ မိုးကို ဖြိုင်ဖြိုင် ရွာသွန်းစေတော်မူအံ့။ အသင်တို့၏အားအင်၌ အသစ်ထပ်ဖြည့်တော်မူ၍ အသင်တို့ကို အားအင်တိုးတက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများအဖြစ် မျက်နှာလွှဲ၍ မသွားကြကုန်လင့်။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ
  • ဣစ္တိဂ်ဖာရ် (اسْتَغْفِرُوا): အလ္လာဟ်အရှင်မြတ်ထံမှ ခွင့်လွှတ်မှုကို တောင်းခံခြင်း၊ အပြစ်များမှ လွတ်ငြိမ်းခွင့်ကို ရှာဖွေခြင်း။
  • တောင်ဘာ (تُوبُوا): နောင်တရ၍ အလ္လာဟ်အရှင်မြတ်ထံ ပြန်လှည့်ခြင်း၊ အပြစ်များကို စွန့်လွှတ်၍ အရှင်မြတ်၏ လမ်းစဉ်သို့ ပြန်လည်လျှောက်လှမ်းခြင်း။
  • မိဒ်ရာရန် (مِّدْرَارًا): အဆက်မပြတ် ရွာသွန်းသော၊ များပြားစွာ ရွာသွန်းသော မိုးရွာခြင်းကို ဆိုလိုသည်။
  • ကုဝ်ဝသန် (قُوَّةً): ခွန်အား၊ စွမ်းအား၊ အရေအတွက်၊ ဥစ္စာဓနနှင့် ကိုယ်ကာယ ခွန်အားတို့ကို ညွှန်းဆိုသည်။
  • တတဝလ္လဝ် (تَتَوَلَّوْا): မျက်နှာလွှဲထွက်သွားခြင်း၊ လျစ်လျူရှုခြင်း၊ ကျောခိုင်းထွက်သွားခြင်း။
  • မုဂျ်ရိမီန် (مُجْرِمِينَ): အပြစ်ကျူးလွန်သူများ၊ ကာဖိရ်ဖြစ်ပြီး အပြစ်တွင် ဆက်လက်ရပ်တည်နေသူများ။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်

အို ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် အလ္လာဟ်အရှင်မြတ်ထံမှ ခွင့်လွှတ်မှုကို တောင်းခံကြလော့။ ထို့နောက် သင်တို့၏ အပြစ်များမှ နောင်တရ၍ အရှင်မြတ်ထံ ပြန်လှည့်ကြလော့။ သင်တို့သည် ထိုသို့ပြုလုပ်ကြပါက အလ္လာဟ်အရှင်မြတ်သည် သင်တို့အပေါ်သို့ မိုးကို အဆက်မပြတ် များပြားစွာ ရွာသွန်းစေတော်မူမည်။ ထို့ကြောင့် သင်တို့၏ ကောက်ပဲသီးနှံများနှင့် ဥစ္စာဓနများ တိုးပွားလာမည်။ ထို့အပြင် အရှင်မြတ်သည် သင်တို့၏ သားသမီးများ၊ ဥစ္စာဓနများနှင့် ကိုယ်ကာယ ခွန်အားများ တိုးပွားစေခြင်းဖြင့် သင်တို့၏ လက်ရှိ ခွန်အားအပေါ်သို့ နောက်ထပ် ခွန်အားကို ထပ်ဆောင်း ပေးသနားတော်မူမည်။ ထို့ကြောင့် သင်တို့သည် ကျွန်ုပ်၏ ဖိတ်ခေါ်ချက်ကို လျစ်လျူရှု၍ မျက်နှာလွှဲထွက်မသွားကြလေနှင့်။ အကယ်၍ သင်တို့သည် မျက်နှာလွှဲထွက်သွားကြပါက သင်တို့သည် အပြစ်ကျူးလွန်သူများ၊ ကာဖိရ်များအဖြစ် ကျန်ရစ်ခဲ့ကြမည်ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် အစ္စလာမ်ဘာသာနှင့် ကုရ်အာန်ကို ချစ်မြတ်နိုးလာစေမည့် သင်ခန်းစာများ
  • အလ္လာဟ်အရှင်မြတ်သည် မိမိ၏ ကျွန်များ နောင်တရပြီး အရှင်မြတ်ထံ ပြန်လှည့်လ


📜 အာယာသ် 50-54 — စူရာ ဟူဒ်

50وَإِلَىٰ عَادٍ أَخَاهُمْ هُودًا ۚ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ إِنْ أَنتُمْ إِلَّا مُفْتَرُونَ
ထို့ပြင် (ငါအရှင်မြတ်သည်) အာဒ်အမျိုးသားတို့ထံ ၎င်းတို့၏အစ်ကို (နဗီတမန်တော်)ဟူဒ်အား (စေလွှတ်တော်မူခဲ့လေသည်။) ထို(နဗီတမန်တော်)ဟူဒ်သည် (မိမိအမျိုးသားတို့အား ဤသို့)ပြောဆိုဆုံးမခဲ့လေသည်။ အို-ငါ၏အမျိုးသားတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်အားသာလျှင် ခဝပ်ကိုးကွယ်ဆည်းကပ်ကြလေကုန်။ အသင်တို့အဖို့ ထိုအရှင်မြတ်မှတစ်ပါး ဆည်းကပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျဉ်းမရှိချေ။ (စင်စစ်သော်ကား)အသင်တို့သည် လီဆယ်ဖန်တီးသူများသာလျှင် ဖြစ်ကြကုန်သတည်း။
51يَا قَوْمِ لَا أَسْأَلُكُمْ عَلَيْهِ أَجْرًا ۖ إِنْ أَجْرِيَ إِلَّا عَلَى الَّذِي فَطَرَنِي ۚ أَفَلَا تَعْقِلُونَ
အို-ငါ၏အမျိုးသားတို့ ငါသည် အသင်တို့ထံဤ(တရားဓမ္မဟောကြားခြင်း)နှင့်စပ်လျဉ်း၍ မည့်သည့် အကျိုးဆုလာဘ်ကိုမျှ တောင်းဆိုသည်မဟုတ်ပေ။ ငါ၏အကျိုးဆုလာဘ်မှာမူကား ငါ့အားဖန်ဆင်းတော်မူသော အရှင်မြတ်ပေါ်၌သာ တာဝန်ရှိပေသည်။ သို့ပါလျက် အသင်တို့သည် (ဤမျှထင်ရှားလှသော အကြောင်းကိုပင်) နားမလည်ကြပါသလော။
52وَيَا قَوْمِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُرْسِلِ السَّمَاءَ عَلَيْكُم مِّدْرَارًا وَيَزِدْكُمْ قُوَّةً إِلَىٰ قُوَّتِكُمْ وَلَا تَتَوَلَّوْا مُجْرِمِينَ
၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။) (တစ်နည်း) ထိုအရှင်မြတ်အထံတော်သို့လှည့်ကြလေကုန်။ ထိုအရှင်မြတ်သည် အသင်တို့အပေါ်၌ မိုးကို ဖြိုင်ဖြိုင် ရွာသွန်းစေတော်မူအံ့။ အသင်တို့၏အားအင်၌ အသစ်ထပ်ဖြည့်တော်မူ၍ အသင်တို့ကို အားအင်တိုးတက်စေတော်မူအံ့။ ၎င်းပြင် အသင်တို့သည် ပြစ်မှုကျူးလွန်သူများအဖြစ် မျက်နှာလွှဲ၍ မသွားကြကုန်လင့်။
53قَالُوا يَا هُودُ مَا جِئْتَنَا بِبَيِّنَةٍ وَمَا نَحْنُ بِتَارِكِي آلِهَتِنَا عَن قَوْلِكَ وَمَا نَحْنُ لَكَ بِمُؤْمِنِينَ
၎င်း(အမျိုးသား)တို့က (နဗီတမန်တော်ဟူဒ်အား ဤသို့)ပြောဆိုခဲ့ကြလေသည်။ အို-ဟူဒ်၊ အသင်သည်(မိမိပြောဆိုချက်နှင့်စပ်လျဉ်း၍) ကျွန်ုပ်တို့ထံ ထင်ရှားသောသက်သေသာဓက တစ်စုံတစ်ရာကိုမျှ ယူဆောင်ခဲ့သည်မရှိချေ။ ထို့ပြင် ကျွန်ုပ်တို့သည် အသင်ပြောဆိုချက်ကြောင့် မိမိတို့၏ကိုးကွယ်ရာများကို စွန့်လွှတ်ကြမည့်သူများလည်း မဟုတ်ကြချေ။ထိုမှတစ်ပါး ကျွန်ုပ်တို့သည် အသင့်၏အပေါ်၌ ယုံကြည်ကြမည့်သူများလည်း မဟုတ်ကြပေ။
54إِن نَّقُولُ إِلَّا اعْتَرَاكَ بَعْضُ آلِهَتِنَا بِسُوءٍ ۗ قَالَ إِنِّي أُشْهِدُ اللَّهَ وَاشْهَدُوا أَنِّي بَرِيءٌ مِّمَّا تُشْرِكُونَ
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘုရားများအနက် ဘုရားတစ်ဆူဆူက အသင့်အား အမှောင့်ပယောဂဖြင့် ဖမ်းစားခဲ့သည်ဟူ၍သာပြောဆိုလိုကြပေသည်။ (ထိုအခါ)ထိုနဗီတမန်တော်ဟူဒ်က (ဤသို့)ပြန်ကြားခံလေသည်မှာ(ဟယ်=အချင်းတို့) အသင်တို့ အလ္လာဟ်အရှင်မြတ်အပြင် တွဲဖက်ကိုးကွယ် လျက်ရှိကြသောအရာများနှင့် ငါသည် လုံးဝလွတ်ကင်းသူတစ်ဦးဖြစ်ကြောင်း အလ္လာဟ်အရှင်မြတ်အား သက်သေထား(၍အတည့်အလင်းကြေညာ)သည်။ အသင်တို့သည်လည်း သက်သေခံကြကုန်လော့။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
52အာယာသ်

ဘာသာပြန် — ဟူဒ် 52

စူရာ ဟူဒ် အာယာသ် 52 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : ၎င်းပြင် အို-ငါ၏အမျိုးသားတို့၊ အသင်တို့သည်မိမိတို့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်အထံတော်၌ လွတ်ငြိမ်းချမ်းသာခွင့်ကို ပန်ကြားကြလေကုန်။ ထို့နောက် အသင်တို့သည် (ထိုအရှင်မြတ်အထံတော်၌ဝန်ချတောင်းပန်ကြလေကုန်။)…

စူရာ အာယာသ် 52/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 50–54. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers