ဟူဒ် · 6/123
ဘာသာပြန် အသံနိုင်ငံ — စူရာ ဟူဒ်
۞ وَمَا مِن دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِي كِتَابٍ مُّبِينٍ ۝٦
Wa maa min daaabbatin fil ardi illaa `alal laahi rizquhaa wa ya`lamu mustaqarrahaa wa mustawda`ahaa; kullun fee Kitaabim Mubeen
📖 မြန်မာဘာသာ
အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00
📜

ဘာသာပြန် — Tafsir

  1. အာယသ်တော်တွင် ရှင်းလင်းရန် လိုအပ်သော ဝေါဟာရများ၏ အဓိပ္ပာယ်များ:
  • ဒါဗ္ဗသ် (دَابَّةٍ):မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာသော သက်ရှိအားလုံးကို ဆိုလိုသည်။ လူ၊ တိရစ္ဆာန်၊ ငှက်၊ ပိုးမွှားစသည့် သတ္တဝါအားလုံး ပါဝင်သည်။
  • ရိဇ်က် (رِزْقُهَا):ထိုသက်ရှိ၏ စားနပ်ရိက္ခာ၊ အသက်ရှင်သန်ရန် လိုအပ်သော အရာများကို ဆိုလိုသည်။
  • မုစ်သကရ် (مُسْتَقَرَّهَا):ထိုသက်ရှိ ယခုဘဝတွင် တည်ရှိရာ နေရာ၊ နေထိုင်ရာ အရပ်ကို ဆိုလိုသည်။
  • မုစ်သဒ်ဒါအ် (مُسْتَوْدَعَهَا):ထိုသက်ရှိ မမွေးဖွားမီ သို့မဟုတ် သေဆုံးပြီးနောက် သိမ်းဆည်းထားရာ နေရာ၊ သေဆုံးမည့်နေရာကို ဆိုလိုသည်။
  • ကိသဗ်မုဗီန် (كِتَابٍ مُّبِينٍ):အလ္လာဟ်အရှင်မြတ်ထံတော်ရှိ လောင်ဟုလ်မဟ်ဖူးဇ် (اللوح المحفوظ) ဟုခေါ်သော ရှင်းလင်းထင်ရှားသည့် မှတ်တမ်းစာအုပ်ကို ဆိုလိုသည်။
  1. အာယသ်တော်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်:

မြေပြင်ပေါ်တွင် လှုပ်ရှားသွားလာနေသော သက်ရှိသတ္တဝါ တစ်ကောင်မှ အလ္လာဟ်အရှင်မြတ်သည် ထိုသတ္တဝါ၏ စားနပ်ရိက္ခာကို အာမခံတော်မူထားခြင်း မရှိဘဲ မကျန်ရစ်ပါ။ အရှင်မြတ်သည် မိမိ၏ ကျေးဇူးတော်နှင့် ကရုဏာတော်အားဖြင့် သတ္တဝါအားလုံး၏ ရိက္ခာကို ဖြည့်ဆည်းပေးတော်မူသည်။ ထို့အပြင် အရှင်မြတ်သည် ထိုသတ္တဝါများ ယခုဘဝတွင် နေထိုင်ရာနေရာကိုလည်းကောင်း၊ မမွေးဖွားမီ သို့မဟုတ် သေဆုံးပြီးနောက် သိမ်းဆည်းထားရာနေရာကိုလည်းကောင်း အကြွင်းမဲ့ သိတော်မူသည်။ ထိုသတ္တဝါအားလုံး၏ အခြေအနေ၊ ရိက္ခာ၊ နေထိုင်ရာနေရာနှင့် သေဆုံးမည့်နေရာအားလုံးကို ရှင်းလင်းထင်ရှားသော မှတ်တမ်းစာအုပ်တွင် ရေးသားမှတ်တမ်းတင်ထားတော်မူပြီး ဖြစ်သည်။

  1. ဤအာယသ်တော်မှ ရရှိသော အကျိုးကျေးဇူးများနှင့် သင်ခန်းစာများ:
  • အလ္လာဟ်အရှင်မြတ်သည် သတ္တဝါအားလုံး၏ ရိက္ခာကို အာမခံတော်မူကြောင်း သိရှိရခြင်းဖြင့် စိတ်နှလုံးအေးချမ်းမှုကို ရရှိစေသည်။ ရိက္ခာအတွက် စိုးရိမ်ပူပန်မှု လျော့နည်းစေသည်။
  • အရှင်မြတ်သည် အရာခပ်သိမ်းကို အကြွင်းမဲ့ သိတော်မူကြောင်း သိရှိရခြင်းဖြင့် ကောင်းမှုကုသိုလ်များကို စိတ်ရင်းမှန်ဖြင့် ပြုလုပ်ရန် လှုံ့ဆော်မှု ရရှိစေသည်။
  • အရှင်မြတ်သည် သတ္တဝါအားလုံးကို ကရုဏာထားတော်မူကြောင်း သိရှ


📜 အာယာသ် 4-8 — စူရာ ဟူဒ်

4إِلَى اللَّهِ مَرْجِعُكُمْ ۖ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
အသင်တို့၏ ပြန်လည်ခြင်းသည် အလ္လာဟ်အရှင်မြတ်အထံတော်သို့ပင်ဖြစ်၏။ ၎င်းပြင် ထိုအရှင်မြတ်သည်အရာခပ်သိမ်းတို့ကို ပြုနိုင် စွမ်းနိုင်တော်မူသော အရှင်မြတ်ပင်ဖြစ်တော်မူပေသတည်း။
5أَلَا إِنَّهُمْ يَثْنُونَ صُدُورَهُمْ لِيَسْتَخْفُوا مِنْهُ ۚ أَلَا حِينَ يَسْتَغْشُونَ ثِيَابَهُمْ يَعْلَمُ مَا يُسِرُّونَ وَمَا يُعْلِنُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
သတိပြုကြလေကုန်၊ ဧကန်မလွဲ ၎င်းတို့သည်(မိမိတို့၏စကားများကို) အလ္လာဟ်အရှင်မြတ်အပေါ် ၌လျှို့ဝှက်ဖုံးအုပ်နိုင်ကြရန် မိမိတို့၏ ရင်ဘတ်စိတ်ကို ခေါက်ကြလေသည်။ သတိပြုကြလေကုန်။ ထိုသူတို့သည် မိမိတို့၏အဝတ်အထည်များကို လွှမ်းခြုံကြသောအခါ(၌လည်း)ထိုအရှင်မြတ်သည် ထိုသူတို့ ဖုံးကွယ်ထားကြသည်များ ကိုလည်းကောင်း၊ ယင်းသူတို့ ထင်ရှားစေကြသည်များကိုလည်းကောင်း၊သိရှိတော်မူ၏။ ဧကန်စင်စစ် ထိုအရှင်မြတ်သည် စတ်နှလုံးအတွင်း ကိန်းအောင်းလျက်ရှိသည်တို့ကို အကြွင်းမဲ့ သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။
6۞ وَمَا مِن دَابَّةٍ فِي الْأَرْضِ إِلَّا عَلَى اللَّهِ رِزْقُهَا وَيَعْلَمُ مُسْتَقَرَّهَا وَمُسْتَوْدَعَهَا ۚ كُلٌّ فِي كِتَابٍ مُّبِينٍ
အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ယင်းသတ္တဝါများ၏ တာရှည်နေထိုင်ရာဌာနများကိုလည်းကောင်း၊ ခေတ္တနေထိုင်ရာဌာနများကိုလည်းကောင်း၊ သိရှိတော်မူပေသည်။ အလုံးစုံတို့ကား ထင်ရှားလှစွာသော(မှတ်တမ်း)တွင်(လည်းရေးသားပြီး) ရှိနေ၏ပေသတည်း။
7وَهُوَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ فِي سِتَّةِ أَيَّامٍ وَكَانَ عَرْشُهُ عَلَى الْمَاءِ لِيَبْلُوَكُمْ أَيُّكُمْ أَحْسَنُ عَمَلًا ۗ وَلَئِن قُلْتَ إِنَّكُم مَّبْعُوثُونَ مِن بَعْدِ الْمَوْتِ لَيَقُولَنَّ الَّذِينَ كَفَرُوا إِنْ هَٰذَا إِلَّا سِحْرٌ مُّبِينٌ
၎င်းပြင် ထိုအရှင်မြတ်သည်ပင် မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ ခြောက်ရက်တွင် ဖန်ဆင်းတော်မူခဲ့လေသည်။ စင်စစ်သော်ကား (ထိုမိုးကောင်းကင်များနှင့်ပထဝီမြေကို ဖန်ဆင်းတော်မမူမီက) ထိုအရှင်မြတ်၏ (အရ်ရှ်)ပလ’င်တော်သည် ရေပေါ်၌ ရှိခဲ့လေသည်။ (ယင်းကဲ့သို့ မိုးကောင်းကင်များကိုလည်းကောင်း၊ ပထဝီမြေကိုလည်းကောင်း၊ မိုးနှင့်မြေစပ်ကြားဝယ် ရှိရှိသမျှသောသက်ရှိ သက်မဲ့တို့ကိုလည်းကောင်း၊ ဖန်ဆင်းတော် မူခြင်းကား)ထိုအရှင်မြတ်သည် အသင်တို့အနက် မည်သူသည် အကျင့်အမူအားဖြင့် အကောင်းဆုံးဖြစ်သည်ကို စမ်းသပ်တော်မူအံ့သောငှာဖြစ်ပေသည်။ အမှန်သော်ကား အကယ်၍ အသင်သည် (လူများအား) ဧကန်စင်စစ် အသင်တို့သည်သေပြီးနောက် ရှင်ပြန်ထကြရမည့်သူများပင် ဖြစ်ကြသည်ဟု ပြောဆိုခဲ့ပါလျှင် (၎င်းတို့အနက်) ကာဖိရ်မယုံမကြည် သွေဖည်ငြင်းပယ်သောသူတို့ကထင်ရှားလှစွာသော စုန်းပယောဂ အတတ်မျှပင် ဖြစ်သည်ဟူ၍ပြောဆိုကြမည်မှာ ဧကန်မလွဲတည်း။
8وَلَئِنْ أَخَّرْنَا عَنْهُمُ الْعَذَابَ إِلَىٰ أُمَّةٍ مَّعْدُودَةٍ لَّيَقُولُنَّ مَا يَحْبِسُهُ ۗ أَلَا يَوْمَ يَأْتِيهِمْ لَيْسَ مَصْرُوفًا عَنْهُمْ وَحَاقَ بِهِم مَّا كَانُوا بِهِ يَسْتَهْزِئُونَ
၎င်းပြင် အကယ်၍ ငါအရှင်မြတ်သည် ပြစ်ဒဏ်ကို ၎င်းတို့အပေါ်မှ ရေတွက်(သတ်မှတ်) ထားပြီးဖြစ်သောအချိန်ကာလတိုင်အောင် ရွှေ့ဆိုင်း၍ထားတော်မူခဲ့ပါလျှင် ၎င်းတို့သည် ထိုပြစ်ဒဏ်ကို မည်သည့်အရာက ချုပ်၍ထားဘိသနည်းဟူ၍ မုချပြောဆိုကြလေသည်။ သတိပြုကြလေကုန်၊ထိုပြစ်ဒဏ် သည် ၎င်းတို့ထံ ရောက်ရှိလာမည့်နေ့တွင် ၎င်းတို့အပေါ်မှ လွှဲဖယ်သွားမည်မဟုတ်ပေ။ ထို့ပြင် ၎င်းတို့ ပြက်ချော်ပြောင်လှောင်လျက် ရှိကြကုန်သော ပြစ်ဒဏ်သည် ၎င်းတို့အားဝိုင်းဝန်း၍ ထားရှိပေမည်။
ဟူဒ်ကုရ်အာန် ညွှန်းကိန်း
123အာယာသ်
MeccanRevelation
6အာယာသ်

ဘာသာပြန် — ဟူဒ် 6

စူရာ ဟူဒ် အာယာသ် 6 - ဖတ်ရန်, နားထောင်, ဘာသာပြန်, မြန်မာ : အမှန်သော်ကား ကမ္ဘာမြေဝယ် ရှိရှိသမျှသော(သွားလာသော)သက်ရှိသတ္တဝါအပေါင်းတို့ကို စားနပ်ရိက္ခာပေးသနားတော်မူ ရန် အလ္လာဟ်အရှင်မြတ်အပေါ်၌တာဝန်ဖြစ်ပေသည်။ (ဝါ)မိမိ ကိုယ်တော်တိုင် တာဝန်ယူထားတော်မူပေသည်။ ၎င်းပြင်…

စူရာ အာယာသ် 6/123 — စူရာ ဟူဒ် هود (Meccan). ဖတ်ရန် နားထောင် ဘာသာပြန် (မြန်မာ). နားထောင်: စူရာ ဟူဒ် နားထောင်, စူရာ ဟူဒ် ဘာသာပြန်, စူရာ ဟူဒ် mp3, စူရာ ဟူဒ် pdf. အာယာသ် 4–8. မြန်မာဘာသာ: ภาษาไทย.





ကုရ်အာန်ကျမ်း


Friday, October 2, 2026

Don't forget us in your sincere prayers